HJC Japanese Language Center

HJC Japanese Language Center

Share

If you connect HJC japanese language centre,we will train you well. Don't worry for your future ✨

23/05/2026

🏗️ Civil & Construction Engineering စီမံခန့်ခွဲမှုအတွက် အလုပ်ခေါ်စာ 🏗️

ဂျပန်နိုင်ငံက အကြီးစား ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၏ ပရောဂျက်ကြီးများစွာ ရှိသော ကုမ္ပဏီဖြစ်ပြီး၊ ပရောဂျက်ကြီးကြီးမားမားတွေမှာ အတွေ့အကြုံကောင်းကောင်း ရှာချင်သူများအတွက် အထူးသင့်တော်ပါတယ်။

🎯 အရည်အချင်းသတ်မှတ်ချက်များ

• လုပ်ငန်းအတွေ့အကြုံ: ဆောက်လုပ်ရေးလုပ်ငန်းခွင် စီမံခန့်ခွဲမှု အတွေ့အကြုံ ၂ နှစ်နှင့်အထက် ရှိရပါမည်။
• ဘာသာစကား: ဂျပန်စာ JLPT N2 Level ရှိရပါမည်။
(N3 အဆင့်ရှိပြီး Communication ကောင်းကောင်း ပြောနိုင်ဆိုနိုင်သူများလည်း လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်)
• နေထိုင်ရာဒေသ: လက်ရှိ ဂျပန်နိုင်ငံ ပြည်တွင်းတွင် နေထိုင်သူများသာ လျှောက်ထားနိုင်ပါသည်။

💼 လုပ်ငန်းတာဝန်များ

အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံး၏ အထွေထွေ စီမံခန့်ခွဲမှုကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင် အချိန်ဇယား၊ ဆောက်လုပ်မည့် အဆင့်ဆင့်နှင့် နည်းလမ်းများကို စီမံခန့်ခွဲခြင်း၊ အဆောက်အဦး ကြံ့ခိုင်မှု၊ အသုံးပြုမည့်ပစ္စည်းများနှင့် ပုံစံတည်ဆောက်ပုံများကို အရည်အသွေး ပြည့်မီအောင် စီမံခြင်း၊ အလုပ်သမားများ ထိခိုက်ဒဏ်ရာ မရစေရန်နှင့် ပတ်ဝန်းကျင်ဆိုးကျိုးများ မဖြစ်အောင် စီမံခြင်း

(အလုပ်အကိုင် အသေးစိတ်ကို လာရောက်စုံစမ်းတဲ့အခါမှာ အလုပ်ခေါ်စာအချက်အလက်လွှာ - 求人票 ပို့ပေးပါမယ်)

派遣会社ဖြစ်ပြီး အမြဲတမ်းဝန်ထမ်း (正社員) အနေနဲ့ ခန့်မှာဖြစ်လို့ စာချုပ်ပြီးရင် အလုပ်မရှိတော့မှာ စိတ်ပူစရာမလိုပါဘူး။

ပရောဂျက်တစ်ခုနဲ့တစ်ခု အကူးအပြောင်းကာလမှာလည်း လစာ ဆက်လက် ရရှိမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့သူရှိရင် Chat Box (CB) မှာ လာရောက်စုံစမ်း မေးမြန်းနိုင်ပါတယ်နော်... ✨

👉 ရွေးချယ်မှုအဆင့်ဆင့်:
ကိုယ်ရေးရာဇဝင် (CV) စိစစ်ခြင်း ➡️ ပထမအကြိမ် လူတွေ့စစ်ဆေးခြင်း ➡️ နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးခြင်း ➡️ အလုပ်ရရှိပြီး ကုမ္ပဏီသို့ အလုပ်ဝင်ခြင်း 🎉

📞 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
• 09 260 771 793
• 09 758 845 845
(သို့မဟုတ်) Page Messenger မှတစ်ဆင့်လည်း အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

#ဂျပန်ပြည်တွင်း #အလုပ်အကိုင်

21/05/2026

📝 𝐉𝐋𝐏𝐓 𝐍𝟒 / 𝐍𝟑 ဖြေဖို့ ပြင်ဆင်နေသူတွေအတွက် အခွင့်အရေးကောင်း 🎯

JLPT စာမေးပွဲမှာ အောင်ရုံတင်မဟုတ်ဘဲ အမှတ်ကောင်းကောင်းနဲ့ ဖြေချင်တယ်ဆိုရင် စာဖတ်တာတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

မေးခွန်းပုံစံတွေကို အကြိမ်ကြိမ်လေ့ကျင့်ပြီး အချိန်ခွဲသုံးနိုင်မှ စာမေးပွဲခန်းထဲမှာ ယုံကြည်မှုရှိရှိ ဖြေနိုင်မှာပါ 💯

ဒါကြောင့် 𝐇𝐉𝐂 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှ ဖွင့်လှစ်ပေးမယ့်
✨ JLPT N4 / N3 Old Question Class ✨
(မေးခွန်းဟောင်း လေ့ကျင့်ရေးအတန်း)

📚 အတန်းထဲမှာ ဘာတွေသင်ပေးမလဲ?

✅ JLPT မေးခွန်းဟောင်းများကို ဆရာမများနှင့်အတူ လေ့ကျင့်ဖြေဆိုခြင်း

✅ အဖြေမှန်ရွေးချယ်နိုင်ဖို့ နည်းလမ်းများနှင့် မေးခွန်းဖြေဆိုနည်းဗျူဟာများ

✅ စာမေးပွဲအချိန်ကို စနစ်တကျ ခွဲသုံးနည်း

✅ Grammar / Vocabulary / Kanji / Choukai တို့ထဲမှ မိမိအားနည်းနေသော အပိုင်းများကို သိရှိပြီး ပြန်လည်တိုးတက်အောင် လမ်းညွှန်ပေးခြင်း

JLPT စာမေးပွဲကို ပိုပြီးယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ အခုပဲ စာရင်းပေးအပ်နှံနိုင်ပါပြီ 📩

📞 အသေးစိတ်စုံစမ်းရန်
☎️ 09 260 771 793
☎️ 09 758 845 845

Messenger မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

21/05/2026

🎉 𝐇𝐉𝐂 မှ နောက်ထပ် အောင်မြင်မှု သတင်းကောင်းကြီးတစ်ခုလာပါပြီ 🎉

𝟐𝟎𝟐𝟔 - 𝐉𝐮𝐥𝐲 𝐈𝐧𝐭𝐚𝐤𝐞 အတွက် တိုကျို COE လျှောက်ထားခဲ့ကြတဲ့ HJC ရဲ့ ကျောင်းသား/ကျောင်းသူများအားလုံး 𝐂𝐎𝐄 𝐀𝐋𝐋 𝐏𝐀𝐒𝐒𝐄𝐃 (𝟏𝟎𝟎%) အောင်မြင်သွားတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါတယ်ခင်ဗျာ။ 🥳✨

おめでとうございます! 🇯🇵

🌸 ဂျပန်နိုင်ငံသွားမယ့် သင့်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အောင်ချက်အကောင်းဆုံး HJC နဲ့အတူ အခုပဲ လက်တွဲလိုက်ပါ!

✨ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက -
📞 09 260 771 793
📞 09 758 845 845
📩 (သို့မဟုတ်) Page Chatbox မှတစ်ဆင့်လည်း လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

#ကျောင်းလျှောက်လက်ခံနေပါပြီ

Photos from HJC Japanese Language Center's post 18/05/2026

ဒီနေ့တော့ Japanese N5 Level က
ရိုးရိုးပြောတဲ့ပုံစံနဲ့ ယဉ်ကျေးတဲ့ပုံစံလေးတွေ လေ့လာကြမယ် ✨📖

「なんさい?」 ➝ Casual
「おいくつですか?」 ➝ Polite 🌸

တစ်ခါတလေ စကားလေးတစ်ခွန်းပဲ ဖြစ်ဖြစ် ပြောတဲ့ပုံစံက impression အရမ်းကွာသွားတတ်ပါတယ်နော်

📩 သင်တန်းကျောင်းစုံစမ်းလိုပါက
ဖုန်း - 09260771793
Page Messenger မှလည်း ဆက်သွယ်နိုင်ပါသည်။

#ဂျပန်စာသင်တန်းကျောင်း

17/05/2026

📣 Tokutei Hotel အလုပ်ခေါ်စာလေးရောက်ရှိနေပြီနော် (၅)ယောက်တောင်ခေါ်မှာတဲ့ 🇯🇵

📍 တည်နေရာ – Hiroshima ခရိုင်
👩 ခေါ်ယူဦးရေ – (၅) ဦး
🏨 အလုပ်အမျိုးအစား – ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း

အခြေခံလစာ – 200,000 ယန်း
စုစုပေါင်းလစာ – 200,000 ယန်း
အချိန်ပို – ရှိ

📌 လုပ်ငန်းအကြောင်းအရာ
ဧည့်ကြိုတာဝန်များ၊ ဖောက်သည်ဝန်ဆောင်မှု၊ အစားအသောက်တည်ခင်းခြင်း၊ အခန်းစီမံခန့်ခွဲမှုနှင့် အခန်းသန့်ရှင်းရေးလုပ်ငန်းများ

📚 လိုအပ်ချက်
✔ အသက် 30 နှစ်အောက်
✔ JLPT N4 Passed
✔ Tokutei Hotel လက်မှတ်ရှိသူ
✔ အလယ်တန်းအောင်နှင့်အထက်

🌸Senseiတို့က စိတ်ချယုံကြည်ရတဲ့ မိတ်ဖက်အေဂျင်စီများကိုသာ ချိတ်ဆက်ပေးတာကြောင့်

အသေးစိတ်သိရှိလိုပါက 👇🏻

Page Messenger သို့မဟုတ်
📞 09 758 845 845 သို့ဆက်သွယ်နိုင်ပြီး Viber မှလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ

#ဂျပန်နိုင်ငံအလုပ်ခေါ်စာ

17/05/2026

📣 Tokutei Kaigo အလုပ်အကိုင်အခွင့်အလမ်း 🇯🇵

📍 တည်နေရာ – Hiroshima ခရိုင်
👩 ခေါ်ယူဦးရေ – မ (၁) ဦး
💴 အခြေခံလစာ – 170,000 ယန်း
💰 စုစုပေါင်းရရှိနိုင်သောလစာ – 200,000 ယန်းအထိ
📅 တစ်နှစ်ပိတ်ရက် – 125 ရက်

📌 အလုပ်အမျိုးအစား
သက်ကြီးရွယ်အိုများနှင့် နေ့စဉ်ဘဝအတွက်အကူအညီပေးခြင်း၊ လုပ်ငန်းဆောင်တာများတွင် ကူညီဆောင်ရွက်ခြင်း

📚 လိုအပ်ချက်
✔ အသက် 30 နှစ်အောက်
✔ JLPT N3 အောင်မြင်သူ ဦးစားပေး
✔ N3 လေ့လာနေသူများလည်း လျှောက်ထားနိုင်
✔ အလယ်တန်းအောင်နှင့်အထက်

🌸Senseiတို့က စိတ်ချယုံကြည်ရတဲ့ မိတ်ဖက်အေဂျင်စီများကိုသာ ချိတ်ဆက်ပေးတာကြောင့်

အသေးစိတ်သိရှိလိုပါက 👇🏻

Page Messenger သို့မဟုတ်
📞 09 758 845 845 သို့ဆက်သွယ်နိုင်ပြီး Viber မှလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ

#ဂျပန်နိုင်ငံအလုပ်ခေါ်စာ

14/05/2026

🇯🇵 ဂျပန်မှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်ခေါ်စာတွေကို စောင့်နေတဲ့သူလေးတွေရှိကြလား 👀

ရှိတယ်ဆိုရင်တော့ ဒီ post လေးမှာ
ဘယ်အလုပ်တွေကို လုပ်ကိုင်ချင်ကြလဲ❓

ဘယ်အလုပ်အမျိုးအစားကို ပိုစိတ်ဝင်စားကြလဲ❓

Comment မှာ ဖြေသွားပေးခဲ့ပါဦးနော် 💬

Sensei တို့ကတော့
စိတ်ချရတဲ့ မိတ်ဖက်အေဂျင်စီများမှ
တိုက်ရိုက်အလုပ်ခေါ်စာတွေကို
အမြဲတင်ပေးသွားမှာ ဖြစ်ပါတယ် 🇯🇵✨

သင်တန်းကျောင်းစုံစမ်းလိုပါက👇🏻
📞 09 260 771 793
📩 Page Chat Box မှာလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ဂျပန်စာသင်တန်းကျောင်း

Photos from HJC Japanese Language Center's post 10/05/2026

🎉 အရင်ဆုံးလာရောက်အပ်နှံတဲ့ သင်တန်းသား(၃)ဦးကို 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးသွားမှာဖြစ်ပါတယ် 🎉

ကဲ အခုဆိုရင် ဂျပန်စာကို စနစ်တကျ လေ့လာချင်သူများအတွက် အခွင့်အရေးကောင်းတစ်ရပ်✨

ဂျပန်စာကို အခြေခံမှ စပြီး ကျွမ်းကျင်အဆင့်ထိ တက်ရောက်နိုင်အောင် စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်

🌸သင်တန်းကျောင်းအားသာချက်🌸

👩‍🏫 အတွေ့အကြုံရှိ ဆရာ / ဆရာမများမှ နားလည်လွယ်ကူအောင် အသင်အပြကောင်းစွာဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်

👥 လူနည်းစုဖြင့် သင်ကြားပေးသောကြောင့် တစ်ဦးချင်းစီကို အနီးကပ်ဂရုစိုက်သင်ကြားပေးနိုင်ပါသည်။

📍 အတန်းတစ်ခုချင်းစီမှာ သင်တန်းသားဦးရေ (၇)ဦးသာကန့်သတ်ထားတာကြောင့် လူပြည့်မြန်တတ်ပါတယ်။ ဒါကြောင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်

လိပ်စာ
📍တိုက် 1/ အမှတ် 13 တတိယထပ်၊ ကန်လမ်းဘူတာရုံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်

📩 ဆက်သွယ်ရန်
ဖုန်း - 09260771793
Page Messenger မှလည်း ဆက်သွယ်နိုင်ပါသည်။

#ဂျပန်စာသင်တန်းကျောင်း

07/05/2026

ဟိတ် ဂျပန်စာလေ့လာနေတဲ့သူတွေရော🌸
စာရပြီးသားသူရော ဂျပန်စာလုပ်တုန်းမှာ ဘယ်ဟာကများအခက်ခဲဆုံးဖြစ်ခဲ့လဲ ဖြေခဲ့ပေးကြပါဦးနော်🌟🌟

သင်တန်းစုံစမ်းလိုပါက Page Messenger (သို့)
☎️ 09-260 771 793 သို့ဆက်သွယ်စုံစမ်းနိုင်ပါပြီ

#အခြေခံစကားလုံးများ

05/05/2026

HJC Star လေးတို့ရေ🌟

အဖြေမှန်ကဘာလဲဆိုတာကူစဉ်းစားပေးကြပါဦး ဆရာကြီးတွေအတွက်ကတော့ လွယ်လွယ်လေးနော်🤭

#ဂျပန်စာသင်တန်းကျောင်း

Photos from HJC Japanese Language Center's post 03/05/2026

ဒီညတော့ မင်မင်တို့ TikTok မှာပေါက်ခဲ့တဲ့ စာသားလေးတွေကို တင်ပေးမယ်နော် ဖတ်နေရင်းတော့ မငိုကြေး🤭

သင်တန်းစုံစမ်းလိုပါက Page Messenger (သို့)
☎️ 09-260 771 793 သို့ဆက်သွယ်စုံစမ်းနိုင်ပါပြီ

#အခြေခံစကားလုံးများ

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Build No. 103, First Floor, Hledan Road
Kamayut
11041

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00