04/09/2026
🗣️ IELTS Speaking Part 2 – 1 Minute Planning ကို ဘယ်လို လုပ်မလဲ? 📝
Speaking Part 2 မှာ 1 minute preparation time ရပါတယ်။ ပြီးမှ2 minutes speaking ပြောရပါတယ်။ 1 minute note taking အချိန်မှာ အဖြေတစ်ခုလုံးကို စာကြောင်းအပြည့်ရေးဖို့ မလိုပါဘူး။
❌ Full sentences မရေးပါနဲ့။
ဘာလို့လဲဆိုတော့ စာကြောင်းအပြည့်ရေးနေရင် 1 minute အတွင်း အချိန်ကုန်သွားနိုင်ပါတယ်။
ပေးထားတဲ့prompt တွေကိုကြည့်ပြီး keywords / short notes တွေပဲ ရေးပါ။ ✍️
Part 2 အတွက်common ဖြစ်တဲ့Adj တွေမှတ်ထားပါ။emotions တွေကိုဖော်ပြဖို့ reasons တွေကိုရှင်းပြဖို့ Adj တွေကအရမ်းအသုံးဝင်ပါတယ် (Peaceful and relaxing, convenient, practical, effective, fascinating, lively and active, etc)
📌 Example
Describe a place you like
1)what the place is
2)where it is
3)what it is like
4)and explain why you like it
Plan: Keywords
1) a cafe/ Name:Bamboo
2) downtown / transport/ convenient
3) decoration( lighting, seats, plants) menu (snacks, drinks)
4) cozy atmosphere, peaceful and relaxing 🌱
ဒီလို keywords တွေက ကိုယ်ပြောချင်တဲ့ idea တွေကို မှတ်မိအောင် trigger လုပ်ပေးပါလိမ့်မယ်။ ideas keywords တွေကနေnatural sentences တွေတည်ဆောက်တာကိုလေ့ကျင့်ပြီးတော့ part 2 speaking မှာ high band score ရယူနိုင််ပါတယ်။ 🏆