25/02/2026
FYI
ဂျပန်စာသင်ကြားရေး ဆရာ/ဆရာမ ခေါ်ယူခြင်း
🌸အရည်အချင်းသတ်မှတ်ချက်များ
-N2 အောင် နှင့် အထက် ။
-စာသင်ကြားရေးအတွေ့အကြုံ ၁နှစ် နှင့် အထက် ။
-ကွန်ပျူတာအသုံးပြုနိုင်သူ ။
-ရေရှည်လုပ်ကိုင်နိုင်သူ ။
-ကျန်းမာရေးကောင်းမွန်ပြီး အများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ။
🌸လစာ နှင့် အကျိုး ခံစားခွင့်များ
အခြေခံလစာ N2 : 900,000MMK , N1 : 1,100,000MMK
လုပ်ငန်းအောင်မြင်မှု ၊ တစ်ဦးချင်းစွမ်းဆောင်ရည် နှင့် ရလာဒ်ပေါ် မူတည်၍ ၁နှစ် ၊ ၁ကြိမ် Bonus ရှိပါမည် ။
လုပ်သက် ၁နှစ် ၊ ၁ကြိမ် လစာတိုးရှိပါမည် ။ (စွမ်းဆောင်ရည်နှင့် ရလာဒ်ပေါ်မူတည်၍ )
တာဝန်ထမ်းဆောင်နေစဥ် N1 အောင်ပါက လုပ်သက် ၁နှစ် မပြည့်မီ လစာတိုးပါမည် ။
🌸 ထောက်ပံ့ကြေး
ခရီးစရိတ် ( Bus )
၁နှစ် ၁ကြိမ် ကျန်းမာရေးစစ်ဆေးပေးခြင်း ။
၁နှစ် ၁ကြိမ် Tokutei Ginou စာမေးပွဲကြေး ။
JLPT စသည့်စာမေးပွဲများတွင် N1 အောင်မြင်ပါက ဂုဏ်ပြုဆုငွေပေးအပ်ခြင်း ။
🌸 အလုပ်တစ်ခုတည်းကိုသာ လုပ်ဆောင်ရခြင်းမျိုးမဟုတ်ပဲ ဝန်ထမ်းညစာစားပွဲများ ၊ ကုမ္ပဏီခရီးစဥ်များ ၊ ၃လ ၁ကြိမ်ပျော်ရွှင်စရာ အစီအစဥ်များလည်းရှိပါသည် ။
🌸 SJLC တွင် တာဝန်ထမ်းဆောင်ခြင်း၏ အကျိုးကျေးဇူးများအနေဖြင့်
အပတ်စဥ် ဂျပန်ဆရာမများ နှင့် တွေ့ဆုံဆွေးနွေးမှုရှိပြီး တိုက်ရိုက် အကြံဉာဏ်ရယူနိုင်ခြင်း ။
မိမိ၏ ထင်မြင်ယူဆချက်များ ၊ အဆင်မပြေမှုများရှိပါက တိုက်ရိုက်တင်ပြနိုင်ခြင်း ။
သင်ရိုးစာအုပ်သည် "Minna no Nihongo" အပြင် အခြားဖတ်စာအုပ်များကို အသုံးပြုသင်ကြားရသောကြောင့် သင်ကြားရေးစွမ်းရည် မြင့်မားလာခြင်း ။
လစဥ် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် အင်တာဗျူးအောင်မြင်သော သင်တန်းသားများအား သင်ကြားပျိုးထောင်ပေးရသောကြောင့် အကျိုးရှိသောအလုပ်ဖြစ်ခြင်း ။
🌸အလုပ်ချိန်
တနင်္လာ~သောကြာ (8:00~16:30)
🌸ပိတ်ရက်
စနေ ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ။
အောက်ပါ Viber no. သို့မဟုတ် Email မှ CV Form ပေးပို့ပြီးလျှောက်ထားနိုင်ပါသည် ။
Viber No. – 09772661732
Email - [email protected]
သင်တန်းလိပ်စာ: အမှတ်-57၊ ဗဟိုလမ်း ၊ ကမာရွတ်မြိုနယ် ၊ ခိုင်ရွှေဝါမှတ်တိုင်အနီး ၊ ရန်ကုန် ။
အခြားသိလိုသည်များ မေးမြန်းလိုပါက 09772661732 သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါသည် ။ (ရုံးချိန်တွင်းသာ)
#ဂျပန်စာသင်ကြားရေးဆရာမ