15/10/2026
English စာလေ့လာတဲ့အခါ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သိပေမယ့် စာကြောင်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်တာမျိုး ကြုံဖူးပါသလား?
တကယ်တော့ English မှာ စကားလုံးတွေရဲ့ တိုက်ရိုက်အဓိပ္ပာယ်အတိုင်း နားလည်လို့မရတဲ့ အသုံးအနှုန်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ Idioms တွေလည်း ပါဝင်ပါတယ်။
📍 A piece of cake
ကိတ်မုန့်တစ်စိတ်လို့ အဓိပ္ပာယ်ရပေမယ့် Idiom အနေနဲ့ဆိုရင်တော့ အရမ်းလွယ်ကူတဲ့အရာ လို့ ဆိုလိုပါတယ်။
📍 Under the weather
ရာသီဥတုအောက်မှာလို့ တိုက်ရိုက်ဘာသာပြန်လို့ရပေမယ့် နေမကောင်းဖြစ်တာ ကို ဆိုလိုပါတယ်။
📍 Once in a blue moon
အလွန်ရှားရှားပါးပါး ဖြစ်တာကိုပြောတဲ့အခါ အသုံးပြုပါတယ်။
ဒီလို Idioms တွေကို စကားလုံးတစ်လုံးချင်း ဘာသာပြန်ပြီး နားလည်ဖို့ ကြိုးစားရင် တကယ့်အဓိပ္ပာယ်ကို လွဲမှားနားလည်နိုင်ပါတယ်။ ဒါကြောင့် Idioms တွေရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လိုအခြေအနေမှာ အသုံးပြုရမလဲဆိုတာကို သိထားဖို့ဒီတစ်ပတ်မှာတော့ “Life in Idioms” ဆိုတဲ့ Topic လေးနဲ့အတူ နေ့စဉ်ဘဝမှာ အသုံးများတဲ့ English Idioms တွေကို လေ့လာကြပါမယ်။
📚 သင်တန်းအသေးစိတ်
👩🏫 ပို့ချပေးမည့်ဆရာမ – Tr. Yu Mon
📅 Date – 16 October 2026 (Friday)
⏰ Time – 8:30 PM – 10:00 PM
📍 Platform – Zoom Cloud Meetings
💸 Fees – 0 Ks (Free Class)
Join Zoom Meeting
https://us06web.zoom.us/j/81952755519?pwd=MmW5bfXWrLOFplyQvNa9voF3gLasuI.1
Meeting ID: 819 5275 5519
Passcode: 366764
⚠️Zoom Meeting အတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ
🔹 Zoom Session အတွင်း ဝင်ရောက်တက်ရောက်သည့်အခါ Camera ဖွင့်ထားရန် လိုအပ်ပါသည်။
🔹 English Level အနည်းဆုံး Elementary ရှိပြီး ၁၆နှစ်အထက်မည်သူမဆို joinနိုင်ပါတယ်။
🔹 Teachers, Coordinators နှင့် အခြား Learners များအား ယဉ်ကျေးလေးစားစွာ ဆက်ဆံပေးရန်။
🔹 Teacher မှသင်ခန်းစာပို့ချနေစဉ်အတွင်းဆူညံသံများမပါဝင်စေရန် မိမိ၏ Mic ကို Mute ထားပေးရန်။
🔹 Pair Work နဲ့ Group Activities များတွင် တက်တက်ကြွကြွ ပါဝင်ပေးရန်။