HAPPY TIMES Pre School,Kyaukse

HAPPY TIMES Pre School,Kyaukse Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HAPPY TIMES Pre School,Kyaukse, School, Se Htake Tan Taw Quarter, factory Road, Kyaukse.

26/09/2025

မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ အခြေခံအားဖြင့် ၄ မျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပါပဲ..။

မြန်မာကျောင်း စနစ်ဆိုရင်တော့ စာတော်တာ IQ ကောင်းလို့လို့ သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာ သာဖြစ်ပါတယ်။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်မှုကိုဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ။ ဥပမာ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ကို ညံံ့ကြတယ်။ ကိုယ်နှုတ်ကိုမနိုင်တာ စောင့်စည်းပေးရမှန်းမသိတာတွေ တွေ့ရပါတယ်။ ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြတာ အများကြီးပါဘဲ။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားကြတဲ့သဘောပါ။

အသက်သာကြီးလာပြီး ကိုယ်နှုတ်စောင့်စည်းနိုင်မှု နည်းသူ၊ စိတ်ဓါတ်ရင့်ကျက်မှုနည်းသူတွေကို EQ နည်းတယ်လို့ပြောလို့ရတယ်။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေပြောလေ့ပြောထရှိတဲ့ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင် သူ့ပတ်ဝန်းကျငိ Society အတွက်သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါ် ကိုနှိုင်းယှဉ်ကြည့်ပါ SQ သဘောတစ်ခုပါဘဲ။

SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူ ဆိုတာက..ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ပြသနာ တို့ ဒုက္ခတို့ကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။ တနည်း သတ္တိကြောင်သူတွေပေါ့။

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင် ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိနေပါရဲ့နဲ့ ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ.. နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောရမလိုဖြစ်နေပါတယ်။

ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရင်တော့ ဝေလာဝေးဘဲ။

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , SQ ၃ ခု ကောင်းလို့အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူမရှိပါဘူး။ ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါ့လေ။

အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။ ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။

အောင်မြင်မှုခိုငိမာနေတဲ့သူတွေ၊ ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။ လောကဓံရဲ့ ထုထောင်းမှုကနေရုံးထလာကြသူတွေများပါတယိ။ အရှံးမပေးခဲ့ကြသူများသာ ဖြစ်ပါတယ်။

=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုတာပါပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ အများအကျိုးပြုသူ၊ ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

မူရင်း ရေးသားသူရဲ့ အကြံပြုချက်က

"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ အများအကျိုးဆောင်ရွက်လိုပီး စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းရင်း………

—————————————
original writer
ဖတ်လို့ကောင်းအောင် ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ထားပါသည်။

မေတ္တာဖြင့်
ဦးဦးရဲသွေး

My little babies🥰🥰🥰🥰🥰
04/07/2025

My little babies🥰🥰🥰🥰🥰

20/03/2025

ကျမရဲ့ကမ္ဘာငယ်လေး🥰🥰

Happy Times PreschoolGraduation & Concert Ceremony
12/01/2025

Happy Times Preschool
Graduation & Concert Ceremony

Happy Halloween day ☠️🌃
31/10/2024

Happy Halloween day ☠️🌃

မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ~~~~~တချို့ကလေးငယ်တွေဟာ ပထမရက်မှာ မူကြိုတက်ရမှာ အရမ်းတက်ကြွနေပြီး နောက်ရက်တွေဆို ငိုလာတာတ...
26/06/2024

မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ
~~~~~
တချို့ကလေးငယ်တွေဟာ
ပထမရက်မှာ မူကြိုတက်ရမှာ အရမ်းတက်ကြွနေပြီး နောက်ရက်တွေဆို ငိုလာတာတမျိုး မတက်ချင်လို့ ဂျီကျတာတဖုံ မျိုးစုံ ဆန္ဒပြပြီး မူကြိုမသွားချင်လို့ မိဘတွေကို အမူအရာမျိုးစုံ လုပ်ပြလာတတ်ပါတယ်။

ဒီအချိန်မှာ မိဘရဲ့ ဆုံးဖြတ်မှု အရေးပါလာပါပြီ။

💬 ငိုလည်း အားတင်းပြီး
ဆက်ပို့တဲ့မိဘ

💬 ပို့သော်လည်း စိတ်မချလို့ မေမေ
ရှိနေမယ်လို့ ပြောတတ်တဲ့မိဘ

💬 ကျောင်းမှာဆရာမက ရိုက်လို့
မတက်ချင်တာလားလို့
မေးတတ်တဲ့ မိဘ

စသဖြင့် အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။

အမှန်တကယ်က ကလေးက အဖော်မရသေးတာပါ။

အခုမှ မြင်ဖူးတဲ့ သူစိမ်းဆရာမကို
ရင်းနှီးဖို့ အချိန်မလောက်သေးတာပါ။

အချိန်အလိုက် လှုပ်ရှားနေရတဲ့ မူကြိုတနေ့တာ လုပ်ငန်းစဉ်တွေကို
နေသားတကျ လိုက်လုပ်ဖို့ ခဲယဉ်းနေလို့ပါ။

နေသားတကျ ရင်းနှီးနေဖို့ မပျက်မကွက် ပို့ပေးရပါလိမ့်မယ်။

ငိုလိုက်ဆော့လိုက်အိပ်လိုက် လုပ်နေရင်းနဲ့ပဲ နေသားတကျ ဖြစ်လာပါလိမ့်မယ်။

တချို့ကလေးကျ ငါငိုပြရင် မေမေက ကျောင်းမပို့တော့ဘူး
ဒီတော့ မေမေ့ကို ကျောင်းသွားခါနီးတိုင်း ငါငိုပြမယ်
ဒါဆို ငါကျောင်းသွားစရာမလိုတော့ဘူးလို့ မှတ်ယူသွားတတ်ပါတယ်။

ထမင်းမကုန်လို့ မဆူပါနဲအုံး
ကလေးကျောင်းပျော်ဖို့ ညနေတိုင်း ကျောင်းကပြန်လာတိုင်း ချီးမွမ်းပါ
အားပေးပါ

သားသားမီးမီးတော်လိုက်တာ
ကျောင်းတက်နိုင်ပြီဆိုတာ ပြောပြပါ။

ဒီနေ့ဘယ်သူလုပ်လဲမမေးပါနဲ့
တနေ့တာ အဆင်ပြေလား
သူငယ်ချင်းနဲ့ အဆင်ပြေလား
သုငယ်ချင်းအသစ်က ဘယ်သူလဲ
သား သူငယ်ချင်းက ချစ်ဖို့ကောင်းတယ် စသဖြင့် ပြောပြပါ

ကျောင်း သူငယ်ချင်း ဆရာမကို ချစ်ခင် တတ်လာအောင် တွန်းအားပေးပါ။

ဒီအချိန်ကာလတွေဟာ မိဘတွေရောဆရာမတွေပါ အထူးသတိပြုနေရမယ့် အချိန်ပါ။
ဒီအချိန် စိတ်ပြောင်းလဲမှု ကလေးတွေရဲ့ ခံစားမှုကို အထူးသတိထားရမယ့်အချိန်ပါ။
ကျောင်းမသွားချင်လို့ ငိုပြတိုင်း မသွားနဲ့ဆိုပြီး ထားလို့မရပါဘူး
ဘာကြောင့်မလုပ်ချင်တာလဲအချက်ကိုမေးပါ။
မဖြစ်မနေလုပ်ရမယ့်အရာတွေကို အလျော့မပေးပါနဲ့။
လုပ်သင့်တဲ့အကြောင်းနဲ့ လုပ်ချင်လာအောင် ပြောပြရပါမယ်။
ကလေးက ကျောင်းမသွားချင်လို့ မျက်နှာမကောင်းသလို လုပ်ပြတိုင်း
ဆရာမ ရိုက်သလားမေးတတ်နေရင် ရိုက်တယ်ဆိုတဲ့ အဖြေ တန်းဖြေမှာပါ။
ကျောင်းသွားရမယ့်အချိန်ရောက်တဲ့ကလေးကို မသွားနဲ့ မလုပ်နဲ့ဆိုပြီး ပစ်မထားပါနဲ့။
တခါတရံ အလိုလိုက်ခြင်းမှသည် အလျော့ပေးခြင်း ဖြစ်သွားတတ်မှာစိုးလို့ပါ။

ဒါ့ကြောင့်
မူကြိုထားခါစဆို ကလေးထက် မိဘတွေဟာ စိတ်ရှည်ပါ
အားတင်းထားပါ
မည်သို့ဖြစ်နေပါစေ
ကျောင်းကိုရောက်အောင်ပို့ပါ

ကလေးရှေ့မှာ ဆရာမကို ယုံကြည်လို့ သားသား မီးမီးကို ထားသည်ဖြစ်သည်ကို ပြောပြပါ
ဆရာမကိုလည်း မိမိယုံကြည်ကြောင်း ဂရုစိုက်ပေးစေလိုကြောင်းကို
ပြောပါ။
ကလေး၏ အမူအကျင့်ကို အကုန်မချွင်းမချန်ပြောပြပါ။

သို့မှသာ မိဘ ဆရာ ကလေး ဟန်ချက် ညီညီ ကလေးကောင်းကျိုး
ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။

Crd လေးစားစွာဖြင့်

26/06/2024

ကလေးလေးတွေကို
ပညာတတ်ဖို့ချည်းပဲ
ဇွတ်အတင်း
တွန်းမပို့ပါနဲ့။
ကိုယ်ချင်းစာတတ်ဖို့လဲ
သင်ပေးကြပါ။

နောင်တစ်ချိန်
သူတို့ကြီးလာတဲ့အခါ
ခေတ်ပညာတွေ
ဘယ်လောက် တတ်တတ်
ကိုယ်ချင်းမစာတတ်ရင်
မကြင်နာတတ်ရင်
သင်ထားတဲ့ပညာ
ယူထားတဲ့ဘွဲ့ထူးဟာ
တစ်ကိုယ်ကောင်းဆန်နေမှာပဲ။

ကိုယ်ချင်းစာတတ်လာရင်
အကြင်နာတရားထားတတ်လာရင်
လူယဥ်ကျေးလေးတွေဖြစ်လာပါပြီ။

မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)

မူကြိုဆရာမအကြောင်း တစေ့တစောင်း❤❤❤*****************************      မူကြိုဆရာမ ဆိုတာ ကျောင်းရောက်ပီဆိုတာနဲ့ အလုပ်တွေက တန...
17/03/2024

မူကြိုဆရာမအကြောင်း တစေ့တစောင်း❤❤❤
*****************************

မူကြိုဆရာမ ဆိုတာ ကျောင်းရောက်ပီဆိုတာနဲ့
အလုပ်တွေက တန်းစီနေတာပါ😊😊😊

ကစားစရာတွေကို သန့်ရှင်းရေးလုပ်၊ဖုန်သုတ်၊ ကစားစရာထားတဲ့နေရာမှာ ကလေးတွေအတွက် ဘေးကင်း မကင်း
စစ်ကြ ၊ခါကြ (ကင်း၊ပုရွက် စတဲ့ အင်းဆက်တွေ အောင်းနေမှာစိုးလို့) ၊ ကလေးတွေ မရောက်ခင် ဆရာမတွေက ကြိုရောက်နေရတာပါ။

ကလေးတွေကျောင်းရောက်လာတာနဲ့ ဘယ်ကလေးက ငိုလာသလဲ?
ငိုလာတဲ့ ကလေးတွေကို ချော့ရ၊ မူကြိုကျောင်း
စတက်တဲ့အချို့ကလေးတွေဆို မိဘနဲ့ခွဲရလို့ ဆိုပြီး
သူတို့အစွမ်းရှိသလောက်လေး ရုန်းကြ ကန်ကြ ၊ အာ့ချိန်မှာ
ဆရာမတွေကချီပြီး ကျောင်းထဲဝင်သွားရင်ဆံပင်ဆောင့်စွဲကြ
ကုတ်ကြ၊ ရိုက်ကြတာကို ခံရတာလည်း မူကြိုဆရာမ တွေပါ

ကလေးကဝမ်းပျက်နေလို့၊
ကလေးက မနက်စာမစားခဲ့ရလို့၊
ကလေးက ရေဘူးထဲက ရေကို ကုန်အောင် မသောက်ခဲ့လို့၊
ကလေးက ထမင်းမကုန်လို့ ကုန်အောင်ကျွေးပေးပါ စတဲ့
မိဘတွေရဲ့ အမှာစကားကိုလည်း ဦးနှောက် ထဲ တန်းစီ
မှတ်ထားရတာလည်း မူကြိုဆရာမ တွေပါ။
(ရံခါ မတော်တဆလေးများ အမှာစကား မေ့သွားခဲ့ရင် ဘယ်လိုဆရာမတွေပါလိမ့် ဆိုပြီး မျက်စောင်းဒဏ်ကိုလည်း ခံရပါတယ်)😒

Activities လုပ်တဲ့အချိန်ဆိုရင်လည်း မလုပ်ချင်တဲ့ ကလေးကို ချော့မော့ပြီး သင်ပြပေးရ ၊ group ထဲပါလာအောင် ခေါ်ရ၊ ထမင်းစားချိန်ဆိုလည်း ထမင်းစားနေရင်း ထမင်းချိုင့်
မှောက်ကျ ခဲ့ရင် သန့်ရှင်းရေး လုပ်ပေးပြီး နောက်တစ်ကြိမ်
မှောက်မကျအောင် ထမင်းချိုင့်ထားပုံထားနည်း တွေကို
သင်ပြပေးရ၊ထမင်းတစ်လုတ်ကိုငါးမိနစ်အထိကြာအောင် ငုံထားတတ်တဲ့ ကလေးကို ငုံမထားဖို့၊ ဝါးစားဖို့ ၊ မျိုချဖို့ သင်ပေးရ၊ အိပ်ချိန်ဆိုလည်း ကိုယ့်ဘာသာ အိပ်တတ်ဖို့ သင်ပေးရ
(မအိပ်တတ်တဲ့ ကလေးတွေဆိုပေါင်ပေါ်တင်ပြီးချော့သိပ်ရ)
နို့မပြတ်သေးတဲ့ ကလေးတွေပါလာရင် အိပ်ခါနီး
အိမ်ပြန်ချင်လို့၊ နို့စို့ချင်လို့ 😅😅ဆိုတာက ကြုံရသေး၊
သူတို့လေးတွေလဲ အိပ်ရော ဆရာမတွေက ထမင်းစားကြတာ(၂ဖွဲ့ခွဲပီး စားကြတာ) အာ့လိုချိန် ထမင်းများစားကောင်း
နေတုန်းမှာ အိပ်နေရာကနေ အီးအီးပါချင်တယ် 😅😅😅
ဆိုတော့လည်း စားလက်စထမင်းကို ထားခဲ့ပြီး အိမ်သာထိ
လိုက်ပို့ပေးရတာလည်း မူကြိုဆရာမ တွေပါ။

အိပ်ယာက နိုးလာတော့ပါလာတဲ့ မုန့်တွေ၊အသီးတွေ၊နို့ဘူး
ဖျော်ရည်တွေကို ဂရုတစိုက်နဲ့ကျွေး၊ အိပ်ယာက ထ
ချွေးတွေထွက်နေရင် အဝတ်အစားလဲ၊ပေါင်ဒါထည့် စတဲ့ အလုပ်တွေကို ဇယ်ဇက်သလို လုပ်နေတဲ့ကြားထဲ ပြေးဆော့တဲ့ကလေးက မတော်တဆ
ထိခိုက်မိရင် မိဘတွေကို မျက်နှာငယ်လေးနဲ့ တောင်းပန်ရတာလည်း မူကြိုဆရာမ တွေပါ။

နားလည်ပေးတတ်တဲ့ မိဘများနဲ့ ဆုံရင်တော့ စိတ်အေးရပေမယ့် ဒီလောက်လေးတောင် မကြည့်နိုင်ဘူးလား😁😁
ဆရာမတို့က ဘာလုပ်နေကြလို့လဲ??😅😅😅ဆိုပြီး
ရန်ထောင်တတ်တဲ့ မိဘများနဲ့ ကြုံခဲ့ရင် ကြောက်ဒူးတုန်ရတာလည်း မူကြိုဆရာမ တွေပါ။

ကလေးတွေရဲ့
ကိုယ်ပိုင်ထမင်းချိုင့်
ထည့်တဲ့ခြင်းတောင်း၊
ကိုယ်ပိုင်ကျောပိုးအိတ်ထဲကို ကိုယ်ပိုင်ပစ္စည်းတွေကို ထည့်တတ်အောင် သင်ပေးရ၊
(ရံခါ အချို့ကလေးတွေက ပုံစံတူ
ခြင်းတောင်းတွေ အိတ်တွေထဲကို သူတို့ဘာသာ
အမှတ်မှားပြီး ထည့်မိပီဆိုလည်း မိဘတွေက 'ဆရာမတွေက လည်း စည်းကမ်းမရှိလိုက်လေခြင်း 'ဆိုပြီး အပြစ်ပြောတာကို
ခံရတာလည်း မူကြိုဆရာမ တွေပါ။

ကျောင်းဆင်းချိန်ရောက် ကလေးတွေကို မိဘလက်ထဲ
အနာအဆာ မရှိ အပြစ်ကင်းကင်းနဲ့ ထည့်ပေးပီးပီဆိုမှ
ဟင်း း း း း း း း ချနိုင်တာကလည်း မူကြိုဆရာမ တွေပါ။

ကလေးတွေ အချင်းချင်း မတော်တဆ ဖြစ်ကြပြီဆိုရင်လဲအပြစ်တင်ခံရတာ မူကြိုဆရာမတွေပါ😁

မူကြိုအလုပ်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝယူရတာပါ😉

မူကြိုဆရာမ များအားလုံးကို ချစ်ခင်လေးစားလျက်ပါရှင်😍🙏🙏🙏

09/03/2024

မေမေတို့ရေမူကြိုကျောင်းတွေမှာ

သားသားကသူ့မုန့်မစားရဘူးတို့

ထမင်းမကျွေးဘူးတို့

ဆရာမကရိုက်တယ်တို့

သူ့ကိုမကစားခိုင်းဘူးတို့

ကျောင်းကဘာစာမှမသင်ဘူးတို့

အိမ်ပြန်ရောက်တဲ့အခါမိဘက

ကျောင်းအခြေအနေ ကလေးကိုမေးတဲ့အခါ

အဲ့လိုမဟုတ်တာကို အဟုတ်ဖြေတတ်ကြပါတယ်

အဲ့ဒါ Theory of Mind လို့ခေါ်တဲ့ အခြားသူတစ်ဦးရဲ့

တွေးခေါ်မှု ခံစားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိလာတာပါ

အသက်၃နှစ်လောက်မှ စတင်ဖွံ့ဖြိုးတတ်လာပါတယ်

ဖွံ့ဖြိုးလာတဲ့နောက်မှာ စိတ်ကူးယဉ်နဲ့လက်တွေ့ဘဝကြား

မိမိကိုယ်ကိုကာကွယ်ဖို့ အခြားသူရဲ့တွေးခေါ်ပုံကို စတင်

နားလည်လာတဲ့သဘောပါ

ဖွံ့ဖြိုးကြီးထွားမှုပုံမှန်ဖြစ်လာတဲ့အခါ လိမ်ညာခြင်းဆိုတာ

Theory of Mind ရဲ့ ပထမဆုံး လက္ခဏာများထဲက

တစ်ခုဖြစ်ပါတယ် ရှုမြင်သုံးသပ်နိုင်စွမ်းတိုးတက်လာတာနဲ့

အခြားသူယုံကြည်နိုင်မယ့်လိမ်ညာမှုမျိုးလုပ်တတ်ကြပါတယ်

လိမ်ညာပြောဆိုနိုင်စွမ်းရှိလာတာနဲ့ ကျွမ်းကျင်မှုအသစ်

စမ်းသပ်ချင်လာကြပြီး မေတ္တာနဲ့ ဂရုစိုက်မှု မိဘဆီကပိုလိုချင်တဲ့အခါ

လိမ်ညာတတ်ပါတယ်

လိမ်ညာတယ်ဆိုတာကို ကလေးတွေကတော့နားမလည်ပါဘူး

လိမ်ညာတာနဲ့ အမှန်တရား ခြားနားချက်ကိုလဲ သဘောမပေါက်သေးပါဘူး

၃နှစ်နောက်ပိုင်းကလေးတွေ လိမ်ညာမှု ပိုခေတ်မှီလာပြီး

မိမိကိုယ်ကို လေးစားမှုအားကောင်းလာကာ

ပြစ်ဒဏ်ပေးခြင်းကို ရှောင်ရှားဖို့ အာရုံစိုက်တဲ့သဘောပါ

တစ်ခုခုမိဘစိတ်ထဲဘဝမကျရင်

ကျောင်းကို အခြေအနေတိုက်ရိုက်မေးပါ

ကလေးပြောစကားအတိုင်း

အမှန်မတွေးဖို့ မိဘတွေကို မှာစေချင်တာပါ

မေတ္တာဖြင့်

Address

Se Htake Tan Taw Quarter, Factory Road
Kyaukse

Telephone

+959440041700

Website

Alerts

Be the first to know and let us send you an email when HAPPY TIMES Pre School,Kyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to HAPPY TIMES Pre School,Kyaukse:

Shortcuts

Share

Category