မြပါရမီပညာ့ရိပ်သာ

မြပါရမီပညာ့ရိပ်သာ The best choice for your children.

မြပါရမီ ကျောင်းသူဟောင်းတစ်ယောက်၏(မနှင်းယမုံကျော်) ကဗျာ
15/11/2021

မြပါရမီ ကျောင်းသူဟောင်းတစ်ယောက်၏(မနှင်းယမုံကျော်) ကဗျာ

19/05/2021

မြပါရမီကိုယ်ပိုင် အထကမှတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည်တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကိုထုတ်ယူလိုပါက မိမိတို့ဖြေဆိုခဲ့သောစာဖြေဌာနများတွင်လည်းကောင်း CPRအမှတ်ပေးစာရွက်များကိုစာရေးကြီးဦးတင်ဝင်းအိမ်တွင်လည်း
ကောင်းထုတ်ယူနှိုင်ပါကြောင်း
(မိဘများမှဖုန်းတွေနဲ့ဆက်မေးနေကြပြီးကျောင်းမှအကြောင်းကြားမပေးဘူးလို့ပြောနေကြတာကြောင့်ရယ်
တစ်ဦးချင်းအကြောင်းကြားမပေးနှိုင်တာကြောင့်ရယ်ကြောင့်ပါ)

🟥 ဦးတင်ဝင်း09/451564020ပိုင်အို
နီးယားလဘက်ရည်ဆိုင်
အရှေ့ဘက်လမ်းကြား
တမာပင်လေးနဲ့အိမ်ပါ။

မြပါရမီကိုယ်ပိုင်အထက်တန်းကျောင်းကျောင်းသား/သူဟောင်းများ၏ သဘောထားထုတ်ပြန်ချက်
05/02/2021

မြပါရမီကိုယ်ပိုင်အထက်တန်းကျောင်း
ကျောင်းသား/သူဟောင်းများ၏ သဘောထားထုတ်ပြန်ချက်

Congratulations ပါ မအေးကျော့ဖြူTotal 524 marksဂုဏ်ယူဝမ်းမြောက်မိပါတယ် သမီးရေ.  ..
17/01/2021

Congratulations ပါ မအေးကျော့ဖြူ

Total 524 marks

ဂုဏ်ယူဝမ်းမြောက်မိပါတယ် သမီးရေ. ..

16/01/2021

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း ဇန်နဝါရီ ၁၇ရက်တွင် အွန်လိုင်းမှထုတ်ပြန်မည်
_________________________________

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို ဇန်နဝါရီ ၁၇ရက် နံနက် ၆နာရီကစတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဝက်ဘ်ဆိုက် (https://mmexamscore.org)တွင်ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က 7Day News သို့ ပြောသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက် (https://mmexamscore.org) တွင် ကျောင်း သား၊ ကျောင်းသူများသည် မိမိ၏ ခုံအမှတ်နှင့်မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ဖြည့်စွက်၍ အ မှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်သည်။

အမှတ်စာရင်းကို အွန်လိုင်း မှသာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး များသို့ လာရောက်လျှောက်ထားခြင်းမပြုရန်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မေတ္တာရပ်ခံထား သည်။

၂၀၂၀ ပြည့်နှစ်တက္ကသိုလ် ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူကိုးသိန်းတစ်သောင်း ကျော်ဖြေဆိုခဲ့ရာ နှစ်သိန်းကိုး သောင်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်။
https://7day.news/301412

03/01/2021

ကိုဗစ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားရပေမယ့် အဝေးရောက်ပညာရေးအဆင်ပြေစေဖို့ရာအတွက် Autumn Tech IT Solutions အနေနဲ့ ကျောက်ပန်းတောင်းမြို့ရဲ့ ပထမဆုံးကိုယ်ပိုင်ကျောင်း 'မြပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်း'' ကို အွန်လိုင်းသင်ကြားရေးစနစ်အကူအညီများပေးခဲ့ပါတယ်။

လေးလကြာမြင့်ပြီးတဲ့အချိန်မှာ သင်ခန်းစာတွေ ၃ ပုံ ၂ ပုံခန့် ပြီးပြတ်သွားပြီဖြစ်ကာ အခုအခါမှာ သင်ကြားခြင်း၊ အွန်လိုင်းစာမေးပွဲ၊ အိမ်စာများ စစ်ဆေးခြင်း၊ အဖြေလွှာများအား အမှတ်ပေးခြင်းနဲ့ ကျောင်းသားနဲ့ဆရာ အပြန်အလှန် ဆွေးနွေးခြင်းတို့ ပြုလုပ်လျက်ရှိပါတယ်။ ဒီလိုမျိုးအခက်အခဲကြားမှာ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေး အဆက်ပြတ်မသွားစေဖို့ တထောင့်တနေရာကနေ ကူညီပေးနိုင်တဲ့အတွက် အထူး ဂုဏ်ယူမိပါတယ်။

Autumn Tech IT Solutions ကို ယုံကြည်စွာ လက်တွဲခဲ့တဲ့ ''မြပါရမီ ကိုယ်ပိုင်အထက်တန်းကျောင်း'' ကို ကျေးဇူးတင်ရှိပါတယ်။ ဒီ့ထက်မက အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🎉

8.11.2020 နေ့တိုင်းပြည်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲရုံ အမှတ်(၃)အဖြစ် မြပါရမီကိုယ်ပိုင်ကျောင်းမှာ  ပြည်တော်သာရပ်က...
07/11/2020

8.11.2020 နေ့
တိုင်းပြည်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ
မဲရုံ အမှတ်(၃)အဖြစ် မြပါရမီကိုယ်ပိုင်ကျောင်းမှာ
ပြည်တော်သာရပ်ကွက်နေ ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

မြပါရမီကိုယ်ပိုင်ကျောင်းက အွန်လိုင်းပညာသင်ကြားရေးစနစ်နဲ့ ပညာသင်ပေးနေတာ အခုဆို ကျောင်းသားနဲ့ ဆရာ ပိုမို အဆင်ပြေပြေရှိလာခဲ...
28/10/2020

မြပါရမီကိုယ်ပိုင်ကျောင်းက အွန်လိုင်းပညာသင်ကြားရေးစနစ်နဲ့ ပညာသင်ပေးနေတာ အခုဆို ကျောင်းသားနဲ့ ဆရာ ပိုမို အဆင်ပြေပြေရှိလာခဲ့ပါပြီ။

Online ပညာသင်ကြားရေးစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ''အကြောင်းအမျိုးမျိုးကြောင့် အချိန်မပေးနိုင်သူများ ၊ သွားလာရ အဆင်မပြေဖြစ်နေသူများအတွက် ပညာရေးဝေးသည်မရှိ''ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျောင်းသား/ကျောင်းသူတွေ အချိန်မကုန် လူမပင်ပန်းဘဲ online ပေါ်ကတဆင့် -
✔️ ဘယ်နေရာမှမဆို စာသင်ကြားနိုင်ခြင်း
✔️ ဆရာနှင့်ကျောင်းသားများ တိုက်ရိုက် Video Conferencing ဖြင့် စာသင်ကြားနိုင်ခြင်း
✔️ Video lecture/notes/presentation များကို လေ့လာနိုင်ခြင်း
✔️ Homework/Assignment/Exam များဖြေဆိုနိုင်ခြင်း
✔️ အတန်းလိုက် discussion/chat များ ပြုလုပ်နိုင်ခြင်း
✔️ ကျောင်းသားများသို့ quizzes / tests / surveys များ မေးမြန်းနိုင်ခြင်း
✔️ ဆရာနှင့် အပြန်အလှန် မကြာခဏ ဆက်သွယ်နိုင်ခြင်း
✔️ ကွန်ပြူတာစနစ်ဖြင့် အမှတ်ပေးနိုင်ခြင်း ၊ အောင်စာရင်းထုတ်နိုင်ခြင်း
✔️ အွန်လိုင်းမှ ကျောင်းသားလက်ခံနိုင်ခြင်း
✔️ စာသင်ခန်းပြင်ပ စာသင်ကြားရေး ပတ်ဝန်းကျင်ကို တည်ဆောက်ပေးနိုင်ခြင်း စတာတွေပါပဲ။

စာသင်ချိန်တွေမှာ အချိန်မပေးနိုင်လို့၊ လိုင်းမကောင်းလို့ သင်ယူခွင့်မရလိုက်သူတွေအနေနဲ့ သင်ခန်းစာတွေကို ပြန်လည်လေ့လာနိုင်ဖို့ရာအတွက် အောက်ပါလင့်အတိုင်း ဒေါင်းလုတ်ဆွဲရယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 😊

Download Link For Anroid Phones/ Tablets
https://play.google.com/store/apps/details?id=com.autumn.autumnolp

Download Link For iPhone/iPad
https://apps.apple.com/us/app/autumn-oep/id1511135425

မြပါရမီရဲ့ အွန်လိုင်းသင်ကြားရေးက အခုဆိုရင် တဖြည်းဖြည်းနဲ့ ပိုတိုးတက်အဆင်ပြေလာတဲ့အတွက် အပြင်မှာ သင်ကြားသလိုမျိုး အတန်းတွေ...
01/10/2020

မြပါရမီရဲ့ အွန်လိုင်းသင်ကြားရေးက အခုဆိုရင် တဖြည်းဖြည်းနဲ့ ပိုတိုးတက်အဆင်ပြေလာတဲ့အတွက် အပြင်မှာ သင်ကြားသလိုမျိုး အတန်းတွေ ခွဲပြီး သင်ခန်းစာတွေကို သင်ကြားဖို့ စီစဉ်နေတယ်ဆိုတာ တပည့်တို့ သိပြီးကြပြီ ထင်ပါတယ်။✍️

ဒီနေရာမှာ ပြောလိုတာက-
အင်တာနက်မရလို့ အွန်လိုင်းသင်ကြားရေးမှာ မချိတ်ဆက်နိုင်တဲ့ တပည့်လေးတွေလည်း စိတ်မပူ ကြပါနဲ့နော်။ ကိုဗစ်ကာလပြီးဆုံးလို့ အရင်လို ကျောင်းပြန်တက်ခွင့်ရတဲ့အခါ သင်ခန်းစာတွေကို အစကနေ ပြန်သင်ပေးမှာပါ။ ဒီကြားထဲ သင်ထားတဲ့ သင်ခန်းစာတွေကိုလည်း စီဒီနဲ့ ပေးပို့ပေးသွားပါမယ်။😊

တစ်ခုလေးပဲ မှာချင်တာက သင်ပြီးသမျှ သင်ခန်းစာတွေကို နေ့စဉ်မပြတ် လေ့လာမှတ်သားနေဖို့ပါပဲ။ ဦးနှောက်ဆိုတာ သုံးရင် သုံးသလောက် ထက်မြက်နေတာမျိုး၊ မသုံးရင် တုံးသွားလိမ့်မယ်။ ဒါကြောင့် အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ဖုန်းပွတ်လိုက်နဲ့ အချိန်မကုန်ပါစေနဲ့၊ သင်ခန်းစာတွေကို နေ့စဉ် မှန်မှန် လေ့လာမှတ်သားကြပါလို့ တပည့်တွေကို အလေးအနက် သတိပေးချင်ပါတယ်။💪

တခြားစည်းစိမ်ဥစ္စာ၊ ရုပ်ရည် စတာတွေသာ ကွဲပြားချင် ကွဲပြားမယ် . .သဘာဝက ပေးထားတာက လူတိုင်းကို တစ်နေ့မှာ ၂၄ နာရီဆိုတဲ့ တူညီတဲ့ အချိန်ပါ။
သားတို့ သမီးတို့အနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ အချိန် ၂၄ နာရီကို ဘယ်လို ကုန်ဆုံးခွင့် ပြုမှာလဲ . .
♦ အိပ်ရင်း၊ စားရင်း၊ ဖုန်းပွတ်ရင်းနဲ့ပဲလား . .
♦သင်ခန်းစာတွေ လေ့လာမှတ်သားရင်း၊ မိဘရဲ့အလုပ်ကို ကူလုပ်ရင်းနဲ့လား . .
ဒါကတော့ သားတို့ သမီးတို့ ကိုယ့်ဘာသာ ရွေးချယ်ရမှာပါ။
ဆရာ၊ ဆရာမတို့ကတော့ အချိန်တိုင်း အချိန် တိုင်း တန်ဖိုးရှိရှိ ဖြတ်သန်းပြီး လိမ္မာ ကြိုးစားတဲ့ တပည့်လေးတွေအဖြစ် မြင်ချင်၊ ကြားချင်တာပေါ့။😍

''ကျန်းမာရေးလည်း ဂရုစိုက်ကြပါ . .
လက်ဆေးပါ . .
တတ်နိုင်သမျှ အိမ်မှာနေပါ . .
အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ . .''
အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံနိုင်မယ့် နေ့ကို မျှော်လင့်လျက် . .
#မြပါရမီ
ကိုယ်ပိုင်အထက်တန်းကျောင်း
၁-၁၀-၂၀၂၀

Address

အရှေ့မြို့ပတ်လမ်း၊ကျောက်ပန်းတောင်းမြို့
Kyaukpadaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959795503888

Website

Alerts

Be the first to know and let us send you an email when မြပါရမီပညာ့ရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category