19/01/2021
Women in AI - Myanmar ရဲ့ page ကနေလည်း Live လွှင့်သွားမယ်လို့ သိရပါတယ်။
မင်္ဂလာပါရှင်။
WaiTalkရဲ့ပထမဆုံးသော အစီအစဉ်အနေနဲ့ “Artificial Intelligenceသုတေသနနယ်ပယ်နဲ့ပက်သက်ပြီး မြန်မာနိုင်ငံမှာဘာတွေလုပ်နေကြလဲ။ရှေ့ဆက်ပြီးဘာတွေလုပ်သွားကြမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာဆိုရင် သက်ဆိုင်ရာ AI နည်းပညာနယ်ပယ်မှ ကျွမ်းကျင်သူ လေးဦးကနေပြီးတော့ အခုလက်ရှိမြန်မာနိုင်ငံမှာပြုလုပ်နေကြတဲ့ AIနဲ့ပက်သက်တဲ့သုတေသနတွေအကြောင်း၊ နောက်ငါးနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ AIသုတေသနနဲ့အသုံးချနယ်ပယ်မှာရောက်ရှိလာနိုင်တဲ့ အနေအထားနဲ့ AIသုတေသနကို မြန်မာပြည်မှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်ဖို့အတွက် တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေအကြောင်းကိုဆွေးနွေးတင်ပြသွားကြမှာဖြစ်ပါတယ်။
ဦးဆောင်ဆွေးနွေးသူများအဖြစ်
(၁)ဒေါက်တာဝင်းပပ (ပါမောက္ခ-ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)
(၂)ဒေါက်တာခင်မာစိုး (ပါမောက္ခ-ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)
(၃)ခိုင်ဇာသွယ်(Technical Consultant, WAI Myanmar Ambassador)
(၄)ဖူးမွန်ထွဋ် (Ph.D. Candidate, WAI Myanmar Education Lead)
Moderator အဖြစ် အေးနှင်းခိုင် (Ph.D. Candidate, WAI Myanmar PR Lead) တို့မှ ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို onlineမှ ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါသည်။ QR Codeမှတဆင့် တက်ရောက်ရန်စာရင်းပေးသွင်းနိုင်ပါတယ်။
QR codeမှဝင်ရောက်ရန်အခက်အခဲရှိပါက https://forms.gle/6m6M43nP3VdhA2d18 တွင် စာရင်းပေးသွင်းနိုင်ပါသည်။
**တက်ရောက်နိုင်သူအရေအတွက် အကန့်အသတ်ရှိပါသည်။**
**စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာဘာသာဖြင့်ဆွေးနွေးပြောကြားသွားမည်ဖြစ်ပါသည်။**
=========
[English Version]
We are thrilled to announce our first and foremost WaiTalk entitled "State of AI/ ML in Myanmar: Where are we now and where should we go next?". In this WaiTalk, a panel of four experts will discuss the current state of AI in Myanmar in comparison with other countries, how AI research and industry might be like in Myanmar in the next 5 years, and how to tackle the challenges we might encounter in advancing AI research in Myanmar.
The panelists:
Dr. Win PaPa (Professor, University of Computer Studies, Yangon)
Dr. Khin Mar Soe (Professor, University of Computer Studies, Yangon)
Khine Zar Thwe (Technical Consultant, WAI Myanmar Ambassador)
Phu Mon Htut (Ph.D. Candidate, WAI Myanmar Education Lead)
Moderator:
Aye Hninn Khine (WAI Myanmar PR Lead)
This event is a free virtual event open to everyone! Register today via QR Code! Looking forward to meeting you there!
**The amount of seat in limited**
**The panel discussion will be conducted in Burmese Language*