26/04/2026
:“မူကြိုကျောင်းဆိုတာ ကလေးကို ခဏထိန်းပေးတဲ့ နေရာတစ်ခုသာ မဟုတ်ပါဘူး။
ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးစွမ်းရည်၊ ကိုယ်တိုင်လုပ်တတ်မှု၊ စည်းကမ်းနှင့် ယုံကြည်မှု တို့ကို အသက်အရွယ်နဲ့ ကိုက်ညီတဲ့နည်းလမ်းများဖြင့် လေ့ကျင့်ပေးတဲ့ ပညာရေးအစဖြစ်ပါတယ်။
ကျွန်ုပ်တို့ မူကြိုမှာ
✔️ကစားရင်း သင်ယူစေခြင်း
✔️စကားပြော၊ နားထောင်၊ တွေးခေါ်နိုင်စွမ်း တိုးတက်စေခြင်း
✔️မျှဝေတတ်မှု၊ စောင့်ဆိုင်းတတ်မှု၊ အဖွဲ့လိုက်ပူးပေါင်းတတ်မှု လေ့ကျင့်ပေးခြင်း
✔️ကိုယ်တိုင်စားတတ်၊ ကိုယ်တိုင်လုပ်တတ်အောင် ပြုစုပျိုးထောင်ပေးခြင်း
တို့ကို အဓိကထား ဆောင်ရွက်ပါတယ်။
ဒါကြောင့် မူကြိုဆိုတာ ‘ကလေးထိန်းကျောင်း’ မဟုတ်ဘဲ ‘ကလေးဘဝအတွက် ခိုင်မာတဲ့အခြေခံတည်ဆောက်ပေးတဲ့ ပညာရေးနေရာ’ ဖြစ်ပါတယ်🥰🥰🥰