Noble Academy - Language School

Noble Academy - Language School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Noble Academy - Language School, Language school, Junction Square, Kamayut.

28/05/2026

🌙 𝗘𝗶𝗱 𝗠𝘂𝗯𝗮𝗿𝗮𝗸✨𝗪𝗮𝗿𝗺 𝗪𝗶𝘀𝗵𝗲𝘀 𝗳𝗿𝗼𝗺 𝗡𝗟𝗛

ယနေ့ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် Eid Day အခါသမယတွင် Noble Learning Hub (NLH) မှ ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံး ဘေးအန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပြီး သာယာချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယခုနေ့ရက်မှစ၍ မိသားစုတိုင်းတွင် စိတ်အေးချမ်းသာယာခြင်း၊ ဘဝခရီးလမ်းတွင် အဆင်ပြေချောမွေ့ခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

24/05/2026

📢ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း✨

မေလ (၂၈) ရက်နေ့သည် အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့ဖြစ်သောကြောင့်
Noble Learning Hub (NLH) ၏ သင်တန်းများနှင့် ရုံးလုပ်ငန်းများကို (၁) ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သင်တန်းများနှင့် ရုံးလုပ်ငန်းများကို မေလ (၂၉) ရက်နေ့ တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

ကျောင်းသား/သူများနှင့် ဝန်ထမ်းများအားလုံး သာယာတဲ့ပိတ်ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

With Warm Regards,
Noble Learning Hub

10/05/2026

𝗛𝗮𝗽𝗽𝘆 𝗠𝗼𝘁𝗵𝗲𝗿’𝘀 𝗗𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝘁𝗵𝗲 𝗮𝗺𝗮𝘇𝗶𝗻𝗴 𝗺𝗼𝗺𝘀 𝗼𝘂𝘁 𝘁𝗵𝗲𝗿𝗲!💐

ကျွန်တော်တို့ Noble Learning Hub ရဲ့ ကျောင်းသား/ကျောင်းသူတွေ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ နောက်ကွယ်ကနေ အားပေးပံ့ပိုးပေးနေတာကတော့ "မေမေ" တို့ပဲဖြစ်ပါတယ်။

ပညာရေးခရီးလမ်းမှာ မောပန်းတဲ့အခါတိုင်း မေမေတို့ရဲ့ အပြုံးက ခွန်အားအဖြစ်ဆုံးပါပဲ။

ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ မိခင်တိုင်း ကျန်းမာချမ်းသာပြီး ပျော်ရွှင်ပါစေကြောင်း Noble Learning Hub မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ ✨

30/04/2026

Happy International Labour Day!🍀

ယနေ့ကျရောက်သော မေလ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) အခါသမယတွင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

နိုင်ငံနှင့် လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းထမ်းဆောင်နေကြသော အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များအားလုံး၏ ကြိုးစားအားထုတ်မှုတိုင်းသည် တန်ဖိုးမဖြတ်နိုင်သော ခွန်အားများပင် ဖြစ်ပါသည်။

ယနေ့တွင်ကျရောက်သော အလုပ်သမားနေ့မှစ၍ အားလုံးပဲ ဘေးဘယာဝေးကွာပြီး လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့ကာ အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Noble Learning Hub Language School မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။ 🙏🍀

30/04/2026

🌿 မင်္ဂလာရှိသော ကဆုန်လပြည့် ဗုဒ္ဓနေ့အခါသမယ ဖြစ်ပါစေ🙏🍀

မြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတည်းဟူသော ထူးခြားသည့် သံဝေဂလေးဌာန ကြုံကြိုက်သည့် နေ့မြတ်အခါသမယဖြစ်ပါသည်။

ဤနေ့ထူးနေ့မြတ်တွင် မြန်မာ့ရိုးရာအစဉ်အလာအတိုင်း မဟာဗောဓိညောင်ပင်အား ကြည်လင်အေးမြသော ရေစင်များဖြင့် သွန်းလောင်းပူဇော်ရင်း မြန်မာပြည်သူပြည်သားအားလုံးနှင့် ကျွန်တော်တို့၏ Noble Learning Hub (NLH) / Language School ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🍀

အေးမြသော ကဆုန်လပြည့်ညမှာ ကိုယ်စီမိသားစုနှင့်အတူ အေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေ။ 🍀

Hub

22/04/2026

📢 ကျောင်းပိတ်ရက် အသိပေး ကြေညာခြင်း

𝗡𝗼𝗯𝗹𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 (𝗡𝗟𝗛) ရှိ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ

လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက် (ကြာသပတေးနေ့) တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့ နှင့် မေလ (၁) ရက် (သောကြာနေ့) တွင် ကျရောက်မည့် အလုပ်သမားနေ့ အားလပ်ရက်များဖြစ်သောကြောင့် 𝗡𝗟𝗛 ရဲ့ 𝗖𝗮𝗺𝗽𝘂𝘀 များရှိ ရုံးခန်းများနှင့် စာသင်ခန်းများအားလုံးကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။

📌 ကျောင်းပိတ်ရက်အတွင်း သိရှိလိုသည်များရှိပါက ကျောင်း၏ 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားနိုင်ပါသည်။

✅အောက်ပါဖုန်းနံပါတ်များမှလည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

☎️ 09-260 300 740 , 09-448 066 66

13/04/2026

မဟာသင်္ကြန်ပွဲတော်ကြီးမှသည် မြန်မာနှစ်သစ်ကူးသို့ ကူးပြောင်းမည့် အခါသမယတွင် ကျွန်တော်တို့ Noble Learning Hub (NLH) / Language School မိသားစုမှ ကျောင်းသား၊ ကျောင်းသူ (Noblers) လေးများ၊ ဆရာ၊ ဆရာမများနှင့်တကွ မိဘပြည်သူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏💦

နှစ်ဟောင်းမှအညစ်အကြေးများကို အေးမြလှတဲ့ သင်္ကြန်ရေစင်နဲ့အတူ ဆေးကြောသန့်စင်ပြီး နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေခင်ဗျာ။ 🍀

ကျရောက်လာမယ့် မြန်မာနှစ်သစ် (၁၃၈၈) ခုနှစ်မှာ Noblers လေးတို့ရဲ့ အနာဂတ်ရည်မှန်းချက် ပန်းတိုင်သစ်တွေကို အောင်မြင်စွာလှမ်းကိုင်နိုင်ပြီး၊ နိုင်ငံတကာပညာရေးခရီးလမ်း (Global Pathway) တစ်လျှောက် အောင်မြင်မှုမှတ်တိုင်သစ်များကို ယုံကြည်မှုရှိရှိစိုက်ထူနိုင်ကြပါစေလို့ လှိုက်လှဲစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🎓📚

အားလုံးပဲ ဘေးကင်းပျော်ရွှင်စရာသင်္ကြန်အခါသမယလေး ဖြစ်ပါစေ ✨

07/04/2026

📣 မြန်မာ့ရိုးရာမဟာသင်္ကြန်ရုံးပိတ်ရက် အသိပေးကြေညာချက် 💦

ချစ်ခင်လေးစားရပါသော မိဘပြည်သူများနှင့်တကွ ကျောင်းသား၊ ကျောင်းသူ (Noblers) လေးများအားလုံး မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း Noble Learning Hub / Noble Academy Language School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Noble Learning Hub / Noble Academy Language School ၏ Junction Square Campus နှင့် Kandawgyi Campus အပါအဝင် ကျောင်းနှင့် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို အောက်ပါရက်များတွင် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် -

ပိတ်ရက်ကာလ: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ မှ ဧပြီလ (၂၁) ရက်နေ့အထိ

ပြန်လည်ဖွင့်လှစ်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂) ရက် (ဗုဒ္ဓဟူးနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အားလုံးပဲ မိသားစု၊ ချစ်ခင်ရသူများနဲ့အတူ ဘေးကင်းပျော်ရွှင်စရာ သင်္ကြန်ရုံးပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🍀✨

---------------------------

အတန်းသစ်များ ဖွင့်လှစ်ခြင်း၊ သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက -

09-260 300 740, 09-448 066 660 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ။

📌 Email - [email protected]

📌 ကျောင်းသို့ လာရောက်စုံစမ်းလိုပါက (ဧပြီလ ၂၂ ရက်နေ့မှ စ၍) -

Junction Square Campus : No. 01-47(A), 02-47(B), Junction Square, Kyun Taw Street, Kamaryut Tsp, Yangon, Myanmar
Ph - 09-260300740, 09-260300760, 09-756984498

NLH Kandawgyi Campus : Building Y-10, Upper Pansodan Road, Kandawgyi Housing/ Kandawgyi Yeikmon Complex, Kandawlay (North) Ward, Mingalar Taung Nyint Township, Yangon, Myanmar
☎️ 09-448066660, 09-754534467


25/03/2026

📣 𝗡𝗼𝗯𝗹𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 (𝗡𝗟𝗛) ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း (Armed Forces Day Holiday Notice)

𝗡𝗼𝗯𝗹𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 ၏ ကျောင်းသားမိဘများနှင့် Noblers လေးများခင်ဗျာ

လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇) ရက် (သောကြာနေ့) သည် (၈၁) ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အစိုးရရုံးပိတ်ရက်ဖြစ်ပါသဖြင့် ကျွန်တော်တို့ 𝗡𝗼𝗯𝗹𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗛𝘂𝗯 / Noble Academy Language School ၏ Junction Square နှင့် Kandawgyi Campus (၂) ခုလုံးရှိ ရုံးခန်းများနှင့် စာသင်ခန်းများအားလုံးကို တစ်ရက်တာခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

📌 ကျောင်းပိတ်ရက်အတွင်း ကျောင်းသားမိဘများနှင့် ကျောင်းသားလူငယ်များအနေဖြင့် သိရှိလိုသည်များရှိပါက ကျောင်း၏ 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားနိုင်ပါသည်။

ကျောင်းသား၊ ကျောင်းသူလေးများအားလုံး ကျောင်းပိတ်ရက်မှာ စိတ်အပန်းပြေပျော်ရွှင်ကြပါစေလို့ ကျွန်တော်တို့ Noble Education မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ 🙏🏻✨


Photos from Noble Academy - Language School's post 02/03/2026

🌕 တပေါင်းလပြည့်နေ့နှင့် တောင်သူလယ်သမားနေ့ (𝗣𝗲𝗮𝘀𝗮𝗻𝘁𝘀' 𝗗𝗮𝘆) အထူးဆုမွန်ကောင်း 🌾

🍃လေညင်းအေးလေးတွေ တိုက်ခတ်နေတဲ့ တပေါင်းလပြည့်နေ့လေးမှာ ချစ်ရတဲ့ 𝗡𝗼𝗯𝗹𝗲𝗿𝘀 လေးတို့ မိသားစုနဲ့အတူ အမှတ်တရတွေ ဖန်တီးရင်း ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေနော်။

မြတ်ဗုဒ္ဓရဲ့ နွေးထွေးတဲ့ မေတ္တာရိပ်အောက်မှာ မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့တဲ့ "ပြည်တော်ဝင်အခါတော်နေ့" လေးဖြစ်လို့ 𝗡𝗼𝗯𝗹𝗲𝗿𝘀 လေးတို့လည်း မိသားစုနဲ့အတူ ကုသိုလ်တွေယူရင်း ကြည်နူးစရာနေ့လေး ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။

ချစ်စဖွယ် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ " သဲပုံစေတီလေး" တွေ တည်ပြီး ဆုတောင်းခဲ့ကြသလိုပဲ သားတို့ သမီးတို့ရဲ့ အိပ်မက်တွေလည်း တစ်နေ့မှာ တောက်ပစွာနဲ့ အကောင်အထည်ပေါ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ✨

တပေါင်းလပြည့်နေ့နှင့်အတူ ကျရောက်သော "တောင်သူလယ်သမားနေ့" တွင်လည်း နိုင်ငံတော်၏ ကျေးဇူးရှင်များဖြစ်ကြသော တောင်သူဦးကြီးများ ပင်ပန်းဆင်းရဲမှုများ ကင်းစင်ကာ သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် ပေးဆပ်မှုများကို လေးစားဂုဏ်ပြုအပ်ပါကြောင်း 𝗡𝗟𝗛 မှ လှိုက်လှဲစွာ ဂုဏ်ပြုဆုမွန်‌ကောင်း‌တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨🌾

လောကကြီးကို အလှဆင်ပေးနေတဲ့ တောင်သူဦးကြီးတွေရော၊ တို့ရဲ့ 𝗡𝗼𝗯𝗹𝗲𝗿𝘀 လေးတွေနှင့် မိဘပြည်သူများပါမကျန် အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ 🌾🌕

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Junction Square
Kamayut