30/10/2022
LOLC Myanmar သည် အများပြည်သူများနှင့် အသင်းသား/အဖွဲ့ဝင်များအား ဝန်ဆောင်မှုများပေးရာတွင် ပိုမိုကောင်းမွန်စေရန်အတွက် အမြဲတစေကြိုးစားအားထုတ်လျှက်ရှိပြီး၊ ယခုအခါ LOLC Myanmar မှ ဒေသဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်းလည်ပတ်မှုဆိုင်ရာဌာန (Business Operations Team) မှ တာဝန်ရှိအကြီးအကဲများသည် ကမ္ဘောဒီယား နိုင်ငံ၊ ဖနွမ်းပင် မြို့ရှိ LOLC Cambodia ရုံးချုပ်နှင့် ရုံးခွဲများတွင် လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သတ်သော ကိစ္စရပ်များအား သြဂုတ်လ ၃၀ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ လုပ်ငန်းလုပ်ဆောင်မှုများ နှီးနှောဖလှယ်ခြင်းနှင့် လုပ်ငန်းခွင်လေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုမှရလာသော အတွေ့အကြုံများအား အသုံးချ၍ LOLC Myanmar သည် အများပြည်သူများနှင့် အသင်းသား အဖွဲ့ဝင်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လေ့လာရေးခရီးအတွင်း ပုံရိပ်များအား ဝေမျှပေးလိုက်ရပါသည်။