Htee Hgu Thaw High School

Htee Hgu Thaw High School ���

ထီးဟူးသံ  KECD ကျောင်းသည် First Exam ကို အခြေအနေအရ 11.9.23 မှ စတင်၍ 20.9.23 ရက်အထိ ရက်ရွှေ့ ​ဖြေဆိုပြီးနေပြီ ဖြစ်ပါသည်။
20/09/2023

ထီးဟူးသံ KECD ကျောင်းသည် First Exam ကို

အခြေအနေအရ 11.9.23 မှ စတင်၍ 20.9.23 ရက်အထိ

ရက်ရွှေ့ ​ဖြေဆိုပြီးနေပြီ ဖြစ်ပါသည်။

မိုးမရွာသော နေ့တွေမှာ အလံတိုင်ရှေ့ ထွက်ပြီးအလှည့်ကျလာသော အသင်းသားတစ်ဦးဦးမှ တာဝန်ယူ၍ အလေးပြုရန် အရှေ့ထွက်ပြီး အမိန့်ပေး...
06/09/2023

မိုးမရွာသော နေ့တွေမှာ အလံတိုင်ရှေ့ ထွက်ပြီး
အလှည့်ကျလာသော အသင်းသားတစ်ဦးဦးမှ
တာဝန်ယူ၍ အလေးပြုရန် အရှေ့ထွက်ပြီး အမိန့်ပေးရပါသည်

ကျောင်း

ထီးဟူးသံ KECD ကျောင်းတွင်စကောကရင်စာ မဖတ်တတ်သော ခလေးများအားနေ့လည် ကျောင်းဆင်းချိန် 12:30 မှ 1:00အထိ ဆရာမ တစ်ယောက်မှ သီးသန...
27/06/2023

ထီးဟူးသံ KECD ကျောင်းတွင်
စကောကရင်စာ မဖတ်တတ်သော ခလေးများအား
နေ့လည် ကျောင်းဆင်းချိန် 12:30 မှ 1:00အထိ
ဆရာမ တစ်ယောက်မှ သီးသန့်အချိန်ပေးပြီး သင်ကြားပေးနေပါသည်။

ထီးဟူးသံ ကျောင်းမှသောကြာနေ့ ညနေပိုင်း ကျောင်းသန့်ရှင်းရေး ပြုလုပ်မှု မြင်ကွင်း တစ်ချို့
10/06/2023

ထီးဟူးသံ ကျောင်းမှ
သောကြာနေ့ ညနေပိုင်း
ကျောင်းသန့်ရှင်းရေး ပြုလုပ်မှု မြင်ကွင်း တစ်ချို့

Tuesday နှင့် Thursday အတွက် ယူနီဖောင်းပါGroup 3 ခု ရှိပြီး.Group - 1 မိန်းခလေးများသည် အဝါရောင်ဖဲကြိုး စီးနှောင်ရပါသည်.G...
06/06/2023

Tuesday နှင့် Thursday အတွက် ယူနီဖောင်းပါ
Group 3 ခု ရှိပြီး.
Group - 1 မိန်းခလေးများသည် အဝါရောင်ဖဲကြိုး စီးနှောင်ရပါသည်.
Group - 2 မိန်းခလေးများသည် အစိမ်းရောင်ဖဲကြိုး စီးနှောင်ရပါသည်.
Group - 3 မိန်းခလေးများသည် အနီရောင်ဖဲကြိုး စီးနှောင်ရပါသည်.

The uniforms for Monday, Wednesday and Friday.
06/06/2023

The uniforms for Monday, Wednesday and Friday.

ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်ထီးဟူးသံရွာတွင် ကရင့်ပညာရေးနှင့်ယဥ်ကျေးမှုဌာန (Karen Education & Culture Department - KECD) အထက်...
02/06/2023

ဇွန်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်

ထီးဟူးသံရွာတွင် ကရင့်ပညာရေးနှင့်ယဥ်ကျေးမှုဌာန (Karen Education & Culture Department - KECD) အထက်တန်းကျောင်းမှ ယနေ့ ဇွန်လ၂ရက်နေ့တွင် (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သွားခဲ့ပါသည်။

ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာပညာရေး တာ၀န်ရှိသူများ၊ ကျောင်းကော်မတီဝင်များ မှ ယခုနှစ် စာသင်နှစ်အခြေအနေများ၊ စည်းကမ်းချက်များအား ပြောကြားသွားခဲ့ပါသည်။

ထီးဟူးသံ အထက်တန်းကျောင်းအနေဖြင့် ကျောင်းဆရာ ဆရာမ ပေါင်း (၁၇) ရှိပြီး ကျောင်းသူကျောင်းသားပေါင်း (၂၀၀) ကျော် ကျောင်းလာရောက်အပ်နှံထားခဲ့ပြီး ဖြစ်ပါသည်။

18/02/2023

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

Address

Kawkareik

Website

Alerts

Be the first to know and let us send you an email when Htee Hgu Thaw High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share