မိဘအုပ်ထိန်းသူများနှင့် တကွ ကျောင်းသူ/ကျောင်းသားများ၊ မိတ်ဆွေများ၊ ဤ page ကို မြင်မြင်သမျှအားလုံးအတွက် ပို၍ ကျန်းမာပျော်ရွှင်သော၊ စီးပွါးဥစ္စာ၊ ပညာနဲ့ ချမ်းသာသုခဖြင့် ပြည့်စုံသော နှစ်သစ်များ ဖြစ်ပါစေ။
Sparkle Education Center
any pronouns
welcome to sparkle educational page.
27/12/2024
အစီအစဉ်အတိုင်း ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေကိုပါ မဲဖောက်ပေးခဲ့ပါတယ်။ စုစုပေါင်း ၆ ဆုပေးပါတယ်။ ဆုအမျိုးအစားကတော့ ငွေကျပ် ၆ သောင်း သို့မဟုတ် စာဖတ်ခွင့် ၆ လ (ShweNote 6-months subscription) ပါ။
စာဖတ်ခွင့် ရွေးသူတွေကိုတော့ တစ်နှစ်စာ ဝယ်ပေးလိုက်ပါတယ်။ ပထမ ၆ လအတွင်း စာအုပ် ၁၅၀ ကျော်ဖတ်ဖြစ်ရင် ဆုထပ်ပေးမှာဖြစ်ပါတယ်။
22/12/2024
ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီခွဲမှာ zoom online live လုပ်ပြီး ဆုလက်ဆောင် မဲဖောက်မယ့် အစီအစဉ်ကို ပြုလုပ်ပါမယ်။
(၁) Teachers’ Choice ကျောင်းသူ/ကျောင်းသားများထဲမှ ၂ ဦး
(၂) လက်ရှိအထိ တက်စဲ ကျောင်းသူ/ကျောင်းသားများထဲမှ ၂ ဦး
(၃) ၆ လနဲ့ အထက် တက်ဖူးသူများထဲမှ တစ်ဦး
ဆုပေးပါမယ်။
အမှတ်စဉ် (၁) ထဲမှ ကျောင်းသူ/ကျောင်းသားများက အမှတ်စဉ် (၂) မှာ ပြန်ပါဝင်ရွေးချယ်ခွင့်ရမှာ ဖြစ်သလို အမှတ်စဉ် (၂) မှ ကျောင်းသူကျောင်းသား အားလုံး အမှတ်စဉ် (၃) မဲရွေးမယ့် စာရင်းမှာ ပြန်ပါဝင်ခွင့်ရပါမယ်။
လက်ရှိမတက်ဖြစ်တော့ပေမယ့် အမှတ်စဉ် (၃) စာရင်းမှာ ပါဝင်ချင်ရင်တော့ ၂၀၂၄ ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် ၁၂ နာရီ မတိုင်ခင် အမည်၊ ဖုန်းနံပါတ် ပေးပို့ရပါမယ်။
သက်ဆိုင်ရာ မဲပေါက်လို့ အမည်စာရင်း ကြေညာပြီး ၁ မိနစ်အတွင်း zoom live ပေါ်က မျက်နှာ မပြနိုင်ခဲ့ရင် ကျန်သူများအတွက် မဲပြန်နှိုက်ပါမယ်။ ဆုတစ်မျိုးအတွက် ၃ ကြိမ်ထက် ပိုမနှိုက်ပါဘူး။
ပေးမယ့် ဆုအမျိုးအစားကို မဲနှိုက်တဲ့နေ့မှ အသိပေးပါမယ်။
၂၀၂၁ ကစလို့ ကလေးတွေရဲ့ ပညာရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့မှု ခရီးစဉ်လေးကို ၂၀၂၅ ဖေဖော်ဝါရီလကုန်မှာ ရပ်နားပါမယ်။ ပြန်စဖြစ်တဲ့အခါ ကလေးတွေအကျိုးဖြစ်စေမယ့် ပုံစံတစ်မျိုးမျိုးနဲ့ ပြန်စပါမယ်။
လေးစားချစ်ခင်စွာဖြင့်
02/11/2024
ဒီသုတေသနလေးက ပြီးပြည့်စုံတဲ့ အချက်အလက်ကောက်ယူမှုတစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် အကြောင်းအချဉ်းအရာအချို့ကို ဖော်ပြနိုင်ပါတယ်။
မသေချာမရေရာတဲ့ ဘဏ္ဍာရေးအခြေအနေရှိပေမယ့် ပြည်ပပညာရေးလမ်းကြောင်းကို အကြောင်းအမျိုးမျိုးနဲ့ လျောက်လှမ်းနေကြတဲ့ အတွက် ပညာသင်ဆုအပေါ် မျှော်လင့်ချက်ထားကြတယ်။ နိုင်ငံတကာ standardised test certificate တွေနဲ့ပြည်တွင်းက အစိုးရတက္ကသိုလ်တွေ တက်ရောက်ခွင့်၊ ထက်ပါ လက်မှတ်တွေနဲ့ တက်ရောက်လို့ရမယ့် အစိုးရအသိအမှတ်ပြု private university တွေ များများပေါ်ထွက်လာစေမယ့် မူဝါဒတွေ တစ်ချိန်မှာ အကောင်အထည်ဖော်ရမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
24/06/2024
သူမေးထားတာ တိုတိုလေး။ မနေနိုင်မထိုင်နိုင် စာအရှည်ကြီး ဝင်ရေးဖြစ်တယ်။ ကလေးတွေကို အဲဒီလို သင်ပေးဖြစ်တယ်။ ကလေးတွေကို ဗဟုသုတ၊ အတွေးအခေါ်၊ လေ့လာလိုစိတ်ကို အဓိကပေးချင်တာ။ ပုစ္ဆာတွက်ဖို့ အဓိကဦးစားပေးရင် ရိုဘော့တွေ ဖြစ်ကုန်မယ်လို့ ကလေးတွေကို ပြောဖြစ်တယ်။ တစ်ချို့က ဗဟုသုတထက် ပုစ္ဆာမြန်မြန်တွက်၊ အဖြေကို ဦးအောင် ပြောချင်တယ်။ အခြေခံပညာရေးသင်ယူတဲ့အရွယ်မှာ အတွေးအခေါ်နဲ့ စူးစမ်းလိုမှုကို အစပျိုးပေးလိုက်ချင်တာ။ အချိန်အကြောင်းသင်ရင် တစ်ရက်မှာ ၂၄ နာရီဘာလို့ ဖြစ်နေတာလဲက စမေးလိုက်တယ်။
=•••=======
Comment ပေးလိုက်တာက
၁ ပေကို ၁၂ စိပ်ထားပြီး၊ တစ်စိပ်ကို တစ်လက်မလို့ ခေါ်တာမို့ ၁၂ လက်မပြည့်ရင် တစ်ပေဖြစ်တယ်။ တစ်မီတာကို အစိပ်တစ်ရာ စိပ်ထားပြီး တစ်စိပ်ကို ၁ စင်တီမီတာခေါ်တယ်။ ၁၀၀ စင်တီမီတာက တစ်မီတာပဲ။ ဒါတွေက ရှေးလူတွေက သတ်မှတ်ထားတာမို့ ကိုယ်က ပြောင်းလဲလို့ မရဘူး။ နောက်လူတွေက သတ်မှတ်ချက်ကို လိုက်မှတ်ထားဖို့ပဲ။
လောကမှာ သတ်မှတ်ချက်တွေရှိတယ်။ သီအိုရီတွေရှိတယ်။ သတ်မှတ်ချက်ဆိုတာက ၁၂ လက်မ တစ်ပေ၊ ၂၄ နာရီ တစ်ရက် စသဖြင့်။ ရှေးလူတွေ သတ်မှတ်ခဲ့တာ။ အင်္ဂလိပ်လို သီအိုရီကို နည်းယာမလို့ခေါ်တယ်။ နည်းယာမဆိုတာ သဘာဝတရားတွေ။ ဒါတွေကလည်း သဘာဝတရားမို့ ပြောင်းလဲလို့ မရဘူး။ တစ်စုံတစ်ယောက်က သဘာဝနည်းယာမတွေကို တွေ့ရှိသွားတဲ့အခါ သဘာဝတရား နည်းယာမတွေက ဒီလိုပါလားလို့ နားလည်အောင် လုပ်ပြီး မှတ်သားရတာပဲ။ သူတပါး မတွေ့သေးတဲ့ နည်းယာမတွေကို ကိုယ်ဖော်ထုတ်နိုင်အောင် ကြိုးစားကြတာရှိသလို သူတပါးဖော်ထုတ်ထားတဲ့ နည်းယာမတွေကို အသုံးချနိုင်အောင် ကြိုးစားကြတဲ့ အပိုင်းလည်း ရှိတယ်။
မေးခွန်းရှင် မေးထားတဲ့အရာက သတ်မှတ်ချက်တစ်ခုပဲ။ တစ်မီတာ အလျား၊ အနံ၊ အမြင့် ပတ်လည်ရှိတဲ့ ကုဗတုံးတစ်ခုကို တစ်ကုဗမီတာလို့ သတ်မှတ်ထားတယ်။ အဲဒီကုဗတုံးလေးတွေကို အတုံးတစ်ထောင် အညီအမျှစိပ်လိုက်ရင် တစ်တုံးက အလျား၊ အနံ၊ အမြင့် ၁၀ စင်တီမီတာ စီရမယ်။ 10 cm x 10 cm x 10 cm = 1000 cubic cm
1 cubic m အတုံး တစ်ခုက 1000 cubic cm ရှိတဲ့ အတုံးပေါင်း 1000 ရှိတယ်။ ထုထည် မှန်သမျှကို ကုဗမီတာ၊ ကုဗစင်တင်မီတာတွေနဲ့ ဖော်ပြနိုင်တယ်။ လီတာဆိုတာကတော့ အရည်နဲ့ဆိုင်တဲ့ ထုထည်တွေကို ဖော်ပြရာမှာ သုံးလေ့ရှိတယ်။ 1000 ကုဗစင်တီမီတာ အတုံးလေးက ၁ လီတာနဲ့ ညီမျှတယ်။ ဒါကြောင့် လီတာ ၁ ထောင်က ၁ ကုဗမီတာနဲ့ ညီမျှသွားတယ်။
အလွယ်ဥပမာ ပေးရရင် ရေတစ်လီတာရှိ ရေဘူးတစ်ထောင်ကို တစ်မီတာ ပတ်လည်ရှိတဲ့ ကန်ထဲထည့်ရင် ရေအပြည့်အတိ ရမယ်။ ဒါသတ်မှတ်ထားချက်ပဲ။ သတ်မှတ်ချက်ဆိုတာ နားလည်အောင်လုပ်ပြီး မှတ်သားထားဖို့ပဲ။
အလျား၊ အချိန်၊ အလေးချိန်ဆိုတဲ့ မူလအတိုင်းအတာတွေ၊ ဆင့်ပွါးလာတဲ့ ထုထည်၊ ကီလိုဝပ်လို အရာတွေက ရှေးခေတ်လူတွေက နယ်မြေဒေသအလိုက် အသုံးပြုခဲ့ကြတာမို့ သတ်မှတ်ချက်အမျိုးမျိုးရှိခဲ့တယ်။ ဥပမာ အလျားကို မြန်မာတွေက မိုက်၊ ထွာ၊ တောင်၊ အင်္ဂလိပ်တွေက foot, yard, chain ။ ထုထည်ကို မြန်မာတွေက စလယ်၊ ပြည်၊ တင်းတောင်း၊ အင်္ဂလိပ်တွေက pint, quart, gallon နဲ့ သတ်မှတ်ခဲ့ကြတယ်။ မတူတဲ့ တိုင်းပြည်၊ လူမျိုးတွေ ရောင်းဝယ်ဖောက်ကား၊ အလုပ်လုပ်ကြလာတဲ့အတွက် အများသဘောတူ စံသတ်မှတ်ချက်တွေထားလာကြတယ်။ အင်္ဂလိပ်တွေ အုပ်စိုးခံရတဲ့နိုင်ငံနဲ့ လူမျိုးတွေကြ အင်္ဂလိပ် စံယူနစ် သတ်မှတ်ချက်တွေ သုံးဖြစ်ကြတယ်။ ဥရောပက ပြင်သစ်နိုင်ငံက ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ စံယူနစ်တွေ သတ်မှတ်ခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ ယနေ့ တွင်ကျယ်စွာ အသုံးပြုနေတဲ့ စံယူနစ် ၂ ခုက အင်္ဂလိပ်စနစ် FPS နဲ့ အပြည်ပြည်ဆိုင်ရာ MKS စနစ်တို့ ဖြစ်တယ်။
သို့သော်လည်း နိုင်ငံနဲ့ လူမျိုးအလိုက် ဒေသအတွင်းမှာတော့ ရှေးယခင်အဆက်ဆက် အသုံးပြုခဲ့တဲ့ အတိုင်အတာ သတ်မှတ်ချက်တွေကို အသုံးစဲ ဖြစ်တယ်။ ဥပမာ မြန်မာမှာဆို အလေးချိန်နဲ့ ပတ်သတ်ရင် ရွေး၊ ကျပ်သား၊ ပိဿာ တို့ဖြစ်ပြီး တရုတ်၊ ယိုးဒယားတို့မှာ မြေအရောင်းအဝယ်ပြုရင် သူတို့ ဘိုးဘွား အစဉ်အဆက်သုံးနေတဲ့ အတိုင်းအတာ သတ်မှတ်ချက်ကို စံပြုသုံးစဲ ဖြစ်တယ်။
ကလေးတွေကို အဲဒီလိုလေးတွေ သင်ပေးပါ။ ၁၂ လက်မ တစ်ပေဆိုတာလောက် ခပ်တုံးတုံးကြီး မသင်ပေးပါနဲ့။ ယနေ့ အင်တာနက်ခေတ်ကြီးမှာ ကလေးတွေကို ဘယ်နိုင်ငံက ဘယ်လို သတ်မှတ်ချက် ယူနစ်တွေ သုံးကြလဲ research လေးတွေ လုပ်ခိုင်း၊ assignment လေးတွေတင်ခိုင်းတာမျိုး လုပ်ခိုင်းစေချင်တယ်။ AI technology, big data analysis ဘက် သွားနေတဲ့ခေတ်မှာ ကလေးတွေကို သင်ကြားတာ machine language level program သွင်းသလို မသင်ပေးသင့်ဘူး။
Singapore math လေ့လာချင်သူတွေအတွက် koobits E-learning platform မှာ Primary 1 to 6 အထိ သင်ယူလေ့လာလို့ရပါတယ်။ သင်ခန်းစာ ဗွီဒီယိုတွေပါမယ်။ ရုပ်ပုံလေးတွေနဲ့ ကလေးတွေနားလည်အောင့် အဆင့်လိုက် English လိုရှင်းပြထားတယ်။ လေ့ကျင့်ခန်းတွေပါမယ်။
မိဘကပဲ ကလေးကို သင်တာဖြစ်ဖြစ်၊
ကျူရှင်ဆရာမအနေနဲ့ ကလေးကို သင်ကြားရာမှဖြစ်ဖြစ် အထောက်အကူပြုပါတယ်။
Self-study အားကောင်းတဲ့ ကလေးအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ ကလေး စာလုပ်ထားလား၊ လေ့ကျင့်ထားလား အလွယ်တကူ ပြန်စစ်ဆေးလို့လည်း ရပါတယ်။
အကောင့်တစ်ခုကို ဒီနေ့ငွေစျေးနဲ့ ၁၉၂၀၀၀ ကျပ်ကျသင့်ပါတယ်။ သို့သော် ကျွန်တော် fix rate တစ်သိန်းခွဲနဲ့ ပေးပါမယ်။ T&C apply
06/06/2024
ဒီ စစ်တမ်းလေးကို မဖြည့်ရသေးတဲ့သူများအား ကူညီ ဖြည့်စွက်ပေးစေလိုပါတယ် ခင်ဗျာ။
အနာဂတ် ပညာရေးမျှော်မှန်းချက်စစ်တမ်း မြန်မာနိုင်ငံ လူငယ်လူရွယ်များ၏ ပညာသင်ယူမှု အခြေအနေနှင့် အနာဂတ်မျှော်မှန်းချက်များကို သိရှိလိုပါသဖြင့် စစ...
05/06/2024
Congratulations!
Kaung Zayar Kyaw
Thoon Yati Htet
Htoo Aung Lynn
May Sabel Win
Lin Thurira Pho Hlaing
E-certificates awarded by koobits for your participation in challenging activities.
On top of this, I am very pleased to give extra gift 25000 kyats each of you which is equivalent to one month tuition fee.
Please keep going. Next round will come in December. Every student, don’t forget to earn CP in daily challenge.
မိဘများခင်ဗျာ
Singapore Primary math class အပါအဝင် Cambridge primary & lower secondary အတန်းများကို သူ့အတန်းလိုက် viber group များဖွဲ့ပြီး လူကြီးမင်းတို့ကို group အတွင်း ထည့်ပြီးပါပြီ ခင်ဗျာ။
အကယ်၍ မိမိတို့အပ်နှံထားသည့် သက်ဆိုင်ရာအတန်းလိုက် viber group အတွင်း မရောက်ဟု သံသယရှိပါက ဆက်သွယ် အသိပေးစေလိုပါတယ်။
အတန်းတွေ ဒီနေ့ကနေစပြီး အချိန်းဇယားအတိုင်း စတင်မှာ ဖြစ်ပါတယ် ခင်ဗျာ။
Singapore koobits account ယူထားသူများကိုလည်း ရလျင်ရချင်း private message ကနေ ID password ပို့ပေးပါမယ်။ အကောင့်သီးသန့်ယူသူ တစ်ဦးမှ လွဲပြီး စာရင်းပေးထားတဲ့အတိုင်း viber group ထဲ ထည့်ထားပါတယ်။ ကျန်နေတယ် ထင်ပါက စောလျင်စွာ အသိပေးစေလိုပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
425 Hledan Center, Hledan Road
Kamayut
11041
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
21/09/2024