Htet Htet Htun - Freelance English Tutor

Htet Htet Htun - Freelance English Tutor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Htet Htun - Freelance English Tutor, Language school, Kyaukse.

အထက်တန်းတက်မယ့်ကလေးတွေအတွက် Essay ရေးနည်း Free Class_________________နွေကျောင်းလည်းပိတ်ပြီ။ အတန်းသစ်တွေလည်းတက်ရတော့မယ့် ...
04/04/2026

အထက်တန်းတက်မယ့်ကလေးတွေအတွက် Essay ရေးနည်း Free Class
_________________

နွေကျောင်းလည်းပိတ်ပြီ။ အတန်းသစ်တွေလည်းတက်ရတော့မယ့် ကလေးတွေအတွက် သင်္ကြန်ကာလပညာဒါ‌နလေးတစ်ခုလောက်ပြုချင်လို့ပါရှင်။

Essay ရေးရမှာကြောက်တဲ့က‌လေးတွေ၊ ကျက်ဖြေမယ်လို့တွေးနေတဲ့ကလေးတွေ အဲ့အတွေးကိုတတ်နိုင်သလောက်ဖျောက်နိုင်ဖို့ကူညီပေးမယ့်အတန်းပါ။ တခြားစာတွေလည်း အများကြီးလုပ်ရမယ့်အထဲမှာ Essay တွေကိုတကူးတကသင်နေဖို့အချိန်မပေးချင်တဲ့ကလေးတွေအတွက် အခြေခံ grammar ပိုင်နိုင်ရုံနဲ့ ဘယ်လိုခေါင်းစဉ်မျိုးလာလာ format ကျတဲ့ essay တစ်ပုဒ်တော့ အကြမ်းချရေးနိုင်အောင်သင်ကြားပေးသွားမယ့်အတန်းပါ။

တကယ်ကတော့ Paragraph တစ်ပိုဒ်ကို ဘယ်လိုစပြီးဘယ်လိုဆုံးရမလဲ။ Main Idea တစ်ခုကနေ Supporting Idea တွေဘယ်လိုဖြန့်ပြီးစဉ်းစားရမလဲ။ အချိန်ခဏအတွင်း ဘယ်လို Brainstorm လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုသိရင် Essay ရေးဖို့ဆိုတာမခက်ပါဘူး။ ဒီနည်းလမ်းတွေနဲ့ဆို အခြေခံ grammar ပဲရတဲ့ကလေးတွေတောင် structure ကျကျ format မှန်မှန် Essay တစ်ပုဒ်ထွက်လာနိုင်ပါတယ်။ creative လည်းဖြစ်၊ Grammar လည်းပိုင်ပြီးသားကလေးတွေဆိုရင်တော့ ဂုဏ်ထူးတန်းဝင် Essay မျိုးထိရေးနိုင်မှာပါ။

ရက်တိုအတွင်းမှာ အကုန်တတ်သွားအောင် မသင်ပေးနိုင်ပေမယ့် လမ်းပေါ်ရောက်အောင်တော့ ပြပေးလိုက်နိုင်မှာပါ။ ဘယ်လိုဆက်ပြီး self study လုပ်လို့ရမလဲ ဘယ်လိုလေ့ကျင့်လို့ရမလဲ ဘယ်တွေကနေလေ့လာလို့ရမလဲ ဘယ်စာအုပ်တွေကို ဖတ်သင့်လဲဆိုတာတွေ ခြုံငုံမိသွားအောင် သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။

Platform - Zoom
Fees - 0 MMK
Time - 8:00 to 9:00 p.m
Day - will announce in the class group

📍လူဦးရေကန့်သတ်ထားပါတယ်။ Deposit ကြေးသွင်းရပါမယ်။ အတန်းပြီးဆုံးသည်အထိတက်ရောက်တဲ့သူတွေကို ပြန်ပြီး refund ပေးမှာဖြစ်ပါတယ်။

အတန်းအပ်လိုသူများက အခုပိုစ့်ကို ရှဲထားတဲ့ screenshot နဲ့အတူ တယ်လီဂရမ် မှာ လာပြောပေးပါရှင့်


#ပညာဒါန

2026 မရောက်ခင် English လိုပြောတတ်ချင်လား?နှစ်မကုန်ခင် ကျန်တဲ့တစ်လအတွင်း ပိတ်ရက်မရှိ intensive class ဖြစ်ပါတယ်။ Pre-inter...
28/11/2025

2026 မရောက်ခင် English လိုပြောတတ်ချင်လား?

နှစ်မကုန်ခင် ကျန်တဲ့တစ်လအတွင်း ပိတ်ရက်မရှိ intensive class ဖြစ်ပါတယ်။ Pre-intermediate level အနိမ့်‌ဆုံးရှိရပါမယ်။ ဒီသင်တန်းကတော့ accuracy ထက် fluency ကို ဦးစားပေးသွားမယ့်အတန်းဖြစ်တာကြောင့် ရေတိုနည်းနဲ့ English လိုပြောတတ် communicate လုပ်တတ်ချင်တဲ့သူတွေအတွက်ပါ။ အခြေခံကနေစပြီး skills လေးခုစလုံးမျှမျှတတ တိုးတက်သွားချင်တဲ့သူတွေအတွက်တော့ အဆင်မပြေပါဘူးရှင့်။
( အဲ့လိုသူတွေအတွက်ကတော့ ဒီဇင်ဘာအတွက် General English class one on one တစ်ချိန်အားတာမို့ လာစုံစမ်းလို့ရပါတယ်)

သင်တန်းတစ်‌လျှောက်မှာ ပါဝင်သွားမယ့် အကြောင်းအရာတွေကို ဒီပိုစ့်မှာတစ်ခါတည်း အကြမ်းဖျင်းပြောပြပေးသွားပါမယ်။

✅ Mentoring your pronunciation
လူနည်းနည်းပဲလက်ခံမှာဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီရဲ့ pronunciation, tone, intonation, stress တွေကို နားထောင်ပြီး ဘယ်လို improve လုပ်ရမလဲ၊ ဘယ်လိုလေ့ကျင့်ရမလဲ ပြောပြပေးသွားပါမယ်။

✅ Most common & useful speaking patterns
ကိုယ်တိုင် native တွေနဲ့ပြောဆိုဆက်ဆံဖူးသူဖြစ်တဲ့အတွက် အသုံးအများဆုံး speaking patterns တွေကို analyse လုပ်ပြီး စာအုပ်ထုတ်ပေးထားပါတယ်။

✅ Everyday expressions & alternatives
ဒုတိယအနေနဲ့ နေ့စဉ်စကားပြောမှာ အသုံးဝင်တဲ့စကားပြောအချို့အပြင် ဘယ်လိုကိုယ်တိုင်ရှာဖွေလေ့လာရမလဲဆိုတာလဲ သင်ကြားပေးသွားမှာပါ။

✅ Real conversations in classroom
အတန်းထဲမှာ English နဲ့ နေ့စဉ် exposure ရှိအောင်ဖန်တီးပေးပါမယ်။ အသေးစိတ်တော့မပြောတော့ပါ။

✅ Speaking methods
နောက်တစ်ခုကတော့ English စာသင်မှာမဟုတ်ဘဲ speaking သင်မှာပါ။ ရှုပ်သွားလားတော့မသိပေမယ့် စကားပြောတတ်အောင် အကြံဉာဏ်ပေးမှာပါ။

သင်တန်းကတော့ 2026 မတိုင်ခင်လို့ခန့်မှန်းထားပေမယ့် တစ်လကျော်လောက်ကြာသွားနိုင်ပါတယ်။ သင်တန်းရဲ့ goal က English စာတတ်သွားဖို့မဟုတ်ဘဲ English ဘာသာစကားနဲ့ မရှက်မရွံ့ communicate လုပ်ရဲလာအောင်ပါ။

သင်တန်းကြေးကတော့ အပြီးအစီး မြန်မာငွေ ခြောက်သောင်း ကျပ်ပါ။ သင်တန်းအပ်ချင်ရင်တော့ တယ်လီဂရမ်အကောင့် () မှာ Self introduction ( including hobbies, likes, dislikes...) လေးပို့ထားပေးပါရှင်။ အချိန်တွေ၊ငွေတွေအလဟဿာမဖြစ်ရအောင် တက်လို့အဆင်ပြေလား၊မပြေလား ဒီသင်တန်းနဲ့ကိုက်ပါ့မလားဆိုတာ အသံဖိုင်ကိုနားထောင်ပြီး လူရွေးပြီးမှ လက်ခံပါမယ်ရှင့်။ တစ်တန်းကိုလေးယောက်ပဲလက်ခံမှာပါ။


May I get your attention pls‼️Writing ကို Elementary Level ကနေ Intermediate Level အထိရောက်အောင် တစ်ပတ်ကိုနှစ်နာရီနဲ့ ငါး...
15/11/2025

May I get your attention pls‼️

Writing ကို Elementary Level ကနေ Intermediate Level အထိရောက်အောင် တစ်ပတ်ကိုနှစ်နာရီနဲ့ ငါးလကြာ consistent ရှိရှိတက်လာခဲ့တဲ့ ကျောင်းသူလေးတစ်ယောက်ပါ။ အဲ့ဒီကျောင်းသူကို ဘယ်လို strategy တွေ ဘယ်လို curriculum တွေနဲ့ training ပေးခဲ့လဲသိချင်ရင် အောက်ကိုကျော်ဖတ်ပေးပါ။ We don't gatekeep here? 🙂‍↕️

_____________________________

ဆရာမရဲ့ သင်တန်းပေ့ခ်ျလေးမှာ ဘာမှမတင်ဖြစ်လို့ စာသင်တာလေးတွေနား‌ထားတယ်ထင်မှာစိုးလို့ပါ။ ဆရာမတပည့်လေးတွေက one on one training ယူကြတာများပြီး level တစ်ခုတက်သွားရင်တောင်၊မထွက်သွားတော့ဘဲ ဆရာမဆီမှာပဲ နောက် level ကိုဆက်တက်ကြတော့ အတန်းချိန်တွေက အမြဲမအားဘူးဖြစ်နေတာရယ်၊ တစ်ချိန်လောက်လွတ်သွားပြီဆိုရင်တောင် ပေ့ခ်ျမက်ဆင်ဂျာမှာလာပြောထားတဲ့ တပည့်လေးတွေကိုလက်ခံလိုက်တာရယ်နဲ့ အတန်းချိန်တွေမပြတ်တာကြောင့် ဘာမှမတင်ဖြစ်တာပါ။ ဒါကြောင့် ပညာဒါသင်တန်းဂရုလေးတွေနဲ့ video class လေးတွေစီစဉ်ပေးဖို့တော့ရှိပါတယ်။ လောလောဆယ်တော့ "100 Speaking Patterns Video Class" တစ်ခုဖွင့်ထားတာရှိပါတယ်။ One on One အတန်းချိန်တစ်ချိန်လွတ်တာမို့ လာရောက်စုံစမ်းလို့လည်းရပါတယ်။
https://t.me/yatwoon/10

___________________________

How to upgrade your writing skill??

ဒီကျောင်းသူကဆိုရင် အတန်းစအပ်ကာစက သူက Elementary Level ပဲရှိပြီးတော့ vocabulary တော်တော်များများကိုလည်းမသိခဲ့ဘူး။ သူကကျ Academic ပိုင်းကိုသွားမှာဆိုတော့ Formal writing ကအရေးကြီးတာမို့ Grammar & Writing သီးသန့်လာအပ်ခဲ့တာပါ။

ပထမဆုံး ဘာ course book မှမကိုင်ခင် Grammar အရင်သင်ခဲ့ပါတယ်။ Grammar သင်တဲ့နေရာမှာ ဘာသာပြန်တဲ့ပုံစံမျိုး၊ အလွတ်မှတ်တဲ့ပုံစံမျိုးမဟုတ်ဘဲ observe လုပ်တဲ့ပုံစံမျိုးသွားခဲ့ပါတယ်။ Basic Grammar ကို ဘာပြီးရင် ဘာလာမလဲဆိုတာကို Trainer ဖြစ်တဲ့ဆရာမကိုယ်တိုင်ပဲ guide line ချပေးခဲ့ပေမယ့် သူကိုယ်တိုင် research လုပ်ခိုင်းခဲ့ပါတယ်။ ဥပမာ article အကြောင်းသင်တဲ့အခါ "article ဘယ်နှခုရှိပါတယ် ဘယ်လိုသုံးပါတယ်" လို့မပြောပြဘဲ article အကြောင်းကို အင်တာနက်ပေါ်ဖြစ်ဖြစ်၊စာအုပ်တွေကဖြစ်ဖြစ်ကြိုဖတ်ခိုင်းခဲ့ note ထုတ်ခဲ့ခိုင်းပြီး အတန်းချိန်ရောက်မှ သူ့ကိုပြောပြခိုင်းတယ်။ လိုတာရှိရင်ဖြည့်ပေးတယ်။မှားတာရှိရင်ပြင်ပေးတယ်။ ဒီလိုနည်းနဲ့ 8 parts of speech ကိုပိုင်နိုင်ပြီဆိုရင် tense တွေ၊ tense တွေပိုင်နိုင်ပြီဆိုရင် Sentence Structure 4 ခုထိသင်တာ တစ်လကျော်၊နှစ်လဝန်းကျင်ကြာခဲ့ပါတယ်။ ဒီ step မှာစိတ်ရှည်ပြီး အခြေခံပိုင်အောင်သေချာလုပ်ခဲ့မယ်ဆိုရင် Academic Writing ကကြောက်စရာမဟုတ်တော့ပါဘူး။

ဒါပြီးတော့ Great Writing Book 1 နဲ့စသင်ပါတယ်။ ဒီလိုအခြေခံပိုင်ပြီးသားဆိုရင် Great Writing ဆိုတာက (တကယ်သင်ဖူးတဲ့သူတွေသိပါလိမ့်မယ်) မွမ်းမံလောက်ပဲဖြစ်သွားပါပြီ။ သင်တယ်ဆိုတာထက် ‌လေ့ကျင့်ရုံပါပဲ။ နောက်တော့ Paragraph တွေသွားပါတယ်။ Paragraph ပိုင်းကိုပါ ရှင်းပြရမှာရှည်တဲ့အတွက် အသေးစိတ်မပြောတော့ပါဘူး။ Writing သင်တယ်ဆိုတာ essay တွေ letter တွေကို format တွေပြောပြပြီးသင်လိုက်တာမျိုးမဟုတ်ဘဲ Sentence Basic > Paragraph Basic > Brainstorming ဒီလိုအဆင့်ဆင့်သွားရမှာပါ။ အခြေခံကို Trainer ကစိတ်ရှည်လက်ရှည်သင်ပေးရင် နောက်ကျ ဒီကျောင်းသားက ကိုယ်တိုင် self study လုပ်ဖို့လည်းလွယ်သွားပါပြီ။ ဆရာမကတော့ နောက်ပိုင်းကျ ကိုယ်တိုင် self study ပါလုပ်နိုင်အောင် တစ်ခါတည်း training ပေးတာပါ။ စာရှည်သွားပြီမို့ ဒီလောက်ပါပဲ။ Writing သင်ချင်ရင် လာစုံစမ်းလို့ရပါ၏။

Great Writing စာအုပ် E-book လိုချင်ရင်တော့ ဒီချန်နယ်မှာတင်ပေးထားပါတယ်ရှင်။
https://t.me/yatwoon

အင်္ဂလိပ်စကားပြောကျွမ်းကျင်သူတို့ရဲ့လျှို့ဝှက်ချက်တစ်ခု°°°°°°°°°°°°°°°°°°°°English စကားပြောတဲ့အခါ ဝေါဟာရအများကြီးသိမှ ၊ ...
18/05/2025

အင်္ဂလိပ်စကားပြောကျွမ်းကျင်သူတို့ရဲ့လျှို့ဝှက်ချက်တစ်ခု

°°°°°°°°°°°°°°°°°°°°

English စကားပြောတဲ့အခါ ဝေါဟာရအများကြီးသိမှ ၊ grammar မျိုးစုံသုံးတတ်မှ၊ phrasal verbs တွေရနေမှ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်မယ်လို့ ထင်နေတုံးလား ?

English လို communicate လုပ်ဖို့လိုနေပေမယ့် အခြေခံကစလေ့လာဖို့ အချိန်မရှိတဲ့သူတွေအတွက် ဖြတ်လမ်းနည်းတွေထဲက တစ်ခုကတော့ " 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐏𝐚𝐭𝐭𝐞𝐫𝐧𝐬 " တွေ လေ့လာဖို့ပါပဲ။

🟥Speaking Patterns ဆိုတာဘယ်လိုမျိုးလဲ ??

🟥ဘယ်လိုလေ့လာနိုင်မလဲ ??

ဆိုတဲ့ မေးခွန်းနှစ်ခုကို ဖြေပေးပါ့မယ်။
------------

🟥 Speaking Patterns ဆိုတာကတော့ " တစ်မျိုးကို သိထားရုံနဲ့ နောက်ထပ် အမျိုးမျိုး ဆင့်ပွားပြီး ပြောလို့ရတဲ့ စကားပြောပုံစံ" လို့ ပြောပြချင်ပါတယ်။

ဥပမာ- No need to + V1 ဆိုတဲ့ ပုံစံကို သိထားရင်

No need to mention. ( ကျေးဇူးတင်စရာမလိုပါဘူး)

No need to help .(ကူညီစရာမလိုပါဘူး)

No need to come .( လာစရာမလိုပါဘူး)

စသဖြင့် အခြေအနေမျိုးစုံမှာ လိုအပ်သလိုသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

အဲ့တော့ စာကြောင်းမျိုးစုံကို လိုက်မှတ်နေမယ့်အစား speaking Patterns တွေကိုပဲ လေ့လာလိုက်တာက ပိုလွယ်ကူပါတယ်။

---------------

🟥 Speaking Patterns ကို ဘယ်လိုလေ့လာကြမလဲ??

"အင်္ဂလိပ်ဇာတ်ကားတွေ၊ YouTube video တွေကို များများကြည့်ပြီးလေ့လာလို့ရပါတယ်"

ဒါပေမယ့် ကိုယ်က ဇာတ်ကားကြည့်ဖို့ အချိန်မပေးနိုင်တဲ့သူ ၊ အင်္ဂလိပ်နဲ့ အကျွမ်းတဝင်မရှိတဲ့သူမို့ Speaking Patterns တွေကို ဘယ်လို လေ့လာရမှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တော့ အလွယ်ကူဆုံး သင်တန်းတက်ဖို့ပဲ အကြံပေးချင်ပါတယ်။

✅အသုံးများတဲ့ English Speaking 100 တိတိကို
examples တွေနဲ့တစ်ကွ ရှင်းလင်းထားပေးပြီး မေ့သွားတိုင်း အချိန်မရွေးပြန်ကြည့်လို့ရမယ့် "100 English Speaking Patterns Video Course" ကို Yatwoon Academy chat box မှာ ယနေ့စတင်တက်ရောက်နိုင်ပါပြီ။

Video Lessons ဆိုပေမယ့် နားမလည်တဲ့အရာတွေကို Tr နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်မှာပါဗျ။

သင်တန်းကြေး - 10000 ကျပ်
(video lessons + text book )



You can do anything… but not everything.It’s okay to dream big and aim high — just don’t forget to rest, breathe, and pr...
11/05/2025

You can do anything… but not everything.
It’s okay to dream big and aim high — just don’t forget to rest, breathe, and protect your peace.
Even fire needs fuel. Don’t let burnout dim your light.
Take it one step at a time — you've got this!

crd picture

(personal account မှာ တင်ဖူးတဲ့စာတစ်ခုပါ။ page ကို follow ထားတဲ့သူတွေလည်း ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။)ချိုက YSEA...
31/01/2025

(personal account မှာ တင်ဖူးတဲ့စာတစ်ခုပါ။ page ကို follow ထားတဲ့သူတွေလည်း ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။)

ချိုက YSEALI ကိုလျှောက်တုန်းက ပထမတစ်ခါ reject ထိခဲ့ဖူးပါတယ်။ ဒုတိယတစ်ခါကျမှ accepted ဖြစ်ခဲ့တာပါ။ ဒုတိယတစ်ခါလျှောက်တော့ essay တွေအကုန်အသစ်ပြန်ရေးခဲ့တာပါ။ ပထမတစ်ခါ reject ထိတုန်းက essay တွေနဲ့ ဒုတိယတစ်ခါ အရွေးခံရတဲ့ essay တွေနဲ့ ယှဉ်ပြီး ရှင်းပြပေးပါမယ်။

✅ Be specific!

ပထမ essay တွေရေးတုန်းက တော်တော်လေးယေဘုယျကျခဲ့ပါတယ်။
ပထမဥပမာ- ကိုယ်လုပ်ခဲ့တဲ့ volunteering experience တွေကို ရေးတဲ့အခါ ကျောင်းသားအများကြီးကို စာသင်ပေးဖူးပါတယ်ဆိုတာမျိုးရေးခဲ့တာပါ။ ဒါပေမယ့် ဒုတိယတစ်ခါမှကျ ဘယ်နှနှစ်အတွင်းမှာ ကျောင်းသားဘယ်နှယောက်ကို စာသင်ပေးခဲ့တာပါဆိုပြီး ရေးပေးခဲ့ပါတယ်။ နံပါတ်တွေနည်းတာများတာအဓိကမဟုတ်ဘဲ ကိုယ်ဘယ်လောက်ထိ impact ဖြစ်ခဲ့လဲဆိုတာကို တိတိကျကျလေး ဖော်ပြနိုင်တာပိုကောင်းပါတယ်။
ဒုတိယဥပမာ- ကိုယ့်မှာ စကေးတွေအများကြီးရှိပါတယ်လို့ ရေးတာထက် ဘယ် position ကိုတာဝန်ယူဖူးလို့ ဘာစကေးရှိပါတယ်။ PR officer လုပ်ဖူးလို့ communication skills ကောင်းပါတယ်။ ဘယ်လိုအတွေ့အကြုံကနေ ဘယ်လိုစကေးတွေရခဲ့ပါတယ်စသဖြင့် ကိုယ့်အကြောင်းကို highlights လုပ်ချင်တဲ့ စကေးတွေကို နာမည်လေးနဲ့ ဖော်ပြပေးတာကောင်းပါတယ်။

✅Be reliable

သာမန် ရိုးရိုးအက်ဆေးတွေရေးသလို ဖတ်လို့ကောင်းရုံပဲစစ်တာ writing skills ကိုပဲစစ်တာမျိုးမဟုတ်တဲ့အတွက် အရေးအသားကောင်းနေလို့ ဖတ်လို့ကောင်းနေရုံနဲ့မရပါဘူး။ ကိုယ်ရေးချင်တဲ့အကြောင်းအရာတွေကို ဥပမာ၊သက်သေအစုံအလင်နဲ့ ထည့်ရေးနိုင်ရင် ပိုကောင်းပါတယ်။ ဒီလိုရေးတဲ့အခါမှာလည်း google ကနေ တွေ့တာ ကူးလိုက်တာမျိုးမဟုတ်ဘဲ စိတ်ချရတဲ့ resources ကနေရှာသင့်ပါတယ်။ ရေးတဲ့အခါမှာလည်း ကိုယ်ရေးလိုက်တဲ့အကြောင်းအရာအပေါ် ကိုယ်ဘယ်လောက်ထိတာဝန်ယူနိုင်လဲဆိုတာ ပေါ်လွင်စေသင့်ပါတယ်။

✅ Be humble!

ဒါကတော့ ကိုယ်တွေ့မို့ပြောပြတာပါ။ ချို့ရဲ့ ဒုတိယ essay တွေကဖတ်ရတာ ပိုပြီး ယဉ်ကျေးပြီး humble ဖြစ်တယ်လို့ခံစားရစေပါတယ်။
တစ်ခါတလေကျ ကျောင်းသားတွေက သိပ်တော်တဲ့အခါ ကိုယ်တော်သလောက်ထုတ်ပြချင်ကြရော။ ကိုယ်တော်တာအားလုံးကို အပြည့်အဝချပြနိုင်ဖို့ အရေးကြီးတယ်ဆိုပေမယ့် bossy လေသံမျိုးဖြစ်မသွားဖို့အရေးကြီးပါတယ်။ ဒီတော့ ပါးနပ်ရင် ပါးနပ်သလို ကိုယ်တော်သမျှ ထက်သမျှကို နှိမ့်ချတဲ့လေသံနဲ့ ဘယ်လိုရေးကြမလဲဆိုတာ ကြိုးစားကြည့်ကြပါ။ 😉

✅ My Secret Tip

ဒါက secret ဆိုပေမယ့် လျှို့ဝှက်ချက်ရယ်တော့လည်းမဟုတ်ပါဘူး။ ချို သုံးခဲ့ဖူးတဲ့နည်းကို အကျိုးရှိမယ်ထင်လို့ ပြန်မျှဝေပေးတာပါ။ dm မှာလာမေးတဲ့သူတိုင်းကိုလည်း ဒီလိုရေးခဲ့တာပါဆိုပြီး အမြဲဖြေပေးတာပါ။

အကယ်၍ အိုင်ဒီယာဘလော့နေလို့ ဘယ်လိုရေးရမလဲမသိတဲ့သူတွေအတွက်ပါ။ Why you should choose me? ဆိုတဲ့အကြောင်းမျိုးရေးချင်တဲ့အခါကျရင် ကိုယ်က ဘာတွေတော်နေလို့ ရွေးသင့်တယ်ဆိုတာမျိုးလည်းမဟုတ် ကိုယ်က ဘာတွေလိုအပ်ချက်ရှိနေလို့ ရွေးသင့်တယ်ဆိုတာမျိုးလည်းမဟုတ်ဘဲ balance ဖြစ်နေအောင်ရေးသင့်ပါတယ်။

ဥပမာ - ကိုယ်က community အတွက် ဘယ်လို project မျိုးကိုလုပ်ပေးချင်ပါတယ်။ (ကိုယ်လုပ်ပေးချင်ရုံနဲ့မဟုတ်ဘဲ ဒီလုပ်လိုက်ရင် community အတွက် ဘယ်လို impact တွေရှိမှာလဲ ။ တကယ်ရော လိုအပ်နေတဲ့အရာလားဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။ ) ဟုတ်ပြီ။ ကိုယ်လုပ်ပေးချင်တဲ့အရာကိုရေးပြီးပြီဆို

1st STEP🔰 ဒီလိုလုပ်ဖို့ ဘာ skill တွေလိုအပ်လဲ? (e.g., strong research skills, communication skills, data analysis skills)
2nd STEP🔰 ကိုယ့်မှာ လိုအပ်တဲ့အတွေ့အကြုံတွေရှိလို့ ပထမ skill နှစ်ခုနဲ့တော့ ပြည့်စုံတယ်။
3rd STEP🔰 နောက်ဆုံး data analysis skills ကိုတော့ ပိုပြီးလေ့လာဖို့ လိုနေသေးတယ်။ အဲ့တာကို ဒီ program ကနေပြီး ကိုယ့်ကို ဖြည့်ပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။

ဒီလိုပုံစံလေးနဲ့ရေးမယ်ဆိုရင် ကိုယ်မှာရှိတာရော မရှိတာရောကို balance ဖြစ်အောင်ရေးနိုင်ပြီး program ဘက်ကနေကြည့်ရင်လည်း ရွေးခြယ်မယ်ဆို ရွေးခြယ်နိုင်စရာကောင်းတဲ့ candidate တစ်ယောက်လို့မြင်စေမှာဖြစ်ပါတယ်။

✅Be YOU!

ချိုရဲ့ ပထမ essay က ချို့ writing style မဟုတ်ခဲ့ပါဘူး။အမှန်တိုင်းဝန်ခံရရင် လူထင်ကြီးအောင် စကားလုံးခက်ခက်တွေလျှောက်သုံးပြီး လုပ်ယူပြီးရေးခဲ့တာပါ။ ဒုတိယတစ်ခေါက်ကတော့ ပါချင်ပါ မပါချင်နေဆိုတဲ့စိတ်နဲ့ ကိုယ့်ရဲ့ writing style အတိုင်းပဲရေးခဲ့ပါတယ်။ simple ဖြစ်တဲ့စကားလုံးတွေသုံးခဲ့ပါတယ်။ နည်းနည်း informal ဖြစ်ပေမယ့် humble ဖြစ်တဲ့အရေးအသားမျိုးပါ။ အဲ့တာကြောင့် ကိုယ်က အရေးအသားလည်း တအားခက်တာတွေ အဆင့်မြင့်တာတွေ‌မရေးတတ်ဘူးဆိုပြီး မပါလောက်ဘူးထင်ပြီး အားငယ်စရာမလိုပါဘူး။ ကိုယ့်ပုံစံအတိုင်းကိုယ်ရေးပြီး ကိုယ်လိုချင်တာတွေကို ပြည့်ပြည့်စုံစုံဖော်ပြနိုင်ရင်ပါတယ်။ ကိုယ်ရေးသမျှဟာ genuine ဖြစ်ဖို့ပဲလိုတာပါ။

ဒါကတော့ အဓိကမျှဝေပေးချင်တဲ့ အကြံဉာဏ်လေးတွေပါ။ ဒီထဲမပါဘဲ တခြားကိုယ်သိချင်တာရှိရင်လည်း လာမေးလို့ရပါတယ်။
I'm barely active on messenger.
DM me through telegram. (user name- )

ထိုက်တန်သူတွေအားလုံး လိုချင်တဲ့ဆန္ဒတွေ ပြည့်ဝကြပါစေ။ I wish you all the BEST. 🍀🧿

Hello my dear students and English learnersPage မှာ Active မဖြစ်တာရော၊ messenger မှာလာစုံစမ်းထားတဲ့ကျောင်းသားတွေကိုစာမပြ...
12/01/2025

Hello my dear students and English learners

Page မှာ Active မဖြစ်တာရော၊ messenger မှာလာစုံစမ်းထားတဲ့ကျောင်းသားတွေကိုစာမပြန်ဖြစ်တဲ့အကြောင်းလေးကို ရှင်းပြချင်လို့ပါ။ ချိုက အောက်တိုဘာလပိုင်းလောက်က fully-funded U.S exchange program တစ်ခုနဲ့ U.S မှာတစ်လကျော် သွားရောက်ပညာသင်ကြားခဲ့တာမို့ Teaching Job ကနေ break ခဏယူခဲ့တာပါ။ အခု ပြန်ပြီး settle ဖြစ်သွားပြီမို့ အရင်လို class(both free & paid) တွေ၊ workshop တွေ၊ English knowledge content တွေ ဆက်ပြီး sharing လုပ်ပေးသွားပါမယ်။

Bonus : U.S exchange student experience, culture difference, life style of an internal student စတာနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိရင် comment မှာမေးသွားလို့ရသလို personal account မှာလည်းလာမေးလို့ရပါတယ်။ တတ်နိုင်သလောက် အတွေ့အကြုံတွေမျှဝေပေးသွားပါမယ်။ တောင်းဆိုချင်တဲ့ knowledge sharing session, webinar တွေရှိရင်လည်း ပြောလို့ရပါတယ်။

https://www.facebook.com/share/15f62V6ToP/?mibextid=wwXIfr

Stay tuned for new classes!!

⚜️ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐁𝐚𝐬𝐢𝐜 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 ⚜️((Self study သမားတွေအတွက် ပညာဒါနလေးလုပ်ပေးဖို့စဉ်းစားရင်း အမေးအများဆုံးဖြစ်တဲ...
21/04/2024

⚜️ 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐁𝐚𝐬𝐢𝐜 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 ⚜️

((Self study သမားတွေအတွက် ပညာဒါနလေးလုပ်ပေးဖို့စဉ်းစားရင်း အမေးအများဆုံးဖြစ်တဲ့ Grammar Class လေးကို အရင်ဆုံးလုပ်ပေးဖြစ်ပါတယ်။ ))

◾◾◾◾◾◾◾◾◾◾◾◾◾

ဒီသင်တန်းလေးကတော့

- Grammar တွေရပြီးသားပေမယ့် စနစ်တကျပြန်နွှေးချင်တဲ့သူတွေ
- သင်တန်းတက်ဖို့ အချိန်မပေးနိုင်/ငွေကြေးမတက်နိုင်တဲ့ကလေးတွေ
- ကိုယ့်သားသမီးတွေကို ပြန်သင်ပေးချင်တဲ့မိဘတွေ
- ကလေးတွေကို ရှင်းပြပေးချင်တဲ့ဆရာ၊ဆရာမတွေ အားလုံးအတွက်ရည်ရွယ်ပါတယ်။

ဒီဂရုထဲမှာဆိုရင် English Grammar ရဲ့ အခြေခံတွေကိုအသေးစိတ်ကနေပြန်ပြီး ရှင်းပြထားတာမို့ အခုမှစလေ့လာမယ့်သူတွေလည်း ဆရာမလိုဘဲ self study လုပ်လို့ရသလို၊ Grammar ရပြီးပေမယ့် ဝေဝေဝါးဝါးဖြစ်နေတဲ့သူတွေလည်း တစ်ခါကြည့်ရုံနဲ့ အခြေခံပိုင်သွားမှာပါ ။

◾◾◾◾◾◾◾◾◾◾◾◾◾

group ထဲမှာ ဗီဒီယိုလေးတွေကို အပိုင်းလိုက်ခွဲပြီးတင်ပေးထားပါတယ်။ ဘာသင်ခန်းစာတွေပါဝင်လဲဆိုတော့

🔹 𝟖 𝐏𝐚𝐫𝐭𝐬 𝐨𝐟 𝐒𝐩𝐞𝐞𝐜𝐡
🔹 𝐚𝐫𝐭𝐢𝐜𝐥𝐞 (𝐚,𝐚𝐧,𝐭𝐡𝐞)
🔹𝐕𝐞𝐫𝐛 𝐭𝐨 𝐛𝐞/𝐝𝐨/𝐡𝐚𝐯𝐞
🔹𝐓𝐞𝐧𝐬𝐞𝐬
🔹𝐍𝐨𝐮𝐧𝐬, 𝐏𝐫𝐨𝐧𝐨𝐮𝐧𝐬 (+ 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬)
🔹𝐀𝐝𝐣𝐞𝐜𝐭𝐢𝐯𝐞 (𝐭𝐲𝐩𝐞𝐬 𝐨𝐟 𝐚𝐝𝐣 + 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬)
🔹𝐕𝐞𝐫𝐛𝐬 ( 𝐭𝐲𝐩𝐞𝐬 𝐨𝐟 𝐯𝐞𝐫𝐛𝐬 + 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬)
🔹𝐀𝐝𝐯𝐞𝐫𝐛𝐬
🔹𝐏𝐫𝐞𝐩𝐨𝐬𝐢𝐭𝐢𝐨𝐧𝐬 (+𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬)
🔹𝐒𝐢𝐦𝐩𝐥𝐞 𝐬𝐞𝐧𝐭𝐞𝐧𝐜𝐞 𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐬 𝟏𝟎 မျိုးကျော်
🔹𝐂𝐨𝐦𝐩𝐨𝐮𝐧𝐝 𝐒𝐞𝐧𝐭𝐞𝐧𝐜𝐞𝐬
🔹𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐩𝐚𝐫𝐚𝐠𝐫𝐚𝐩𝐡 𝐰𝐫𝐢𝐭𝐢𝐧𝐠

ဆိုတဲ့ သင်ခန်းစာဗီဒီယိုတွေပါဝင်မှာပဲဖြစ်ပါတယ်။ ဗီဒီယိုတွေကို မဖျက်ဘဲ တင်ပေးထားမှာမို့ အားလပ်ချိန်တိုင်း ဝင်ရောက်လေ့လာလို့ရပါပြီနော် ။

📌ဒီ group ကိုဝင်ရောက်ဖို့ မည့်သည့်အခကြေးငွေမှ ပေးစရာမလိုသလို ၊ like follow မလုပ်ပေးလည်းရပါတယ်ရှင့်။ သင်္ကြန်တွင်းမှာ အလှူတစ်ခုလေးတောင် မလုပ်လိုက်ရတာမို့ ဒီလိုလေးပညာဒါ‌နသင်ပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် Grammar သင်တန်းတက်မယ့်ပိုက်ဆံတွေကို တခြား skills တစ်ခုခုအတွက်သုံးပြီး Grammar ကိုတော့ ဒီပညာဒါန group လေးမှာ ကြိုးစားပြီးလိုက်လုပ်ပေးရင် ရပါပြီရှင့် ♡

https://www.facebook.com/groups/138173772427156/?ref=share

💭 Yatwoon Academy
💭 Founder Teacher

Address

Kyaukse

Website

Alerts

Be the first to know and let us send you an email when Htet Htet Htun - Freelance English Tutor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share