A Thiri Kyaw's English 4 skills

A Thiri Kyaw's English 4 skills Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Thiri Kyaw's English 4 skills, Education, Kawhmu.

30/03/2024

Pattern 15
Have you ever…?...လုပ်ဖူးလား။
Example :
Have you ever been to New York? နယူးယောက်ခ့်ကို ရောက်ဖူးလား။

Have you ever seen Ghost? သရဲမြင်ဖူးလား။

Have you ever heard of this song? မင်းဒီသီချင်း ကြားဖူးလား။

Have you ever eaten fried insects? အင်းဆက်ကြော်(ပုရစ်ကြော်) စားဖူးလား။

Have you ever played the piano before? စန္ဒယားတီးဖူးလား။

ခြွင်းချက်။ ။ Have you ever...ရဲ့အနောက် အမြဲ V3 လိုက်ပါတယ်။

30/03/2024

Pattern 14
Shouldn't we…?..သင့်တယ်မဟုတ်လား။
Example :
Shouldn’t we ask for permission first? ငါတို ခွင့်ပြုချက် အရင်တောင်းသင့်တယ် မဟုတ်လား။

Shouldn’t we read the instructions before we install? ငါတို ဒါမတပ်ဆင်ခင် ညွှန်ကြားချက်တွေ အရင်ဖတ်သင့်တယ် မဟုတ်လား။

Shouldn’t we check the weather before we go out? အပြင်မထွက်ခင် ငါတို ရာသီဥတု အခြေအနေ ကြည့်သင့်တယ် မဟုတ်လား။

Shouldn’t you try to save some money rather than spend it all? မင်းပိုက်ဆံတွေအကုန်သုံးလိုက်မဲ့အစား စုထားသင့်တယ် မဟုတ်လား။

Shouldn't we study first? အရင်ဆုံး စာလုပ်သင့်တယ် မဟုတ်လား။

30/03/2024

Pattern 13
Do you feel like...?..သဘောကျလား၊ကြိုက်လား။
Example :
Do you feel like going shopping at the mall? ဈေးဝယ်စင်တာမှာ ဈေးဝယ်ရတာ သဘောကျလား။

Do you feel like having some coffee? ကော်ဖီသောက်ရတာ ကြိုက်လား။

Do you feel like playing games? ဂိမ်းဆော့ရတာ ကြိုက်လား။

Do you feel like watching movies? ရုပ်ရှင်တွေ ကြည့်ရတာသဘောကျလား။

Do you feel like hanging out with your friends? သူငယ်ချင်းတွေနဲ့ အပြင်သွားရတာ ကြိုက်လား။

29/03/2024

Pattern 12
Do you mind...?..စိတ်ရှိမလား။
Example :
Do you mind if I smoke here? ကျွန်တော်ဒီနေရာမှာ ဆေးလိပ်သောက်ရင် စိတ်ရှိမလား။

Do you mind if I wear your clothes? ကျွန်တော် ခင်ဗျားရဲ့ အဝတ်အစားတွေကို ဝတ်ရင် စိတ်ရှိမလား။

Do you mind if I ask you a question? ကျွန်တော် မေးခွန်းတစ်ခု မေးရင် စိတ်ရှိမလား။

Do you mind if I sit here? ကျွန်တော် ဒီမှာထိုင်ရင် စိတ်ရှိမလား။

Do you mind if I eat your snacks? ကျွန်တော် ခင်ဗျားရဲ့ အဆာပြေမုန့်တွေ စားရင်စိတ်ရှိမလား။

29/03/2024

Pattern 11
Do you have ..... available?..ရနိုင်သေးလား
Example :
Do you have any single rooms available? တစ်ယောက်ခန်းများ ရနိုင်သေးလားခင်ဗျ။

Do you have any tickets available? လက်မှတ်လေးများ ရနိုင်သေးလား။

Do you have any black leather jackets available? အနက်ရောင် လည်သာဂျက်ကတ်လေး ရနိုင်မလားဗျ။

29/03/2024

Pattern 10
Do you carry this in...?..လဲပေးလိုရလား(အရောင်းအဝယ်)
Example :
Do you carry these pants in size 10? အဲ့ဘောင်းဘီတွေကို ဆိုဒ် 10 နဲ့လဲပေးလိုရလား။

Do you carry this shirt in yellow? ဒီရှပ်ကို အဝါရောင်လေး ယူလာပေးပါလား။

Do you carry this in a larger size? ပိုကြီးတဲ့ ဆိုဒ်နဲ့လဲပေးလိုရလား။

28/03/2024

Pattern 9
Pattern 9
Do you agree...?..လက်ခံလား။
Example :
Do you agree with my plan? မင်း ငါ့အစီအစဉ်ကို လက်ခံလား။

Do you agree that Arsenal can win the Premier League? အာဆင်နယ် ပရီးမီးယားလိဂ်ဖလား ရနိုင်တာလက်ခံလား။

I want to wear this honey, don't you agree? ဟန်နီ ဒါလေး ဝတ်ချင်လို။ ရှင်လက်မခံဘူးလား။

Do you agree that studying English is very hard? အင်္ဂလိပ်စာ‌ လေ့လာတာအရမ်းခက်တယ်ဆိုတာလက်ခံလား။

I'm going to play games, mom. Do you agree? သား ဂိမ်းဆော့တော့မယ် အမေ။ လက်ခံလား။

28/03/2024

Pattern 8
Pattern
Don't ever...
ဘယ်တော့မှ....



Example :
Don't ever smoke. ဘယ်တော့မှ ဆေးလိပ်မသောက်နဲ့။

Don't ever lose the one who loves you. မင်းကို ချစ်တဲ့လူတစ်ယောက်ကို ဘယ်တော့မှအဆုံးရှုးမခံနဲ့။

Don't ever lose this file. It's very important. ဒီဖိုင်ကိုမပျောက်စေနဲ့။ အရေးကြီးတယ်။

Don’t ever miss a good opportunity. အခွင့်အရေးကောင်းတစ်ခုကို ဘယ်တော့မှအဆုံးရှုးမခံနဲ့။

Don't ever say that again! Understand? ဘယ်တော့မှ ဒီလိုထပ်မပြောနဲ့။ နားလည်လား။

28/03/2024

Pattern 7
Compared to.......ယှဉ်လိုက်ရင်
Example :
Compared to other students, she is hard working. တခြားကျောင်းသားတွေနဲ့ယှဉ်လိုက်ရင် သူမကအရမ်းကြိုးစားတယ်။

Nadal is a talented player compared to other tennis players. နာဒယ်လ်က တခြားတင်းနစ်ကစားသမားတွေနဲ့ယှဉ်လိုက်ရင် ပါရမီပါတဲ့ကစားသမားတစ်ယောက်ပဲ။

Compared to city life, country life is quiet and peaceful. မြိုမှာနေရတဲ့ဘဝထက်စာရင် ကျေးလက်မှာနေရတဲ့ဘဝက တိတ်ဆိတ်ပြီး ငြိမ်းချမ်းတယ်။

Compared to my last job, this is more interesting. အရင်အလုပ်ထက်စာရင် ခုကပိုပြီးစိတ်ဝင်စားဖိုကောင်းတယ်။

Compared to your cousin, you are such a bad boy. မင်းညီတစ်ဝမ်းကွဲနဲ့ယှဉ်လိုက်ရင် မင်းကဆိုးတဲ့ကောင်လေးပဲ။

အားလုံးပဲ မဂ်လာပါ ရှင့် A Thiri Kyaw's English 4skills Group မှကြိုဆိုပါတယ်ရှင့်ဒီနေ့မှာပြောပြပေးသွားမှာကတော့ မတ္လ 29ရက်...
17/03/2024

အားလုံးပဲ မဂ်လာပါ ရှင့်
A Thiri Kyaw's English 4skills Group မှကြိုဆိုပါတယ်ရှင့်
ဒီနေ့မှာပြောပြပေးသွားမှာကတော့ မတ္လ 29ရက်နေ့မှာဖွင့်လှစ်မည့်
A1-A2 Elglish 4skill class နဲ့ A1-A2 English Vocabulary classလေးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်

A1-A2 Elglish 4skill classတွင်
Listing
Speaking
Reading
Writing
ကိုသင်ကြားပေးသွားမှာဖြစ်ပြီး
သင်တန်းကာလကတော့ 6လကြာမြင့်မှာဖြစ်ပါတယ်

New Total English Elementary Bookလေးကိုအသုံးပြုသွားမှာဖြစ်ပြီး သင်ခန်းစာလေးတွေကတော့
1. Your life
2. Routines
3.Activities
4. Food
5. Home
6. City life
7. People
8.Seasons
9.Culture
10.Journeys
11.Learning
12.Ambitions

သင်ခန်းစာတစ်ခုစီတိုင်းကို 4skills လုံးသင်ကြားပေးသွားမှာဖြစ်ပြီး
သင်ခန်းစာလေးတွေကိုတော့ zoom ရော vedio recod ပါအသုံးပြုသင်ကြားပေးသွားမှာဖြစ်ပါသည်

သင်တန်းတက်ကမည့်ရက်ကတော့ တစ်ပတ်သုံးရက်ဖြစ်ပြီး
သင်တန်းချိန်ကတော့ တနဂ်နွေ၊တနလာ်၊အဂ်ါရပ်များကို ကျောင်းနေအရွယ်ကလေးများအတွက်အတန်းချိန်
6:00-7:00pm ​
လုပ်ငန်းခွင်ဝင်နေသောလူငယ်များအတွက် အတန်းချိန် 8:00-9:00pmဖြစ်ပါသည်။

A1-A2 English vocularly class မှာပါမည့်သင်ခန်းစာတွေကတော့
People
At home
leisure
The world
Social issues
Everyday verbs
Words and Grammar

များကို zoom and vedio Recording ဖြင့်သင်ကြားပေးသွားဖြစ်ပါသည် တစ်ပတ်သုံးရက် ဗုဒ္ဓဟူးနေ့၊ကြာသပတေး၊သောကြာ ကျောင်းတက်နေသောကလေးတို့အတွက် သင်တန်းချိန် 6:00-7:00pm လုပ်ငန်းခွင်ဝင်နေသောလူငယ်တို့အတွက် သင်တန်းချိန် 8:00-9:00pm

တစ်ပတ်တစ်ခါ zoom discussions ရှိပါမည်
သင်တန်းတစ်ခုကိုပုံမှန်သင်တန်းကြေး 120000 ကျသင့်မှာဖြစ်ပြီး
ပထမဆုံး သင်တန်းအပ်သူ 3ဦးကို 75% off 30000ဖြစ်လည်းကောင်း
ဒုတိယသင်တန်းအပ်သူ 5ဦးကို 50% off 60000အဖြစ်လည်းကောင်း
လက်ခံပေးသွားပါမည် လစဥ်ခွဲသွင်း၍လည်းရပါသည်
သင်တန်းသားကတော့ တစ်တန်းကို 10ရောက်သာလျှင်လက်ခံမည်ဖြစ်သည်

OcxfLAyOsEMAAUud

အတန်းလေးကိုစိတ်ဝင်စားပါက
page messenger မှာ
အတန်းလာအပ်လို့ရပါသည်

https://www.facebook.com/profile.php?id=100047173279371

27/01/2024

Pattern 6
By the way.......ဒါနဲ့
Example :

By the way, where is your dad?
ဒါနဲ့မင်းအဖေ ဘယ်မှာလဲ။

By the way, I have to tell you something.
ဒါနဲ့ ငါနင့်ကိုပြောစရာရှိတယ်။

By the way, do you like chocolate?
ဒါနဲ့နင် ချော့ကလက်ကြိုက်လား။

I have to do the dishes. By the way,
what's the time now?
ငါပန်းကန်ဆေးရအုံးမယ်။ ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ။

By the way, can I borrow your lipstick?
ဒါနဲ့ နင့်ရဲ့နှုတ်ခမ်းနီလေးငှားလိုရမလား။

30/11/2023

Pattern 5
But it doesn't mean that.......ဒါပေမဲ့ မဆိုလိုဘူး
Example :
You are much older than I am, but it doesn’t mean that you are right about everything. မင်းကငါ့ထက် အသက်ကြီးပါတယ်။ ဒါပေမဲ့ မင်းပဲ အမြဲမှန်နေတယ်လို မဆိုလိုဘူး။

I like you, but this doesn’t mean that I’ll marry you. ငါမင်းကို သဘောကျပါတယ်။ ဒါပေမဲ့ ငါမင်းကို လက်ထပ်မယ်လို မဆိုလိုဘူး။

I am a fan of Man Utd, but it doesn't mean that I like Mactominay. ငါက မန်ယူဖန်ပါ။ ဒါပေမဲ့ ငါ မက်တော်မီနေးကိုကြိုက်တယ်လို မဆိုလိုဘူး။

I am a Burmese, but that doesn't mean that I can't speak english. ငါကဗမာလူမျိုးတစ်ယောက်ပါ။ ဒါပေမဲ့ ငါအင်္ဂလိပ်စကား မပြောတတ်ဘူးလို မဆိုလိုဘူး။

He is very stupid, but it doesn't mean that he is a bad guy. သူကအရမ်းတုံးတယ်။ ဒါပေမဲ့ သူကလူဆိုးတစ်ယောက်လို မဆိုလိုဘူး။

Address

Kawhmu

Telephone

+959972661148

Website

Alerts

Be the first to know and let us send you an email when A Thiri Kyaw's English 4 skills posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to A Thiri Kyaw's English 4 skills:

Shortcuts

Share

Category