05/02/2020
ဖေဖော်ဝါရီ 15 တွင် တန်းခွဲသစ်စတင်တော့မှာမို့
စာရင်းမပေးရသေးသူများ အမြန်ဆုံးအပ်နှံ စာရင်းပေးသွင်းနိုင်ပါသည်။
-လုပ်ငန်းခွင် အတွက်လိုအပ် သူများ
-ကျောင်းပြီးခါစ ညီငယ်၊ညီမငယ်များ
-ကျွမ်းကျင်မှု လိုအပ်သူများ
-နိုင်ငံခြား ထွက်မည့်သူများ
အတွက် စင်ကာပူအတွေ့အကြုံများစွာရှိတဲ့ဆရာများ ဦးစီး သင်ကြားပေးမှာ ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းသွင်းအပ်နှံနိုင်ပါသည်။
26/01/2020
မှတ်တမ်းတင်အပ်ပါကြောင်း
*********************
ယနေ့ (၂၆-၁-၂၀၂၀) ရက်နေ့တွင်
သုခအလင်းပညာဒါနကျောင်း၏
အခြေခံလျှပ်စစ် သင်တန်း (၁/၂၀၂၀)မှ
လျှပ်စစ် သင်တန်းသားများ
WNC Engineering Training Center သို့
လျှပ်စစ်ဆိုင်ရာ လေ့လာရေး ခရီးစဥ်အဖြစ်
နံနက်(၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ
လာရောက် လေ့လာခဲ့ပါသည်။
လေ့လာချိန်အတွင်း
လုပ်ငန်းခွင်ဆိုင်ရာ
လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်သည့်
ဆောင်ရန်၊ရှောင်ရန်များ၊
လျှပ်စစ်လုပ်ငန်းဆိုင်ရာ
ဗဟုသုတများအတွက်
ပညာပေးရှင်းလင်းမူ့များ
သိလိုသမျှ ဖြေကြားမူ့များ ပြုလုပ်ခဲ့ပြီး
သင်တန်းသားများနှင့် ဆရာများမှ
အမှတ်တရ ဓာတ်ပုံများ
ရိုက်ကူးခဲ့ပါကြောင်း
ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်
မှတ်တမ်းပြု တင်ပြအပ်ပါသည်။
#မှတ်တမ်း
26-1-2010
23/01/2020
စင်ကာပူအတွေ့အကြုံရှိဝါရင့်ဆရာများဦးစီးသင်ကြားမည့်
>>> ဖေဖော်ဝါရီ တန်းခွဲသစ်များ
23/01/2020
WNC Training center ရဲ့ ဖေဖော်ဝါရီလ တန်းခွဲသစ်များကို မကြာခင်စတင်တော့မှာမို့
လူကိုယ်တိုင်သော်လည်းကောင်း၊ဖုံးဖြင့်လည်းကောင်း၊WNC page messenger မှသော်လည်းကောင်း စာရင်းသွင်းအပ်နှံနိုင်ပါပြီ။
>>>ကျောင်းပြီးခါစ ညီငယ်၊ညီမငယ်များ၊စက်ရုံ၊အလုပ်ရုံသို့ ဝင်ရောက်မည့်သူများ၊နိုင်ငံရပ်ခြားသို့သွားရောက်ရန် သင်ကြားမှု၊ကျွမ်းကျင်မှုလိုအပ်သူများ၊သက်ဆိုင်ရာသင်တန်းအလိုက်စိတ်ပါဝင်စားသူများ အတွက်အဓိက ထားဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ-
(1)Basic Electrical Installation Course
သင်တန်းကြေး-100,000
သင်တန်းစမည့်ရက်-15 Feb 2020
သင်တန်းကာလ- နှစ်လ
(2)Air-con Installation & Maintenence Course
သင်တန်းကြေး-150,000
သင်တန်းစမည့်ရက်-15 Feb 2020
သင်တန်းကာလ- တစ်လခွဲ
(3)Electrical Installation & Estimating Course
သင်တန်းကြေး-100,000
သင်တန်းစတင်မည့်ရက်-15 Feb 2020
သင်တန်းကာလ-တစ်လခွဲ
(4) Motor Control Installation Course
သင်တန်းကြေး-100,000
သင်တန်းစတင်မည့်ရက်-15 Feb 2020
သင်တန်းကာလ-တစ်လခွဲ
>>>(သင်တန်းအားလုံးစာအုပ်ကြေး၊လက်တွေ့ကြေးများအပါဖြစ်ပါသည်)
***အထက်ပါသင်တန်းများအား စင်ကာပူနိုင်ငံအတွေ့အကြုံရှိ ဝါရင့် ဆရာများမှသင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးပါက မတက်မြောက်မှာ စိတ်ပူစရာမလိုပါ။****
သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ တန်းခွဲအလိုက် Certificate ပေးအပ်သွားမှာဖြစ်ပါတယ်။
>>>ပညာအရည်အချင်းအကန့်အသတ်မရှိပါ၊သင်ယူချင်စိတ်နှင့် ကြိုးစားမှုရှိဖို့သာလိုအပ်ပါတယ်။သင်ယူချင်စိတ်တစ်ခုသာရှိပါ၊တက်မြောက်ဖို့ကို WNC Training Center မှအစစအရာရာတာဝန်ယူပါသည်။
WNC Training Center
အမှတ်(၅/က) ၃လွှာ ၊ဖိုးပြုံးချို ထမင်းဆိုင်အပေါ်ထပ်၊ဇေယျာသီရိလမ်း၊လှည်းတန်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်တိုင်း။
09795560427 , 09790921371 ,09798423736
11/01/2020
M&E သို့ မဟုတ် MEP ဘာလဲ? ဘယ်လဲ?
(အပိုင်း-၃)®
¶¶¶¶¶¶¶¶¶¶¶¶¶∆¶¶¶¶¶¶¶¶¶¶¶¶¶¶
✒️ဆောက်လုပ်ရေးလုပ်ငန်းကြီးတခုစတင်ရန် Developerလို့ တနည်းခေါ်ဆိုနိုင်တဲ့ ပိုင်ရှင်မှ Consultant ပညာရှင် အကြံပေး အဖွဲ့ ကိုစတင် ခန့်အပ်ရပါတယ်
၎င်း Consultant အဖွဲ့ မှာ
1️⃣ Architect
2️⃣Structural
3️⃣M&E / MEP
ဆိုပြီးပါရှိပါတယ်
တချို့  Project တွေမှာ လိုအပ်သလို Interior Design(ID) Consultant ပါလုပ်ငန်းလိုအပ်ချက်အရခန့်အပ်ပါတယ်
Architect မှ ဦးဆောင် ရေးဆွဲထ
ားသည့် Design ကို Structural နှင့် MEP မှ ဖြည့်စွက် Design ရေးဆွဲရပါတယ်
🏢အဆိုပါ Drawing , Design & Spec များရရှိပြီးနောက်
Project Management (PM) team နှင့် Main Con တို့ ကို Tender စနစ်ဖြင့်ခန့် အပ်ရပါတယ်
ရွေးချယ် ခန့်အပ်ခြင်းခံရသည့် Main Con မှ Sub-con များပြန်လည် ရွေးချယ်ခန့်အပ်ရပါတယ်
MEP Quantity Surveyor(QS)သည် ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ
1️⃣ပထမအဆင့် Tender ယှဉ်ပြိုင်ရန်အတွက် Consultant မှထုတ်ထားသော Design Drawings များအပေါ်မူတည်ပြီး တွက်ချက်ခြင်းလုပ်ငန်း များကို MEP Manager နှင့်အတူ စတင်လုပ်ကိုင်ရပါတယ်
2️⃣ Tender award ရရှိပြီးနောက် သက်ဆိုင်ရာ Sub-con ကို Main Con မှ Consultant အားအသိပေးခန့် အပ်ရပါတယ် (Site နှင့် Work Volume အပေါ်မူတည်ပြီး Tender ထပ်ခေါ်သည်များလည်းရှိတတ်ပါတယ်)
MEP Sub-con တွေကတော့
-Electrical(LV)
-ELV
-Plumbing & Sanitary
- Minor Sewer
-Fire Fighting
အစရှိသော သက်ဆိုင်ရာလုပ်ငန်းကို ပိုင်း၍ခန့်အပ်ရပါတယ်
3️⃣ MEP QS သည် Site MEP မှ ထောက်ခံပေးလိုက်သော လုပ်ငန်းပြီးစီးမှုနှင့်အတူပူးတွဲ၍ Progress Claim လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ လစဉ် တောင်းခံငွေ များကို စိစစ်ဆောင်ရွက်ပြီး MEP Manager ထံတင်ပြရပါတယ်
4️⃣Tender design မှ ကွဲလွဲသော ထပ်တိုး လုပ်ငန်း နှင့် လျှော့ချ လုပ်ငန်း များကို မှတ်သားပြီး Site MEP နှင့်အတူပူးပေါင်းပြီးလုပ်ငန်းတန်ဖိုးကိုလိုအပ်သလို အတိုးအလျှော့ များကို procedureများအတိုင်း ဆောင်ရွက်ရပါတယ်
ကျွန်တော်တို့  ဇာတ်လိုက်ကျော် MEP ကတော့ အဆင့်တိုင်းမှာ ပါဝင်ဆောင်ရွက်ရပါတယ်🎓🎓🎓
မည်သို့ ပင်ဆိုစေကာမူ Project အနေအထားအရ ကွဲလွဲချက်အနည်းငယ် ရှိတတ်စမြဲပါ
San
05/01/2020
Myanmar M&E Engineer Group လေးကို
ခင်တွယ်စိတ်ရှိလို့ ဝင်ရောက်လေ့လာရင်း
မျှဝေရေးသားထားသော ပိုစ့်လေးပါ။
အခြား လုပ်ငန်းစိတ်အကြောင်းတွေနဲ့
Group ထဲမှာ
သိပ်အခြေအတင် မဖြစ်ပေမယ့်
အဓိက ခေါင်းစီးဖြစ်တဲ့
M&E ဆိုတာနဲ့ နဲ့ပတ်သက်ပြီးမှ
အငြင်းပွားနေရတာမျိုးအတွက်
ကျွန်တော့်ကိုယ်ပိုင်သိထားတဲ့
အချက်အလက်တစ်ချို့ကို
လေးစားစွာဖြင့် မျှဝေတင်ပြခဲ့ခြင်းပါ။
ထပ်ပြီးတော့လည်း
တစ်ခြားသူများထံမှ သိနိုင်သမျှ
လေ့လာခွင့်၊ဆွေးနွေးခွင့် ရချင်သေးလို့
ယခုလို ပို့စ်အဖြစ် တင်မိခြင်း ဖြစ်ပါတယ်။
==================================
M&E (or) MEP ဟူသည့်အရာ
*************************
Construction Work တစ်ခုရဲ့
အမိုးတစ်ခုအောက်မှာ
Civil Work နဲ့ M&E Work ဆိုပြီး
အပိုင်း(၂)ပိုင်း အဓိကထားပြီး
ခွဲခြားသတ်မှတ်ရပါတယ်။
Civil Work အပိုင်းမှာလည်း
လုပ်ငန်းစိတ် အမျိုးမျိုးရှိသလို
M&E Work(or) MEP အပိုင်းမှာလည်း
လုပ်ငန်းစိတ်အမျိုးမျိုး ရှိနေတာပါ။
လုပ်ငန်းရဲ့ သဘောသဘာဝကိုလိုက်ပြီး
Project Manager (သို့) Project Engineer ကို ဦးဆောင်ဖို့ ရွေးချယ်ရပါတယ်။
အိမ်ယာတည်ဆောက်ရေး စီမံကိန်းမျိုးမှာ
Civil Engineer က
Project ကို ဦးဆောင်ပြီး Management လုပ်ရတာရှိသလို၊
ဓာတ်အားခွဲရုံလို
Power Transmission & Distribution လို
လုပ်ငန်းမျိုး ဆိုရင်တော့
M&E Engineer ကသာ
Management လုပ်ရတတ်ပါတယ်။
တစ်ချို့လုပ်ငန်းမှာဆိုရင် Civil Engineer က
Project Manager အဖြစ်
တာဝန်ယူဦးဆောင်ပြီး
M&E လုပ်ငန်းများအတွက်
M&E Manager တစ်ဦးကိုပါ
တာဝန် ခွဲဝေယူခိုင်းတတ်ပါတယ်။
Civil Work လုပ်ငန်းစိတ်အားလုံးကို
Civil Engineer အသီးသီးက
လုပ်ငန်းစိတ်အလိုက် ခွဲဝေတာဝန်ယူရသလို၊
M&E လုပ်ငန်းစိတ်အားလုံးကို
Electrical Engineer များ
Mechanical Engineer များက
လုပ်ငန်းစိတ်အလိုက်
ခွဲဝေတာဝန်ယူကြရတာပါ။
လိုအပ်ရင် Electronic Engineer တွေကလည်း M&E လုပ်ငန်းစိတ်ထဲမှာ
တာဝန်ယူကြရတာပါပဲ။
Department အနေနဲ့
M&E Department က M&E Engineer လို့ပဲ ခေါင်းစဉ်တပ်လို့ရပါတယ်။
ဒါပေမယ့် M&E သမားလို့ ခံယူနိုင်ဖို့က
M&E အပိုင်းမှာ ပါဝင်သက်ရောက်နေတဲ့
လုပ်ငန်းစိတ်အားလုံးကို အခြေခံကျကျ
ဖြန့်ကျက်ပြီး လေ့လာသင့်ပါတယ်။
M&E ဆိုတဲ့
အဓိက တာဝန်ကတော့
Management Level ကိုပဲ
ရည်ညွှန်းထားတဲ့ စကားလုံးမို့လို့
ပါဝင်တဲ့လုပ်ငန်းစိတ်တွေရဲ့ အခြေခံသဘောတရားတွေကို
လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ
ဘယ်လိုစီမံညွှန်ကြားပြီး
တာဝန်ယူနိုင်မလဲ ဆိုတဲ့
အသိပညာကို ရှာဖွေထားကြဖို့ပါ။
M&E ဆိုတဲ့ ခေါင်းစဉ်က
စကားလုံးတိုတောင်းသလောက်
လုပ်ငန်းစိတ်တွေ များပြားတာကို တွေ့ရမှာပါ။
အဲဒီအတွက်
EP,EC,MP,MC Major သမားများအနေဖြင့်
ရည်ရွယ်ချက်ရှိရင် ရှိသလို မိမိဘာသာရပ်နဲ့
ဆက်နွယ်သမျှကို စတင် အဓိကထား
လုပ်ကိုင်ရင်းမှ ဆက်စပ်ပတ်သက်မူ့ရှိနေတဲ့
အခြားလုပ်ငန်းစိတ်များကို
ဆက်လက်လေ့လာရင်းမှ
အားလုံးခြုံငုံမိသွားနိုင်ပါတယ်။
M&E ဆိုတဲ့ ခေါင်းစီးအောက်မှာပဲ
လုပ်ငန်းစိတ်တိုင်းရဲ့ Specialist တွေဆိုတာလည်း
သူ့လိုင်းနဲ့သူ သီးသန့်စီ တည်ရှိနေကြောင်းတော့
သတိပြု ထားရပါမယ်။
နောက်တစ်ခုကတော့
အင်ဂျင်နီယာဖြစ်မှ မဟုတ်ပါဘဲ
လေ့လာအားအပေါ် မူတည်ပြီး
သာမန်ဘွဲ့ရတစ်ဦးကလည်း
M&E Works ရဲ့ Basic တွေ
Procedures တွေကို နှံ့စပ်ခဲ့ရင်လည်း
M&E လုပ်ငန်းအတွက် Manager Level မှာ တာဝန်ထမ်းဆောင်နိုင်တာကို တွေ့ဖူးပါတယ်။
အဲဒီလို မန်နေဂျာရဲ့လက်အောက်မှာမှ
သက်ဆိုင်ရာ
အင်ဂျင်နီယာတွေရှိသလို၊
coordinators တွေ၊
Sub-Contractors တွေ၊
Material Supplier တွေ၊
Installer တွေနဲ့ ပူးတွဲလုပ်ကိုင်ကြရတယ်။
ကျွန်တော် ပြောလိုတာက
M&E ဆိုတဲ့ စကားလုံးအပေါ်
သဘောပေါက်နားလည်မူ့ မလွဲစေချင်တာပါ။
ခေါင်းစဉ်ပေါ်မူတည်ပြီး
တာဝန်ဝတ္တရား ကွဲပြား တတ်တာကိုတော့
သတိပြုစေချင်ပါတယ်။
ကျွန်တော်တို့ဆီမှာ
သိပ်မကြာသေးမီကာလတစ်ခုအတွင်းကမှ
တွင်ကျယ်လာတဲ့ အခေါ်အဝေါ်မို့လို့
ဝိရောဓိ ဖြစ်စရာ ထွေပြားနေကြတာလို့
ယူဆမိပါတယ်။
ဘယ်လောက်အထိ ဝေဝါးထွေပြားသလဲဆိုရင်
ကုမ္ပဏီ အကြီးစားတွေဆီက
အလုပ်လျှောက်လွှာခေါ်တာတောင်
M&E သမားအတွက်
Civil ဘွဲ့ရဖြစ်ရမည် ဆိုတာမျိုးအထိ
တွေ့ နေရတုန်းပါ။
လုပ်ငန်းသဘာဝအရ
Wiring လုပ်ငန်းကို
Mechanical Engineer တစ်ယောက်က
တာဝန်ယူပြီးလုပ်စရာ မလိုသလို
တာဝန်ခံစရာလည်း မလိုအပ်ပါဘူး။
အဲ့ဒီအပြင် Air-Cond တွေကိစ္စကိုလည်း
Electrical Engineer တစ်ယောက်က
တာဝန်ယူပြီးလုပ်စရာ မလိုသလို
တာဝန်ခံစရာလည်း မလိုပါဘူး။
ဒါပေမယ့်
M&E သမားလို့ ခံယူထားတဲ့သူကတော့
လုံးဝ တာဝန်ယူပြီး တာဝန်ခံရမှာတော့
အမှန်တရားပါပဲ။
ဘယ်လိုတာဝန်ခံမလဲဆိုရင်တော့
Electrical Work ကိစ္စတွေ အတွက်
Electrical Engineer နဲ့ပူးပေါင်း၊
Air-Cond Work ကိစ္စတွေ ဆိုရင်
Mechanical Engineer နဲ့တိုင်ပင်၊
အခြား လုပ်ငန်းစိတ်တိုင်းအတွက်လည်း
သက်ဆိုင်ရာ Engineer တွေ
Specialist တွေနဲ့
ညှိနှိူင်းဆောင်ရွက် ဖြေရှင်း
ဒီသဘောလေးပါပဲ။
အဲ့ဒါကတော့ M&E ဆိုတဲ့
စကားလုံးအောက်က တာဝန်ပါပဲဗျာ။
ပညာရပ်တိုင်းကို လေးစားလျှက်
မင်းသိန်းဦး
31/12/2019
📝📝📝🔌🔌🔌 ့
Electrical Safety Note
ပထမအေနနဲ ့
🔐🔒🔓 Log out,Tag out🔒🔒🔐 procedure
သော့ခတ်ခြင်း သတိပေးစာချိတ်ဆွဲခင်းလုပ်ငန်းစဉ် ကို ကျွန်တော် အရင်က ရေးခဲ့ဖူးပါတယ်
မဖြစ်မနေ လိုက်နာကျင့်သုံး စေချင်ပါတယ်
လျှပ်စစ်လုပ်ငန်း ပြုပြင်ခြင်း ထပ်တိုးခြင်း လုပ်ငန်းများအတွက်
Log out ဆိုတဲ့ power source ရှိတဲ့ Main ကို အမှတ်မထင်ဖြစ်စေ သတိမမူပဲဖြစ်စေ (On)တင်ခြင်း မပြုလုပ်နိုင်ရန် သော့ခတ်ထိန်းသိမ်းခြင်း လုပ်ငန်းပါ
Tag out ကတော့ လျှပ်စစ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြောင်း သတိပေး sign ဖြစ်ပါတယ်
↘️ဒုတိယအချက်ကတော့
PPE personal protection equipments ဝတ်ဆင်သင့်ပါတယ်
Rubber glove ဝတ်ဆင်ဖို့ ဆိုတာလဲ သတ်မှတ်ထားတဲ့  လက်အိတ် ကိုဝတ်ဆင်ဖို့ ပါ
#ဆရာဝန်သုံး လက်အိတ်အပါးကိုအသုံးမပြုသင့်ပါ
#ရိုးရိုး Insulation rubber gloves
နှင့် High voltage rubber gloves စသည်ဖြင့် အမျိုးအစားများခွဲခြားထားပါတယ်
ကျွန်တော်တို့ နိုင်ငံ Electrical Switch Room တွေမှာ rubber mat ခင်းထားတာမရှိသလောက်ပါပဲ
ဒါကလဲ electrocution ဓာတ်လိုက်ခြင်း အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ
1)Switch room တွေမှာ rubber mat ခင်းရမယ်
သက်ဆိုင်ရာ
2) Single Line Diagram (SLD)provide လုပ်ထားရမယ်
3)အရေးပေါ်ပြုစုဖို့  CPR procedure ကပ်ထားရမယ်
4)Switch panel/DB တွေမှာ safety devices များတပ်ရမယ်
5)Earthing system ကိုတပ်ဆင်ရပါမယ်
#လျှပ်စစ်အန္တရာယ်မှကင်းဝေးကြပါစေ
30/12/2019
🧭M&E သို့ မဟုတ် MEP ဘာလဲ? ဘယ်လဲ?
(အပိုင်း-၂)
↘️Mechanical & Electrical လို့ အရိုးရှင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုကြရာဝယ်
☢️Mechanical မှာ ဘာတွေပါသလဲ
၁- Plumbing work
၂-Sanitary
၃-ACMV (Air Conditioning & Mechanical Ventilation)
၎-Fire Fighting
-Fire hose reel system
- Sprinkler system
-Fire suppression system
-Fire Access door system
-Deluge system
-Smoke engineering system
၅-Gas system
၆- Swimming pool
⚡Electrical system အောက်မှာ ဘာတွေရှိသလဲ
၁- Low Voltage System(LV)
၂- Extra-Low Voltage System(ELV)
- Fire Alarm System
-Smoke Engineering System
-CCTV
-Door Access System
-Emergency Voice Communication(EVC)
၃-Escalator, Lift, Travellator
၎-CATV/MATV
၅-Intercom
အစရှိသော System များစွာကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်
🌈၎င်း System များရဲ့  Standard (Code of Pratice), Requirement များကိုသိနားလည်ပြီး installation process ကို ပါ ထဲထဲဝင်ဝင်နားလည်သည့်အပြင် , testing process, operation process များ ထိုမှတဖန် future Maintenance အတွက် ကြိုတင်ထည့်သွင်းစဉ်းစားပေးနိုင်သော ထိုSystem များကိုပေါင်းစပ်ညှိနှိုင်းပေးသူကို MEP Engineer/Coordinator လို့ ခေါ်ဆိုပါတယ်
သို့ သာကြောင့်
⚡Electrical တခုတည်း သည် MEP မဟုတ်
🚰Plumbing & Sanitary တခုတည်း သည် MEP မဟုတ်
❄️ACMVတခုတည်းသည်လည်း MEP မဟုတ်
✒️Drafter သည် MEP မဟုတ်
🎥CCTV တခုတည်းသည် MEP မဟုတ်
Single trade Specialist သို့ မဟုတ် သက်ဆိုင်ရာ Tradeရဲ့  Engineer သို့ မဟုတ် Specialist များပါ
San
26/12/2019
🖇️M&E သို့ မဟုတ် MEP ဘာလဲ? ဘယ်လဲ?
(အပိုင်း-၁)
👷♀️👷♂️👷♂️👷♂️👷👷👷👷👷👷👷👷♀️
📐Building Engineering နဲ့ ပတ်သက်လို့ လူတော်တော်များများက သိထားကြားဖူးကြတာများကြပေမယ့် M&E သို့ မဟုတ် MEP နဲ့ပတ်သက်လို့ ကတော့ သိဖို့ သိပ်မလွယ်သလို လေ့လာခွင့်ကြုံဖို့ ဆိုတာ လဲ အိမ်မက်တခုလိုပဲဖြစ်ပါလိမ့်မယ်
🦋တကယ့် MEP overall field မှာလုပ်ဖို့ ဆိုတာ အလွန်တရာ နည်းပါးတဲ့အခွင့်အလမ်းတခုရယ်ပါ
ဘာကြောင့်လဲ ???
Singapore လိုနိုင်ငံ မှာ
Construction Site Structure တခုမှ
1)Owner/Developer
2)Consultants
3)Main Contractor
4) Structural & Archi Sub Contractors
5)MEP sub contractors
🕸️MEP overall field ကိုလုပ်ကိုင်ခွင့်ရဖို့ က item 3 Main Contractor တဦးပဲလုပ်ကိုင်ရပါတယ်
ကျန် MEP sub contractorတွေက သက်ဆိုင်ရာ trade ကိုပဲ major အနေနဲ့ လုပ်ကိုင်ရလို့ (ဥပမာ Electrical sub con က electrical တမျိုးတည်း ကိုပဲ အဓိကထားလုပ်ကိုင်ရပါတယ်) overall system ကို system ကျကျ လက်တွေ့ ကျကျ သိဖို့ ဆိုတာ အလွန်မလွယ်ကူသော ကိစ္စတရပ်ပါ
☘️Main Contractor ကလဲ Site တခုမှာ MEP position က အကန့်အသတ်နဲ့ ပဲ ခန့် အပ်ကြလို့ ပါ ပုံမှန် Site မှ အလယ်အလတ် Site အထိကို budgetအနေအထားအရ တစ်ဦးနှစ်ဦးပဲ ခန့် အပ်ကြလို့ ပါပဲ
MEP Sub contractors တွေမှာ
1)Electrical
2)ELV(Extra Low Voltage)
CCTV, access door,EVC
3)ACMV
4)Sewerage
5)Plumbing & Sanitary
6)Swimming pool
7)Fire fighting စသဖြင့် Site Design အပေါ်မူတည်ပြီး ရှိကြပါတယ်
San
26/12/2019
M&E သို့ မဟုတ် MEP
_____________🖇️___________________
👷👷♀️
Construction အသိုင်းအဝိုင်းတွင် အလုပ်ကို ဆိုင်းဝိုင်းသဖွယ် စလယ် အဆုံး မြေတူးလုပ်ငန်းမှစပြီး ပြီးဆုံးသည့်တိုင် မပါမဖြစ် ပါရသော ဆောက်လုပ်ရေး လုပ်ငန်းကြီးရဲ့  အသည်း နှလုံး ကျောက်ကပ် စသည့်မရှိမဖြစ် အရေးပါ သော Essential Engineering System ကြီးတစ်ခုပါ
ပါဝင်သော အစိတ်အပိုင်းများ ကတော့.....