29/03/2023
Hello...
အားလုံးပဲမင်္ဂလာပါရှင့်...🥰
Knowledge sharing by kyi&khaing pageကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်
ဒီနေ့တော့ ကြည် က မူလတန်းဆင့် အင်္ဂလိပ်စာ စနစ်သစ်နဲ့စနစ်ဟောင်းရဲ့ ကွဲပြားခြားနားချက်လေးတွေကို ကြည် လေ့လာထားသလောက် မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့်
စနစ်ဟောင်းသင်ခန်းစာမှာဆိုရင် ကလေးတွေဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘာskillsတွေကို အများဆုံး အသုံးပြုထားတယ် စနစ်သစ်သင်ခန်းစာမှာတော့ ဘာတွေပြုပြင်ပြောင်းလဲထားတယ်ဆိုတာကို သိချင်ရင်တော့ ဒီစာလေးကို အဆုံးထိဖတ်ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်
👩🏫စနစ်ဟောင်းအင်္ဂလိပ်စာမှာဆိုရင်တော့ သူက Lesson 1/2/3... ဆိုပြီးတော့ Lessonနဲ့အခန်းအလိုက်ခွဲခြားသွားတာဖြစ်ပြီးတော့ စနစ်သစ်မှာတော့ Unit 1.2.3...ဆိုပြီးတော့အခန်းတွေကို ခွဲခြားထားပြီး Unitတစ်ခုစီရဲ့ အောက်မှာမှ lesson1/2/3...ဆိုပြီးတော့သင်ခန်းစာတွေကို ခွဲခြားထားတာကို တွေ့ရပါတယ်ရှင့်
👩🏫စနစ်ဟောင်းမှာဆိုရင် Readingပိုင်းနဲ့Writingပိုင်းကို အဓိကထားပြီး ဦးတည်ထားပါတယ် Listeningနဲ့Speakingကတော့ အားနည်းတယ်လို့တွေ့မြင်ရပါတယ် စနစ်ဟောင်းရဲ့ objectivesမှာကိုက
(1) Read aloud with correct pronunciation,and correct stress ,rhythms and intonation, and comprehension.
(2) Develop clear, well-formed and fluent handwriting ဆိုပြီးချမှတ်ထားတဲ့အတွက် Writingနဲ့Reading ပိုင်းကို ပိုအသားပေးထားတဲ့ exercisesတွေ questions တွေကို အများဆုံးတွေ့မြင်ရပါတယ် စနစ်သစ်မှာတော့ 4skills လုံးကို မျှမျှတတ ထည့်သွင်းထားတာကို တွေ့မြင်ရပါတယ်
👩🏫နောက်ထပ်ကွာခြားချက်တစ်ခုကတော့ စနစ်ဟောင်းမှာ ကလေးတွေအတွက် practice လုပ်ပေးတဲ့ပိုင်းက အလွန်နည်းပါတယ် ဘာဖြစ်လို့လဲဆိုရင် lesson 1,2,3 ပြီးမှ Review exercise တစ်ခု
လာတာပါ စနစ်သစ်မှာတော့ အရင်လိုမဟုတ်တော့ပဲ lesson တစ်ခုပြီးတိုင်းမှာ ကလေးတွေ practiceလုပ်ဖို့ လေ့ကျင့်ခန်းအသီးသီးကို ပြောင်းလဲထည့်သွင်းပေးထားတာကိုတွေ့မြင်ရပါတယ်ရှင့်
👩🏫ပြောင်းလဲလာတဲ့ စနစ်သစ်မှာဆိုရင် ဆရာတွေက mentorအနေနဲ့ပဲ ရှိနေရမယ်ဆိုတော့ ကလေးတွေကိုယ်တိုင်လုပ်ဆောင်ရမယ့် exercisesတွေ group workတွေကတော့ များပြားလာတာကို တွေ့မြင်ရပါတယ် စနစ်ဟောင်းမှာတော့ ဆရာက ဦးဆောင်လုပ်ပြပေးတာကိုပဲ ကလေးတွေက နောက်ကလိုက်ပါလုပ်ဆောင်ရတဲ့အတွက် လေ့ကျင့်ခန်းတွေဆိုရင်လည်း ကလေးတွေကိုယ်တိုင်လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေက နည်းပါးတာကို စနစ်နှစ်ခုရဲ့ကွဲပြားချက်အနေနဲ့ တွေ့မြင်ရပါတယ်
👩🏫အထက်ပါအကြောင်းအရာတွေကတော့ ကြည် လေ့လာထားသမျှ မူလတန်းဆင့် အင်္ဂလိပ်စာ စနစ်သစ်နဲ့စနစ်ဟောင်းရဲ့ ကွဲပြားခြားနားချက်တွေပါရှင့် ကြည် ကိုယ်တိုင်လည်း learner တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ကူညီထောက်ပြပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့်
👩🏫နောက်ထပ်လည်း သင်ခန်းစာအကြောင်းအရာတွေ သင်ရိုးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားဖြစ်လို့ pageလေးကို like&followလုပ်ထားဖို့မမေ့ကြပါနဲ့နော်အဆုံးထိဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကြည်နဲ့ခိုင် က ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🥰