Mary JZ- Fashion Dress & Tailoring Training School

Mary JZ- Fashion Dress & Tailoring Training School Creation For All Smart Lady

ဆောင်းတွင်း​ ရောက်လာပြီဖြစ်လို့ ​ခြေ​ဖ​နောင့်ကွဲ တတ်တဲ့သူ​တွေ သတိထား​လို့ရအောင်ပါDr. Khin Maung Lwin ( FAME)Cracked heel...
19/11/2021

ဆောင်းတွင်း​ ရောက်လာပြီဖြစ်လို့ ​
ခြေ​ဖ​နောင့်ကွဲ တတ်တဲ့သူ​တွေ သတိထား​လို့ရအောင်ပါ

Dr. Khin Maung Lwin ( FAME)

Cracked heels လို့ခေါ်တဲ့
ခြေထောက်ကွဲတဲ့ရောဂါကတော့
တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်။

အဓိက ဖြစ်ရတဲ့အကြောင်းရင်းကတော့
အရေပြားခြောက်လို့ ဖြစ်ရတာပါ။

ခြေဖနောင့်ကို ကြည့်လိုက်ရင် အောက်မှာရှိတဲ့
Sole ရဲ့အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့
အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ
မတူကြပါဘူး။

ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင်
အပေါ်ကနေ body weight နဲ့ ဖိလိုက်တဲ့အခါမှာ
ကွဲထွက်သွားတာ ဖြစ်ပါတယ်။

အထူးသဖြင့် callus လို့ခေါ်တဲ့ အသားမာရှိရင် အရေပြားက ထူနေတော့ ပိုကွဲထွက်နိုင်ပါတယ်။ အရေပြားပါးနေရင်တော့ ကွဲခဲပါတယ်။

သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ
အမြင်မလှတာကလွဲလို့ သိပ်ဒုက္ခပေးလေ့မရှိပါဘူး။

ဒါပေမဲ့ ပစ်စလက်ခတ်ထားမယ်.. ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီးကွဲလာပြီးတော့ ရောင်လာတတ်ပါတယ်.. ရောင်တော့ နာလာမယ်.. ပိုဆိုးလာရင် သွေးထွက်လာမယ်.. အဲ့ဒီအခါမှာ လမ်းလျှောက်လို့မရဘူး ဖြစ်လာတတ်ပါတယ်။

အဲ့ဒီအခါမျိုးမှာ ကတ်ကြေးတို့ ဘလိတ်ဓားတို့နဲ့
ခြစ်ထုတ်တာတို့ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး။

ရိုးရိုးဘက်တီးရီးယားတွေ ဝင်သွားရင်ကို
အနာပိုဆိုးလာနိုင်ပါတယ်။

ဒါကြောင့် ကုသလို့လည်းလွယ်ကူတဲ့
ဒီရောဂါကို ပေါ့ပေါ့ဆဆ မနေဘဲ အမြန်ဆုံး
သက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်။

အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်။ အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို
ရေနဲ့ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ညအိပ်ယာဝင်ခါနီးတိုင်း
ရေနဲ့ဆေးကြောသန့်စင်ရပါမယ်။

ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့ မဆေးဘဲ
ရေနွေးနဲ့ ဆေးရမှာ ဖြစ်ပါတယ်။

ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့်
အသားမာတွေ ထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့ အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်
စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်။

အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်.. အသားမာတွေလဲ ပျော့သွားမယ်.. အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်းကွာကျသွားတဲ့အတွက်
အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ခြေဖနောင့် ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်။

အထူးသဖြင့် ခွာပါးတဲ့ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး..
ခွာမညီတဲ့ ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး..
ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်။

အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင်
ဝတ်နိုင်ပါတယ်။

shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့
ဖိနပ် size ကို ရွေးဖို့လိုပါတယ်.. ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်.. ကြပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်။

ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့
မဝတ်ရပါဘူး။ ခြေအိတ်လည်း ရေစိုနေရင် သေသေချာချာ မခြောက်ရင် မဝတ်သင့်ပါဘူး။

နောက်ထပ် အရေးကြီးတာကတော့
ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်။

ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက
အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက်
ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်။

ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင်

သဘာဝ Fruit Juice တွေ

ဥပမာ -

- သံပုရာရည်၊

- လိမ္မော်ရည်၊

- နာနတ်သီးဖျော်ရည်၊

-ဖရဲသီးဖျော်ရည်) တို့ကို
ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်။ ။



👇
https://www.facebook.com/440949986093168/photos/a.441337352721098/1601188576735964/?type=3

ဘူလ်ဂေးရီးယား🇧🇬 က Mariana (မာရီယားနား)=====================“ကျွန်မက ရှေးဟောင်း သုတေသန ပညာရှင်ဟောင်း တယောက်ဖြစ်ပြီး အခုတေ...
12/11/2021

ဘူလ်ဂေးရီးယား🇧🇬 က Mariana (မာရီယားနား)
=====================

“ကျွန်မက ရှေးဟောင်း သုတေသန ပညာရှင်ဟောင်း တယောက်ဖြစ်ပြီး အခုတော့ ပြင်းပြတဲ့ ဥယျာဉ်မှူး နဲ့ ဇာထိုးသူ တဦး ဖြစ်နေပါပြီ။ ကြီးမားတဲ့ ယာတော တခုထဲမှာ နေထိုင်ဖို့ ကျွန်မတို့ရဲ့ အမြဲတမ်း အလုပ် ရာထူးနေရာတွေကို ချန်ရစ်ထားခဲ့ပြီး အီတလီ နိုင်ငံ Tuscany (တပ်စ်ကာနီ) မြို့သို့ သွားရောက်လျှက် ကျွန်မ ယောက်ျား နဲ့ ကျွန်မဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က ကြီးမားတဲ့ ဘဝ အပြောင်းအလဲ တခုအား ပြုလုပ်ခဲ့ကြပါတယ်။ ၁၀ နှစ် အကြာမှာ Valley of the roses (နှင်းဆီ တောင်ကြား) လို့ ခေါ်တဲ့ သာယာတဲ့ ဧရိယာ တခုထဲမှာ ကျွန်မတို့ ကိုယ်ပိုင် နေရာကို တည်ဆောက်ဖို့ ဘူလ်ဂေးရီးယားသို့ ကျွန်မတို့ ပြန်ခဲ့ကြ ပါတယ်။

Tuscany (တပ်စ်ကာနီ)မှာ ကျွန်မတို့ နေခဲ့သကဲ့သို့ သဘာဝပတ်ဝန်းကျင်နဲ့ အလွန် နီးကပ်စွာ နေခြင်းဟာ ကျွန်မတို့ရဲ့ mind set (နားလည်ခံယူပုံ)အား အလွန်နက်ရှိုင်းသော ပုံစံဖြင့် ပြောင်းလဲစေခဲ့ပါတယ်။ အပင်နှင့်သတ္တဝါတို့ သဘာဝဝန်းကျင် နှင့်လိုက်လျော ညီစွာ ဖွဲ့တည်မှုစနစ်လေး တခုအဖြစ် ကိုယ်ပိုင် နေထိုင်ရာ နေရာ တခု တည်ဆောက်ဖို့ နဲ့ ကျွန်မတို့ နဲ့ ကျွန်မတို့ရဲ့ ကလေးတွေ နဲ့ မိတ်ဆွေတွေ အတွက် အစားအစာကောင်းတွေ စိုက်ပျိုးဖို့က အရေးကြီးတဲ့ ပန်းတိုင် တခု ဖြစ်လာပါတယ်။

သဘာဝရဲ့ ဥပဒေသတွေကို နားလည်ခြင်း မြတ်နိုးခြင်းတွေနဲ့ စိုက်ပျိုးထားတဲ့ ကောင်းမွန်သော သဘာဝ အစားအစာဟာ ယေဘုယျအားဖြင့် လူသားအားလုံးအား မိခင်သဘာဝကြီး အတွက် ပိုကြီးမားတဲ့ လေးစားမှုတွေ ရှိလာဖို့ ကူညီနိုင်မယ်လို့ ကျွန်မ နက်နက်နဲနဲ သဘောပေါက်ပါပြီ။

ဒီမှာရှိတဲ့ မြေဆီလွှာက ညံ့လှတာကြောင့် ကျွန်မဟာ စိုက်ခင်းတွေကို မြှင့်ထားခဲ့ ပါတယ်။ အမျိုးမျိုးသော အပင်တွေ သစ်ရွက်တွေ သစ်သား အစအနလေးတွေ နဲ့ မြေဆွေးတွေကို အစွမ်းကုန် အားသွန်ပြီး မြေဆီလွှာပေါ် ဖုံးအုပ် ပေးခဲ့ပြီး ငါးနှစ်ကြာ အခုချိန်မှာတော့ ကျွန်မဟာ မြေဆီလွှာကောင်းကို ပိုင်ဆိုင်နေပါပြီ။ ပိုးမွှားတွေ အတွက်တော့ အိမ်တွင်းဖြစ် ဖက်ယားမြေဩဇာ၊ ထင်းပြာ နဲ့ တမာဆီတွေကို ကျွန်မ အသုံးပြုပါတယ်။ ကျွန်မတို့မှာ ပျားလေးတွေ ရှိနေဖို့ကလည်း အရေးကြီးသေးတယ်လေ။

တနှစ်ပတ်လုံး အစားအသောက်ကောင်းတွေ ဒါလောက် အလျှံပယ်ရရှိနေဖို့အတွက် ဒါက လုပ်ရကျိုးနပ် လှပါတယ်။ ပြီးတော့လည်း လူတွေ ကျွန်မရဲ့ ဥယျာဉ်ကို မြင်ပြီးနောက် သဘာဝနဲ့ နီးကပ်တဲ့ ဘဝတခုမှာ နေဖို့ သူတို့ရဲ့စိတ် ပြောင်းလဲသွားပုံကို မြင်ရတာ စိတ်ကြည်နှူးဖွယ် ဖြစ်ပါတယ်။ အစားအစာ စိုက်ပျိုးခြင်းဟာ အနာဂတ်ကို စိုက်ပျိုးခြင်း ဖြစ်ပါတယ်”။ ။

Facebook https://web.facebook.com/mariana.doncheva.12

Mariana’s handmade creations https://web.facebook.com/MaryDoDesigns/

(The following part is from original post of “Humans Who Grow Food” Page)

Humans Who Grow Food features stories of home gardeners, farmers and community gardens across borders and cultures.

Support our work on Patreon www.patreon.com/humanswhogrowfood

Credit👇🙏🙏🙏
https://www.facebook.com/100001132846822/posts/4536509056396811/

အခက်ခဲ ဒုက္ခကြုံနေရတဲ့ တိုင်းရင်းသား ညီကို မောင်နှမတွေအတွက် အမျိုးတွေအားလုံးအနေနဲ့လည်း Click ပေးကြရုံနဲ့ ကူညီထောက်ပံ့ပေး...
11/11/2021

အခက်ခဲ ဒုက္ခကြုံနေရတဲ့ တိုင်းရင်းသား ညီကို မောင်နှမတွေအတွက်

အမျိုးတွေအားလုံးအနေနဲ့လည်း
Click ပေးကြရုံနဲ့ ကူညီထောက်ပံ့ပေးလို့ ရပြီဗျို့!!!💪☺
👇
မနေ့က ပိုများပြီး မထင်ထားလောက်အောင် စံချိန်တင် SGD 61 ရရှိခဲ့ပါတယ် ၊ အတော်များတဲ့ပမာဏပါ
သုံးပေးတဲ့သူအယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်၊

One Month SGD $20 Challenge Day9

ကျနော်တို့ challenge တခုခေါ်ခွင့်ပြုပါ ခင်ဗျာ၊ Challenge ကတော့ အရမ်းအခက်ကြီးမဟုတ်ပါဘူး တရက်ကို SGD $20 ဖိုး ကြော်ငြာ ကြည့်ပေးရုံပါဘဲ ခင်ဗျာ ဒီ Challenge ကို ယခုလ တလလုံး ပြုလုပ်ပါမယ်၊ ဒီ challenge ကို လူတိုင်းစိတ်၀င်စားမယ်ထင်ပါတယ်၊ ဒီ က နေ့ရ ရှိတဲ့ငွေကြေး များကို ကရင်စစ်ဘေးရှောင်ပြည်သူများကိုလှူတန်းသွားမှာဖြစ်ပါတယ်၊
ယခုအချိန်ထိ Application Download တဲ့လူ 1600 ရရှိပါပြီ ၊ မနေ့က ၀ငျတဲ့ငွေ SGD 61 ရရှိပါတယ်။ ယခုလ ရငွေ စုစုပေါင်း SGD 253 ရရှိနေပါပြီ။

Click4Karen ရည်ရွယ် ချက်
ကျွန်တော်တို့ Team ရဲ့ရည်ရွက်ချက်ကတော့ စကစရဲ့ ထိုးစစ်ဆင်နေမှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်ပြည်သူတွေကို ကရင်ပြည်သူ့အားနဲ့ တထောင့်တနေရာကနေ ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။

ကျနော်အခု ပိုက်ဆံ များများဝင်အောင်အသုံး ပြုနည်း ကို ပြောပြပေးပါမယ်
၁။ VPN ကို US ထားပေးပါ၊ အဆင်မပြေရင် Canada, Germany, UK, Australia ထားပါ။ VPN မပါရင် ပိုက်ဆံရတာနည်းသည်။
၂။ ကြော်ငြာတွေ ကြည့်နေရင်းကြိုက်တဲ့ ကြော်ငြာ တစ်ခုကို learn more နှိပ်ပြီးသူ့ website ကို ' လိုက်ကြည့်တာ (ဒါမှ မဟုတ်) App ကြော်ငြာဆို Install လိုက်တာလုပ်ပေးပါ။ ကြော်ငြာ တစ်ခုကို ပဲ လုပ်ပေးပါခင်ဗျာ။ Wi-Fi မဟုတ်တဲ့လူဆိုရင် learn more/ see more ပဲနှိပ်ပေးပါ။ (တရက်တခါ သာလုပ်ပါ )
၃။ ကြော်ငြာ x ကို နှိပ်လို့ resume မပေါ်ရင် ပိတ်လို့ ရပါတယ်။ resume
ပေါ်ရင် resume နှိပ်ပြီး ဆက်ကြည့်ပေးပါ။
၄။ နာရီ၀က်တခါ VPN ပြောင်းပြောင်းသုံးတာ အကောင်း ဆုံးပါ ခင်ဗျာ။ App ကိုသုံးရင် VPN ခံသုံး ပေးပါ။

Download ရယူရန် - https://bit.ly/click4karen

telegram သို့၀င်ရန် - https://t.me/click4karen

user guide video - https://www.facebook.com/104860155312176/videos/1398488780549178

တ္ဂျဘြုး Thanks

😅😅😅
18/09/2021

😅😅😅

https://www.facebook.com/103189218700958/posts/132215159131697/
02/09/2021

https://www.facebook.com/103189218700958/posts/132215159131697/

ကျန်းမာရေးနဲ့ ပတ်သက်ပြီး 👨‍⚕️👩‍⚕️☘
အထောက်အကူပြုပေးနေတဲ့ Page လေးဖြစ်တာမို့လို့ Like👍& Share✅လုပ်ထားပေးပါအုံးနော်

တန်ဖိုးထား ချစ်ခင်ရသူတွေအားလုံးအတွက်🤗
အကျိုးရှိစေမယ့် ကျန်းမာရေး ဗဟုသုတတွေကို
မျှဝေပေးနေသလို ကုန်ကျစရိတ် သက်သာစေတဲ့ ကျန်းမာရေး အထောက်အကူပြု ပြည်တွင်းဖြစ် သဘာဝ Organic ထုတ်ကုန်တွေလည်း ရရှိနိုင်တာမို့လို့ အားပေးကြပါအုံးခင်ဗျာ👨‍⚕️👩‍⚕️

✅👩‍⚕️ ဆီးချို၊ သွေးချို ဝေဒနာရှင်များအတွက်
https://www.facebook.com/103189218700958/posts/130118982674648/

✅👩‍⚕️ သွေးတိုးရှိသူများနှင့်
သွေးပေါင်ချိန်မမှန်သူများအတွက်
https://www.facebook.com/103189218700958/posts/129744292712117/

✅👩‍⚕️ အဝလွန်သူများအတွက်
https://www.facebook.com/103189218700958/posts/131590549194158/

✅👩‍⚕️ နှလုံးကျန်းမာရေး မကောင်းသူများအတွက်
https://www.facebook.com/103189218700958/posts/130181392668407/

✅👩‍⚕ ဓမ္မတာလာချိန်
အမျိုးသမီးများ ကျန်းမာရေးအတွက်
https://www.facebook.com/103189218700958/posts/131878442498702/

✅👩‍⚕️ရေနွေးကြမ်းပူပူလေးသောက်ရင်း
မိသားစုကျန်းမာရေးကို မြှင့်တင်ကြမယ်
https://www.facebook.com/103189218700958/posts/125024173184129/

✅👩‍⚕️နေ့စဥ်ကျန်းမာရေးအတွက်
https://www.facebook.com/103189218700958/posts/130423802644166/

✅👩‍⚕️မိသားစုကျန်းမာရေးကို ဂရုစိုက်သူများအတွက် ကုန်ကျစရိတ်သက်သာစေရန်
https://www.facebook.com/103189218700958/posts/130156906004189/

🌿👩‍⚕️ရွှေမြကန်သာ သဘာဝဓနိဖူးခြောက်ရေနွေးကြမ်းသောက်ခြင်း အကျိုးကျေးဇူးများ
https://www.facebook.com/103189218700958/posts/123836229969590/

🌿👩‍⚕️ရွှေမြကန်သာ သဘာဝ ဂျင်းမှုန့်နှင့်
ဂျင်းထန်းလျက်မှုန့် ရေနွေးကြမ်းသောက်ခြင်း အကျိုးကျေးဇူးများ👩‍⚕️✅
https://www.facebook.com/103189218700958/posts/124068216613058/

🌿👨‍⚕️👩‍⚕️
#ကွမ်းခြံကုန်း🌿🎯
#မိသားစုကျန်းမာရေး🌿👩‍⚕️👨‍👩‍👧‍👦
#ရွှေမြကန်သာကိုယ်စားလှယ်👨‍⚕️👩‍⚕️
#ရွှေမြကန်သာသဘာဝဂျင်းမှုန့်🌿
#ရွှေမြကန်သာဂျင်းထန်းလျက်မှုန့်🌿
#ရွှေမြကန်သာသဘာဝဓနိဖူးခြောက်🌿
📲09 777 17 22 37👨‍⚕️ 📲 09 977 869 167👩‍⚕️

ကဲ... ချစ်တို့ရေ😊
15/08/2021

ကဲ... ချစ်တို့ရေ😊

https://www.facebook.com/103189218700958/posts/107286301624583/
08/07/2021

https://www.facebook.com/103189218700958/posts/107286301624583/

Covid တတိယလှိုင်းတွင် အိမ်မှာဆောင်ထားသင့်သော ဆေးဝါးများ
======================

Covid ကူးစက်ခံရရင်
အဖျားတက်တာ၊ ကိုယ်လက် ကိုက်ခဲတာတို့ကို လူအများစုခံစားရကြရပါတယ်။
ဒါကြောင့် ပါရာစီတမော (Paracetamol) 500mg အားကို ၆နာရီ ခြား (သို့)
၈နာရီ ခြားတစ်ခါ သောက်သုံးနိုင်ပါတယ်။
ပါရာစီတမော မရှိဘူးဆိုရင်တော့ အိုင်ဗျူးပရိုဖန် (Ibuprofen) 200mg အားကို ၄နာရီခြား (သို့) ၈နာရီခြား တစ်ခါ သောက်သုံးနိုင်ပါတယ် ခင်ဗျာ။

အစား၊ အရည်မဝင်၊ ချွေးထွက်၊ ဝမ်းပျက်ခြင်း
တို့အတွက် BPI ဓာတ်ဆားကို ရေသန့်
တစ်လီတာဗူးဖြင့် ရောစပ်ခါ တစ်နေ့ တစ်ဗူးဖျော်သောက် ပေးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

အားဆေး (Supplements)
ကိုယ်ခံအားကောင်းစေဖို့အတွက် ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဒီ နဲ့ ဇင့် ဆိုတဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အားဆေးကို ဆေးညွှန်းတွေ သေချာဖတ်ပြီး ဝယ်ထားသင့်ပါတယ်။ အားဆေးကိုတော့ အစာနှင့်တွဲပြီး တစ်ရက်ကို တစ်လုံး သောက်သုံးသင့်ပါတယ်။

Covid ကူးစက်ခံရရင် နှာခေါင်းအတွင်းပိုင်းက နှာရည်ယို၊ နှာခေါင်းပိတ် အနှံ့ပျောက် ဖြစ်နိုင်တာမို့ ဘာမီတွန် (Burmeton) ဆောင်ထားသင့်ပါတယ်။ ဆေးတစ်လုံးကို ၆နာရီခြား (သို့) ၈နာရီခြားတစ်ခါ သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။
ဘာမီတွန် မရှိဘူးဆိုရင်တော့ စစ်ထရာဇင်း (Cetririzing) ကို ဆေးညွှန်းအတိုင်း သောက်သုံးသင့်ပါတယ်။

လူတော်တော်များများဟာ Covid ကူးစက်ခံရရင် ချောင်းဆိုးပါတယ် ပြီးရင် ချွဲသလိပ်တွေက လည်ချောင်းထဲမှာ ပိတ်မိနေပြီး အသက်ရှူမဝသလို ခံစားရပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေးရည် (သို့) ဆေးခဲတို့ကို ဝယ်ဆောင်ထားသင့်ပြီး ချောင်းဆိုးပျောက်ဆေးကို တစ်ရက် ၆နာရီ (သို့) ၈နာရီ ခြားတစ်ခါ သောက်သုံးပေးခြင်းဖြင့် ချွဲသလိပ်တွေပျော်စေပြီး အသက်ရှူရ လွယ်ကူစေမှာပါ ခင်ဗျာ။

💁‍♂️ဒီပို့စ်လေးကိုတော့
Internet လှိုင်းမကောင်းလို့ Dr. Kyaw Zaw Hein ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာပေး ဗွီဒီယိုလေးတွေကို ကြည့်မရတဲ့ အမျိုးတွေအတွက်ရော၊ ကျွန်တော်တို့ အားလုံးအတွက်ပါ အကျိုးရှိစေတာကြောင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။

👨‍⚕️Dr. Kyaw Zaw Hein ရဲ့ You Tube Channel
Link ➖ https://youtu.be/9E6lW-IF6xk
လေးကိုလည်း Subscribe လုပ်ထားပေးခြင်း၊ ဝင်ရောက်ကြည့်ရှုပေးခြင်းဖြင့် အပြန်အလှန် အားပေးနိုင်ပါတယ်ခင်ဗျာ။

👏အားလုံးနေကောင်း ကျန်းမာကြပါစေ
ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတာကြောင့်
အရင်ကထက် ပိုပိုဂရုစိုက်ပြီး ​ရှေ့ဆက်တိုက်ပွဲဝင်ကြစို့ဗျာ။💪💪💪


နွေလည် သတို့သမီးအတွက် ပန်းနုရောင်
10/03/2021

နွေလည် သတို့သမီးအတွက် ပန်းနုရောင်

26/02/2021
 ာဒါန📐✂🖊📐✂🖊📐✂🖊📐✂🖊📐✂🖊📐🖊 #ကွမ်းခြံကုန်းမြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပသော အမှတ်စဥ်( ၁) အခြေခံ စက်ချု...
25/01/2021

ာဒါန

📐✂🖊📐✂🖊📐✂🖊📐✂🖊📐✂🖊📐🖊

#ကွမ်းခြံကုန်းမြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပသော

အမှတ်စဥ်( ၁) အခြေခံ စက်ချုပ်သင်တန်း

ဖွင့်ပွဲကို တောကျောင်းကျေးရွာတွင် ကျင်းပခဲ့ပြီး

25.1.2021 မှစတင်၍ သင်ကြားပို့ချနေပါပြီ အမျိုးတို့ရေ😇😇😇

- FashionDress & Tailoring Training School......

13/01/2021

Happy Karen New Year

Address

Taw Khayan Lay Village, Kungyangon Tsp
Kungyangon

Website

Alerts

Be the first to know and let us send you an email when Mary JZ- Fashion Dress & Tailoring Training School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category