Golden Future Hospitality Training Center

Golden Future Hospitality Training Center

Share

နိုင်ငံတကာအလုပ်ကိုင်များအတွက် သင်ကြားပေးနေသည့် ဟိုတယ်သင်တန်းကျောင်း

11/04/2026

ဘဝခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းနိုင်ပေမဲ့
အားမလျှော့ဘဲ……….
ကြိုးစားအားထုတ်နေသူအတွက်ကတော့
အောင်မြင်မှုပန်းတိုင်ဆိုတာ အမြဲရှိနေမှာပါ

10/04/2026

နှစ်သစ်မှာ အားလုံးနှင့်အတူ စိတ်သစ်လူသစ်နဲ့ ကြိုးစားနိုင်ဖို့ မိသားစုမှ ပြန်လည်ကြိုဆိုရင်း မင်္ဂလာပါလို့ နူတ်ခွန်းဆက်သလိုက်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသော သင်တန်းများကို နှစ်သစ်မှာ ပြန်လည်ဖွင့်လှစ်သွားမည့်အကြောင်း အသိပေးအပ်ပါတယ်ရှင်။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏🙏🙏

16/10/2024

🪷 #သီတင်းကျွတ်ဆုတောင်း🪷
ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🙏🙏

15/07/2024

Google Translate ရဲ့အစွမ်း🤭

Google Translate ကို အားကိုးသည့်မိတ်ဆွေများ သတိထားလို့ရအောင်နော်🤩

📸

13/07/2024

နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော Agency များမှ စင်္ကာပူ၊ ထိုင်း၊ UAE နှင့် Bulgaria နိုင်ငံ( Europe) စသည့် နိုင်ငံများရှိ Bar and Restaurants များ၊ အဆင့်မြင့် Hotel ကြီးများတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် interview များ အဆက်မပြတ် ခေါ်ယူပေးလျက်ရှိပါကြောင်း အသိပေးအပ်ပါတယ်ရှင့်🤗
……………………..

လိုအပ်တဲ့ သင်တန်းများကို အထူးပို့ချသင်ကြားပေးလျက်ရှိပြီး July တန်းခွဲသစ်ကို နောက်အပတ် 22.7.2024(တနင်္လာနေ့) တွင် ထပ်မံဖွင့်လှစ်ပါမည်။

အများဆုံးခေါ်ယူနေသည့် အလုပ်များပေါ်မူတည်၍ သင်ကြားပေးသည့်ဘာသာရပ်များမှာ-
📚𝐅𝐨𝐨𝐝 & 𝐁𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐨𝐮𝐫𝐬𝐞
📚𝐁𝐚𝐫𝐭𝐞𝐧𝐝𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞
📚𝐇𝐨𝐮𝐬𝐞𝐤𝐞𝐞𝐩𝐢𝐧𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞
📚𝐊𝐢𝐭𝐜𝐡𝐞𝐧 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞 များဖြစ်ပါတယ်။

သက်ဆိုင်ရာ ဘာသာရပ်အလိုက် 𝑬𝒏𝒈𝒍𝒊𝒔𝒉 ဘာသာစကားကိုပါ ထပ်ဆောင်းမွမ်းမံသင်ကြားပေးသည့်အတွက် ဘာသာစကား အားနည်းသူများလည်း စိုးရိမ်ပူပန်မှု သက်သာနိုင်မှာပါ✨

⏰သင်တန်းကာလ (၂) လ ကြာမြင့်မှာဖြစ်ပါတယ်။
💰ဘာသာရပ်အလိုက် သင်တန်းကြေးကွာခြားမှုရှိပါတယ်။

✍️အလုပ်လျှောက်ဖို့ အရေးကြီးသည့် 𝐶𝑉 𝐹𝑜𝑟𝑚 ရေးသားခြင်းနှင့် 𝐼𝑛𝑡𝑒𝑟𝑣𝑖𝑒𝑤 ဖြေဆိုနည်းများကိုပါ တွဲဖက်သင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင််အခွင့်အလမ်းများရရှိဖို့ ပိုမိုလွယ်ကူသွားမှာပါ✨

👨‍💻သင်ကြားပေးတဲ့ ဆရာများမှာ နိုင်ငံခြားဘွဲ့ရဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာလည်း နှစ်ပေါင်းများစွာ အတွေ့ကြုံရှိသော ဝါရင့်ပညာရှင်ဆရာများမှ ကိုယ်တိုင်သင်ကြားပေးခြင်းဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
☎️𝟎𝟗𝟗𝟕𝟗𝟗𝟑𝟑𝟔𝟕𝟕 သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်တယ်🤗

08/06/2024

ကျောင်းမတက်ချင်လို့ အကြောင်းပြချက်ကိုယ်စီနဲ့ ချစ်စရာလေးတွေ😍 တော်သေးတယ် ကလေးတွေသင်ရတဲ့အတန်းမဟုတ်လို့😁

05/05/2024

🧡UAE နိုင်ငံမှ လက်ရှိခေါ်ယူနေသော အလုပ်နေရာများအား ဝေမျှပေးလိုက်ပါတယ်။

✍️မိမိတို့ကိုယ်တိုင် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

အကြံဉာဏ်များ ရယူလိုပါက 09 979933677 သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

✅အခမဲ့ဆွေးနွေးအကြံပြုပေးမဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

18/04/2024

မင်မင်တို့ သင်တန်းပိတ်ရက်အတွင်း Golden Future Hospitality Training Center chat box သို့ ပို့ထားသောစာများအား reply နောက်ကျသွားလို့ အားနာပါတယ်ရှင့်။

အားလုံးစိတ်အေးချမ်းမြေ့ကြပါစေ🙏🙏🙏

15/04/2024

Golden Future Hospitality Training Center မှ Kitchen training သင်တန်းသားတစ်ဦးရဲ့ Pasta🍝 လက်ရာလေးပါ။

#သင်တန်း

05/04/2024

Kitchen Helper အလုပ်နဲ့ညီလေး စလုံးမှာ အလုပ်တွေအဆင်ပြေကြောင်းသိရလို့ ဝမ်းသာပါတယ်😍
ရှေ့ဆက်ပြီးလည်းအဆင်ပြေပါစေ ဆုတောင်းပေးပါတယ်🙏

24/03/2024

မြန်မာ့ (၁၂)လ ရာသီများအနက် နောက်ဆုံးလလည်းဖြစ် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့လည်းဖြစ်တဲ့ တပေါင်းလပြည့်နေ့မြတ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Hledan Street
Kamayut

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00