Yuuki-勇気 Japanese Language Center

Yuuki-勇気 Japanese Language Center

Share

A good education is a foundation for a better future ✨

06/11/2024

Hi Everyone!!! 👋🏻

Yuuki သင်တန်းရဲ့ Su sensei 日本 ရောက်နေလို့
ခုလက်ရှိအတန်းသစ်လေးတွေ လက်မခံဖြစ်တာ
sry ပါနော် 🙏🏻

ရုံးအလုပ်တစ်ဖက်နဲ့မို့ page လဲ သိပ် မ run နိုင်ဖြစ်နေတာရော N3 grammar မတင်အားဖြစ်နေတာရော
လာတောင်းပန်တာပါ 🥹

အကောင်းဆုံးတွေနဲ့အတူ အမြန်ဆုံးပြန်လာခဲ့ပါမယ်နော် 🫶🏻

ခုလက်ရှိထိတင်ထားတဲ့ N3 shinkanzen grammar
ကြည့်ရန် 👇🏼

https://www.facebook.com/61555931308681/posts/122186425838197710/?



26/10/2024

N3 shinkanzen grammar အခန်း 22 ခန်းလုံးကို
တင်ပေးသွားပါမယ် ( ongoing ) ✨

◉ Day 1

https://fb.watch/vsDOcMQFtf/?

◉ Day 2

https://fb.watch/vsDQ0Wdq1D/?

◉ Day 3

https://fb.watch/vsDV6AQBsk/?

◉ Day 4

https://fb.watch/vsDWxz0icy/?

◉ Day 5

https://fb.watch/vsDYXmrgaO/?

◉ Day 6

https://fb.watch/vsD_wH5tCT/?

◉ Day 7

https://fb.watch/vsD-PpxPjH/?

◉ Day 8

https://fb.watch/vsE1dYK8I3/?

◉ Day 9

https://fb.watch/vsE2AZBQ7o/?

နောက်ကျန်တဲ့အခန်းတွေ တင်ပေးဦးမှာမို့ post လေးကို
shared ပေးထားပါဦးရှင့် 🧏🏼‍♀️


26/10/2024

N3 shinkanzen grammar day 9 🎃

23/10/2024

ひらがな、カタカナ လေးကို အဲ့လိုကြီးရေးစရာ
လိုလို့လား လိုလို့လားလို့ 😭



Photos from Yuuki-勇気 Japanese Language Center 's post 22/10/2024

ခုလိုနေပူလိုက် မိုးရွာလိုက်မှာ ဖြစ်တတ်တဲ့
သိထားသင့်တဲ့စကားလုံးလေးတွေ လိုက်မှတ်ကြည့်ရအောင်နော် 🧏🏼‍♀️


Photos from Yuuki-勇気 Japanese Language Center 's post 17/10/2024

ကံထူးရှင်လေးတွေ ထွက်လာပါပြီ 🥳

Comment မှာ မဲဖောက်ပေးတဲ့ video လေး
တင်ပေးထားမှာမို့ ကြည့်လို့ရပါတယ်ရှင့် 🫶🏻
( ဆရာမ effect များနေတာတော့ ခွင့်လွှတ်ပေး ) 🥹

ကံစမ်းမဲပေါက်သူလေးတွေ page cb မှာ မုန့်ဖိုးလာယူပေးပါနော် 😘

December JLPT အတွက် အနီးကပ်အတန်းလေးတွေ
ဖွင့်ထားတာမို့ လာရောက်စုံစမ်းနိုင်ပါတယ်ရှင့် ❣️

ဒီနေ့သီတင်းကျွတ်မှစ၍ ဖြေဆိုသမျှစာမေးပွဲတွေ အောင်မြင်ပြီး ဘဝအခက်အခဲတိုင်းကိုလဲ ကျော်ဖြတ်နိုင်စေဖို့ Yuuki မှ ဆုတောင်းပေးလိုက်ပါတယ် 🫶🏻

16/10/2024

၅သောင်းဖိုး မဲဖောက်ပေးမှာမို့ သီတင်းကျွတ်မုန့်ဖိုး
ယူကြမယ် 🥳

Yuukies လေးတို့အတွက် မေတ္တာလက်ဆောင်အပျော်
၁သောင်း ၃ယောက် ၅ထောင် ၄ယောက် မဲဖောက်ပေးသွားပါမယ်ရှင် 🫶🏻

◽️page ကို like & follow ပြီး ဒီ post လေးကို public နဲ့ ကိုယ့် timeline ထဲ share ပေးပါ။
( gp တွေထဲ share စရာမလိုပါ )

◽️public နဲ့ share ထားတဲ့ screenshot ကို ဒီ post အောက်မှာ မုန့်ဖိုး လို့ရေးပြီး မန့်ပေးပါနော်။

ဒါလေးပါပဲ။ မနက်ဖြန် နေ့ခင်း ၃နာရီမှာပိတ်မှာဖြစ်ပြီး ည ၈နာရီမှာ မဲဖောက်ပေးသွားပါမယ်ရှင့်။

နည်းတယ် များတယ် သဘောမထားပဲ အားလုံးပဲ ပါဝင်ဆင်နွှဲပေးကြပါနော်။ 🫶🏻

သီတင်းကျွတ်အချိန်အခါသမယမှာ အန္တရာယ်ကင်းကင်းနဲ့ အားလုံးပဲပျော်ရွှင်စွာဖြတ်သန်းနိုင်စေဖို့
Yuuki သင်တန်းကျောင်းမှ ဆုတောင်းပေးလိုက်ပါတယ်
ရှင့် 🫶🏻❤️

15/10/2024

Dec JLPT အမှီ old question အတန်းလေး
လာအပ်လို့ရပြီနော် 🥳

By one class, 3ယောက်တန်း , 5ယောက်တန်း ကြိုက်ရာရွေးချယ်တက်လို့ရပါပြီ 🫶🏻

သူငယ်ချင်း ၃ယောက်အတူလာအပ်ရင် 10% discount ရှိပါမယ် စောစောစီးစီးလာအပ်ထားရင် အချိန်ရွေးလို့ရတဲ့အတွက် ကြိုတင်သတင်းကောင်းလာပေးတာပါ 🙆‍♀️

ပုံလေးကတော့ လက်ရှိ by one N3 old q အတန်းလေးပါ

အသေးစိတ်ကို messenger မှာ မေးမြန်းလို့ရသလို 09-783491701 သို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင့် 🫶🏻



13/10/2024

စူပါဆန်ဒေးမှာ စာလုပ်ကြမယ်
N3 shinkanzen grammar day 8 🫧

11/10/2024

Crush မှ အရင် စကားစလာပြောသောအခါ
မိမိ ; reply မလာမချင်း ပို့နေမှာ ☹️



09/10/2024

Yuukies လေးတို့ でも ဘယ်နှမျိုးလောက်သိကြလဲ ??

ဒီစကားလုံးလေးက N5 beginner level မှာထဲက
ရင်းနှီးပြီးသားပါ။ ကဲ ဒါဆို စလိုက်ကြစို့နော်။

でも သုံးပုံသုံးနည်း ( 3 ) မျိုးရှိပါတယ်။

①でも ~ But / ဒါပေမဲ့
ပထမစာကြောင်းရဲ့ အဆုံးမှာရှိပြီး ဒုတိယစာကြောင်းရဲ့ အစမှာရှိတတ်ပါတယ်။

Eg ; よくねた。でも まだねむい。
ကောင်းစွာအိပ်ခဲ့တယ် ဒါပေမဲ့ အိပ်ချင်နေတုန်းပဲ။

②でも ~ ဖြစ်ဖြစ်
အကြောင်းအရာတစ်ခုကို options ထားပြီး ဥပမာပေးပြောတဲ့အခါ သုံးပါတယ်။ Noun နဲ့ပဲ တွဲသုံးပါတယ်။

Eg ; あした コーヒーでも いっしょに どうですか?
မနက်ဖြန် ကော်ဖီဖြစ်ဖြစ် အတူတူဆိုရင်ဘယ်လိုလဲ။

အဲ့ဥပမာစာကြောင်းမှာဆိုရင် ကော်ဖီကို options တစ်ခုအနေနဲ့ရွေးချယ်ထားပြီး ဥပမာပေးပြောထားတာဖြစ်ပါတယ်။ ကော်ဖီလဲဖြစ်ချင်ဖြစ်မယ် လက်ဖက်ရည် / juice /
တခြားသော အရည်တစ်မျိုးမျိုးလဲဖြစ်နိုင်ပါတယ်။

③ でも ~ Even / တောင်မှ
အကြောင်းအရာတစ်ခုကို အလွန်အမင်း ဥပမာပေးပြီးပြောတဲ့အခါ သုံးပါတယ်။ Noun + でも

Eg ; そんなことは 子どもでも しっている。
အဲ့ကိစ္စလောက်တော့ ကလေးတောင်မှ သိတယ်။

အဲ့ဥပမာစာကြာင်းမှာဆိုရင် ကိစ္စတစ်ခု ဘယ်လောက်လွယ်ကူကြောင်းကို အလွန်အမင်း ဥပမာပေးပြီး ဒီလောက်လွယ်တာ ကလေးတောင်မှသိတယ် ဆိုပြီး ပြောထားခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆို でも ကို ကွဲကွဲပြားပြား သိလောက်ပြီ
ထင်ပါတယ်နော်။ ဂျပန်စာကမခက်ပါဘူး သေချာနားလည်အောင် မသင်ရသေးလို့ပါ 🫣


#でも

05/10/2024

နော် စာမေးပွဲဖြေချင်နေပါပြီဆို 🤪


Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Thiri Kan Thar Street
Kamayut