Chindwin Technological College International

Chindwin Technological College International

Share

CTCi is committed to delivering excellent academic quality and the best learning experience

27/04/2026

📣 CTCi Enrollment Week - Special Promotion!

😍 ဇွန်လမှာ ဖွင့်လှစ်မယ့် တန်းခွဲသစ်တွေအတွက် May 4 ကနေ May 15 အတွင်း ကျောင်းလာအပ်မယ့်သူတွေအတွက်ပဲ သီးသန့်ရရှိမယ့် ကျောင်းလခ သက်သာခွင့် (Promotion) ကြီး လာပါပြီ။

CTCi မှာ ဘယ်လိုအတန်းတွေကို ကျောင်းအပ်လက်ခံနေပြီလဲဆိုတော့

📖 Pre IGCSE Essentials
IGCSE လောကထဲကို စတင်ခြေလှမ်းမယ့် မောင်လေး၊ ညီမလေးတွေအတွက်ပါ။
👉🏻 တက်ရောက်နိုင်သူ: အသက် (၁၂) နှစ် (သို့) Grade 6 ပြီးဆုံးထားသူများ။
👉🏻 သင်တန်းကာလ: ၈ လ။
👉🏻 ကျောင်းမှာ သူငယ်ချင်းသစ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် တက်ရောက်နိုင်သလို၊ အတန်းငယ်ကလေးတွေဖြစ်လို့ သွားလာရမှာ စိတ်မချတဲ့ မိဘများအတွက်လည်း အိမ်ကနေ အခြေခံခိုင်မာအောင် စနစ်တကျ သင်ယူနိုင်မယ့် Online စနစ်ကိုပါ စီစဉ်ပေးထားပါတယ်။

📖 Pre IGCSE
IGCSE မတက်ခင် ကြိုတင်ပြင်ဆင်မှု အကောင်းဆုံးလုပ်ချင်သူတွေအတွက်
👉🏻 တက်ရောက်နိုင်သူ: Grade 8 / Secondary 1 / Year 8 ပြီးထားသူများ။
👉🏻 သင်တန်းကာလ: ၇ လ။
👉🏻 ကျောင်းလာတက်မလား၊ အိမ်ကနေပဲ Online တက်မလား? နှစ်မျိုးလုံး ရွေးချယ်နိုင်သလို၊ ကျောင်းချိန်လွတ် Online အတန်းတွေလည်း ရှိတာကြောင့် မိမိအဆင်ပြေမယ့်အတန်းကို ရွေးချယ်နိုင်ပါတယ်။

📖 IGCSE O Level
စနစ်တကျနဲ့ အောင်မြင်မှုပန်းတိုင်ကို လှမ်းချင်သူတွေအတွက်
👉🏻 တက်ရောက်နိုင်သူ: Grade 9 / Secondary 2 / Year 9 ပြီးထားသူများ။
👉🏻 သင်တန်းကာလ: ၁၈ လ။
👉🏻 On Campus ရော Online ပါ အဆင်သင့်ရှိလို့ စိတ်ကြိုက်ရွေးချယ်လိုက်ရုံပါပဲ။

🌟 ဘာလို့ အခုပဲ အပ်သင့်တာလဲ?
CTCi ရဲ့ Special Enrollment Days တွေအနေနဲ့ May 4 ကနေ 15 အတွင်း ကျောင်းကိုလာရောက်လေ့လာပြီးဖြစ်စေ၊ online မှဖြစ်စေ တန်းခွဲတစ်ခုချင်းစီအတွက် စုံစမ်းပြီးတာနဲ့ ချက်ချင်းကျောင်းအပ်နှံသူတွေအတွက် ကျောင်းလခ သက်သာခွင့်တွေ အများကြီး စီစဉ်ပေးထားလို့ပါ။

တန်းခွဲတစ်ခုချင်းစီရဲ့ အသေးစိတ်နဲ့ ရရှိနိုင်မယ့် ကျောင်းလခ သက်သာခွင့်တွေကို သိရဖို့ အခုပဲ စုံစမ်းလိုက်တော့နော်!

📞 Hotline: 09-954005959
📍 Address: Sinmalite Business Tower, 1st Floor, Kamayut Township, Yangon.




22/04/2026

🌟 အသက် ၁၂၊ ၁၃ နှစ်ဆိုတာ သင့်ကလေးရဲ့ IGCSE ခရီးလမ်းအတွက် "အဆုံးအဖြတ်" ပေးရမယ့် အချိန်ပါ။

🧐 ကလေးတစ်ယောက် Grade 6 ပြီးသွားတဲ့အခါ နိုင်ငံတကာသင်ရိုးကူးပြောင်းကြမယ့် မိဘတိုင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတစ်ခုရှိပါတယ်။

💭 အဲဒါကတော့ "ပြည်တွင်းသင်ရိုးကနေ နိုင်ငံတကာသင်ရိုးကို ပြောင်းတဲ့အခါ ငါ့ကလေး စာလိုက်နိုင်ပါ့မလား?" ဆိုတဲ့ စိုးရိမ်စိတ်ပါ။

🪜 အခြေခံ (Foundation) မပါဘဲ IGCSE အတန်းကြီးထဲကို တိုက်ရိုက်ခုန်ကူးလိုက်ခြင်းက ကလေးကို စိတ်ဓာတ်ကျစေပြီး ပညာရေးကို ငြီးငွေ့သွားစေနိုင်ပါတယ်။
ဒါကြောင့် အဆင့်ဆင့်ကူးပြောင်းမှုက အရေးကြီးဆုံးပါပဲ။

🛣️ CTCi က သင့်ကလေးကို အောင်မြင်မှုဆီသို့ အဆင့်ဆင့် လမ်းပြပေးပါရစေ။

🗺️ ကျွန်တော်တို့က သင်တန်းရောင်းတာထက် ကလေးရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ လမ်းပြမြေပုံ (Success Roadmap) ကို ပေးအပ်တာပါ။

✅ Pre IGCSE Essentials (အခြေခံတည်ဆောက်ခြင်း )
အင်္ဂလိပ်စာ Skills နဲ့ Critical Thinking ကို အရင်ဆုံး စနစ်တကျ တည်ဆောက်ပေးပါတယ်။

✅ Pre IGCSE (ရင်းနှီးကျွမ်းဝင်စေခြင်း)
IGCSE ရဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရသစ်တွေနဲ့ စာမေးပွဲစနစ်ကို ကြိုတင်ကျွမ်းကျင်စေပါတယ်။

✅ IGCSE O Level (ရလဒ်ကောင်းရရှိခြင်း)
အခြေခံကောင်းသွားတဲ့အတွက် ဘာသာရပ်တိုင်းမှာ ယုံကြည်မှုအပြည့်နဲ့ ထူးချွန်အောင် ဖြေဆိုနိုင်မှာပါ။

💡 ဘာကြောင့် CTCi ကို ရွေးချယ်သင့်သလဲ?
ကျွန်တော်တို့က ကလေးတွေ လူပင်ပန်း၊ စိတ်ပင်ပန်းမဖြစ်ဘဲ ကိုယ်တိုင်လေ့လာလိုစိတ် (Self-study) ရှိလာအောင် သင်ယူမှုဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။

✨သင့်ကလေးရဲ့ ပညာရေးလမ်းကြောင်း မှန်ကန်စေဖို့ အခုပဲ ဆုံးဖြတ်ချက်ချပြီး CTCi နဲ့ အတူ စတင်လိုက်ပါ။✨

🎁 မေလတန်းခွဲများအတွက် မြန်မာ့နှစ်သစ်ကူး ကျောင်းလခ အထူးခံစားခွင့်များကို အခုပဲ ရယူလိုက်ပါ။

📞 အသေးစိတ်အတွက် CTCi ရဲ့ Hotline Number 09-954005959 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
📍 Simalite Business Tower, 1st Floor, Kamayut Township, Yangon.



21/04/2026

IGCSE အဆင့်မှာ ထူးချွန်ဖို့ Secondary ကတည်းက ဘယ်လိုပြင်ဆင်ကြမလဲ?

📢 ကလေးတွေ IGCSE မှာ အမှတ်ကောင်းကောင်းနဲ့ ထူးချွန်ဖို့ဆိုတာ Secondary အရွယ်ကတည်းက စနစ်တကျ ပြင်ဆင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။ မိမိကလေးရဲ့ ပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးချင်တဲ့ မိဘတွေအတွက် Chindwin Technological College International (CTCi) မှ အထူးဆွေးနွေးပွဲကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီဆွေးနွေးပွဲမှာ CTCi အနေနဲ့ Secondary ကတည်းက ပြင်ဆင်ချင်တဲ့မိဘတွေအတွက် အောက်ပါအကြောင်းအရာတွေ ဆွေးနွေးပေးမှာဖြစ်ပါတယ်။

✅ How to prepare: IGCSE စာမေးပွဲအတွက် အခြေခံအုတ်မြစ် ခိုင်မာအောင်စနစ်တကျပြင်ဆင်ခြင်း၊
✅ English: ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို IGCSE စံနှုန်းတွေနဲ့အညီ သေချာပေါက် တိုးတက်လာအောင် ပြင်ဆင်ခြင်း၊
✅ Maths: ဖော်မြူလာတွေကို အလွတ်ကျက်တာမျိုး မဟုတ်ဘဲ Logical Thinking နဲ့ ပုစ္ဆာဖြေရှင်းနိုင်စွမ်း မြင့်မားလာအောင် လေ့ကျင့်ပေးခြင်း၊
✅ Personalized study plan: ကလေးတစ်ဦးချင်းစီအလိုက် အကိုက်ညီဆုံးဖြစ်မယ့် သင်ယူလေ့လာမှုနည်းလမ်းများ ချမှတ်ခြင်းအစရှိတဲ့ IGCSE အတွက် အဆင်သင့်ဖြစ်နေအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🤩 ကိုယ့်ကလေးရဲ့ ပညာရေးလမ်းခရီးကို အကောင်းဆုံး ပုံဖော်ချင်တဲ့ မိဘတွေအနေနဲ့ ဒီဆွေးနွေးပွဲကို မဖြစ်မနေ တက်ရောက်ဖို့ တိုက်တွန်း ဖိတ်ခေါ်ချင်ပါတယ်။

💻 Zoom meeting
📅 နေ့ရက် - ၁ ရက်၊ မေလ၊ ၂၀၂၆။ (သောကြာနေ့)
⏰ အချိန် - ညနေ ၆:၃၀ မှ ည ၈:၃၀ အထိ

👇 လူဦးရေ အကန့်အသတ်ရှိတာမို့ အခုပဲ အောက်ကလင့်ခ်ကနေတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါခင်ဗျာ။

https://forms.cloud.microsoft/r/as3eBK5knD




17/04/2026

🙏 မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း CTCi မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


12/04/2026

🙏 ကျရောက်လာတော့မယ့် အတာသင်္ကြန်အခါသမယမှာ ဘေးဘယာဝေးကွာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း CTCi ရဲ့ College Director ဆရာ ဦးကံဝင်းအောင်နဲ့အတူ CTCi မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။




08/04/2026

💦 သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲမှာ အတူတူပါဝင်ဆင်နွှဲကြစို့! 💦

🥳 CTCi မှာ လက်ရှိ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ဆရာ၊ ဆရာမများအားလုံးကို CTCi ရဲ့ "Water Festival 2026" လေးမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

🏊‍♀️ ပူအိုက်တဲ့ ရာသီဥတုမှာ အားလုံး အမောပြေ ပျော်ရွှင်သွားရအောင် ရေကူးကန် (Poolside) နဲ့အတူ
🫖 အရသာရှိတဲ့ High Tea Set လေးတွေကိုပါ စီစဉ်ပေးထားပါတယ်။
📸 အတူတူ ရေကစားရင်း အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ရင်း ပျော်ပျော်ပါးပါး အနားယူကြမယ်နော်။

📅 Date: April 10th, 2026 (Friday)
⏱️ Time: 2:00 PM to 5:00 PM
📍 Location: PARKROYAL YANGON

✨ မကြာခင်မှာ ရောက်ရှိလာတော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မတိုင်ခင် ဒီပျော်ပွဲရွှင်ပွဲလေးကို CTCi မိသားစုတွေနဲ့အတူ စည်စည်ကားကား ဖြတ်သန်းလိုက်ရအောင်။ အားလုံးကို စောင့်မျှော်နေပါမယ်ခင်ဗျာ။





07/04/2026

"ရုံးပိတ်ရက် အသိပေးကြေညာခြင်း"

📞 မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များမတိုင်ခင် CTCi မှာ ဖွင့်လှစ်ထားတဲ့ IGCSE နဲ့ Final Year အတန်းတွေအကြောင်း စုံစမ်းမေးမြန်းချင်တယ်ဆိုရင် hotline ဖုန်းနံပါတ် 09-954005959 ကို ဧပြီလ ၁၀ ရက်နေ့အထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🍃 မကြာခင်မှာကျရောက်မယ့် မြန်မာ့နှစ်သစ်ကူးကာလအတွင်း ဧပြီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ CTCi ရဲ့ Campus ကို ပိတ်ထားမှာဖြစ်ပါတယ်။

📅ဧပြီလ ၂၀ ရက်နေ့မှစပြီး CTCi ရဲ့ ပညာရေးဝန်ဆောင်မှုများကို
ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းကြားရင်း
အေးချမ်းပျော်ရွှင်စရာသာယာတဲ့ မြန်မာ့နှစ်သစ်ကူး အချိန်ကာလဖြစ်ကြပါစေလို့ CTCi က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။




07/04/2026

IGCSE မတက်ခင် Pre IGCSE တက်ဖို့ ဘာကြောင့်လိုအပ်တာလဲ?

05/04/2026

⚠️ IGCSE ရွေးချယ်တဲ့အခါမှာ မေမေ၊ဖေဖေတို့ သတိထားသင့်တဲ့ အချက် (၅)ချက်

03/04/2026

Grade 6 ပြီးထားသူများ IGCSE လမ်းကြောင်းကို တက်လို့ရနေပြီဆိုတာ သိပြီးပြီလား?
ဒီ video လေးကို ကြည့်ပြီး ပိုပြီးအသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင် အောက်က link မှာ register လုပ်ပြီး seminar မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်။

register ပြုလုပ်ရန်: https://forms.cloud.microsoft/r/g24auJzA7a

02/04/2026

အသက် ၁၂၊ ၁၃ နှစ် အလယ်တန်းပညာရေးအဆင့်မှာ သင့်ကလေးရဲ့ နိုင်ငံတကာပညာရေးခရီးစဉ်ကို စတင်ဖို့ အကောင်းဆုံး ရွှေရောင်အချိန်အခါပါ။

🛣️ ကလေးတစ်ယောက် Grade 6 ပြီးဆုံးသွားတဲ့ အသက် (၁၂)၊ (၁၃) နှစ် အရွယ်ဆိုတာ သင်ယူနိုင်စွမ်းအမြင့်မားဆုံးနဲ့ နိုင်ငံတကာပညာရေး (IGCSE) လမ်းကြောင်းကို စတင်ကူးပြောင်းဖို့ အသင့်တော်ဆုံး အချိန်ပဲ ဖြစ်ပါတယ်။ ဒီအရွယ်မှာ စနစ်ကျတဲ့ ပြင်ဆင်မှုတွေ လုပ်ပေးနိုင်မှသာ ရှေ့ဆက်ရမယ့် ပညာရေးခရီးလမ်းမှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာပါ။

🔄 ပြည်တွင်းသင်ရိုးကနေ နိုင်ငံတကာသင်ရိုးကို ပြောင်းလဲတဲ့အခါ ကလေးတွေ ရုတ်တရက် အခက်အခဲမဖြစ်စေဖို့နဲ့ အခြေခံအုတ်မြစ် (Foundation) အထူးခိုင်မာစေဖို့အတွက် CTCi က အောက်ပါ အတန်း (၃) ခုကို အဆင့်လိုက် စနစ်တကျ ဖွင့်လှစ်ထားပါတယ်။

📘 Pre IGCSE Essentials
📘 Pre IGCSE
📘 IGCSE O Level

ဘာကြောင့် ကလေးတွေရဲ့ IGCSE ပညာရေးအတွက် CTCi ကို ရွေးချယ်သင့်တာလဲ?

🌟 အခြေခံခိုင်မာပြီး ထိရောက်တဲ့သင်ကြားမှုနဲ့ Pre IGCSE Essentials နဲ့ Pre IGCSE အတန်းတွေမှာ တကယ့် IGCSE O Level အတန်းကြီးကို မရောက်ခင် လိုအပ်မယ့် အင်္ဂလိပ်စာ (English 4 Skills)၊ ဘာသာရပ်ဆိုင်ရာ အခြေခံဝေါဟာရတွေနဲ့ Critical Thinking တွေကိုပါ သေချာကြိုတင် ပျိုးထောင်ပေးပါတယ်။ ဒါကြောင့် စာမလိုက်နိုင်ဘူးဆိုတဲ့ ပြဿနာမရှိဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက်နဲ့ IGCSE လမ်းကြောင်းကိုကူးပြောင်းနိုင်ပါတယ်။

🌟 သွားလာရေး အခက်အခဲကို လိုက်လျောညီထွေဖြစ်စေပြီး စိတ်ပင်ပန်း၊လူပင်ပန်းမဖြစ်စေဘဲ စာကို ပိုပြီး အာရုံစိုက်နိုင်ဖို့နဲ့ Self-study လုပ်ဖို့ အချိန်ပိုရနိုင်ဖို့အတွက် CTCi မှာ သင်ယူမှုပုံစံတွေကို လိုက်လျောညီထွေဖြစ်အောင် စီစဉ်ပေးထားပါတယ်။

အသက် (၁၂) (၁၃) နှစ်အရွယ် ကလေးတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အကျိုးအရှိဆုံး အသုံးချပြီး နိုင်ငံတကာအဆင့်မီ ပညာရေးလမ်းကြောင်းပေါ်ကို CTCi နဲ့အတူ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ပါပြီ။

🎉 အထူးအခွင့်အရေး အနေနဲ့ Pre IGCSE နဲ့ IGCSE မေလတန်းခွဲတွေကို အမြန်ဆုံးလာရောက်အပ်နှံသူတွေအတွက် မြန်မာ့နှစ်သစ်ကူး အထူးအစီအစဉ်များနဲ့အတူ သီးခြားပေးအပ်ထားတဲ့ Intake ခံစားခွင့် အစီအစဉ်များ ရှိနေပါပြီ။ သတ်မှတ်ကျောင်းသားကျောင်းသူဦးရေ မပြည့်ခင် အခုပဲ ဆက်သွယ်စာရင်းပေးသွင်းလိုက်တော့နော်။

☎️ အသေးစိတ်စုံစမ်းရန် - 09-954005959
🏢 Simalite Business Tower, 1st Floor, Kamayut Township, Yangon.








02/04/2026

IGCSE တက်ရမလား? GED တက်ရမလား?
ရွေးချယ်ရခက်နေသူလေးတွေ ဒီ video ကို ဆက်ကြည့်လိုက်တော့နော်။

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Sinmalite Business Tower 1st Floor
Kamayut