Practising High School, Kamayut - TTC Yangon

Practising High School, Kamayut - TTC Yangon

Share

ကျန်းမာရွင်လန်းပါစေ

19/06/2026

မုန့်စားကျောင်းဆောင် အသစ်ကြီးအား အများမြင်အောင်ပြသပြီးဖြစ်ပါသဖြင့် ၂၂.၆.၂၀၂၆ မှစတင်ကာ ပိတောက်ပင်ဂိတ်/ ဂိတ် (၂) အစား မူလအတိုင်းသရက်ပင်ဂိတ်/ဂိတ်(၁) မှပြောင်းကြိုရပါမည်

📌 အိမ်ကားသမားများအတွက်သာ

28/05/2026

ယခုနှစ်ကျောင်းထွက်ကြတဲ့ ကျောင်းသားဦးရေ တိုးလာပါတယ်။

အခန်းတွေကိုလည်း တစ်တန်းကို တစ်ခန်းစီ ဖြုတ်ပစ်လိုက်ပြီး အခန်းပေါင်းထားပါတယ်။

🤌 စုံ/မ စနစ်နဲ့
💸 ကျောင်းကားခတွေ ဈေးကြီးလာတာကလည်း ကျောင်းထွက်ကြရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ် 😒

24/05/2026

မနက်ဖြန်ဆို ကျောင်းစတင်အပ်ရပါတော့မယ်။

တချို့မိဘတွေက မနှစ်က သင်ခဲ့ဖူးတဲ့ ဆရာမနဲ့ ပြန်‌တွေ့မှာကိုတွေးပူနေရတဲ့ မိဘများရှိသလို တချို့မိဘတွေကတော့ အရင်နှစ်က ဆရာမနဲ့ ပြန်ဆုံပါရစေလို့ဆုတောင်းနေတဲ့ မိဘတွေလည်းရှိကြပါတယ်။

ဒီနေရာမှာ တစ်ခုမေးလိုတာက ဆရာမတို့ ကိုယ်တိုင်ရော ဘယ်လိုဆရာမမျိုး မိမိကိုယ်ကို ဖြစ်စေလိုပါသလဲ။

ဆရာဖြစ်ပါလျှက် သင်ကြားရေးကို စိတ်မဝင်စားသော၊ သမားဂုဏ်မထိုက်သော၊ ကျူရှင်လခယူထားပါလျှက် တာဝန်မကျေသော ဆရာမျိုးဆိုလျှင်တော့ မိဘများရော၊ ကလေးများကပါ ဝေးဝေးရှောင်ချင်ကြမှာသေခြာပါတယ်။

အဲ့လိုဆရာမမျိုးတွေနဲ့ ရင်ခွင်ပိုက်အတန်းတက်ရခြင်းကတော့ ကလေးငယ်များအတွက် နှစ်စဉ်မပြတ် ကံဆိုးခြင်း တစ်မျိုးပဲဖြစ်ပါတယ်။

ယခုပညာသင်နှစ်တွင် မည်သို့စီစဉ်နေရာချထားသည်၊ အတန်းမှူးမည်သူလုပ်ကြမည်ကို မသိရသေးသော်လည်း 2024-2025 ပညာသင်နှစ် (Grade-1)/ 2025-2026 ပညာသင်နှစ် (Grade-2) ကို တာဝန်ယူခဲ့သော ဆရာမများကိုတော့ Grade - 3 အထိလိုက်လံအတန်းတက်လာမည်ကို မိဘအများစု မလိုလားကြပါဟု သိရပါသည်။

အကြောင်းမှာ ကလေးများ၏ တစ်ဘဝစာ အခြေခံကောင်းဖို့အတွက် အဆိုပါ Grade 1/2 အတန်းများသည် အစပထမဖြစ်သော်ငြား ထို ထို ဆရာမ အချို့တို့သည် အတန်းတွင်း စာမသင်ကြပါ။

ကျူရှင်ထားလျှင် စာသင်မည်ထင်၍ ကျူရှင်ထားပါသော်လည်း ကျူရှင်တွင်လည်း စာမသင်ပါ။ အနားနီးမှ A4 စာရွက် ပေးပါသည်။ မိတ္တူကူးရန် မိတ္တူဖိုးပင် ထပ်တောင်းလိုက်ပါသေး၏။ အံ့ဩကုန်နိုင်ဖွယ်ပါတကား။

ဆရာမများ သင်တန်းသွားတက်ရ၍ တစ်လလုံးလုံးကျောင်းသို့မလာနိုင်သော လများအတွက်၎င်း၊ တစ်လလုံးမှ သုံးရက်လောက်သာ တက်ရသော October လို လများအတွက်၎င်း ကျူရှင်လခပုံမှန်တောင်းခံလေ့ရှိပါသော်လည်း စာသင်ချိန်တွင်ရော၊ ကျောင်းတွင်းကျူရှင်ချိန်တွင်ပါ ပျောက်ချင်းမလှ ပျောက် ပျောက်သွားတတ်သော ဆရာမများနှင့် ယခုပညာသင်နှစ်တွင်လည်း ပြန်လည်မစုံတွေ့ကြစေဖို့ ကျောင်းသားမိဘများ လိုလားတောင်းတလျှက်ရှိပါကြောင်.........

18/05/2026

နယ်ကျော်၍ ကျောင်းအပ်လိုကြသည့်မိဘများအနေဖြင့် ကျောင်းအုပ်ကြီး၏ ဘဏ္ဏာငွေရှာဖွေရေး ဆရာမများနှင့်သာ ဆက်သွယ်စုံစမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

18/05/2026

25.5.2026 မှစတင်ပြီး ကျောင်းစတင်အပ်လို့ရပါပြီရှင်။

19/11/2025

20.11.25 ရက်နေ့တွင် ပညာရေးဌာန တာဝန်ရှိသူများ ကျောင်းသို့လာရောက်စစ်ဆေးနိုင်ချေရှိပါသဖြင့် ကပြဖျော်ဖြေရန် ဒုက္ခခံ၍ နေပူမရှောင် မိုးရွာမရှောင် လေ့ကျင့်နေရသော ကျောင်းသူကျောင်းသားများမှ အပ ကျန်ကျောင်းသားကျောင်းသူများ ကျောင်းသို့မလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

22.11.25 တွင်လည်း ကျောင်းဆုပေးပွဲရှိပါသဖြင့် 21.11.25 တွင်လည်း စာကောင်းကောင်းမသင်နိုင်မည်မဟုတ်ပါ။ ဖြစ်နိုင်လျှင် 24.11.25 (Monday) မှ သာကျောင်းသို့ပို့ပေးလျှင် အကောင်းဆုံးဖြစ်ပါသည်။

မသိ၍ ကျောင်းသို့လာသော ကလေးများကိုလည်း အခန်းတစ်ခန်းတွင်စုပေါင်း၍ မဖြစ်မနေ ထားရမည်ဖြစ်ပါသည်။

Source : ဖြူမဲညီနောင်

01/06/2025

2024-2025 ပညာသင်နှစ်အတွင်း T.T.C ကျောင်းသားအချို့ ကျူရှင်မတက်သဖြင့် ခွဲခြားဆက်ဆံခဲ့ရပါကြောင်း

ကျောင်းဆိုတာ ကလေးတွရဲ့ ဒုတိယအိမ်ဖြစ်ပါတယ်။
ဆရာ၊ ဆရာမ များအနေနဲ့ မိဘကဲ့သို့ သဘောမထားနိုင်စေကာမူ ဆရာကျင့်ဝတ်နဲ့အညီ ပြုမူဆက်ဆံသင့်ပါတယ်။ သို့မှသာ ကလေးများဟာ လုံခြုံတယ်လို့ခံစားရပြီး ကျောင်းသွားရတာ၊ စာသင်ရတာကို ပျော်လာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအဝှန်းတွင် ကျောင်းအများအပြားရှိသည်ဖြစ်ရာ အခြားကျောင်းများတွင် မည်သို့မည်ပုံဖြစ် နေသည်ကို မသိရပေမယ့် ကျမတို့၏ ကလေးများတက်ရာက်သင်ယူနေသော ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ်) တွင် ဆရာကျင့်ဝတ်နှင့် မညီသော အချို့ဆရာမများကြာင့် ကလေးများနှိမ်ချခွဲခြားဆက်ဆံခံ နေရသည်ဟု သိရပါတယ်။

ကျောင်းအုပ်ကြီး ဒေါ်ကေသွယ်ဦး အနေဖြင့် ဆရာ၊ ဆရာမများကို ကျောင်းဝန်းအတွင်း၌ပင် (အချိန်ပို) အမည်ဖြင့် ကျူရှင်သင်ခွင့်ပြုထားပါတယ်။‌ သူကိုယ်တိုင် ကော်မရှင် ရ/မရ တော့မသိရသေးပါ။

ကျူရှင်ကို ကျောင်းဆင်းပြီးနောက် ကျောင်းခန်းအတွင်း၌ပင် ဆက်လက်တက်ရောက်ကြရပါတယ်။
အချိန်ပိုသင်ကြားချိန် 45 မိနစ်မျှသောအချိန်ဖြင့် မထိရောက်မှန်းသိကြပါ‌သော်လည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မိဘများက အချိန်ပိုထားကြရပါတယ်။ အချိန်ပို ကျူရှင်လခကလည်းမသေးလှ။ သိန်းဂဏန်းဖြစ်ပါတယ်။ Private ကျောင်းတစ် ကျောင်း၏လစာနှင့် ညီမျှနေပါတယ်။

အများအားဖြင့် မိမိကလေးအား အတန်းပိုင်ဆရာမ၏ အငြူစူမခံရရေးအတွက် ထားကြရခြင်းဖြစ်ပြီးအတန်းမှူးအခန်းတွင်မှ ကျူရှင်ထားချင်ကြသော၊ အတန်းပိုင်ကျူရှင်မှ တက်ချင်ကြသော မရောင်ရာဆီလူးသည့် မိဘတချို့တလေတော့ရှိတတ်ပါတယ်။ မယောင်ရာဆီလူးသူများဟာ အများအားဖြင့် မိဘဆရာအဖွဲ့ဝင်များဖြစ်တတ်ပါတယ်။

ထိုသို့ ကျောင်းဝန်းအတွင်း၌ပင် ကျူရှင်သင်ခွင့်ပြုထားသဖြင့် ဆရာ၊ ဆရာမများ အနေဖြင့် အပိုဝင်ငွေရရှိရေးအတွက် လုံးပန်းကြတော့တယ်။ ဒီနေရာတွင် အစိုးရလစာ တစ်ခုထဲဖြင့်ရပ်တည်ရန် ခက်ခဲသည်ကို နားလည်ပါတယ်။ ရှာလည်း ရှာသင့်ပါတယ်။ သို့သော်ဘောင်မကျော်သင့်ပါ။

မိမိကျူရှင် လူရရေးအတွက် အတန်းမှူးဖြစ်ရန်၊ အတန်းပိုင်ဖြစ်ရန် ကြိုးစားရပါတော့တယ်။ ကျောင်းအုပ်ကြီးထံ လက်ဆောင်ပဏ္ဏာဆပ်ရသည်။ အတန်းမှူးဖြစ်လိုလျှင် တစ်ဈေး၊ အတန်းပိုင်ဖြစ်လိုလျှင်တစ်ဈေး၊ ကျူရှင်တက် သော ကျောင်းသားများသည့် အတန်းကို ပြောင်းလိုပါက တစ်‌ဈေးဖြစ်ပါတယ်။ ကျောင်းမဖွင့်ခင်ထဲက ဆရာ၊ ဆရာမများ အရင်းအနှီးစိုက်ထုတ်ထားရပြီဖြစ်ပါသည်။
စာသင်နှစ်စလျှင် ကျူရှင်တက်ရန် ဆွယ်ရသည်။ အခြားအခန်းတွင် ကျူရှင်တက်နေသော ကလေးများကို ကြိုတင်ထောက်လှန်းထားရသည်။ သို့မှသာ နောက်နှစ်များအတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျူရှင်တက်သောကျောင်းသားများသည့်အခန်းကို ဆရာမကြီး၏ အကူအညီဖြင့် ရနိုင်မည်ဖြစ်သည်။

ထိုသို့ အတ္တဟိတ ဦးစားပေးလာသောအချိန်တွင် အကြောင်းကြောင့် (အချိန်ပို) ကျူရှင်မထားသူများ၊ မထားနိုင်သာ ကလေးများမှာ အချို့သော ကျင့်ဝတ်မဲ့သည့် ဆရာမများ၏ ခွဲခြားဆက်ဆံခြင်းကိုခံရတော့သည်။

လက်ရေးမလှ၍၊ စာမပြီး၍ စသည်ဖြင့် ကျောင်းဆင်းပြီးချိန်တွင် ပေးမပြန်ပဲခါ်ထားခြင်း၊ စာအုပ်များလွှင့်ပစ်ခြင်း၊ အပြစ်ပေးခြင်း တို့ကို ကြိုကြား ကြိုကြား ပြုလုပ်တတ်သည်။ ဘယ်လို လုပ်လုပ်ကျူရှင်မထားပါက ကလေးကို ဆရာမက ဒံပေါက်ကြိုက်တတ်သည်၊ ကြက်ကြော်ကြိုက်တတ်သည် စသည်ဖြင့် သင်ပေးပြီး တံစိုးလက်ဆောင်ယူပြန်သည်။

ထိုသို့ အခြေအနေတွင် မိဘက အထာနပ်လျှင် ကလေးအဆင်ပြေပြီး မိဘက အထာမနပ် (အထူးသဖြင့် မိဘနှင့် အတူမနေရသော) ကလေးများတွင် စိတ်ဒဏ်ရာ အကြီးအကျယ်ရစေပါသည်။ 2024-2025 ပညာသင်နှစ် Primary အတန်းများတွင် တော်တော်အသံထွက်ခဲ့ပါသည်။

သို့သော် အတန်းနှင့် ဆရာမ အမည်များကို တော့ ချန်လှပ်ထားခဲ့ပါမည်။ 2025-2026 ပညာသင်နှစ်တွင်လည်း ထိုသို့ဆက်လက်ပြုမူမည်ဆိုပါက ကျောင်းသားများ၏ အကျိုးစီးပွားကိုကာကွယ်သောအားဖြင့်၊ ကျောင်းတွင်းအကြမ်းဖက်မှု၊ ခွဲခြာူဆက်ဆံမှုကို တားဆီး‌သောအားဖြင့် အမည်နှင့်တကွ ဖော်ပြသွားမှာဖြစ်ပါတယ်ရှင်။

27/05/2025

T.T.C (ကမာရွတ်) တွင် ပညာသင်နှစ် စတိုင်း CCTV တပ်ရန်အကြောင်းပြချက်ဖြင့် အလှူငွေ အကောက်ခံနေရကြောင်း၊ စေတနာရှိသလောက် ထည့်ဝင်၍လည်းမရကြောင်း၊ တောင်းခံသည့် ငွေမှာလည်း CCTV များ၏ ကာလပေါက်ဈေးထက် ပိုတင်ထားကြောင်း ကျောင်းသားမိဘတစ်ဦးမှ ရင်ဖွင့်ဆက်သွယ်လာပါသည်။

P.S ကျောင်းအပ်စဉ်ကထည့်သွင်းထားသော နေရပ်လိပ်စာနှင့် မိဘများ၏ အလုပ်အကိုင်ပေါ်မူတည်ရ အလှူငွေ ကောက်ခံရတဲ့ ပမာဏ မတူညီနိုင်ပါတဲ့ရှင်။

26/05/2025

ခဏ ခဏ Messenger ကနေ လာမေးနေကြတဲ့ မိဘတွေအတွက် KG ကျောင်းအပ်တာနဲ့ပတ်သက်ပြီး သိထားရတဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးပါ့မယ်။

မိမိကလေးကို T.T.C မှာကျောင်းထားချင်တယ် အကုန်အကျလည်းမခံချင်ဘူးဆိုရင် ကမာရွတ် (၉) ရပ်ကွက်မှာ ၆ လနှင့်အထက် နေထိုင်သူဖြစ်ဖို့လိုအပ်ပါတယ်။

ကမာရွတ် (၉) ရပ်ကွက်အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော အစိုးရ ဝန်ထမ်းများရဲ့ သားသမီးအရင်းအခြာများဆိုရပါတယ်။

သို့မဟုတ် KG ထားမယ့် ကလေးရဲ့ ညီအကိုမောင်နှမများက လက်ရှိ T.T.C မှာတက်ရောက်နေတယ်ဆိုရင်ရပါတယ်။

ကလေးက ကမာရွတ် (၉) ရပ်ကွက်ထဲမှာလည်း မနေဘူး၊ လက်ရှိတက်ရောက်နေတဲ့ ဆွေမျိုးသားချင်းလည်းမရှိဘူးဆိုရင်တော့ Attachment နဲ့အပ်နိုင်ဖို့အတွက် ကျောင်းအုပ်ဆရာမကြီးရဲ့ ခွင့်ပြုချက်လိုအပ်မှာပါ။

အကုန်အကျရှိနိုင်ပါတယ်။ မနှစ်က ပေါက်ဈေးအရဆိုရင် သိန်း (၅၀) နှင့်အထက်ကုန်ကျနိုင်ပါတယ်။

မှတ်ချက် ။ ။ ဝန်ဆောင်မှုမပေးပါ။ ကျောင်းအုပ်ကြီး (သို့မဟုတ််) ကျောင်းအုပ်ကြီးကိုယ်စား ဆောင်ရွက်ပေးသော လက်ရုံးဆရာမများဆီသာ တိုက်ရိုက်သွားဖို့ အကြံပြုပါသည်။

22/05/2025

မီးမီးတွေအတွက် TTC Uniform က တခြားကျောင်းတွေနဲ့ မတူပါဘူးနော်။

အခုမှ KG ထားမယ့်မိဘတွေဆို မှားဝယ်မိတတ်ကြလို့ပါ။

ကျောင်းအပ်ရင်းနဲ့ ကျောင်းရှေ့မှာဝယ်လို့ရသလို ဦးလေးကြီးတို့လို Uniform ဆိုင်တွေမှာလည်း TTC Uniform ဆိုပြီးမေးဝယ်လို့ရပါတယ်။


#ကျန်းမာရွှင်လန်းပါစေ

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Address


Pyay Road
Kamayut

Opening Hours

Monday 08:00 - 14:30
Tuesday 08:00 - 14:30
Wednesday 08:00 - 14:30
Thursday 08:00 - 14:30
Friday 08:00 - 14:30