16/04/2023
Present Tense ရေးရတဲ့အကြောင်းများ
(1) အခုရှိတာဖြစ်တာ/ အခုပိုင်ဆိုင်တာရှိတာ/ အခုပြုလုပ်တာကို ပြောချင်ရင်
(2) frequency Adverb ပါရင်
Always (အမြဲတမ်း)
Sometimes (တစ်ခါတစ်ရံ၊ တစ်ခါတစ်လေ)
Usually (အခါတိုင်း၊ လေ့ရှိသည်)
Often (ခဏခဏ၊ မကြာမကြာ)
Never (ဘယ်တော့မှ)
Occasionally (အခါအားလျော်စွာ)
# Frequency Adverbကို Action Verbရဲ့ ရှေ့မှာထား
Frequency Adverbကို Verb To Beရဲ့ နောက်မှာထား
ဖိုးဖိုးက ဘုန်းကြီးကျောင်းကိုအမြဲသွားတယ်
Grandpa always goes to the monastery.
ငါက ဘယ်တော့မှ ဝက်သား မစားဘူး
I never eat pork.
ငါက တစ်ခါတစ်လေတော့ အမဲသားစားတယ်
I sometimes eat beef.
(3) Habitual Action အလေ့အထအကျင့်စရိုက်ဆိုရင်
I have shower every morning.
ငါ မနက်တိုင်း ရေချိုးတယ်။
Grandpa walks every morning.
ဖိုးဖိုးက မနက်တိုင်း လမ်းလျှောက်တယ်။
I get up from bed at 4.
ငါ မနက် လေးနာရီအိပ်ရာ ထတယ်။
I eat something before bed.
ကျွန်မက အိပ်ရာမဝင်ခင် တစ်ခုခုစားတယ်။
(4) Natural Law သဘာဝဖြစ်စဉ်
Universal Truth လောကအမှန်တရား
The sun rises in the east.
နေအရှေ့က ထွက်လာတယ်။
The sun sets in the west.
နေအနောက်က ဝင်တယ်။
The Ayeyawady flows from north to south.
ဧရာဝတီသည် မြောက်မှ တောင်သို့ စီးဆင်းသည်။
The earth goes round the sun.
ကမ္ဘာသည် နေကိုပတ်၍သွားသည်။
If you put oil into water, it floats.
ဆီကိုရေထဲထည့်ရင်၊ ရေပေါ်ပေါ်တယ်။
ထက်ထက်မိုးဦးမှာ ထိုင်းနိုင်ငံမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။
Htet Htet Moe Oo has a restaurant in Thailand.
နွားမှာ ခြေထောက်လေးချောင်း ရှိတယ်။
A cow has four legs.
ငါ့မှာ အိမ်မှာ ဆိုင်ကယ်အသစ်တစ်စီးရှိတယ်။
I have a new motor bike at home.
ဖြူနင်းဝေမှာ အစ်မ(၂)ယောက်ရှိတယ်။
Phyu Hnin Wai has two elder sisters.
ဆရာမ ဒေါ်သီရိထက်စံသည် ဆယ်တန်းမှာ နေ့တိုင်း သခ်ျာသင်တယ်။
Sayama Daw Thiri Htet San teaches Mathematics in Grade(11) everyday.