Mr. John English

Mr. John English Build up all your potential capacities including English together with me. Change starts here!

I'm so proud of you guys, and thank you so much for your energetic, active, and enthusiastic learning throughout the cla...
23/07/2022

I'm so proud of you guys, and thank you so much for your energetic, active, and enthusiastic learning throughout the class.
After three months, we finally have to say good bye. However, you guys will always be my juniors and my friends.

Keep forward and don't forget to grow in every single minute.

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော့်ရဲ့ Mr. John English ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ ကျနော့်ဖွင့်လှစ်သွားမဲ့အင...
02/04/2022

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော့်ရဲ့ Mr. John English ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ ကျနော့်ဖွင့်လှစ်သွားမဲ့အင်္ဂလိပ်စာသင်တန်းအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ကျနော့်အနေနဲ့ Elementary(Basic) to Pre-intermediate Batch -1 ကို စတင်ပြီးဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။ ဒီအတန်းကိုတော့ Online Class နဲ့ Offline Class ဆိုပြီး အတန်းနှစ်ခုခွဲဖွင့်သွားမှာဖြစ်ပါတယ်။ လူနည်းနည်းကိုပဲ ထိထိရောက်ရောက်နဲ့ တစ်ကယ်ဆွဲခေါ်ပေးချင်တာကြောင့် အတန်းတစ်တန်းကို သင်တန်းသား (၇) ယောက်ကိုသာ လက်ခံသွားမှာဖြစ်ပြီး အတန်းတစ်တန်းစီအတွက် သင်တန်းသား (၁) ယောက်ကို အခမဲ့တက်ရောက်နိုင်ရန် အတွက် Scholarship ပေးသွားမှာလည်းဖြစ်ပါတယ်။ သင်တန်းတက်ရောက်ချင်သူတွေ အနေနဲ့ အမှန်တကယ်ဇွဲရှိပြီးတတ်မြောက်ချင်တဲ့သူ၊ အချိန်ပေးနိုင်တဲ့သူဖြစ်ဖို့တော့လိုအပ်ပါမယ်။ ကျနော့်အတန်းကိုတော့ လက်ရှိ Elementary Level ရှိနေသူတွေကိုသာလက်ခံသွားမှာဖြစ်ပြီး ထိုသူများကို Four skills လုံး Pre-intermediate Level အနည်းဆုံးရောက်အောင် (၃) လအတွင်း ဆွဲခေါ်သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် အတန်းချိန်တွေကို မပျက်မကွက်တက်ရောက်ပြီး၊ အိမ်စာတွေကို ပုံမှန်လုပ်ပေးရပါမယ်ခင်ဗျား။ တစ်လအတွင်း အတန်းချိန် (၃) ချိန်ထက် ပိုခွင့်ယူတာမျိုး၊ အိမ်စာကိုမလုပ်ပဲ (၃) ကြိမ်သတိပေးခံရတဲ့ အတန်းသားကို အတန်းဆက်လက်တက်ရောက်ခွင့် မပေးတော့ပါဘူး။ အတန်းပုံမှန်တက်ပြီး၊ အိမ်စာပုံမှန်လုပ်တဲ့ကျောင်းသားတွေအနေနဲ့ (၃) လပြီးတဲ့အခါ Pre-intermediate level အနည်းဆုံး ရောက်နေမယ်လို့ အာမခံပါတယ်။ ထိုအတွက်ကြောင့် တကယ် စာလုပ်ပြီးအချိန်ပေးနိုင်မှ ကျနော့်အတန်းကို အပ်နှံဖို့ကို တိုက်တွန်းပါတယ်ခင်ဗျား။

သင်တန်းတက်ရောက်ခွင့်ရဖို့ရန် အရင်ဆုံး အောက်က Application Form ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ ဖြည့်ပြီးရင်တော့ နာမည်နဲ့တကွ ဘယ်အတန်းကိုဖြည့်ထားကြောင်း ကျနော့်ရဲ့ Page messenger ကနေမှတစ်ဆင့် ကျေးဇူးပြုပြီး လာရောက်အကြောင်းကြားပေးရမှာဖြစ်ပါတယ်။ ပြီးမှ Level Test ကို စစ်ပေးမှာဖြစ်ပြီး, Interview ( မြန်မာလို) ထပ်မေးသွားမှာဖြစ်ပါတယ်။ ပြီးမှ သင်တန်းတက်ခွင့်ရ၊ မရကို အကြောင်းပြန်ပေးသွားမှာဖြစ်ပါတယ်။ Level Test စစ်ရခြင်းက အတန်းသားတွေ လူညီညီနဲ့အတူတူကြိုးစားနိုင်အောင်ပါ။

Scholarship ကိုတော့ Online Class အတွက် (၁) ယောက်၊ Offline Class အတွက် (၁) ယောက် စုစုပေါင်း (၂) ယောက်ပေးအပ်သွားမှာဖြစ်ပါတယ်။ လျှောက်ထားသူအနေနဲ့ ကျိုင်းတုံမြို့ခံဖြစ်ဖို့တော့လိုပါမယ်။ Scholarship ရရှိသူအနေနဲ့ သင်တန်းကြေး (၃) လစာ လုံးဝ ကင်းလွှတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ Sholarship လျှောက်ဖို့ရန်အတွက် Registration Form ကို ဖြည့်စရာမလိုအပ်ပဲ အောက်မှာ‌​ ပေးထားတဲ့ Scholarship Form ကိုဖြည့်ရင် ရပါပြီ။

Scholarship လျှောက်ရန်>>>> https://docs.google.com/forms/d/e/1FAIpQLSeQzq8dlF5lu_Cu9wTvsvz4T_CJhGYh-9HHKsKdtC5gxJ8ztg/viewform

သင်တန်းမှာသင်ကြားပေးမဲ့အကြောင်းအရာအသေးစိတ်နဲ့ သင်တန်းကြေးတွေကို အောက်ကပုံတွေရဲ့ Caption မှာ သွားရောက်ဖတ်ရှုပြီး၊ စာရင်းပေးသွင်းဖို့ကိုလည်း သက်ဆိုင်ရာ Registration Form ကိုသွားဖြည့်နိုင်ပါတယ်ခင်ဗျား။

မှတ်ချက်။ ။ သင်တန်းများကို ဧပြီလ (၇) ရက်နေ့ နောက်ဆုံးထားအပ်နှံနိုင်ပါတယ်။ သင်တန်းတွေကိုတော့ (၁၁) ရက်နေ့ကစ ဖွင့်လှစ်​ပေးသွားမှာ ဖြစ်ပါတယ်။
starts here!

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော်ရဲ့ Mr. John English ကနေပြုလုပ်တဲ့ Youth capacity building workshop - 1 အဖြစ် Keng Tun...
01/04/2022

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော်ရဲ့ Mr. John English ကနေပြုလုပ်တဲ့ Youth capacity building workshop - 1 အဖြစ် Keng Tung to Hong Kong, How to Master Your English ခေါင်းစဉ်နဲ့ အကောင်းဆုံး လုပ်ဆောင်ပြီးစီးနိုင်ခဲ့ပါတယ်။ တက်ရောက်ခဲ့ကြတဲ့ ကျိုင်းတုံမြို့က လူငယ်တွေနဲ့အတူ အခြားမြို့က လူငယ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ Workshop ကနေ တစ်ခုခုသင်ယူလိုက်ရမယ်လို့လည်း မျှော်လင့်ပါတယ်။ Guest Speaker အဖြစ်လာရောက်မျှဝေပေးခဲ့တဲ့ မနန်းစမ်ဆီဖောင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်မှာလည်း လူငယ်တွေအတွက် အကျိုးရှိစေမဲ့ ခေါင်းစဉ်မျိုးတွေနဲ့ လူငယ်တွေအတွက် အကျိုးရှိစေမဲ့ Workshop မျိုးတွေကိုလည်း ကျနော်တတ်နိုင်သလောက်စီစဉ်ပြုလုပ်ပေးသွားပါအုံးမယ်။ အစီအစဉ်ကို မတက်ရောက်ဖြစ်လိုက်တဲ့တစ်ချို့တွေအတွက်လည်း အင်္ဂလိပ်လေ့လာတာနဲ့ပတ်သက်တာရယ်၊ ပညာသင်ဆုများအကြောင်းနဲ့အတူ IELTS နဲ့ပတ်သက်ပြီး သိလိုသည်များကိုလည်း အချိန်မရွေး ကျနော့်ရဲ့ Page messenger ကနေလာရောက်မေးမြန်းနိုင်ပါတယ်။ ကျနော့်အနေနဲ့ လူငယ်တွေကို တတ်နိုင်သလောက်လက်တွဲခေါ်ပေးသွားမှာမို့ အမြဲလာတိုင်ပင်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား...

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော့်ရဲ့ John English page ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ “ ကျိုင်းတုံမှ ဟောင်ကောင...
25/03/2022

အားလုံးပဲမင်္ဂလာပါခင်ဗျား.. ကျနော့်ရဲ့ John English page ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခါမှာတော့ “ ကျိုင်းတုံမှ ဟောင်ကောင်သို့” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ “အင်္ဂလိပ်စာစွမ်းရည်ကို ကိုယ်တိုင် အချိန်တိုအတွင်း အမြန်တိုးတက်အောင် ဘယ်လိုလေ့လာမလဲ” ဆိုတဲ့ခေါင်းစဉ် နှစ်ခုကို ကျနော်နဲ့အတူ Guest Speaker တစ်ယောက်ဖြစ်တဲ့ မနန်းစမ်ဆီဖောင်း ကနေဆွေးနွေးပေးသွားမဲ့ workshop ကို ကျိုင်းတုံ မြို့ခံလူငယ်တွေအတွက် စီစဉ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

အရင် post မှာ ဘာသာစကားတစ်ခုခုကိုလေ့လာတဲ့အခါ ဘာကြောင့်လေ့လာနေလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့ ဝေမျှပေးခဲ့ပါတယ်။ ဒီ Workshop ပြုလုပ်ရခြင်းဟာလည်း အင်္ဂလိပ်စာကို ဘာကြောင့်လေ့လာနေမှန်း မသိသေးတဲ့သူတွေ၊ နိုင်ငံခြားတစ်ခုခုမှာ ကျောင်းသွားတက်ဖို့ စိတ်အားထက်သန်တဲ့ သူတွေအတွက် ရည်ရွယ်တာအပြင်၊ အင်္ဂလိပ်စာကို ဘယ်လိုလေ့လာရမှန်းမသိသေးတဲ့သူတွေ၊ ကာလကြာရှည်စွာလေ့လာ နေပေမဲ့ တိုးတက်လာတယ်လို မခံစားနေရတဲ့သူတွေ၊ IELTS, TOEFL လိုစာမေးပွဲဖြေဖို့ ကြိုးစားနေသူတွေ အားလုံးအတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဆိုတော့ ကိုယ့်အနေနဲ့ တကယ်ပဲ အပေါ်ကအချက်တွေထဲက တစ်ခုခုကို သိဖို့လိုအပ်နေတာမျိုး၊ အတွေ့အကြုံရှိတဲ့ အကိုအမတွေဆီကနေ အကြံညဏ်တောင်းချင်တာမျိုးဆိုရင် ဒီ Workshop ကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဆွေးနွေးပေးသွားမဲ့သူတွေရဲ့ အကြောင်းနဲ့ ဘာတွေဆွေးနွေးပေးသွားမလဲဆိုတာကို ပုံရဲ့ caption တစ်ခုစီမှာ အသေးစိတ်သွားရောက်ဖတ်ရှုနိုင်ပါတယ်။

နေ့ရက် > ၂၈.၃.၂၀၂၂ (တနင်္လာနေ့)
အချိန် > ညနေ ၇ နာရီ မှ ၉ နာရီအထိ
နေရာ > Zoom

ဒီ Workshop ကို အခမဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပေမဲ့ တက်ရောက်ချင်တဲ့သူတွေအနေနဲ့ တစ်ခြား ကိုယ့်သူငယ်ချင်းတွေ အခုလို အရမ်းကောင်းတဲ့ အစီအစဉ်ကို လက်မလွှတ်စေဖို့အတွက် ဒီ post ကို အနည်းဆုံး သူငယ်ချင်း (၃) ယောက်ကို tag တွဲပြီး public ရှယ်ပေးဖို့လိုပါမယ်။ ပြီးနောက် ရှယ်ထားတဲ့ ပုံကို screenshot ရိုက်ပြီး John English Page ရဲ့ messenger ကနေ လာရောက်ပေးပို့ပေးခြင်းဖြင့် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

အထူးအခွင့်အရေးအနေနဲ့ တက်ရောက်သူကကျိုင်းတုံမြို့ခံဖြစ်နေရင် နောက်ပိုင်း ကျနော့်ရဲ့ Mr. John English ကနေဖွင့်လှစ်သွားမဲ့ သင်တန်းတွေရဲ့ သင်တန်းကြေး (၁၀) ရာခိုင်နှုန်းလည်း သက်သာခွင့်ရပါမယ်နော်…

အားလုံးပဲမင်္ဂလာပါခင်ဗျား… ကျနော့်ရဲ့ Mr.John English page ကို နောက်ပိုင်း ကျိုင်းတုံဒေသခံတွေအတွက် လိုအပ်မယ့်အသိပညာဗဟုသု...
24/03/2022

အားလုံးပဲမင်္ဂလာပါခင်ဗျား… ကျနော့်ရဲ့ Mr.John English page ကို နောက်ပိုင်း ကျိုင်းတုံဒေသခံတွေအတွက် လိုအပ်မယ့်အသိပညာဗဟုသုတတွေနဲ့အတူ အထူးသဖြင့် အင်္ဂလိပ်စာ တတ်မြောက်ချင်တဲ့ သူတွေအတွက်သင်တန်းများ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး၊ အခြားလူ့အရင်းအမြစ် စွမ်းရည်မြှင့်တင်ပေးမဲ့ Activities တွေလည်းထည့်သွင်း ဝေမျှပေးသွားဖို့ကို ရည်ရွယ်တည်ထောင်လိုက်ခြင်းဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဘာသာစကားတစ်ခုခုကိုလေ့လာတဲ့အခါ ရည်ရွယ်ချက်တစ်ခုခုရှိထားသင့်တယ် ဆိုတဲ့အကြောင်းကို ကျိုင်းတုံမြို့ခံတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

#ဘာကြောင့်ပဲလေ့လာလေ့လာ ဘာသာစကားတစ်ခုခုကို လေ့လာချင်တဲ့သူအနေနဲ့ ခိုင်မာတဲ့ အကြောင်းပြချက်တစ်ခုတော့ အနည်းဆုံးရှိနေဖို့ လိုအပ်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် လမ်းတစ်ဝက် မရောက်ခင် လက်လျှော့သွားဖို့က ရာခိုင်နှုန်းများပါတယ်။
အခုဆိုရင် လူငယ်တွေက ဘာသာစကားတွေကို အကြောင်းအမျိုးမျိုးကြောင့် လေ့လာလာကြပါတယ်။ English, Korea, Thai, Japanese စသည်ဖြင့် ဘာသာစကားတွေကို လေ့လာနေကြတာကို တွေ့နိုင်ပါတယ်။ အချို့သော ဘာသာစကားလေ့လာသူတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ (သို့) အလုပ်သွားလုပ်ဖို့ရည်ရွယ်လေ့လာနေကြပြီး၊ တစ်ချို့ကတော့ ဝါသနာအရ စိတ်ဝင်စားတာကြောင့်လေ့လာနေကြတာကို တွေ့နိုင်ပါတယ်။ ဝါသနာလို့ပြောရင် တစ်ချို့က ကိုယ်လေးစားအားကျရတဲ့ Idol or role model တွေကိုကြည့်ပြီး သူတို့ပြောတဲ့ဘာသာစကားကို လိုက်ပြောချင်တာကြောင့် ၊ သူတို့ကို အတုယူချင်တာကြောင့်လို့ပြောနိုင်ပါတယ်။ အဲ့ဒါအပြင် တစ်ချို့ဂျပန်ဘာသာစကား လေ့လာခြင်းက Japanese animation ဇာတ်ကားတွေကို မြန်မာလိုဘာသာပြန်စရာမလိုပဲ ကြည့်ချင်တာမျိုး၊ တစ်ချို့က Korean သီချင်းတွေ နားထောင်ချင်တာကြောင့်၊ တစ်ချို့အနေနဲ့ အဲ့နိုင်ငံကို ခရီးသွားချင်တာကြောင့် စသည်ဖြင့် အကြောင်းရင်းအမျိုးမျိုးရှိကြပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ အခုချိန် Globalization ဆိုတဲ့ ကမ္ဘာကြီးရဲ့ရွာအသွင်ပြောင်းလဲလာခြင်းကြောင့် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေ၊ ကမ္ဘာလုံးဆိုင်ရာ ပညာရပ်တွေကို အကန့်အသတ်မရှိ လေ့လာချင်တာကြောင့်ရယ်၊ နိုင်ငံတကာစာအုပ်စာပေတွေကို လေ့လာဖတ်ရှုချင်တာကြောင့် စတဲ့အကြောင်းရင်းတွေကြောင့် မိခင်ဘာသာစကားဖြစ်တဲ့ (ဗမာ၊ ရှမ်း) အပြင် အခြားဘာသာစကားတွေကိုလည်း လေ့လာနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်စာရေးသူအနေနဲ့အကြံပေးချင်တာက ကိုယ့်အနေနဲ့ ဘာကိုပဲလုပ်လုပ် ဘာကြောင့်လုပ်တာလဲဆိုတဲ့ အကြောင်းရင်း (objectives) ရှိနေဖို့ကို အကြံပေးချင်ပါတယ်။ ဘာကြောင့်အကြံပေးချင်ရသလဲဆိုတော့ စာရေးသူမြင်တာက ကျိုင်းတုံဒေသခံတွေအနေနဲ့ ကလေးကစလူငယ်အရွယ်တွေထိ တိကျသေချာတဲ့ အကြောင်းပြချက်မရှိပဲ မိဘကတိုက်တွန်းလို့ဖြစ်ဖြစ်၊ သူငယ်ချင်း တွေတက်လို့ဖြစ်ဖြစ် ဘာသာစကားသင်တန်းတွေ တက်နေတဲ့ထိုသူတွေကို ရည်ရွယ်ရေးသားလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဆိုတော့ ကျိုင်းတုံမြို့တွင်း လူငယ်တွေအနေနဲ့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားကို ဘာကြောင့်လေ့လာနေတာလဲဆိုတဲ့ အကြောင်းပြချက်တစ်ခုခုကို ဒီဆောင်းပါးကနေ ရှာဖွေတွေ့ရှိသွားဖို့ကို မျှော်လင့်ပါတယ်။

နောက်ဆောင်းပါးမှာ ဘာသာစကားလေ့လာရခြင်းရဲ့ အကျိုးကျေးဇူးဘာတွေရှိလဲဆိုတာကို စာရေးသူ ညဏ်မှီသလောက်၊ လေ့လာမှတ်သားဖူးသလောက်ကို ဝေမျှပေးသွားပါအုံးမယ်။

အခုဖတ်နေတဲ့ စာဖတ်သူကရော မိခင်ဘာသာစကားအပြင် ဘယ်ဘာသာစကားကို လေ့လာနေတာလဲ၊ ဘာကြောင့်လေ့လာနေတာလဲကို comment မှာ ဆွေးနွေးဝေမျှပေးခဲ့ပါအုံး။

Address

Kaung Kan Village, Quarter 1
Kengtung

Telephone

+959793005043

Website

Alerts

Be the first to know and let us send you an email when Mr. John English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mr. John English:

Shortcuts

Share

Category