Pak Pak

Pak Pak

Share

We offer BBA, MBA, Ph.D, Advanced Diploma in Businesss, IT & Engineering.

14/03/2026

အားလုံးပဲ မင်္ဂလာပါ

အခြေအနေအမျိုးမျိုးကြောင့် YMC ကို ယခုနှစ် ၆လပိုင်း အကုန်မှာ အပြီးတိုင်ရပ်နားပါတော့မယ်။

လက်ရှိအတန်းတွေကလွဲပြီးတော့ ကျောင်းသားအသစ် လက်မခံတော့ပါဘူး။

အသစ်အပ်နှံခြင်းကို လက်ခံဆောင်ရွက်နေပါက လိမ်ညာခြင်းဖြစ်သောကြောင့် YMC မှ တာဝန်မယူပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။

နောက်ဆက်တွဲ အသေးစိတ်ကို မကြာခင်ကြေငြာပေးပါမယ်။

ကျေးဇူးတင်ပါတယ်🙏

Photos from Pak Pak's post 14/03/2026

Page Hack ခံရတာမဟုတ်ပါဘူး။ Founder/MD ကိုယ်တိုင် ဖျက်စီးနေတာဖြစ်ပါတယ်။

ကျောင်းပိတ်တော့မှာမို့လို့ သင်တန်းမအပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်တော် နောက်ဆက်တွဲကိစ္စတွေ တာဝန်ယူပေးမှာ မဟုတ်ပါဘူးဗျ။

Phyo Arkar
Founder/CEO

10/11/2025

သင်အရာတစ်ခုကို ဖြစ်မြောက်အောင် လုပ်ချင်ပြီဆိုရင် ... နည်းလမ်းကို ရှာတွေ့ပါလိမ့်မယ်။
မလုပ်ချင်းဘူးဆိုရင်တော့ ... ဆင်ခြေကိုပဲ ရှာတွေ့ပါလိမ့်မယ်။


04/11/2025

🙏🙏🙏 တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) မှာ မြန်မာပြည်သူ ပြည်သား အပေါင်း နှင့် Y-Max College ကျောင်းသားကျောင်းသူ၊ မိသားစုဝင်များအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးပွါးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်

Photos from Pak Pak's post 30/10/2025

✨Y-Max College x International House Yangon-Mandalay Education 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐒𝐢𝐠𝐧𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 အခမ်းအနား ✨

✍️ Y-Max College နှင့် International House Yangon-Mandalay တို့ကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများအတွက် Education 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 𝐀𝐠𝐫𝐞𝐞𝐦𝐞𝐧𝐭 𝐒𝐢𝐠𝐧𝐢𝐧𝐠 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 ကို အောက်တိုဘာလ ၂၇ ရက် ၂၀၂၅ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

✍️ ယခု ပူးပေါင်းဆောင်ရွက်မှုမှ Y-Max College ၏ ကျောင်းသား/သူများအတွက် English Language ပိုင်းပြင်ဆင်ရာတွင် စနစ်ကျသည့် နိုင်ငံတကာသင်ရိုးများဖြင့် လေ့ကျင့်သင်ကြားမှုများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။

🤝 လက်မှတ်ထိုးပွဲအခမ်းအနား တွင်
🎤 Y-Max College နှင့် International House Yangon-Mandalay တို့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်မည့် အကျိုးကျေးဇူးများကို မျှဝေဆွေးနွေး ခဲ့ကြပါတယ်။ ထို့နောက် 📸 အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး International House Yangon-Mandalay Team အား YMC Campus ကို လိုက်လံပြသပေးခဲ့ပါတယ်။

🌟Knowledge Sharing Session, Workshop နှင့် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 အစီအစဉ်များ

🌟𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬𝐡𝐢𝐩 Special Discounts များ
စသည့် နှစ်ဖက်အသီးသီး ရရှိမည့် အခွင့်အလမ်းများကို အတူတကွ ဆွေးနွေးခဲ့ပါတယ်။ 🥰🎉🎓

🛑ဒါကြောင့် မိဘများ အနေဖြင့် မိမိရဲ့ သားသမီးကို ဘက်ပေါင်းစုံ မှ ဖွံ့ဖြိုးအောင် ကြီးကြပ်သင်ကြားပေးလျှက်ရှိရာ Y-Max College ကြီးသို့ သာ ယုံကြည်စွာ အပ်နှံဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ 🙏

♦️သင်ရဲ့အနာဂတ်အိပ်မက်တွေကို YMC နဲ့အတူအကောင်အထည်ဖော်လိုက်ပါ။ ♦️

“ Build Your Bright Future with YMC“
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

📌ဆက်သွယ်ရန် လိပ်စာ

📬 Y-Max College
=============
🏫 ခြံအမှတ် (၃၄)၊ သီရိမင်္ဂလာလမ်းသွယ် (၅)၊ ဗဟိုလမ်းမကြီးဘေး၊ ပြည်ရိပ်မွန်အိမ်ယာ (ပြည်ရိပ်မွန် ကားမှတ်တိုင် အနီး)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 793 354 330, 09 793 354 331

✉️ m.me/ymaxcollege

📲 page : Y-Max College



28/10/2025

“ NCC Education, UK မှ ပေးအပ်သော High Achiever Award ( 3rd in the Asia ) ထူးချွန်ဆုရှင် Mg Saw Khant အတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း “
⭐️➖➖➖➖➖➖➖➖➖➖➖➖⭐️

🎉 2024 - 2025 ပညာသင်နှစ် အတွက် NCC Education, UK ကနေ ချီးမြှင့်တဲ့ High Achiever Award ( 3rd in the Asia ) ထူးချွန်ဆုကို Y-Max College မှ Level-5 Diploma in Business ကျောင်းသား Mg Saw Khant မှ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

🎉 အခုလို Academic Achievement တစ်ခုအဖြစ် ကမ္ဘာအမှတ်အများဆုံး ( 3rd in the Asia ) ထူးချွန်ဆုကို ရရှိအောင် သင်ကြားပေးခဲ့ကြသည့် Y-Max College Academic Team မှ ဆရာ၊ဆရာမများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

🎉 High Achiever Award ( 3rd in the Asia ) ထူးချွန်ဆုရှင် Mg Saw Khant အနေဖြင့်လည်း ပညာရေးလမ်းတလျှောက် ပိုမိုထူးချွန် အောင်မြင်မှုတွေ ဆက်လက်ရရှိပြီး လူတော်လူကောင်းပညာရှင် တစ်ယောက် ဖြစ်ပါစေကြောင်း Y-Max College Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

🛑Y-Max College သည် ကျောင်းစာပိုင်းထူးချွန်ထက်မြက်ရေးကိုသာမက ကျောင်းသားကျောင်းသူများကို အားကစားထူးချွန်သူများ၊ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းသူများ၊ ဉာဏ်ရည်ထက်မြက်ထူးချွန်သော အနာဂတ်သားကောင်းရတနာများ အဖြစ် ပေါ်ထွန်းလာပြီး မိမိကိုယ်မိမိယုံကြည်မှုရှိရှိ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်း နိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် မြေတောင်မြှောက်ပေးရာ အဆင့်မြင့်ပညာဗိမာန်ကြီးတစ်ခုဖြစ်သည့်အတွက် မိဘများအနေနှင့်ရော သားသမီးများကိုယ်တိုင်ပါ College ရဲ့ Facilities များနှင့် သင်ကြားရေးအစီအစဉ်များကို လာရောက်လေ့လာနိုင်ပါသည်။

🛑ဒါကြောင့် မိဘများ အနေဖြင့် မိမိရဲ့ သားသမီးကို ဘက်ပေါင်းစုံ မှ ဖွံ့ဖြိုးအောင် ကြီးကြပ်သင်ကြားပေးလျှက်ရှိရာ Y-Max College ကြီးသို့ သာ ယုံကြည်စွာ အပ်နှံဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ 🙏

♦️သင်ရဲ့အနာဂတ်အိပ်မက်တွေကို YMC နဲ့အတူအကောင်အထည်ဖော်လိုက်ပါ။ ♦️

“ Build Your Bright Future with YMC“
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

📌ဆက်သွယ်ရန် လိပ်စာ

📬 Y-Max College
=============
🏫 ခြံအမှတ် (၃၄)၊ သီရိမင်္ဂလာလမ်းသွယ် (၅)၊ ဗဟိုလမ်းမကြီးဘေး၊ ပြည်ရိပ်မွန်အိမ်ယာ (ပြည်ရိပ်မွန် ကားမှတ်တိုင် အနီး)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 793 354 330, 09 793 354 331

✉️ m.me/ymaxcollege

📲 page : Y-Max College

-MaxCollege


17/10/2025

🥰 ရုံးပိတ်ရက်အသိပေး ကြေညာခြင်း 🥰
✨➖➖➖➖➖➖➖✨

🥰 အားလုံး မင်္ဂလာပါရှင်။ 20.10.2025 ရက်နေ့ ( တနင်္လာနေ့ ) သည် ဒီပါဝလီနေ့ အများပြည်သူ ရုံးပိတ်ရက် ဖြစ်တာကြောင့် ထိုနေ့တွင် Y-Max College ရုံးအား ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်ရှင့်။

🥰 ကျောင်းသားကျောင်းသူများ၊ မိဘများအားလုံး ရုံးပိတ်ရက်လေး မှာ မိမိတို့၏ချစ်ခင်ရတဲ့ မိသားစုများနဲ့အတူတူ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ Y-Max College မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ 🪴


#ရုံးပိတ်ရက် #ဒီပါဝလီနေ့

13/10/2025

မနက်ခင်းအိပ်ရာထတဲ့အခါ အနာဂတ်က ပိုကောင်းလာမယ်လို့ တွေးလိုက်ရင် အဲ့ဒီနေ့ဟာ တောက်ပတဲ့ နေ့တစ်နေ့ပဲ။


04/10/2025

🙏🙏🙏 YMC သီတင်းကျွတ်ဆုတောင်း 🙏🙏🙏
===============================

✨💫 မိဘဆရာသမားများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာပြည်သူပြည်သားများအားလုံး မိမိတို့ချစ်ရတဲ့ မိသားစု၊ ညီအကို မောင်နှမ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင်ကြပါစေ။

✨💫အခက်အခဲများကို ကျော်လွှားအောင်မြင်နိုင်ပြီး၊ ဘေးအန္တရာယ်အပေါင်းမှလည်း ကင်းစင်လွတ်မြောက်နိုင်ကြပါစေ။

✨💫ဝါလကင်းလွတ်သီတင်းကျွတ်အချိန်ကာလမှသည် တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကိုယ်၊စိတ်၊နှလုံး သုံးပါးစလုံး ကျန်းမာ၊ချမ်းသာပြီး ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးကို ဖြတ်သန်းနိုင်ကြပါစေလို့ Y-Max College Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏🙏🙏

Photos from Pak Pak's post 29/09/2025

Y-Max College Futsal Cup Championship 2025 ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား🥇🥈🥉🏆⛹️‍♂️
➖➖➖➖➖➖➖➖➖➖➖➖

🛑Y-Max College Futsal Cup Championship 2025 Final ပွဲစဉ်များကို ( 26.09.2025 ) တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ကြပါတယ်။

Final ပွဲစဉ်မှာ အနိုင်ရရှိခဲ့ကြတဲ့ အသင်းတွေကတော့

🥇Infinix FC - ပထမဆု (Champion)🏆
🥈Maverick FC - ဒုတိယဆု
🥉Steel Titans FC - တတိယဆု

🎊 ဂိုးသွင်းအများဆုံးဆု - Thurein Win
🎊 အကောင်းဆုံးဂိုးသမားဆု - Soe Zayar Htun
🎊 အကောင်းဆုံးကစားသမားဆု - Rzar Ni
တို့အသီးသီးရရှိခဲ့ပါတယ်။

🛑ပထမဆုရရှိခဲ့သော 🥇 Infinix FC အသင်းကို ငွေသားဆုအနေဖြင့် (12) သိန်းကျပ်၊ ဒုတိယဆုရရှိခဲ့သော 🥈 Maverick FC အသင်းကို (6.5) သိန်းကျပ်၊ တတိယဆုရရှိခဲ့သော 🥉Steel Titans FC အသင်းကို (3.5) သိန်းကျပ်စီနှင့် တစ်ဦးချင်းအကောင်းဆုံးဆုများကို (1.5) သိန်းကျပ်စီ Y-Max College နှင့် Main Sponsor ရွှေဘုံစံပရင့်ဇက် Gems and Jewelry နှင့် Sponsor Companies များ၏ တာ၀န်ရှိသူများမှ အသီးသီးဆုများချီးမြှင့်ပေးခဲ့ပါတယ်။

🛑 Y-Max College ရဲ့ Futsal Cup Championship 2025 ပွဲကြီးရဲ့ဖွင့်ပွဲ ၊ နေ့စဉ်ပွဲစဉ်များနှင့်၊ပိတ်ပွဲအထိ Main Sponsor အနေဖြင့် ရွှေဘုံစံပရင့်ဇက် Gems and Jewelry နှင့် Sponsor များအဖြစ် Royal-D အားဖြည့် အချိုရည်၊ Premier Coffee ၊ Mikko Bubble Tea & Chill Corner ၊ နှင့် YMC ကျောင်းသားလေး Mg Naing Bhone Khant မိခင်တို့မှ အားဖြည့် ကူညီပံ့ပိုး ပေးတာ ဖြစ်ပြီး အခုလို ပါဝင်ပေးကြတဲ့ Main Sponsor နှင့် Sponsor Company များမှတာဝန်ရှိသူများအားလုံးကိုလည်း YMC မှကျေးဇူးအထူးပင် တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ 🙏✨

🛑Y-Max College သည် ကျောင်းစာပိုင်းထူးချွန် ထက်မြက်ရေးကိုသာမက ကျောင်းသားကျောင်းသူများ ကို အားကစားထူးချွန်သူများ၊ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း သူများ၊ ဥာဏ်ရည်ထက်မြက်ထူးချွန်သော အနာဂတ် သားကောင်းရတနာများ အဖြစ် ပေါ်ထွန်လာပြီး မိမိကိုယ် မိမိယုံကြည်မှုရှိရှိ ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်း နိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် မြေတောင်မြှောက်ပေးရာ အဆင့်မြင့်ပညာဗိမာန်ကြီး တစ်ခုဖြစ်သည့်အတွက် မိဘများအနေနှင့်ရော သားသမီးများကိုယ်တိုင်ပါ ကောလိပ်ကြီးရဲ့ Facilities များနှင့် သင်ကြားရေးအစီအစဉ်များကို လာရောက် လေ့လာနိုင်ပါတယ်။ 🥰🥰

🛑ဒါကြောင့် မိဘများ အနေဖြင့် မိမိရဲ့ သားသမီးကို ဘက်ပေါင်းစုံ မှ ဖွံ့ဖြိုးတိုးတက်အောင် ကြီးကြပ် သင်ကြားပေးလျှက်ရှိရာ Y-Max College ကြီးသို့ သာ ယုံကြည်စွာ အပ်နှံဖို့ ချစ်ခင်လေးစားစွာ ဖိတ်ခေါ် အပ်ပါတယ်။ 🙏

♦️သင်ရဲ့အနာဂတ်အိပ်မက်တွေကို YMC နဲ့အတူအကောင်အထည်ဖော်လိုက်ပါ။ ♦️

“ Build Your Bright Future with YMC“
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

📌ဆက်သွယ်ရန် လိပ်စာ

📬 Y-Max College
=============
🏫 ခြံအမှတ် (၃၄)၊ သီရိမင်္ဂလာလမ်းသွယ် (၅)၊ ဗဟိုလမ်းမကြီးဘေး၊ ပြည်ရိပ်မွန်အိမ်ယာ (ပြည်ရိပ်မွန် ကားမှတ်တိုင် အနီး)၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 09 793 354 330, 09 793 354 331

✉️ m.me/ymaxcollege

📲 page : Y-Max College

-MaxCollege

29/09/2025

မင်းဘဝရဲ့ အချိန်ဟာ အကန့်အသတ်ရှိတယ်။
ဒါကြောင့် အခြားသူရဲ့ ဘဝမှာ မှီနေပြီး အချိန်မဖြုန်းပါနဲ့။
_SteveJobs


Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Kamayut
11041

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00