Kingston Education English Class

Kingston Education English Class စရိတ်သက်သာစွာဖြင့်EnglishစာSpeakingနှင့်Computer?

23/05/2022

နိုင်ငံတကာအဆင့်မီအင်္ဂလိပ်သင်ခန်းစာ(တန်းခွဲသစ်)များ ဖွင့်လှစ်တော့မည်ဖြစ်ပါ၍ ကွတ်ခိုင်မြို့ရှိ ရင်သွေးငယ်များ စတင်စာရင်းပေးသွင်း အပ်နှံနိုင်ပါပြီ
*******************************************
Kingston Education English Class မှကွတ်ခိုင်မြို့ရင်သွေးငယ်‌လေးများ အင်္ဂလိပ်စာကိုနည်းစနစ်မှန်ကန်စွာဖြင့် စနစ်တကျရေးသား‌‌၊ ဖတ်ရှု၊ ပြောဆို နိုင်စေရန်နှင့် အင်္ဂလိပ်အသံထွက်ကို နားထောင်နိုင်သည့် စွမ်းရည်များပြည့်ဝလာ စေရန်အတွက်ရည်ရွယ်ပြီး နိုင်ငံတကာအဆင့်မီအင်္ဂလိပ်သင်ခန်းစာ(International English Course)တန်းခွဲ(၂)ခုကိုလက်ရှိတွင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်

သို့ရာတွင် ရင်သွေးငယ်များတစ်ဦးနှင့်တစ်ဦး လာရောက်အပ်နှံသည့်အချိန်မတူညီခြင်း၊ အသက်အရွယ် ကွာဟမှုရှိနေခြင်း၊ အခြေခံ တတ်မြောက်ထားမှု အရေအချင်းများ မတူညီခြင်း စသည့်ခြားနားသည့် အ ကြောင်းတရားများကြောင့် ထိရောက်စွာသင်ကြားပေးနိုင်‌‌ရေးအတွက် ဤသို့အသက်အရွယ်နှင့် အရေအချင်းအလိုက်ခွဲခြား၍ တန်းခွဲသစ်များကိုပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ပါသည်

သို့မှသာ အခြေခံကောင်းရှိ‌‌နေသူ ခလေးငယ်များကဆက်လက်၍ တဆင့်ပြီးတဆင့် တက်ရောက်သင်ကြားသွားနိုင်မည်ဖြစ်ပြီး အခြေခံ မရှိသေးသည့် ရင်သွေးငယ်များကိုလည်း အရေအချင်းပြည့်ဝလာစေရန်အတွက် ဖိဖိစီးစီးဖြင့် ထိထိရောက်ရောက် စနစ်တကျ သင်ကြားပေးသွားနိုင်မည်ဖြစ်ပါသည်

တန်းခွဲတစ်ခုခြင်းစီ၏အချိန်ဇယားများ
***********************************
(အစိုးရကျောင်းနှင့်ကိုယ်ပိုင်ကျောင်းတို့၏စာသင်ချိန်များနှင့်လွတ်ကင်းသည့်အချိန်များဖြစ်ပါသည်)

(၁) Junior Class အသက်( ၃နှစ်ခွဲမှ ၅နှစ်အထိ)

သင်တန်းစမည့်ရက်။ (၆ - ၆ - ၂၀၂၂)
အပါတ်စဉ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
အချိန် -နေ့လည် - ၁၂:၃၀နာရီ မှ ၂:၀၀နာရီ အထိ

(၂) Senior Class အသက် ၅နှစ်မှ ၇ နှစ်အထိ

သင်တန်းစမည့်ရက်။ (၆ - ၆ - ၂၀၂၂ )
အပါတ်စဉ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
အချိန် - ညနေ - ၃:၃၀ မှ ၅နာရီအထိ

(၃) Leader Class အသက် ၈နှစ်မှ ၁၂နှစ်အထိ

သင်တန်းစမည့်ရက်။ (၉ - ၆ - ၂၀၂၂ )
အပါတ်စဉ်။ ကြာသပတေး၊ သောကြာ၊ စနေ
အချိန် - ညနေ - ၃:၃၀ မှ ၅နာရီ

(၄) Special Class အသက် ၁၃နှစ်အထက်
အပါတ်စဉ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး
အချိန် - ညနေ - ၂:၀၀ မှ ၃:၃၀နာရီ

(၅) Speaking 🗣️ Class (အနည်းဆုံးကိုးတန်းအောင်)
အပါတ်စဉ်။ ကြာသပတေး၊ သောကြာ၊ စနေ
အချိန် - ညနေ - ၂:၀၀ မှ ၃:၃၀နာရီ

သင်တန်းကြေး
Junior Class- 50,000
Senior Class- 50,000
Leader Class- 60,000
Special Class - 70,000
Speaking Class - 25,000

ကွတ်ခိုင်မြို့အနေဖြင့် အဆိုပါသတ်မှတ်ထားသည့် သင်တန်းကြေးများသည် များသည်ဟုထင်မြင်ယူဆ နိုင်သော်လည်း မြို့ကြီးများရှိသင်တန်းကြေးများနှင့်နှိုင်းယှဉ်ပါက မြို့ကြီးများ၏ သတ်မှတ်သင်တန်းကြေး၏ ထက်ဝက် (သို့မဟုတ်) သုံးပုံတစ်ပုံခန့်ကိုသာသတ်မှတ်ထားခြင်းဖြစ်ပါသည် မြို့ကြီးများတွင်ဤသင်တန်းမျိုးကိုတက်ရောက်မည်ဆိုပါက ဦးစွာဝင်ခွင့်အတွက်တစ်သိန်းမှတစ်သိန်းအထက်ပေးသွင်းရပါသည် ဤသင်တန်းမှဝင်ခွင့်အတွက်ကောက်ခံခြင်းမရှိပါ

တန်းခွဲတစ်ခုခြင်းစီ၏စာသင်ချိန်မှာ(၃)လကြာမြင့်မည်ဖြစ်ပြီး တန်းခွဲတစ်ခုကိုအောင်မြင်ပြီးပါက နောက်တန်းခွဲတစ်ခုသို့ တဆင့်ခြင်းပြီးတဆင့်ထပ်မံတက်ရောက်သင်ကြားသွားနိုင်ပါသည်

*မှတ်ချက်။ ။ Speaking 🗣️ Class ကိုခေါင်းစဉ်တစ်ခုစီအလိုက် သင်ကြားပေးသွားမည်ဖြစ်ပြီး Special Class အတွက်ကိုမူ ၁ လချင်းပုံစံဖြင့် သင်ကြားပေးသွားပါမည်

ဤတန်းခွဲများကိုတက်ရောက်သင်ကြားပြီးသည့် ခလေးငယ်များအနေဖြင့် မည်သည့်မြို့၊ မည်သည့်ကျောင်း၊ မည်သည့်နိုင်ငံသို့ ပြောင်းရွေ့သင်ကြားရသည်ဖြစ်စေ နိုင်ငံတကာအဆင့်မီအင်္ဂလိပ်စာ သင်ခန်းစာကို အခြေခံမှစ၍ စနစ်တကျသင်ကြား တတ်မြောက်ပြီးဖြစ်၍ အင်္ဂလိပ်စာနှင့်ပါတ်သက်၍ ပူပန်စရာမလိုတော့သည့်အထိ သင့်ခလေးငယ်အတွက် Kingston Education English Classမှအပြည့်အဝတာဝန်ယူပါသည်

ခလေးငယ်တစ်ဦးခြင်းစီတိုင်းအင်္ဂလိပ်စာကိုထိထိရောက်ရောက်နှင့်ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေလိုသဖြင့် တန်းခွဲတစ်ခုလျှင်လူဦးရေအနည်းငယ်ကိုသာကန့်သတ်ထားရှိပြီးထူးချွန်တတ်မြောက်အောင် စေတနာရှေ့ထားသင်ကြားပေးသွားမည်ဖြစ်ပါသည်

သို့ဖြစ်ပါ၍ ကြိုတင်စာရင်းပေးထားသူများနှင့်တက်ရောက်ရန်စိတ်ဝင်စားသူများ ယနေ့မှစ၍နေ့စဉ်နေ့လည်၁၂:၀၀နာရီမှ၅:၀၀နာရီအတွင်းမိမိရင်သွေးငယ်၏အမည်နှင့်အသက်တို့ကိုဖော်ပြပြီး Classတည်ရှိရာ နေရာသို့လာရောက်(ဖောင်)ဖြည့်အပ်နှံနိုင်ပြီဖြစ်ပါကြောင်းလေးစားစွာ ဖိတ်ခေါ်အသိပေးအကြောင်းကြားအပ်ပါသည်

တည်နေရာ -အမှတ်-င/၃၈၂ စည်ပင်သာယာလမ်း(မြို့မဈေးအောက်ဖက်လမ်း)ရပ်ကွက်(၅)
(စိုင်းအိန်းခေး ဒေါက်တာချမ်းမြေ့လင်းတို့၏နေအိမ်ခြံဝင်းအတွင်း)ကွတ်ခိုင်

Phone Number -09 250149949

Email [email protected]

Kingston Education English Class
(K*T KAl)

23-5-2022

ကွတ်ခိုင်လူငယ်များအတွက် အင်္ဂလိပ်စကားပြော (သီးသန့်)သင်တန်း(Special English Speaking Class)ကိုစတင်ဖွင့်လှစ်တော့မည်ဖြစ်ကြေ...
27/04/2022

ကွတ်ခိုင်လူငယ်များအတွက် အင်္ဂလိပ်စကားပြော (သီးသန့်)သင်တန်း(Special English Speaking Class)ကိုစတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းအသိပေးကြေငြာခြင်း
*********************************************
ယခင်ကကွတ်ခိုင်မြို့သည်(Father)နှင့် (Mother)များမှ ဦးစီး၍ခရစ်ယာန်သာသနာပြု ကွန်ဗင့် (Convent)ကျောင်းကိုဖွင့်လှစ်ခဲ့ပြီး လူမျိုး၊ ဘာသာမရွေး တက်ရောက်သင်ကြား‌ စေနိုင်ခဲ့‌ခြင်းကြောင့် ကွတ်ခိုင်မြို့သူမြို့သားအများစုသည် ခလေးသူငယ်မှစ၍ လူကြီးလူငယ်မရွေး အင်္ဂလိပ်စာနှင့်အင်္ဂလိပ်စကားကို တခြားမြို့နယ်များထက်ထူးခြားပြီး ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရေးသားပြောဆိုနိုင်သည့် ဂုဏ်ဒြပ်နှင့်ပြည့်စုံခဲ့သည့်မြို့လေးတစ်မြို့အဖြစ် ကာလရှည်ကြာစွာ ရပ်တည်နိုင်ခဲ့ပါသည်

သို့သော် ၁၉၆၄ ခုနှစ်မှစ၍ တော်လှန်ရေးကောင်စီမှအဆိုပါကွန်ဗင့်(Convent)ကျောင်းများကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းခဲ့ပြီးသည့်နောက် ကွတ်ခိုင်မြို့သားများသည်အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားများနှင့်တဖြည်းဖြည်း ဝေးကွာလာခဲ့ရပြီးလက်ရှိတွင် ယခင်ကကဲ့သို့အင်္ဂလိပ်စာနှင့်အင်္ဂလိပ်စကားကို ကောင်းမွန်စွာပြောဆိုနိုင်ခြင်းမရှိတော့ပေ

ထို့ကြောင့် ကွတ်ခိုင်လူငယ်များယခင်ကကဲ့သို့အင်္ဂလိပ်စာနှင့်အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည် ရေးသားပြောဆို နိုင်စေရန်အလို့ငှာ မွန်မြတ်သောရည်ရွယ်ချက်ဖြင့် ဤ(Kingston Ecucation English Class)ကို ကွတ်ခိုင်မြို့တွင်ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ပါသည်

ခလေးငယ်များအတွက်နိုင်ငံတကာအဆင့်မီအင်္ဂလိပ်စာသင်တန်းကိုလက်ရှိ၌ စတင်ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ တန်းခွဲသစ်များကိုလည်း (၆-၆-၂၀၂၂)ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်‌ ပေးသွားရန်စီစဉ်ထားရှိပြီး ဖြစ်ပါသည်

ထို့နည်းတူ ကွတ်ခိုင်လူငယ်များအတွက် အင်္ဂလိပ်စကားပြောသင်တန်း (Special English Speaking Class)ကိုလည်းအောက်ပါအတိုင်း ဖွင့်လှစ်သင်ကြားပေးသွားတော့မည်ဖြစ်ပါကြောင်း တက်ရောက်ရန်စာရင်းပေးထားသည့်လူငယ်များအား အသိပေးအကြောင်းကြားအပ်ပါသည်

အင်္ဂလိပ်စကားပြော(သီးသန့်)သင်တန်း(Special English Speaking Class)

စတင်မည့်ရက်- (၂-၅-၂၀၂၂)

သင်ကြားချိန်နှင့်သင်ကြားပေးမည့်နေ့ရက်များ
Mon, Tue, Wed : 3:30 - 5:00 Pm

နေရာ။ -အမှတ် င/၃၈၂ စည်ပင်သာယာလမ်း(မြို့မဈေးအောက်ဖက်လမ်း)ရပ်ကွက်(၅)ကွတ်ခိုင်မြို့

သင်တန်းကြေး- တစ်လလျှင် -၂၅၀၀ဝိ/

သင်ကြားပေးမည့်အစီအစဉ်
**************************
အင်္ဂလိပ်စကားကို လွယ်ကူလျှင်မြန်စွာနှင့် အချိန်တိုအတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင် စေရန်အတွက် အင်္ဂလိပ်စကားပြောသီးသန့် (Special English Speaking)ကို အဓိကထား၍သင်ကြားပေးသွားမည်ဖြစ်သည်

ခေါင်းစဉ်တစ်ခုခြင်းစီနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို အပြန်အလှန် ပြောဆို‌ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း စသည့်သိသင့်သိထိုက်သည့်အရာများအားလုံးကို ရှင်းလင်းလွယ်ကူစွာ သိရှိ‌ ပြောဆို စေနိုင်ရန်အတွက် စေတနာရှေ့ထား၍ အသေးစိတ်သင်ကြားပေးသွားပါမည်

ဤသင်တန်းကိုစိတ်ဝင်စား၍တက်ရောက်လိုသူများအသေးစိတ်အချက်အလက်များကိုသိရှိလိုပါက

Page ၏ Messenger Chat Box အပြင် အောက်ပါဖုန်းနံပါတ်နှင့် Email များမှတစ်ဆင့် ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်

📱 Phone number - 09 250 149949

Email - [email protected]

Kingston Education English Class
(K*TKAI)
27-4-2022

25/04/2022

ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် Kingston Education English Classတွင် အင်္ဂလိပ်စာကိုသင်ကြားနေသည့် ရင်သွေးငယ် Nang Phu Mi Mi Kyaw (Grace)၏( ၅ )နှစ်ပြည့် မွေးနေ့ကို Kingston Education English Class တွင် အတန်းဖော်များနှင့်အတူ ပျော်ရွှင်စွာကျင်းပနေသည့် ပုံရိပ်များ

🥳🎉Happy Birthday 🎉🥳 ပါ

သမီးလေး Nang Phu Mi Mi Kyaw (Grace) 🥰

သိတတ်လိမ္မာပြီး ထူးချွန်ထက်မြတ်တဲ့ သမီးရတနာလေး ဖြစ်ပါစေ

Kingston Education English Class
(K*TKAI)
25-4-2022

16/04/2022

ကွတ်ခိုင်မြို့၏ရင်သွေးငယ်များအား အသက်အပိုင်းအခြားအလိုက် သင်ကြားပေးသွားမည့်နိုင်ငံတကာအင်္ဂလိပ်သင်ခန်းစာ( International English Course)သင်ရိုးညွှန်းတမ်းများ

Junior Class (၃နှစ်ခွဲမှ ၅နှစ်အထိ)
********************************
1. Picture Dictionary
ရုပ်ပုံဖြင့်ရှင်းလင်းသင်ကြားခြင်းနှင့်၄င်းတို့၏အဓိပ္ပါယ်ကိုရှင်းလင်းခြင်း

2. Phonics
အင်္ဂလိပ်အက္ခရာ(A to Z)တို့၏အသံထွက်နှင့်ဆက်စပ် အက္ခရာများကိုသင်ကြားပေးခြင်း။
ဥပမာ_စာအုပ်(Book)
B(ဘက်) oo(အွတ်) k(ခ်)
ဘက်အွတ်ခ်_Book
အင်္ဂလိပ်စကားလုံး (တစ်လုံး)၏ အဓိပ္ပါယ်ကို မသိသည့်တိုင် မှန်ကန်စွာ အသံထွက်နိုင်ရန်ရည်ရွယ်သည်

3. Alphabets with letter formation
(A to Z)အထိအင်္ဂလိပ်အက္ခရာ ရေးပုံရေးနည်းများကို စနစ်တကျသင်ကြားပေးခြင်း
ဥပမာ A(အကြီး)
Slant down (အစောင်း-အောက်ကိုဆွဲ)
Slant down (အစောင်း-အောက်ကိုဆွဲ)
Cross (ကန့်လန့်ဖြတ်)
Slant down Slant down cross
Capital letter A

4. English Math (အင်္ဂလိပ် သင်္ချာ)
အင်္ဂလိပ်သင်္ချာ(1 to 20)အထိရေးနည်းသင်ကြားခြင်း

Senior Class (၅နှစ်အထက်မှ ၇နှစ်အထိ)
**************************************
1. Picture Dictionary
2. Phonics
3. Alphabets with letter Formation
4. English Math (အင်္ဂလိပ်ဂဏန်းသင်္ချာ)

5. Sentence Structures
အင်္ဂလိပ်စာ စာကြောင်းတိုများကိုသင်ကြားခြင်း

6. Science (Self-Experiments)
သိပ္ပံစမ်းသပ်ချက်များကို ကိုယ်တိုင်လုပ်ဆောင်‌ခြင်း

7. Understanding the World
ကမ္ဘာကြီးအကြောင်းကို လေ့လာခြင်း

Leader Class ( ၈နှစ်မှ ၁၂နှစ်အထိ)
*********************************
1. Picture Dictionary

2. Let's GO Book (4 Skills)
1️⃣Listening (အသံထွက်နားထောင်နိုင်‌သည့်စွမ်းရည်)
2️⃣Speaking(စကားပြောစွမ်းရည်)
3️⃣Reading(စာဖတ်စွမ်းရည်)
4️⃣Writing(ရေးသားမှု စွမ်းရည်)

3. Grammer (သဒ္ဒါ)

🌟သင်တန်းစတင်မည့်ရက် - 1.6.2022

သင်တန်းကြေး
Junior Class - တစ်လ 50,000
Senior Class - တစ်လ 50,000
Leader Class - တစ်လ 60,000

သင်တန်းချိန်ကို ကလေးမိဘများနှင့် ညှိနှိုင်း၍ သတ်မှတ်ပေးသွားပါမည်

လက်ရှိသင်တန်း၏ အချိန်ဇယားများမှာ
Section 1️⃣
Mon, Tue, Wed : 9:30 - 11:00Am
Section 2️⃣
Mon, Tue, Wed : 1:00 - 2:30 Pm

🌏 သင်တန်းသားဦးရေ ကန့်သတ်ထားပါ၍ သင်တန်းတက်ရောက်လိုပါက

Page ၏ Messenger Chat Box အပြင်အောက်ပါဖုန်းနံပါတ်နှင့် Email များမှတစ်ဆင့် နာမည်နှင့်အသက်များဖြင့် ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်

🌟မိမိကလေးများ၏ အမည်ကိုကြိုတင်လာရောက် စာရင်းပေးသွင်းထားကြသည့် မိဘများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်

📱 Phone number - 09 250 149949

Email - [email protected]

Kingston Education English Class
(K*TKAI)
16-4-2022

Address

အမှတ် င/၃၈၂၊ စည်ပင်သာယာလမ်း၊ ရပ်ကွက် (၅)၊ ကွတ်ခိုင်မြို့၊ ရှမ်းပြည်မြောက်ပိုင်း။
Kutkai

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Kingston Education English Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share