12/06/2022
ကလေးများအတွက် အခမဲ့ 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲𝘀 (ကွန်ပျူတာသိပ္ပံ မဂ္ဂဇင်းစာစောင်များ)
ဒီ မဂ္ဂဇင်းစာစောင်များကို ပုံမှန်ဖတ်ရှုခြင်းအားဖြင့် ပြောင်းလဲနေတဲ့ နည်းပညာတွေအကြောင်း ၊ STEM education အကြောင်း ၊ Software/Tools တွေအကြောင်းကို ခေတ်ကို မျက်ခြေမပျက်ပဲ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
📚 𝘏𝘦𝘭𝘭𝘰 𝘞𝘰𝘳𝘭𝘥 မဂ္ဂဇင်း - https://helloworld.raspberrypi.org/issues
- နာမည်ကြီး ကွန်ပျူတာအသေးစားများကို ထုတ်လုပ်တဲ့ Raspberry Pi အဖွဲ့အစည်း ရဲ့ အကူအညီဖြင့် ဖြန့်ချီတဲ့ စာစောင် ဖြစ်ပါတယ်။ အခကြေးငွေနဲ့ subscribe ပြုလုပ်လို့ ရသလို PDF file ကိုလဲ အခမဲ့ download ပြုလုပ်နိုင်ပါတယ်။ ၂၀၂၂ ခုနှစ် ၊ မတ်လ ၁၄ ရက်နေ့မှာ Issue 18 ကို နောက်ဆုံး ထွက်ရှိထားပါတယ်။
📚 𝘏𝘢𝘤𝘬𝘚𝘱𝘢𝘤𝘦 မဂ္ဂဇင်း - https://hackspace.raspberrypi.com/issues
- Raspberry Pi အဖွဲ့အစည်း ရဲ့ အကူအညီနဲ့ပဲ ဖြန့်ချီတဲ့ စာစောင် ဖြစ်ပါတယ်။ HelloWorld နဲ့ စာရင် ဒီစာစောင်မှာက Hackware ပစ္စည်းတွေ အသုံးချပြီး တီထွင်မှုတွေကို ပိုအလေးထား ရေးသားပါတယ်။ Download link ကို နှိပ်လိုက်ရင် အလှုငွေ contribute လုပ်ဖို့ ပေါ်ပေမယ့် အဲဒီအောက်နားလေးမှာပဲ အခမဲ့ download လုပ်ရန် ဆိုတဲ့ link ကနေ PDF file download ရယူနိုင်ပါတယ်။ ၂၀၂၂ ခုနှစ် ၊ ဇွန်လ အတွက် Issue 55 ကို နောက်ဆုံး ထွက်ရှိထားပါတယ်။
📚 𝘔𝘪𝘤𝘳𝘰:𝘔𝘢𝘨 မဂ္ဂဇင်း - https://magazines.micromag.cc
- BBC micro:bit နဲ့ သက်ဆိုင်တဲ့ tutorial တွေ ၊ သတင်းတွေ တင်ဆက်ပေးနေတဲ့ Micro:mag (https://micromag.cc/) ဆိုတဲ့ အဖွဲ့ကနေ လစဥ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ၊ သြဂုတ်လထုတ် Issue 8 မှာပဲ ရပ်တန့်နေပေမယ့် ထွက်ခဲ့သမျှ issue တိုင်းက ဖတ်လို့ ကောင်းပါတယ်။
နောက်ပီး Micro:mag ရဲ့ Senior Editor ဖြစ်တဲ့ Joshua Lowe ကိုလဲ inspire ဖြစ်စေချင်လို့ပါ ။ Senior Editor လို့ ပြောပေမယ့် ဒီကောင်လေးက အခုမှ အသက် ၁၅ နှစ်လောက်ပဲ ရှိပါသေးတယ်။ နောက်ပီး သူ့အသက် ၁၂ လောက်မှာ ရေးတဲ့ EduBlocks (https://edublocks.org/) ဆိုတဲ့ block coding tool ကလဲ နိုင်ငံတကာကျောင်းတွေမှာ အသုံးပြုရတဲ့အထိ တွင်ကျယ်နေပါပီ။
EduBlocks က Scratch နဲ့ ပုံစံ ဆင်ပေမယ့် Python , HTML တွေကိုပါ support လုပ်တယ်လို့ ဆိုပါတယ်။ Joshua Lowe က Tech Conference တွေမှာ Speaker ပြောသလို ဆုတွေလဲ အများကြီး ရထားတဲ့ young tech entrepreneur တစ်ယောက်ပါ။ သူ့အကြောင်းနဲ့ သူဖြေထားတဲ့ အင်တာဗျူးတွေကို blog တစ်ခု သီးသန့် ထပ်ရေးပေးပါမယ်။
ဒီ မဂ္ဂဇင်းစာစောင်တွေကနေ မြန်မာကလေးငယ်တွေအတွက် အသုံးဝင်မယ့် အသိပညာတွေ ရရှိဖို့ မျှော်လင့်ရင်း မျှဝေလိုက်ရပါတယ်။ စာစောင်များက အင်္ဂလိပ်ဘာသာစကားဖြင့်သာ ရေးထားတာမို့ အုပ်ထိန်းသူ ၊ ဆရာအကူအညီပါမှသာလျှင် ကလေးများအနေနဲ့ ဖတ်ရ လွယ်ကူပါလိမ့်မယ်။
(Download ရယူရာမှာ အခက်အခဲရှိတယ်ဆိုရင် comment ထားခဲ့လို့ ရပါတယ်။ တတ်နိုင်သလောက် ကူညီပေးပါမယ်။)
10/06/2022
ယခုအချိန်ကာလမှာ မိဘတွေ အနေနဲ့ပဲ ဖြစ်ဖြစ်၊ အခမဲ့ပညာဒါန ဆရာ၊ဆရာမများအတွက် ကလေးငယ်များကို သင်ကြားရာမှာ အသုံးဝင်မယ့် အခမဲ့ ကွန်ပျူတာသိပ္ပံသင်ရိုးတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဒီသင်ရိုးကို အင်္ဂလန်နိုင်ငံရဲ့ National Centre for Computing Education (𝐍𝐂𝐂𝐄) ဆိုတဲ့ အဖွဲ့အစည်းက ရေးဆွဲပြီး အခမဲ့ ဖြန့်ဝေပေးထားတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအကြောင်း အသေးစိတ်ကို https://teachcomputing.org/about မှာ ဖတ်နိုင်ပါတယ်။ သင်ရိုးမှာ Stage ၄ ခု ခွဲထားပြီး အသက် ၅ နှစ်ကနေ ၁၆ နှစ်အထိ လွှမ်းခြုံပါတယ်။ အသက်အပိုင်းအခြားအလိုက် သင်ကြားရမယ့် အကြောင်းအရာတွေကို ခွဲခြားထားတာ ဖြစ်ပါတယ်။
𝗞𝗲𝘆 𝗦𝘁𝗮𝗴𝗲 𝟭 : Age 5-7
သင်ရိုး Link - https://teachcomputing.org/curriculum/key-stage-1
𝗞𝗲𝘆 𝗦𝘁𝗮𝗴𝗲 𝟮 : Age 7-11
သင်ရိုး Link - https://teachcomputing.org/curriculum/key-stage-2
𝗞𝗲𝘆 𝗦𝘁𝗮𝗴𝗲 𝟯 : Age 11-14
သင်ရိုး Link - https://teachcomputing.org/curriculum/key-stage-3
𝗞𝗲𝘆 𝗦𝘁𝗮𝗴𝗲 𝟰 : Age 14-16
သင်ရိုး Link - https://teachcomputing.org/curriculum/key-stage-4
သင်ရိုးတစ်ခုချင်းဆီရဲ့ Teaching Material တွေကို download ပြုလုပ်ခွင့်ရဖို့ သူတို့ website မှာ Account ရှိပြီး log in ပြုလုပ်ထားရပါမယ်။ (Account ဖွင့်လှစ်ရန် - https://ncce.stem.org.uk/user/register?from=NCCE - မေးထားတဲ့ မေးခွန်းတွေကို ဖြေပြီး ကိုယ့်မှာ gmail account တစ်ခု ရှိရုံနဲ့ အလွယ်တကူ account ဖွင့်လို့ ရပါတယ်။)
အဲဒီ Website ပေါ်မှာပဲ အခြားသော သင်ထောက်ကူ resource တွေ အများအပြား ရှိတာမို့ ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒီအထဲမှာမှ မိဘများ ၊ ဆရာ/ဆရာမများအတွက် အသုံးဝင်နိုင်တာကတော့ သူတို့ ရဲ့ Curriculum Journey ပါ ။ (attachment ဓါတ်ပုံ သေးပါက အကြည် version pdf ကြည့်ရန် - https://bit.ly/3ztluh0)
သင်ရိုးတွေအားလုံးက အင်္ဂလိပ်ဘာသာစကား နဲ့ ဖြစ်တာကြောင့် ကလေးငယ်များအနေနဲ့ အုပ်ထိန်းသူ၊ဆရာ/ဆရာမ အကူအညီ ပါမှသာလျှင် လေ့လာဖို့ အဆင်ပြေနိုင်ပါမယ်ခင်ဗျ။ ခက်ခဲတဲ့ ကာလအတွင်းမှာ မိဘ၊ပညာဒါနဆရာ/ဆရာမများအနေနဲ့ ကလေးတွေရဲ့ ပညာရေး အဆက်မပြတ်သွားစေဖို့အတွက် ဒီလို နိုင်ငံတကာ အခမဲ့သင်ရိုးညွှန်းတမ်းတွေကို အလွယ်တကူ ရယူသုံးစွဲနိုင်စေဖို့ ရည်ရွယ်ပါတယ်။
(Account ဖွင့်လှစ်ဖို့ အခက်အခဲ ရှိတာမျိုး ရှိရင် comment ထားခဲ့လို့ ရပါတယ်။ တတ်နိုင်သလောက် ကူညီပေးပါမယ်။)
01/01/2021
🎊🎉Happy New Year 🎉🎊
Out with the old, in with the new!!! 🎋🎋🎋
29/12/2020
မင်္ဂလာပါ ။ ဒီနေ့မှာတော့ Scratch Programming ကို လေ့လာဖို့အတွက် Resource လေးတစ်ခုကို မျှဝေချင်ပါတယ်။
Scratch Programming ဆိုတာက ကလေးငယ်တွေကို Computer Science / STEM thinking Logic တွေကို သင်ကြားပေးနိုင်တဲ့ Programming Language တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကျော် MIT တက္ကသိုလ် မီဒီယာသုတေသနအဖွဲ့က ဖန်တီးခဲ့တာပါ ။
ကလေးငယ်တွေအတွက် လေ့လာရလွယ်ကူအောင် ဖန်တီးပေးထားတဲ့ Coding Blocks တွေ Animation တွေကြောင့် နိုင်ငံတကာ STEM သင်ရိုးညွှန်းတမ်းတွေမှာ မပါမဖြစ် ဖြစ်လာခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ Scratch ဒေတာအချက်အလက်တွေကတော့ -
ယနေ့အထိ Scratch.mit.edu website ပေါ်မှာ ဖန်တီးထားတဲ့ ပရောဂျက်ပေါင်း (၆၇) သန်းကျော် ရှိပါပြီ ။
Scratch.mit.edu မှာ register ပြုလုပ်ထားသူအရေအတွက်ကလဲ (၆၄)သန်း ကျော်ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Scratch.mit.edu မှာ ဝင်ရောက်အသုံးပြုနေသူ (၇၆၆၆) ဦး ရှိတယ် လို့ စာရင်းတွေက ဆိုပါတယ်။
Scratch Programming ကို ရန်ကုန်၊မန္တလေး မြို့ကြီးတွေက ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားလာတာ မြင်ရသလို သင်တန်းတွေ(အထူးသဖြင့် Online Class) တွေကိုလဲ COVID ကာလအတွင်းမှာ မြင်လာရပါတယ်။ ဒါပေမယ့် နယ်မြို့တွေက ကလေးငယ်တွေကတော့ လက်လှမ်းမှီဖို့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အင်တာနက် ၊ ကွန်ပျူတာ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။
(မိုလ်ဘိုင်းဖုန်းပေါ်မှာတော့ Scratch Jr ဆိုတဲ့ app ကို run လို့ ရပါတယ်။ ဒါပေမယ့် မူရင်း Scratch လောက်တော့ feature မစုံလှဘူး။)
ဒါကြောင့် ဒီနေ့ မျှဝေပေးချင်တာကတော့ ကလေးငယ်တွေအတွက် အိမ်မှာနေရင်း လေ့လာလို့ရမယ့် Website တစ်ခုပါ။
ဟားဗတ်(Harvard) တက္ကသိုလ်ကနေ ရေးဆွဲထားတဲ့ Creative Computing Curriculum ဖြစ်ပါတယ်။
သင်ခန်းစာ ၆ ခု ပါဝင်ပြီး တစ်ခုချင်းဆီမှာ အသေးစိတ် ရှင်းပြထားတဲ့ ညွှန်ကြားချက်တွေ ၊ Powerpoint(Google Slide) တွေနဲ့ သင်ရိုးတွေ ပါဝင်ပါတယ်။
Curriculum Link >> http://scratched.gse.harvard.edu/guide/curriculum.html
P.S - အင်္ဂလိပ်သင်ရိုး ဖြစ်တာမို့ မိဘ(သို့)အုပ်ထိန်းသူ အနေနဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
26/12/2020
"How to train Your Robot"-
ကလေးများအတွက် စက်ရုပ်အကြောင်း စာအုပ်တစ်အုပ်။
HomeBrew Email newsletter ကနေ ရှာတွေ့တဲ့ စာအုပ် + ဗီဒီယိုဖိုင် အတွဲလေးတစ်ခုပါ ။
အထဲမှာပါတဲ့ အကြောင်းအရာက -
စတုတ္ထတန်းအရွယ် ကျောင်းသား/ကျောင်းသူတွေက သူတို့ ကျောင်းက Robot Club မှာ လေ့လာမှုတွေ ပြုလုပ်ကြပါတယ်။ ကလေးတွေထုံးစံအတိုင်း ပစ္စည်းတွေ ရှုပ်ယှက်ခပ်အောင် ထားကြတာပေါ့ ။ ဒီတော့ ကျောင်းဆင်းချိန်တိုင်း ပစ္စည်းတွေ ပြန်ရှင်းလင်းရတဲ့ ဒုက္ခတွေ ကင်းအောင် 'သန့်ရှင်းရေး စက်ရုပ်'လေးတစ်ရုပ်လုပ်ကြမယ် ဆိုတဲ့ အကြံဥာဏ်ကနေ စပီး ဘယ်လို အခက်အခဲတွေ တွေ့ကြရတယ် ဆိုတာကို ဖတ်ရမယ့် ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။
Video File နဲ့ PDF ကို အောက်က Link တွေကနေ ရယူ/ကြည့်ရှုနိုင်ပါတယ်ဗျ ။
(P.S - ကလေးတွေအတွက် ဘာသာစကားအခက်အခဲ ရှိနိုင်တာမို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ ကူညီပေးဖို့တော့ လိုအပ်ပါမယ်။)
Video File >> https://vimeopro.com/citrisproductions/how-to-train-your-robot
PDF File >> https://drive.google.com/file/d/1JNRe4fdfI3LKuBuI9746aHGVY27sqa5_/view
Orginal Resource >> https://bit.ly/How-To-Train-Your-Robot-Info
07/12/2020
အားလုံးပဲမင်္ဂလာပါ. . . 🙋♂️🙋♀️
အကောင်းဆုံးဆိုတာတွေ ဆောင်ရွက်ပေးဖို့အတွက် အစီအစဥ်လေးတစ်ခုကို ဆောင်ယူလာပါတယ်. . .
နာမည်ကျော် အမေရိကန် e-commerce ကုမ္ပဏီတစ်ခုဖြစ်တဲ့ အမေဇုန်ကုမ္ပဏီ က နေ့စဥ် ထောင်သောင်းချီတဲ့ ကုန်ပစ္စည်းတွေကို စက်ရုံအတွင်း လျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ဖို့ စက်ရုပ်တွေကို အသုံးပြုလျက်ရှိပါတယ်။
ဒီ ၂၀၂၀ ကာလအတွင်းမှာတော့ အမေဇုန်ကုမ္ပဏီ ရဲ့ ဦးဆောင်မှု နဲ့ အဆိုပါ စက်ရုပ်တွေကို ပုံစံတူ Virtual စနစ်နဲ့လေ့လာနိုင်မယ့် Robotics Challenge ကို မကြာမှီ ကျင်းပသွားဖို့ ရှိနေပါတယ်။ အဆိုပါ ပြိုင်ပွဲအတွက် လက်ရှိအနေနဲ့ စမ်းသပ်မှုပုံစံအသွင် Level ၄ ခု ကို မည်သူမဆို အခမဲ့ လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။
သားသား၊မီးမီးတို့အတွက် ခရစ်စမတ်ပိတ်ရက်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတစ်ခုရဲ့ ပုံစံ ကို ထိတွေ့ လေ့ကျင့်ပီးသားဖြစ်အောင် ၂ ရက်တာ Workshop Program တစ်ခုကိုဒီဇင်ဘာလ ၁၉နဲ့ ၂၀ ရက်တွေမှာ iYi Robot Team က မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီ ၂ ရက်တာအတွင်းမှာ ကလေးငယ်များအနေနဲ့ iYi Robot Team က ကိုကို၊မမတို့နဲ့အတူ Amazon Robotics Challenge level တွေကို အတူတကွ ပျော်ပျော်ပါးပါး ဆော့ကစားရမှာပါ။ Mentor ကိုကို၊မမ တွေအနေနဲ့ ကူညီပေးဖို့ အသင့်ရှိနေမှာဖြစ်ပီး သတ်မှတ်ထားတဲ့ delivery mission တွေကို အပြီးပြုလုပ်ရမယ့် စက်ရုပ်တွေရဲ့ လှုပ်ရှားမှုကို သားသား၊မီးမီးတို့ ကိုယ်တိုင် စဥ်းစား ထိန်းချုပ်သွားရမှာပါ။
🤖ဒါကြောင့် စိတ်ဝင်စားစရာ Amazon Cyber Robotics Challenge - Trial Version ကို အတူ လေ့လာလိုပါက -
https://docs.google.com/forms/d/e/1FAIpQLSedW9TGH83RyksvBI6F6Euu1dzxU2TTGqxXWToqUJB9yDpWsg/viewform?usp=pp_url
တွင်ဝင်ရောက် register ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Registration form လက်ခံမယ့်နောက်ဆုံးရက်ကတော့ ၁၆.၁၂. ၂၀၂၀ ရက်ဖြစ်ပါတယ်။
ထိရောက်မှုရှိစေရန် ကူညီဆောင်ရွက်ပေးလိုတာကြောင့်အသက်၁၀နှစ်မှ၁၅နှစ်အရွယ် သားသားမီးမီးဦးရေ (၂၀) သာလက်ခံပေးနိုင်မှာဖြစ်တာကိုတော့ ကြိုတင်အသိပေးပါရစေ. . .
ဒီထက် ပိုကောင်းမွန်တဲ့ အသစ်.အသစ်သော STEM လှုပ်ရှားမှုတွေနဲ့အတူလှမ်းလာမယ့် iYi Robot ရဲ့ ခြေလှမ်းသစ်တွေကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။
01/08/2020
𝐢𝐘𝐢 𝐑𝐨𝐛𝐨𝐭
••••••••••••
𝐢𝐘𝐢 𝐑𝐨𝐛𝐨𝐭 ဆိုတာ မြန်မာ့ပညာရေး တိုးတက်စေရန် ကြိုးပမ်းမှုများကို ဆရာ/ဆရာမ၊ မိဘများ၊ ကျောင်းသား/သူ သားသားမီးမီးတို့နဲ့အတူ တစ်ထောင့် တစ်နေရာက ပါဝင် အားဖြည့်ဖို့ ကြိုးစားသွားမယ့် မိတ်ဆွေသစ်လေး တစ်ဦးပါခင်ဗျ. . . 🤖🤖🤖
ဒီဘက်ခေတ် နည်းပညာများနှင့်အတူ မြန်မာ့ရိုးရာလက်မှု တစ်ချို့ကိုလည်း တွဲဖက် ပုံဖော်ဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျ. . . 🤡
STEM Education, Microcontroller တွေနဲ့ စိတ်ဝင်စားဖွယ်တွေမို့ စောင့်ကြည့်ပေးပါဦး ☺