Kutkai Educational CDM Committee - KECC

Kutkai Educational CDM Committee - KECC ဤ Page သည် ကွတ်ခိုင်မြို့နယ်ပညာရေး CDM များ၏ Pageဖြစ်သည်။

လျှောက်လိုသော ဆရာ၊ဆရာမများသို့စာလေးတွေတော့သေချာဖတ်ပေးကြပါဗျ
14/05/2026

လျှောက်လိုသော ဆရာ၊ဆရာမများသို့
စာလေးတွေတော့သေချာဖတ်ပေးကြပါဗျ

ရှမ်း၃ရှမ်းရဲ့ကျောင်းလေးပါဗျမိဘများအတွက်
03/05/2026

ရှမ်း၃ရှမ်းရဲ့ကျောင်းလေးပါဗျ
မိဘများအတွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ Shan State Interim School (SSIS)ကျောင်း၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် (အပတ်စဉ် ၅) - G-1 to G-12 အတန်းများ၌ တက်ရောက်ရန်ကျောင်းသား/သူများခေါ်ယူနေခြင်းဖြစ်ပါသည်။

ဓမ္မဘက်မှ ရပ်တည်ခဲ့ကြသောလူကြီးမင်းတို့၏ သား၊သမီး များ ပညာရေး နှောင့်နှေးမှုမရှိစေရန် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

လျှောက်လွှာပိတ်မည့်ရက် - 31. 5. 2026

ကျောင်းစတင်ဖွင့်မည့်ရက်-20.5.2026

ယခုလျှောက်လွှာနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက - SSIS page massengerသို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မူလတန်းဆင့် ကျောင်းသား/သူများ ဖြည့်ရမည့် Google Form Link >>>>>>>
https://forms.gle/inM9SE5YP13gBA3N6

အလယ်တန်းဆင့် ကျောင်းသား/သူများ ဖြည့်ရမည့် Google Form Link >>>>>>>
https://forms.gle/HPKDUUr3nUx6Rwxq5

အထက်တန်းဆင့် ကျောင်းသား/သူများ ဖြည့်ရမည့် Google Form Link >>>>>>>
https://forms.gle/pMu7Jez6YxKigdEN9

30/03/2026
30/03/2026
English
30/03/2026

English

မြန်မာ
30/03/2026

မြန်မာ

01/02/2026

ကွတ်ခိုင်မြို့နယ်မှ ပညာရေး CDMersများ Telegram Gp မjoinရသေးပါက page messenger တွင် အမည်၊ရာထူး၊ကျောင်း လာပြောပြီးgp linkတောင်းယူနိုင်ပါတယ်ဗျ။

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်သစ် ဒွါဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်...
30/12/2025

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်သစ် ဒွါဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း

အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အတွင်း ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးသည် Myanmar Education System

(MES Link - https://mes.moeedu.org)

BECA Certificate နှင့် Transcript များကို (27.12.2025) ရက်နေ့ ၊ မနက် (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ပါ၍ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။

BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို (27.12.2025) မှ (27.1.2026) အထိ နောက်ဆုံးထားပြီး

Moodle (LMS -
https://lms.moeedu.org) တွင်
Technical Support Channel အောက်၏
(https://lms.moeedu.org/mod/quiz/view.php?id=295)

နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။

Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်-

၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင်
ရေးသားထားသော လျှောက်လွှာ

၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲအစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်
(မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Channel 1
BECA Official Email >>
[email protected]

Channel 2
BECA Official Email >>
[email protected]

BECA အစီအစဉ်နှင့်စပ်လျဉ်း၍ မကြာခဏ
စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများနှင့် Update သတင်းအချက်အလက်များကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ






17/12/2025

CDM ဆရာ၊ ဆရာမများအတွက်
========================

နွေးဦးဆရာအတတ်ပညာတက္ကသိုလ်

(Spring Normal University - SNU) တွင်

B.Ed. နှင့် ညီမျှသော PGDTEd

ဘွဲ့လွန်ဆရာအတတ်ပညာဒီပလိုမာသင်တန်း

အပတ်စဉ် (၂) ကို

လျှောက်ထားရန် သက်ဆိုင်ရာမြို့နယ်ပညာရေး

ဘုတ်အဖွဲ့များထံ စုံစမ်းလျှောက်ထားနိုင်ပါပြီ။

သင်တန်းအမည်များ
===============

၁။ မူလတန်းသင်ကြားလိုသူ ဆရာ၊ ဆရာမများအတွက်

PGDTEd (Primary) Course

၂။ အလယ်တန်း သင်ကြားလိုသူ ဆရာ၊ ဆရာမများအတွက်

PGDTEd (Lower Secondary) Course

မှတ်ချက်။

(၁) ကွတ်ခိုင်မြို့နယ်မှ ပညာရေးဝန်ထမ်းများ

ဖောင်ထုတ်ရန် Chat Box သို့

(၂) မည်သည့်အကြောင်းကြောင့်မျှ သတင်း

အချက်အလက်နှင့် ဖောင်များကို လိုင်းပေါ်မတင်ရ။

Address

BEHS1 Road
Kutkai

Website

Alerts

Be the first to know and let us send you an email when Kutkai Educational CDM Committee - KECC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kutkai Educational CDM Committee - KECC:

Shortcuts

Share

Category