Sumire JLC - スミレ日本語学校

Sumire JLC - スミレ日本語学校 ​​ကော့မှူးမြို့ အနီးတဝိုက်က ဂျပန်စာ ဝါသနာရှင်များအတွက် ဂျပန်စာသင်တန်းများဖွင့်လျစ်လျက်ရှိပါသည်။

မင်္ဂလာပါရှင် ...... Sumire Japanese Language Center ရဲ့ ဂျပန်စာသင်ကြားသူဖြစ်တဲ့ Mirei ဖြစ်ပါတယ် ... အရင် Page ​လေးက ပျက...
17/10/2022

မင်္ဂလာပါရှင် ...... Sumire Japanese Language Center ရဲ့ ဂျပန်စာသင်ကြားသူဖြစ်တဲ့ Mirei ဖြစ်ပါတယ် ... အရင် Page ​လေးက ပျက်သွားလို့ အခုမှ page အသစ်ပြန်စသလိုဖြစ်သွားတာ​ကြောင့် တခါ ပြန်ပြီး မိတ်ဆက်ပါရ​စေရှင် .... 🙇‍♀️

ကျွန်မက 2016 March လကစပြီး ဂျပန်စာကို စတင်သင်ယူခဲ့ပါတယ် ... တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ဖြေဆိုပြီး ​နောက်​နေ့ ချက်ချင်းဆိုသလိုပဲ ဂျပန်စာသင်တန်းအပ်ပြီး ဆရာမ ဆီမှာ ၂၄နာရီလုံး ​ကျောင်းအိပ်​ကျောင်းစား ပုံစံနဲ့ သင်ယူဖြစ်ခဲ့ပါတယ် ... 2016 July မှာ N4 level ကို စတင်သင်ယူခဲ့ပြီး N4 level သင်​နေဆဲမှာပဲ N3 class ကို ပြိုင်တက်ခဲ့ပါတယ် ....

N4 ပြီး​နောက်မှာ​တော့ N3 class တက်​နေရင်းနဲ့ N2 class ကိုပါ join ခဲ့ပါတယ် .... 2016 October မှာ Nat-Test N3 ကို ​ဖြေဆို​အောင်မြင်ခဲ့ပါတယ် .... 2016 December မှာ​တော့ JLPT N2 ကို ​အောင်မြင်ခဲ့ပါတယ် .... 2016 December မှာ Yangon University of Foreign Languages မှာ ဂျပန်​ဘာသာရပ် ကို အဓိက​မေဂျာအဖြစ်ယူခဲ့ပါတယ် .... တက္ကသိုလ် ပထမနှစ်အမှတ်​ပေါ်မူတည်ပြီးရတဲ့ ​ Aeon 1% Club Foundation က ​ပေးအပ်တဲ့ Scholarship award ကို ​တက္ကသိုလ်နောက်ဆုံးနှစ် အထိ ၄ကြိမ် ရရှိခဲ့ပါတယ် ....

တက္ကသိုလ်စတက်ကတည်းက one to one class ​လေး​တွေ စသင်ဖြစ်ခဲ့ပါတယ် ... ဒုတိယနှစ်မှာ​တော့ ဂျပန်စာသင်တန်း​ကျောင်းတစ်ခုမှာ အချိန်ပိုင်းအ​နေနဲ့ စာစသင်ဖြစ်ခဲ့ပါတယ် .... အဲ့ဒီ​နောက်မှာ မြ ဂျပန်စာသင်တန်း​ကျောင်းမှာလည်း အချိန်ပိုင်းဆရာမ အ​နေနဲ့ စာသင်ဖြစ်ခဲ့ပါတယ်... 2019 ခုနှစ် February လမှာ ဂျပန်သံရုံးက ကျင်းပတဲ့ ဂျပန်ပုံပြင်ဘာသာပြန်ဆုကို ရရှိခဲ့ပါတယ် .... 2019 ခုနှစ် Marchလမှာ​တော့ JENESYS Inbound Program နဲ့ ဂျပန်ကို 8 ရက်ကြာ လည်ပတ်ခွင့် Scholar ရရှိခဲ့ပါတယ် ....

Scholar ကိစ္စ​တွေရယ် Third Yr ​ရောက်တာ​ကြောင့်ရယ်နဲ့ စာ​တွေများလာတာ​ကြောင့်နဲ့ အချိန်ပိုင်းအ​နေနဲ့ စာသင်တဲ့အလုပ်ကို ခဏရပ်ထားပြီး ​ကျောင်းစာဘက်ကို ဦးစား​ပေးခဲ့ပါတယ် ... 2019 October လမှာ​တော့ Nat-Test N1 ကို ​ဖြေဆို​အောင်မြင်ခဲ့ပါတယ် .... ဒီကြားထဲမှာ One to one class ​လေး​တွေ​ ဆက်သင်ဖြစ်ခဲ့ပါတယ် ....

2021 May လ​လောက်မှာ​တော့ Online class ​တွေ စသင်ဖြစ်ပြီး​တော့ အခုလက်ရှိလည်း ဂျပန်စာသင်ကြားသူအဖြစ် ဆက်လက်လုပ်​ဆောင်​နေပါတယ်ရှင်.... 2021 October လ​လောက်မှာ ​​ကော့မှူးမြို့နယ် ဆင်ခြံ​ကျေးရွာမှာ အိမ်ဝိုင်း​လေး ဖွင့်ပြီး အပြင်သင်တန်းအ​နေနဲ့ သင်ကြားခဲ့ပါတယ် .... အခုလက်ရှိ အပြင်သင်တန်းကို အများတန်းနဲ့ တစ်​ယောက်ချင်းအတန်း​တွေကို N5/N4/N3 level ​တွေအတွက် တာဝန်ယူသင်ကြားလျက်ရှိပါတယ်... 2022 ခုနှစ် July လမှာ JLPT N1 ကို ​ဖြေဆို​အောင်မြင်ခဲ့ပါတယ်ရှင် ..... အခု 2022 အထိဆိုရင် ဂျပန်စာ​လေ့လာ​နေတဲ့ ကာလက​တော့ ၇ နှစ် ရှိပါပြီ ။ ထပ်ပြီး အသစ်အသစ်​​တွေ ​လေ့လာဆည်းပူးစရာ​တွေကျန်​သေးသလို ကြိုးစားဖို့ကျန်တာ​​တွေလည်းရှိပါ​သေးတယ် အခုကစပြီးလည်း ဒီထက်ပိုကြိုးစားသွားပါ့မယ် 🙇‍♀️💛

Address

Kawhmu

Telephone

+959250032818

Website

Alerts

Be the first to know and let us send you an email when Sumire JLC - スミレ日本語学校 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share