19/06/2026
皆さん、おはようございます。☀
မနက်စောစော ဘိုးဘွားစောင့်ရှောက်ရေး အင်တာဗျူးလေး စတင်နေပါပြီ။
ဝင်ရောက်ဖြေဆိုတဲ့ သားနဲ့သမီး ကံကောင်းပါစေကွယ်။
အင်တာဗျူးများနဲ့အလုပ်များစုံစမ်းနိုင်ရန်အတွက် လဲ DM (သို့မဟုတ်) Viber09944944413ကိုဆက်သွယ်နိုင်ပါတယ်။
18/06/2026
ဂျပန်နိုင်ငံ ပြည်တွင်းအလုပ်ခေါ်စာပါရှင်
အလုပ်အမျိုးအစား : Truck Driver (ကုန်တင်ယာဉ်မောင်း)
အလုပ်လုပ်ကိုင်မည့်နေရာ : Shizuoka ပြည်နယ်၊ Hamamatsu မြို့၊ ဂျပန်နိုင်ငံ
ဗီဇာအမျိုးအစား : 特定技能1号 (Specified Skilled Worker No.1)
ခေါ်ယူမည့်ဦးရေ : ၂ ဦး
အလုပ်တာဝန်
* ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း
* အထွေထွေကုန်စည်နှင့် အအေးခန်းကုန်စည်များ ပို့ဆောင်ခြင်း
* Hamamatsu၊ Aichi နှင့် Kansai ဒေသများတွင် ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်
အရည်အချင်းလိုအပ်ချက်
* အသက်ကန့်သတ်ချက် မရှိ
* Medium Truck / Large Truck Driver အဖြစ် လုပ်ကိုင်လိုစိတ်ရှိသူ
* အလုပ်ကို ရေရှည်တည်တံ့စွာ လုပ်ကိုင်နိုင်သူ
* တာဝန်ယူမှုရှိပြီး ကြိုးစားလုပ်ကိုင်နိုင်သူ
အလုပ်ချိန်
* နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ (အလုပ်အမျိုးအစားပေါ် မူတည်၍ ပြောင်းလဲနိုင်သည်)
နားရက်
* တစ်ပတ်လျှင် ၂ ရက်
* စနေနေ့၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ
လစာနှင့် ခံစားခွင့်
* အခြေခံလစာ : ယန်း ၂**,*** မှ ၃**,*** အထိ
* အချိန်ပိုကြေး (OT) ရရှိမည်
* အရည်အချင်းကြေး မရှိ
* အခြားခံစားခွင့်များကို ကုမ္ပဏီစည်းမျဉ်းအရ ခံစားခွင့်ပြုမည်
ကုမ္ပဏီအချက်အလက်
* လုပ်ငန်းအမျိုးအစား : အထွေထွေ ကုန်စည်ပို့ဆောင်ရေး
* ဝန်ထမ်းအရေအတွက် : ၉၇ ဦး
* လိပ်စာ : 2240-1 Mikatahara-cho, Chuo-ku, Hamamatsu-shi, Shizuoka, Japan
18/06/2026
🗻 ဖူဂျီတောင်ကြီးကို ငေးမောရင်း... ဂျပန်မှာ အလုပ်လုပ်ကြမလား? 🍵✨
သဘာဝအလှတရားနဲ့ မြို့ပြဟန်ချက်ညီပြီး နေချင်စဖွယ်အကောင်းဆုံး Shizuoka မြို့မှာ HOTEL WORK VISA နဲ့ အလုပ်လုပ်ကိုင်ခွင့်ရမယ့် သတင်းကောင်းတစ်ခု ရှိပါတယ်ရှင့်။ 😍
အလုပ်ပိတ်ရက်တွေမှာ လက်ဖက်စိမ်းမွှေးမွှေးလေးသောက်၊ ရေပူစမ်းမှာ စိမ်ရင်း အပန်းဖြေချင်သူတွေအတွက်တော့ အလိုက်ဖက်ဆုံးနေရာလေးပါပဲ။ 🌸
💼 အလုပ်အကိုင်အသေးစိတ်
📍 အလုပ်တည်နေရာ: Shizuoka
💰 လစာ: ၁၈၅,*** ယန်း
🎯 ဗီဇာအမျိုးအစား: Hotel Work Visa
📝 လိုအပ်ချက်များ
✅ ဂျပန်စာ N2 Passed ဖြစ်ထားရပါမည်။
✅ Customer Service ကောင်းမွန်ပြီး ဖော်ရွေပျူငှာသူ ဖြစ်ရပါမည်။
🔥 ထူးခြားချက်များနှင့် အားသာချက်များ
⚡ အင်တာဗျူး အမြန်ရှိသည်! (အချိန်အကြာကြီး စောင့်စရာမလိုပါ)
🎯 အင်တာဗျူး အောင်နိုင်ခြေ အလွန်များပါသည်!
✈️ Visa ရတာ မြန်ဆန်သည်!
💡 ဂျပန်နိုင်ငံကို အမြန်ဆုံး သွားရောက်အလုပ်လုပ်ကိုင်ချင်သူတွေအတွက် အကောင်းဆုံးအခွင့်အရေးမို့ အခုပဲ လက်ဦးမှုရယူပြီး လာရောက်လျှောက်ထားလိုက်ပါတော့ရှင့်!
📩 လျှောက်ထားရန်နှင့် အသေးစိတ်စုံစမ်းရန်
📬 Page Messenger မှတစ်ဆင့် မိမိ၏ CV Form ကို ပို့ပေးပြီး လျှောက်ထားနိုင်ပါသည်။
📞 ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ရန် - 09-944944412
📍 လူကိုယ်တိုင်လာရောက်စုံစမ်းရန် - 𝐓𝐡𝐞 𝐔𝐧𝐢𝐪𝐮𝐞 𝐂𝐨𝐧𝐝𝐨,𝐍𝐨.(𝟕𝟗), 𝐒𝐞𝐜𝐨𝐧𝐝 𝐅𝐥𝐨𝐨𝐫,𝐑𝐨𝐨𝐦 𝐍𝐨.(𝟐𝐅),𝐙𝐚𝐲𝐚𝐫 𝐓𝐡𝐢𝐫𝐢 𝐒𝐭,𝐍𝐨.(𝟏) 𝐖𝐚𝐫𝐝,𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩,𝐘𝐚𝐧𝐠𝐨𝐧
18/06/2026
ဂျပန်နိုင်ငံ၊ Yamaguchi ခရိုင်
Specified Skilled Worker (SSW) 介護 - Caregiver (၂ ဦး)
မြန်မာနိုင်ငံမှ တိုက်ရိုက်လျှောက်ထားလိုသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်း!
📌 လိုအပ်ချက်များ
ဗီဇာအမျိုးအစား: SSW (特定技能1号)
ဘာသာစကား: JLPT/NAT-Test N3 အောင်မြင်ထားသူ
လုပ်ငန်းအတွေ့အကြုံ: ကာကွယ်စောင့်ရှောက်ရေး (介護) လုပ်ငန်းအတွေ့အကြုံ ၁ နှစ်နှင့်အထက် ရှိသူ
အသက်: ၁၈ နှစ်မှ ၃၀ နှစ်အတွင်း (အမျိုးသမီး)
အခြား: တက်ကြွပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ
💰 လစာနှင့် ခံစားခွင့်များ
အခြေခံလစာ: ၁၈၅,*** ယန်း / လ
ဆုကြေး (Bonus): တစ်နှစ် ၂ ကြိမ် (၃ လစာ ~ ၃.၅ လစာခန့် အခြေအနေပေါ်မူတည်၍)
လစာတိုး: တစ်နှစ် ၁ ကြိမ် (၂,*** ~ ၄,*** ယန်း)
အလုပ်ပိတ်ရက်: တစ်နှစ်လျှင် ၁၁၀ ရက်
အခြား: အချိန်ပိုဆင်းကြေးရှိ၊ လူမှုဖူလုံရေးအာမခံအပြည့်အစုံနှင့် အဆောင်စီစဉ်ပေးမည်။(မှတ်ချက် - လေယာဉ်လက်မှတ်ခ မိမိကိုယ်တိုင်ကျခံရပါမည်)
⏰ အလုပ်ချိန် (Shift စနစ်)
၁။ 06:30 ~ 14:00 (နားချိန် ၉၀ မိနစ်)
၂။ 12:30 ~ 20:00 (နားချိန် ၉၀ မိနစ်)
၃။ 19:00 ~ နောက်နေ့ 09:00 (ညဂျူတီ - နားချိန် ၁၂၀ မိနစ်)
📩 လျှောက်ထားလိုသူများ သို့မဟုတ် အသေးစိတ်သိရှိလိုပါက ဆန်းဆေးထံသို့ Direct Message (Chat box) မှတစ်ဆင့် ချက်ချင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
18/06/2026
ဂျပန်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ကူးရှိပါသလား? — January Intake နဲ့ April Intake အတွက် စတင်ပြင်ဆင်ရမယ့်အချိန် ရောက်ပါပြီ!
ဂျပန်နိုင်ငံရဲ့ အဓိကကျောင်းဝင်ခွင့် ကြီးတွေဖြစ်တဲ့ January Intake ရော April Intake ကို လျှောက်ထားလိုသူများအတွက် TARGET ONE ACADEMY ကနေ စာရင်းစတင်လက်ခံနေပါပြီ။
ဂျပန်သွားဖို့ ပြင်ဆင်တဲ့နေရာမှာ "စောစောပြင်ဆင်သူက ဗီဇာရဖို့ ရာခိုင်နှုန်းအသေချာဆုံး" ဆိုတာ မိဘများနှင့် ကျောင်းသားများ သိပြီးသားဖြစ်မှာပါ။
📅 ဘယ် Intake က သင့်အတွက် အဆင်ပြေဆုံးလဲ?
January Intake (ဘာသာစကားသင်တန်း ၁ နှစ် ၃ လ):
အချိန်တိုတိုနဲ့ ဂျပန်ကို မြန်မြန်ရောက်ချင်သူများ၊ ဂျပန်စာ N4 PASSED, N3 လေ့လာနေသူများအတွက် အထူးသင့်တော်ပါတယ်။
April Intake (ဘာသာစကားသင်တန်း ၂ နှစ် အပြည့်):
ဂျပန်စာကို အခြေခံကစပြီး အသေအချာလေ့လာချင်သူများ၊ နောက်ပိုင်း တက္ကသိုလ် (သို့) Senmon ကျောင်း ဆက်တက်ဖို့ ရည်မှန်းချက်ကြီးကြီးမားမားရှိသူများအတွက် အကောင်းဆုံးနဲ့ အဓိကအကျဆုံး Intake ဖြစ်ပါတယ်။
✨ TARGET ONE ACADEMYကနေ ဘာတွေ တာဝန်ယူပေးမှာလဲ?
ဂျပန်ကျောင်းတိုက်ရိုက်ချိတ်ဆက်မှု: ယုံကြည်စိတ်ချရပြီး သမိုင်းကြောင်းကောင်းမွန်သော ဂျပန်ကျောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း။
တိကျသေချာတဲ့ စာရွက်စာတမ်းပိုင်း: ဂျပန်နိုင်ငံအဝင် COE နှင့် ဗီဇာ အောင်မြင်မှုရာခိုင်နှုန်း မြင့်မားစေရန် ကျွမ်းကျင်သူများက စနစ်တကျ စိစစ်ဆောင်ရွက်ပေးခြင်း။
အထိရောက်ဆုံး ဘာသာစကားသင်ကြားမှု: ဂျပန်ရောက်တဲ့အခါ အမှန်တကယ် အသုံးချနိုင်မယ့် စကားပြောနှင့် အရည်အချင်းစစ် စာမေးပွဲ (JLPT/NAT-Test) အောင်ချက်ကောင်းမွန်အောင် လေ့ကျင့်ပေးခြင်း။
Interview ပြင်ဆင်မှု: ဂျပန်ကျောင်းနှင့် အင်တာဗျူးများအတွက် သီးသန့် အောင်မြင်အောင် လေ့ကျင့်ပေးခြင်း။
ဂျပန်ရောက်သည်အထိ အကြံပေးခြင်း: ကျောင်းရွေးချယ်မှုမှစတင်ပြီး နေထိုင်မှု ဘဝအဆင်ပြေစေရေးအတွက် အဖက်ဖက်မှ လမ်းညွှန်ပေးခြင်း။
📥 ဂျပန်သွားမယ့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခုပဲ စာရွက်စာတမ်းနဲ့ တိုင်ပင်ဆွေးနွေးမှုကို အခမဲ့ ရယူလိုက်ပါ!