Aller Aqua Myanmar

Aller Aqua Myanmar

Share

We have product fish feed for more than 60 years, and this makes us one of the worlds most experienced fish feed producers.

14/04/2026

🌊 Global Aller Aqua Team အဖွဲ့နှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေး!

Aller Aqua Group
( ဒိန်း မတ် အခြေ စိုက် ကုမ္ပဏီ ) သည် Seafood Processing Global 2026 တွင် ပါဝင်ပြသမည်ဖြစ်ပါသည်။

🤝 လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေးများကိုလည်း ဆွေးနွေးနိုင်ပါသည်။

မိတ်ဆွေများအားလုံးကို လာရောက်တွေ့ဆုံရန် ဖိတ်ခေါ်အပ်ပါသည်။

📍 နေရာ – ဘာစီလိုနာ၊ စပိန်နိုင်ငံ
📅 နေ့ရက် – ၂၁ မှ ၂၃ ဧပြီ ၂၀၂၆

13/04/2026

💦နှစ်ဟောင်းရဲ့ အဆင်မပြေမှုများ၊ ဘေးအန္တရာယ်များမှ ကင်းဝေးပြီး၊ သင်္ကြန်ရေနဲ့အတူ ဆေးကြော၍ မြန်မာနှစ်သစ်တွင် မြန်မာပြည်သူများ ပြန်လည်အဆင်ပြေပြီး၊လုပ်ငန်းများလည်းအစစအရာရာ အဆင်ပြေချောမွေ့၍ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်း တို့နှင့် ပြည့်စုံပါစေလို့ အယ်လာအက်ကွာမိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ။ 💦





Dear Valued Customers,

As we welcome the joyful season of the Myanmar New Year and the beautiful Thingyan Water Festival, we would like to extend our warmest wishes to you and your families.

May this special time bring you happiness, prosperity, good health, and new beginnings. Just like the water of Thingyan washes away the old, may it bring fresh opportunities and success to your business and life.

We are truly grateful for your continued trust and support, and we look forward to growing together in the year ahead.

💧 Wishing you a refreshing, joyful, and blessed Thingyan! 💧

25/12/2025

Merry Christmas 🎄 🎄 🎄 🎁 🎁 🎁

ခရစ္စမတ်မှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးတဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ကြပါစေ..ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့လေးတစ်နေ့ဖြစ်ပါစေလို့ Aller Aqua Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



19/12/2025

"ပျော်ရွှင်စရာ ကရင် နှစ်သစ်ကူးနေ့" လေးပါ

{ 19.12.2025 } သောကြာနေ့

ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်

"'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။

ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နှစ်သစ် ဖြစ်ပါစေကြောင်း အယ်လာအက်ကွာမြန်မာ မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျာ....


Photos from Aller Aqua Myanmar's post 27/10/2025

Vacancy Announcement ! 📢

သင့်ကိုယ်သင် Management level မှာ confidence & experiences ရှိတဲ့ သူတစ်ယောက်လား?

- Teams တစ်ခုလုံးကို သင်ရဲ့ Leadership skill နဲ့ confidence ရှိစွာ ဦးဆောင်နိုင်ပြီလား?

- ဒီလိုဆိုရင် သင့်အတွက် အခွင့်ရေးကောင်းတစ်ခု Aller Aqua Myanmar မှာ ရှိနေပါတယ်

အဲ့ဒါကတော့ Aller Aqua Myanmar နှင့်အတူ လက်တွဲလုပ်ဆောင်ရန်အတွက် General Manager position အတွက် ခေါ်ယူလျက်ရှိပါတယ်။

✅ လျှောက်ထားလိုပါက [email protected] နှင့် [email protected] သို့ ကိုယ့်ရေးအချက်အလက်အပြည့်အစုံ (Resume) နှင့် မျှော်မှန်းလစာနဲ့တကွ 30 November 2025 နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။



06/10/2025

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ လပြည့်နေ့၊ အဘိဓမ္မာနေ့ တွင် ကျရောက်သည့် ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့မှစတင်ပြီး ချစ်ရသော မိဘပြည်သူများအားလုံး ရောဂါဘယများကင်းဝေးကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ALLER AQUA မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ALLER AQUA MYANMAR
"Let's Grow Together"

#သီတင်းကျွတ် #မီးထွန်းပွဲတော် #၂ဝ၂၅ #မြန်မာရိုးရာသီတင်းကျွတ်

Photos from Aller Aqua Myanmar's post 18/09/2025

📢 ပုဇွန်မွေးမြူရေးလုပ်ငန်းရှင်ကြီး များ သတိပြုရန် ❗

ပုဇွန်ဈေး လေးကောင်းလာလို့ ကန်မြန်မြန် ဖော်ချင်တယ် ဒါပေမဲ့ ကိုယ်မွေးထားတဲ့ ပုဇွန်တွေရဲ့ ကြီးထွားနှုန်း နှေးနေလို့ စိတ်ပူနေပြီလား? ဒါမှမဟုတ် ကျွေးတဲ့ အစာ အရည်အသွေးကြောင့် ခေါင်းကိုက်နေပြီလား?
ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ 𝗔𝗹𝗹𝗲𝗿 𝗔𝗾𝘂𝗮 ရဲ့ ပုဇွန်စာရှိပါတယ်နော်။ ပြီးပြည့်စုံတဲ့ အစာစပ် ဖော်မြူလာနဲ့ အတူ ပုဇွန်မွေးမြူရေးကို အကျိုးအမြတ်အရှိဆုံးဖြစ်အောင် ကူညီပေးပါရစေ။

🔶 ပုဇွန်အစာအနေနဲ့ အစာဆိုဒ် နှစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။
🔸 𝗦𝗵𝗿𝗶𝗺𝗽 𝗚𝗿𝗼𝘄𝗲𝗿 (1.5𝗺𝗺) : ကတော့ ပုဇွန်ငယ်လေးတွေအတွက်ပါ။ ပရိုတင်း ၄၄% ပါဝင်လို့ ကြီးထွားမှု နဲ့ တင်နှုန်း ကောင်းစေပါတယ်။
🔸 𝗦𝗵𝗿𝗶𝗺𝗽 𝗙𝗶𝗻𝗶𝘀𝗵𝗲𝗿 (2.3𝗺𝗺) ကတော့ ကိုယ်ဖော်ချင်တဲ့အလေးချိန်နဲ့ အရွယ်အစားကောင်းဖို့အတွက်ပါ အထောက်အကူပြုစေမှာပါ ။ ပရိုတင်း ၄၀% ပါဝင်ပြီး ဈေးကွက်ဝင်အရွယ်အစားအထိ အပြည့်အဝ ပံ့ပိုးပေးမှာပါ။

🔹𝗔𝗹𝗹𝗲𝗿 𝗔𝗾𝘂𝗮 ပုဇွန်အစာကို ဘာကြောင့် ရွေးချယ်သင့်လဲ ❓ 🤷
(၁) ပုဇွန်တွေက ပိုစားနိုင်လို့ အလေအလွင့် နည်းစေပါတယ်။
(၂) အစာကြေလွယ်ပြီးတော့ရေထဲ အစာပျော်ဝင်မှုနှေးတဲ့အတွက် ကန်ရေကို ညစ်ညမ်းမှုနည်း စေပြီး ရေလဲလှယ်ရတဲ့ အချိန် ၊ ငွေကုန်ကြေးကျ သက်သာစေပါတယ်။
(၃) ပုဇွန်တွေ အားလုံး တစ်ပြိုင်နက် ညီညီညာညာ ကြီးထွားပြီးတော့ Feed conversion Ratio (FCR) လျော့နည်းစေမှာပါ ။
(၄) အစာအဟာရ ပြည့်ဝနေတဲ့အတွက် အချင်းချင်းလည်း မစားတော့ပါဘူး။
(၅) မွေးမြူစဉ် အစကနေ အဆုံးထိ ကျန်းမာသန်စွမ်းပြီး ကိုယ်ခံအား(immune)ကောင်းစေတဲ့ အတွက် ရောဂါ ဒဏ်ခံနိုင်စေမှာပါ။

✨ 𝗔𝗹𝗹𝗲𝗿 𝗔𝗾𝘂𝗮 ရဲ့ ပုဇွန်အစာကို စမ်းသပ်သုံးစွဲပြီး ငါးမွေး တောင်သူလုပ်ငန်းရှင်ကြီး များရဲ့ ပုဇွန်မွေးမြူရေး မှာ အကောင်းဆုံးရလဒ်တွေကို ရယူလိုက်ပါ။ 🎉

📢📢 အသေးစိတ်သိရှိလိုပါက သို့မဟုတ် မှာယူလိုပါက အောက်ပါဖုန်းနံပါတ် (သို့မဟုတ်) page ရဲ့ Messenger 💬 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 Hotline - 09 940624000 နှင့် 09 250506013 မှလဲ အချိန်မရွေး ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Aller Aqua Myanmar
" Let's Grow Together "

#အယ်လာအက်အကွာ #ပုစွန်စာ #ငါးစာ

Photos from Aller Aqua Myanmar's post 29/08/2025

🔹 Aller Aqua ငါးစာနဲ့ ငါးလေးတွေရဲ့ အနာဂတ်ကို ပုံဖော်လိုက်ပါ!

အခုလိုအချိန်ကာလမှာ ဆိုရင် ငါးမွေးလုပ်ငန်ရှင်ကြီးများ ငါးမှုံပျိုး၊ ငါးလေးဆက်ပျိုးကြပြီးတော့ လိုက်ငါးအတွက် ပြင်ဆင်နေလောက်ကြပြီထင်ပါတယ်။

ငါးမွေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ ငါးလေးတွေ စပျိုးတဲ့အချိန်ဟာလည်း အရေးပါတဲ့အချိန်ကာလ တစ်ခုပါပဲ။ ဒီကာလမှာ ငါးလေးတွေရဲ့ ကျန်းမာရေး၊ ရှင်သန်နှုန်းနဲ့ ကြီးထွားမှုနှုန်းတွေဟာ အနာဂတ်အတွက် အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒီအတွက် အရည်အသွေးမြင့် ငါးစာကို ရွေးချယ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ငါးစာဆိုပြီးရော ဆိုပြီး ဖြစ်သလိုမကျွေးစေချင်ပါဘူးနော် ။

🔹 ဒါဆို ငါးလေးတွေကို ဘယ်လိုအကောင်းဆုံး ပြုစုပျိုးထောင်ကြမလဲ❓ 🤷

✅ ဒီအတွက် Aller Aqua က အဖြေပေးပါလိမ့်မယ်။💯

Aller Aqua ရဲ့ 𝗔𝗹𝗹𝗲𝗿 𝗧𝗶𝗹 𝗣𝗿𝗼 𝗦𝗮𝗻𝗮 (2𝗺𝗺)နဲ့ 𝗔𝗹𝗹𝗲𝗿 𝗧𝗶𝗹 𝗣𝗿𝗼 𝗢𝗿𝗲𝗮 (3𝗺𝗺) ငါးစာတွေဟာ ငါးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မယ် ထင်ပါတယ်။💯💯💯

🐟 ငါးလေးတွေရဲ့ ကျန်းမာရေးအတွက် 𝗔𝗹𝗹𝗲𝗿 𝗧𝗶𝗹 𝗣𝗿𝗼 𝗦𝗮𝗻𝗮 (2𝗺𝗺)

📌 ဒီငါးစာဟာ ငါး ၃၀-၅၀ ဂရမ် အရွယ် ငါးလေးတွေအတွက် အထူးထုတ်လုပ်ထားပါတယ်။

• ပရိုတင်း (Protein) - ၃၇%
• အဆီ (Fat) - ၁၀%
• အစိုဓာတ် (Moisture) - ၈ %
• စွမ်းအင် (Energy) - ၁၅.၃ MJ (digestible energy)

ဒီလို အာဟာရဓာတ်တွေကြောင့် ငါးလေးတွေဟာ ကိုယ်ခံအားကောင်းမွန်စေပြီး ရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ ဒါ့အပြင် ငါးလေးတွေ ရှင်သန်နှုန်းမြင့်မား လာတာကိုလည်း သိသိသာသာ တွေ့ရမှာပါ။

🐟 ကြီးထွားမှု အားကောင်းစေဖို့ 𝗔𝗹𝗹𝗲𝗿 𝗧𝗶𝗹 𝗣𝗿𝗼 𝗢𝗿𝗲𝗮 (3𝗺𝗺)

📌 ငါး ၅၀-၁၅၀ ဂရမ် အရွယ် အတွက်တော့ 𝗔𝗹𝗹𝗲𝗿 𝗧𝗶𝗹 𝗣𝗿𝗼 𝗢𝗿𝗲𝗮 (3𝗺𝗺) ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

• ပရိုတင်း (Protein) - ၃၃%
• အဆီ (Fat) - ၆%
• အစိုဓာတ် (Moisture) - ၈%
• စွမ်းအင် (Energy) - ၁၅ MJ (digestible energy)

ဒီငါးစာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ငါးလေးတွေ လျင်မြန်စွာ ကြီးထွားစေဖို့ အထောက်အကူပြုပါတယ်။ ငါးတွေ အရွယ်ရောက်ပြီး အလေးချိန်စီး လာတာမို့လို့ ရောင်းတမ်းဝင်ချိန်မှာ ပိုမိုအကျိုးအမြတ်ရရှိစေမှာပါ။ 📈💰

🔹 ဘာကြောင့် ဒီငါးစာနှစ်မျိုးက အရေးပါလဲ❓

ဒီငါးစာတွေမှာ Macro-elements ဖြစ်တဲ့ Phosphorus (P) 1%, Sodium (Na) 0.1 %, Calcium(Ca) 1% အပြင် နဲ့ Meso-elements ဖြစ်တဲ့ Vitamin A , D3, Iron , Copper, Zinc , Manganese တွေပါဝင်တဲ့အတွက် ငါးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး အရိုးအဆစ်သန်မာအောင် ကူညီပေးပါတယ်။💯

📌 ဒီလို အရည်အသွေးမြင့် ငါးစာတွေကို ရွေးချယ်ခြင်းဖြင့် ငါးတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ပြီး အသေအပျောက်နည်းနည်း နဲ့ အမြတ်အစွန်းများများ ရရှိစေနိုင်ပါတယ်။ 🤑💰

💁 ကဲ... ဒီလိုကောင်းကျိုးတွေရှိတဲ့ Aller Aqua ငါးစာတွေကို သုံးပြီး ငါးမွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင် တည်ဆောက်လိုက်ပါ! 👍💯

-----------------------------------------------

📢📢 အသေးစိတ်သိရှိလိုပါက သို့မဟုတ် မှာယူလိုပါက အောက်ပါဖုန်းနံပါတ် (သို့မဟုတ်) page ရဲ့ Messenger 💬 ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📞 Hotline - 09 940624000 နှင့် 09 250506013 မှလဲ အချိန်မရွေး ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။

Aller Aqua Myanmar
" Let's Grow Together "

#အယ်လာအက်အကွာ #ငါးစာ #ပုစွန်စာ

Photos from Aller Aqua Myanmar's post 12/08/2025

🙏မင်္ဂလာပါ! 🙏

📢 Aller Aqua ငါးစာနဲ့ ပုစွန်စာတွေ ပြန်လည်ရောက်ရှိလို့ နေပါပြီဆိုတဲ့ အကြောင်း ငါးမွေးလုပ်ငန်းရှင်ကြီးများအား သတင်းကောင်းပါးအပ်ပါတယ်။

🙏 အရင်က ပစ္စည်းပြတ်လပ်မှုကြောင့် အားပေးလိုသူတွေကို ဆုံးရှုံးခဲ့ရတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ...🙏

💁 ခုတော့ Aller Aqua ရဲ့ အရည်အသွေးမြင့် ငါးစာ၊ ပုစွန်စာများ ပြန်လည်ရောက်ရှိလို့နေပါပြီ။

✅ အရည်အသွေးကို အာမခံပြီး ယုံကြည်စိတ်ချစွာ အားပေးနိုင်မယ့် ငါးစာများနဲ့ ပုစွန်စာများကတော့

🔸 ငါးမှုံစာ (Aller Infa Ex Gr 0.1 mm , 0.4 mm)

🔸 ငါးသန်စာ (Aller Thalassa Ex Gr 0.5 - 1 mm , 0.9 - 1.6 mm )

🔸 ငါးဖျန်းစာ (Aller Til Pro Sana 2 mm , Aller Til Pro Orea 3 mm ) များနဲ့

🔸 ပုစွန်စာ (Shrimp Crusta Ex Gr 0.8 - 1.2 mm) ( Shrimp Grower 1.5 mm , Shrimp Finisher 2.3 mm ) တို့ကို ပြန်လည်ဝယ်ယူရရှိနိုင်ပါပြီ ။

✅ Aller Aqua အစာတွေကို အသုံးပြုပြီး ငါးမွေးလုပ်ငန်းရှင်ကြီး တို့ရဲ့ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေ ပိုမို အောင်မြင်ဖို့နဲ့ အကျိုးအမြတ်တွေ ပိုရနိုင်ဖို့ ကူညီပေးပါရစေ။ 💯

📢 အသေးစိတ်သိရှိလိုပါက သို့မဟုတ် မှာယူလိုပါက အောက်ပါဖုန်းနံပါတ် (သို့မဟုတ်) page ရဲ့ Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Hotline - 09 940624000 နှင့် 09 250506013 မှလဲ အချိန်မရွေး ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်။

Aller Aqua Myanmar
"Let's Grow Together"

#အယ်လာအက်အကွာ #ငါးစာ #ပုစွန်စာ

19/07/2025

🇲🇲 အာဇာနည်နေ့ (၁၉ ဇူလိုင်) 🇲🇲

၁၉၄၇ ဇူလိုင်လ ၁၉ရက်

လွန်ခဲ့သော ၇၈နှစ်က

ကျဆုံးခဲ့သော

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ

အာဇာနည်ခေါင်းဆောင်မျာအား

လေးစားဂုဏ်ပြုအပ်ပါသည်

#‌alleraquamyanmar

Photos from Aller Aqua Myanmar's post 17/07/2025

🐠 ပင်လယ်ငါးမုတ် Golden Pompano (Trachinotus blochii) မွေးမြူရေး 🐠

ဒါတစ်ခါမှာတော့ ကျွန်တော်တို့နိုင်ငံရဲ့ aquaculture မှာ မွေးလေ့မွေးထ မရှိသေးတဲ့ ပင်လယ်ငါးမုတ် Golden Pompano (Trachinotus blochii) ကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ စီးပွားဖြစ် မွေးမြူပုံ အဆင့်ဆင့်ကို Knowledge sharing အနေနဲ့ တင်ဆက်ပေးသွားပါ့မယ်။ မိရိုးဖလာ မွေးမြူရေး ကနေ အသစ်သစ်သော မွေးမြူရေးနည်းပညာများ ၊ စီးပွားဖြစ် ဈေးကွက်ဝင် ငါးမျိုးစိတ်များ ပိုမိုတွင်ကျယ်စွာ မွေးမြူလာနိုင်ဖို့ ရည်ရွယ်ပါတယ်။

🐠 Golden Pompano (Trachinotus blochii) ကို ဘာလို့လူကြိုက်များရတာလဲ? 🤷🏻

🔸 ဈေးကွက်ဝယ်လိုအား မြင့်မားတယ်၊ အရသာကောင်းပြီး အသားလည်း ဖြူ၊ နူးညံ့ပြီး အရိုးနည်းတယ် ၊ မွေးမြူရလွယ်ကူပြီးတော့ ရေငန်၊ ရေချိုရေငန်စပ် နှစ်မျိုးစလုံးမှာ မွေးမြူနိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။အသားစားငါးတွေဖြစ်ပြီးတော့ ငါးငယ်လေးတွေ၊ ရေငန်ပုစွန်နဲ့ ပင်လယ်ကြမ်းပြင်နေ ကျောရိုးမဲ့သတ္တဝါတွေကို စားသုံးကြပါတယ် ။ငယ်တဲ့အရွယ်မှာ ကမ်းရိုးတန်းရေတိမ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အများဆုံးတွေ့ရတတ်ပြီး အရွယ်ရောက်ပြီးသား ငါးတွေကတော့ ပိုမိုနက်ရှိုင်းတဲ့ ကမ်းရိုးတန်းရေတိမ်ပိုင်းတွေမှာ နေထိုင်တတ်ကြပါတယ်။ ငယ်ဘဝ မှာ အုပ်စုနဲ့ နေထိုင်ပြီး၊ အရွယ်ရောက်ပြီးသား ငါးတွေကတော့ တစ်ကောင်တည်း နေထိုင်လေ့ရှိတယ်။ အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီ၊ အရှေ့အာဖရိက ကနေ ဗဟိုပစိဖိတ်သမုဒ္ဒရာအထိ တွေ့ရပါတယ်။ အပူချိန် 25°C ကနေ 30°C အကြားရှိတဲ့ (အပူပိုင်းဒေသနဲ့ အပူပိုင်းဇုန်အစပ်) တွေမှာ တွေ့ရပါတယ်။ ရေ အနက် 7 မီတာကနေ 55 မီတာအထိ အနက်မှာ နေထိုင်နိုင်ပါတယ်။

🔸 ပုံသဏ္ဍာန် အနေနဲ့ ခန္ဓာကိုယ်ထူပြီး ဘေးတိုက်ပြားကာ ဘဲဥပုံစံ (Fusiform shape) ရှိပါတယ်။ ကျောဘက်က ငွေပြာရောင် ဒါမှမဟုတ် မီးခိုးရောင်ရှိပြီး ဝမ်းဗိုက်ဘက်ကတော့ ပိုဖျော့တဲ့ အရောင်ရှိတယ်။ ပါးဟက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ ရွှေရောင်-လိမ္မော်ရောင် အသွေးအရောင်တွေ ရှိပါတယ် ။ ကျောဘက်မှာ ဆူးတောင်တိုနဲ့ ဆူးတောင်ရှည် (အရိုးပျော့ဆူးတောင်)(Short Fin & long Fin) ဆိုပြီး မျိုးစိတ် နှစ်မျိုးရှိပါတယ်။နှစ်မျိုးလုံး အမွေးများကြပါတယ်။ အမြီးကတော့ ခရင်းခွပုံစံဖြစ်ပြီး သန်မာကြပါတယ်။ဒါကြောင့် ရေကူးလည်း မြန်ကြပါတယ်။

🔸 အမတွေက အထီးတွေထက် ပိုကြီးကြပြီးတော့ ပုံမှန်အားဖြင့် ၃၀ စင်တီမီတာကနေ 50 စင်တီမီတာအထိ ကြီးထွားပြီး အများဆုံး 75 စင်တီမီတာနဲ့ 6 ကီလိုဂရမ်အထိ အလေးချိန်ရှိနိုင်တယ် ။ ပုံမှန်အားဖြင့် 3နှစ်ကနေ 6နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။1နှစ်ခွဲ ကနေ 2 နှစ်သားအရွယ်၊ အလျား 30-35 စင်တီမီတာ (600 ဂရမ်- 1.5 ကီလိုဂရမ်) မှာ အရွယ်ရောက်ကြပါတယ်။ တစ်ရာသီအတွင်း အကြိမ်များစွာ ဥ မျိုးပွားနိုင်တဲ့ (Batch Spawner)ပါ။သဘာဝမှာဆိုရင် (နွေဦးမှ ဆောင်းဦးအထိ) မျိုးပွားကြသည်။ဟော်မုန်းဆေးထိုးပြီး သားဖောက်နိုင်တာကြောင့် နှစ်ပတ်လည် ဥချ သားဖောက်နိုင်ပါတယ်။

🔸 သားဖောက်လုပ်ငန်း (Hatchery techniques) မှာဆိုရင် မျိုးငါး ( Broodstock) အနေဖြင့် 2-3 နှစ်သားအရွယ်နှင့် 1.5 ကီလိုဂရမ်အထက်ရှိရပါမယ်။ အစာနေဖြင့် (ပရိုတင်း 40-50%) ပါဝင်တဲ့ မျိုးငါးစာ ကျွေးရင် အကောင်းဆုံးပါ။ ဥပမာ အယ်လာအက်ကွာ ကနေ ထုတ်လုပ်ထားတဲ့ မျိုးငါးကြီးစာ ( Aller Bona Rep Float ) ။ မျိုးငါးများ ဟာဆိုရင် အစာအဟာရပြည့်ပြည့်ဝဝ စားသုံးမှသာ ကျန်းမာ သန်စွမ်းတဲ့ ငါးသားပေါက်များစွာ မွေးဖွားပေးနိုင်မှာပါ။ လူသားတွေမှာ ဆိုရင်လည်း ကိုယ်ဝန်ဆောင် မိခင်များ စားသုံးရတဲ့ အစားအစာနဲ့ သာမန်မိခင် စားသုံးတဲ့ အစားစာ တူညီမနေပါဘူး ။ ( 🫄ကိုယ်ဝန်ဆောင်သည် များ OBIMIN သောက်သလိုပေါ့ 😀 )။ မျိုးငါးများ အတွက်လည်း လိုအပ်တဲ့ အစာအဟာရ ပေးနိုင်တဲ့ သီးသန့် အစာဖြစ်ရန် လိုအပ်ပါတယ်။ မျိုးငါးများရဲ့ အစာအဟာရဟာ ဆိုရင် မျိုးအောင်ခြင်း(Fecundity Rate) (Fertilization Rate) ၊ ဥမှအကောင်ပေါက်နှုန်း(Hatching Rate) ပေါ် မူတည်ပါတယ်။

🔸 သဘာဝအတိုင်းသော်လည်းကောင်း ဟော်မုန်းဆေးထိုးခြင်း (LHRHa သို့မဟုတ် HCG) ဖြင့် သော်လည်းကောင်း သားဖောက်နိုင်ပါတယ်။ဆေးပမာဏကတော့ အမအတွက် HCG 500-1000 IU/kg၊ အထီးအတွက် 250-500 IU/kg ။အငံနှုန်းအနေနဲ့ 30-35 ppt ဝန်းကျင် လိုအပ်ပါတယ်။ဆေးထိုးပြီး 24-36 နာရီအကြာ ညဘက်တွင် ဥချကြပါတယ်။ ဥအရွယ်အစား (အချင်း 0.8-1 မီလီမီတာ) ရှိပါတယ်။အရွယ်ရောက်ပြီးသား အမတစ်ကောင်ဟာ ဥ 300,000 မှ 800,000 အထိ ဥချနိုင်ပါတယ်။(အရွယ်အစားနှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်)သန္ဓေအောင်ပြီး 18-24 နာရီအကြာ (27°C-30°C) တွင် ဥကနေအကောင်ပေါက်ပါတော့တယ်။

🔸 သားလောင်းပြုစုမယ့် ကန်အရွယ်အစားဟာ 2-10 တန် (အောက်ခြေရေထုတ်စနစ်ပါရှိတဲ့ စက်ဝိုင်းပုံကန်) ဆိုပိုမိုကောင်း မွန်ပါတယ်။ Stocking Rate ကတော့ 20-30 pcs/L ရေအရည်အသွေး အနေနဲ့ အပူချိန် 27°C- 30°C၊ အငန်နှုန်း 28-33 ppt၊ ပျော်ဝင်အောက်ဆီဂျင် 5 mg/L အထက်ရှိ သင့်ပါတယ်။

🔸 2 ရက်သားမှာ (Yolks Sac) ကျွေပြီးတော့ 2-4 ရက်သား မှာ Rotifers ၊ 5-10 ရက်သား - Rotifers + Artemia nauplii ၊ 10-25 ရက်သား - Artemia + micro pallet ၊ 25 ရက်သားမှစ၍ - 100 % အစာတောင့် (ပရိုတင်းဓာတ် 45-50 %) တို့ကို အဆင့်ဆင့် ကျွေးရပါတယ်။

🔸 မွေးမြူတဲ့ စနစ်တွေကတော့ လှောင်အိမ်/ကမ်းလွန်လှောင်အိမ်နဲ့ မြေသားကန်များမှာ မွေးမြူနိုင်ပါတယ်။ အများအားဖြင့် Nursery Stage မှာ မြေသားကန်ကို အသုံးပြုကြပါတယ်။လှောင်အိမ်စနစ်(Cage Culture) မှာအမွေးများပြီးတော့ မြေသားကန်မှာ မွေးတာနည်းကြပါတယ်။ငါးထည့်နှုန်းအနေနဲ့ Nursery Stage (Hapa ) နဲ့ ပြုစုမယ် ဆိုရင် 150 pcs/m3 Grow-out Stage မြေသားကန် 10 pcs/m3 ၊ လှောင်အိမ်စနစ်(Cage Culture) 5 pcs/m3 ။ ကမ်းလွန်လှောင်အိမ်စနစ် (Offshore Cage Culture) နဲ့ မွေးမြူတဲ့ နည်းပညာ ဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ တဖြည်းဖြည်း တိုးတက်လာတဲ့ စနစ်ဖြစ်ပြီး အထူးစီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှု လိုအပ်ပါတယ်။ လှောင်အိမ်အမျိုးအစား ဟာ HDPE စက်ဝိုင်းပုံ သို့မဟုတ် လေးထောင့် လှောင်အိမ်များဖြစ်ပြီးတော့ လှောင်အိမ်အရွယ်အစား ဟာ အချင်း 6 မီတာမှ 10 မီတာ၊ ပိုက်အနက် 4 မီတာမှ 6 မီတာ ပုံမှန်အားဖြင့် ရှိတတ်ကြပါတယ်။

🔸 ကမ်းလွန်လှောင်အိမ် စနစ် ဖြင့်မွေးမြူ ပါက သင့်တော်သော အခြေအနေများကတော့ ရေအပူချိန် 26-30°C ၊ အငန်နှုန်း 28-35 ppt ၊ ပျော်ဝင်အောက်ဆီဂျင် > 5mg/L ၊ ရေစီးနှုန်း 20-50 cm/sec (ရေငြိမ်သော သို့မဟုတ် ရေစီးနှုန်း အလွန်မြန်သော နေရာများကို ရှောင်ပါ) ။လှောင်အိမ်အနက်ကို တော့ အနည်းဆုံး 10-15 မီတာ အနက်ရှိသော ရေတွင် ထားရှိသင့်ပါတယ်။ ရာသီဥတု ၊ အစာ ၊ ရေအရည်အသွေး ၊ အပူချိန် စတဲ့ အခြေအနေပေါ် မူတည်ပြီး ရှင်သန်နှုန်း 95% အထက် ရှိနိုင်ပါတယ်။ လှောင်အိမ်စနစ် ဖြင့်မွေးမြူရာတွင် ဈေးကွက်ဝင် အရွယ်ဟာ 287 ဂရမ်ဝန်းကျင် ရှိပါတယ်။ ကမ်းလွန် လှောင်အိမ် စနစ်ဖြင့် မွေးမြူခြင်းသည် အရင်းအနှီးများစွာ လိုအပ်သော လုပ်ငန်းဖြစ်ပြီး၊ အကျိုးအမြတ်များ ရရှိနိုင်သော်လည်း Risk များလည်း ရှိတတ်ပါတယ်။ ကမ်းလွန်လှောင်အိမ်တစ်ခုတွင် တစ်နှစ်လျှင် တန် ၂၀၀ ထုတ်လုပ်နိုင်ပါတယ်။

🔸 မြေသားကန်နှင့် မွေးမြူမည်ဆိုပါက ကနဦးကန်ပြင်ဆင်ခြင်း ကိုစတင်လုပ်ဆောင်ရမှာပါ။ရေထုတ်ပြီး နေလှန်းခြင်းဖြင့် အော်ဂဲနစ်ပစ္စည်းများကို ဓာတ်တိုးစေကာ မလိုလားအပ်တဲ့ မျိုးစိတ်များကို ဖယ်ရှားပေးရပါတယ်။ မြေကန်များတွင် ပိုးသတ်ရန်နှင့် အာဟာရဓာတ်တိုးစေရန် ထုံးဓာတ် (Hydrated lime) ကို အသုံးပြုပေးရပါတယ်။ ရေထုတ်/ သွင်း မြောင်းများဟာလည်း ရေစီးဆင်းမှုကို ကောင်းမွန်စေရပါတယ်။ ကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင် နည်းပါးပါက (Paddle wheel) တပ်ဆင်ပေးနိုင်ရပါမယ်။

🔸 ငါးသားပေါက်များကို ပျိုးရာမှာတော့ ကန်ရေရဲ့ 50% မှ 100% အထိ လဲလှယ်ပေးရပါမယ်။ အောက်ဆီဂျင်အလုံအလောက် ရရှိစေရပါမယ်။ ဖိစီးမှုလျှော့ချနိုင်ရန် အလင်းရောင် ထိန်းချုပ်ပေးရပါမယ်။ Hapa ဖြင့် ပျိုးပြီး 2pcs/m3 နှုန်းဖြင့် အသားတိုးကန်သို့ ပြောင်းရွေ့ပေးရပါတယ်။ အသားတိုးကန်များ သို့မဟုတ် လှောင်အိမ်များတွင် မွေးမြူရန် ငါးများကို ပြင်ဆင်ထားရပါမည်။

🔸 မြေကန်ဖြင့်မွေးမြူပါက လိုအပ်တဲ့ရေ အရည်အသွေး ရှိထားရပါမယ်။ အပူချိန် 26-32°C ပျော်ဝင်အောက်ဆီဂျင် 5mg/L ၊ အမိုးနီးယား

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Address


Kamayut