24/10/2025
Hello! Long time no see...
အင်္ဂလိပ်စကားပြောလေ့ကျင့်ချင်သူများအတွက် BrightCamp Academy မှဖွင့်လှစ်ပေးမယ့် English Speaking Free Class စီစဉ်ပေးထားပါတယ်✨
ဒီသင်တန်းလေးက သင့်ရဲ့ English Speaking စွမ်းရည်ကို အခြေခံကစပြီး ယုံကြည်မှုရှိရှိနဲ့ ပြောဆိုနိုင်တဲ့အထိ တည်ဆောက်ပေးမယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။
📚 Class Level: A1 & A2
💻 Platform: Zoom Meeting
🗓 Timetable: Monday, Tuesday, Wednesday
🕗 Time: 8:00 PM – 9:00 PM
📅 Duration: November 1 – November 30 (1 month)
ပထမဦးစွာ တက်ရောက်မည့် သူများသည် Placement Test အား ဖြေဆိုရန်လိုအပ်ပါသည်။
ဒုတိယအနေဖြစ် Free of Charge Challenge အနေနဲ့ register တင်ပြီး သင်တန်းကြေး 10,000 ကျပ်ကိုအရင်ပေးသွင်းရပါမယ်။
သင်တန်းတက်ရောက်မှု 80% ပြည့်မှီပါက သင်တန်းကြေးအား FULL REFUND ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။
ဒါကြောင့်သင်တန်းပြီးဆုံးသွားတဲ့အထိ တက်ရောက်ပေးဖို့အကြုံပြုချင်ပါတယ်ရှင်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲအောက်က linkမှာ registerတင်လိုက်နော်✨
📌 Registration Steps:
1️⃣ အောက်ပါ Google Form မှတဆင့် စာရင်းသွင်းရန်
2️⃣ အခုpostကို Like & Share ပြုလုပ်ပါ။
3️⃣ စာရင်းသွင်းပြီး ကိုယ့်ရဲ့ Like & Share Screenshot ကို BrightCamp Academy ရဲ့ Page messenger မှာလာရောက်ပို့ထားပေးပါရှင့်။
✨လူဦးရေးအကန့်အသတ်ရှိတာမို့ စိတ်ဝင်စားရင် အခုပဲစာရင်းပေးလိုက်နော်။ 💬💪
BrightCamp Academy
BrightCamp Academy - FOC A1/A2 Speaking Class (Nov)
ကျေးဇူးပြု၍ အောက်ပါအချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပါ။ စာရင်းသွင်းပြီးပါက ဤပိုစ့်ကို Like လုပ်ခြင်းနှ.....
12/07/2025
Hello, everyone! Long time no see.
“Never Have I ever” ဆိုတယ့် အသုံးအနှုန်းလေးကို သိကြလား?
“Never Have I ever” ဆိုတာက I have never ဆိုတယ့် Standard form လေးကနေ Never ကို ရှေ့ပို့ပြီး Inverted form ပြောင်းထားတယ့် “Negative adverbial phrase” လေးဖြစ်ပါတယ်။
ဒီနေရာမှာ Adverbial လေးကို နားလည်ဖို့ ကြိုးစားကြည့်ရအောင်။ Adverbial ဆိုတာက ”a word or phrase functioning like an adverb” ဖြစ်ပါတယ်။ ပြောရရင်တော့ Adverbial phrase လေးတွေက verb (သို့) adj (သို့) another adverb တွေကို ကြိယာတွေကို အထူးပြုတယ့် ကြိယာဝိသေသနလေးတွေလိုမျိူး emphasize လုပ်ပေးတယ့် (ကိုယ်ပြောချင်တယ့်အဓိပ္ပာယ်ကို ပိုလေးနက်သွားအောင် အထူးပြုပေးတယ့်) စကားစုလေးတွေ ဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးမယ့် “Never have I ever” လေးကတော့ တစ်ခါမှမလုပ်ဖူးပါဘူးဆိုတာလေးကို ရိုးရိုးမငြင်းဘဲနှင့် တကယ်၊တကယ်ကြီး ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး ဆိုပြီး မလုပ်ဖူး၊ မပြောဖူး၊ မစားဖူး၊ မကြားဖူးပါဘူး စသဖြင့် ‘ဘူး’ တစ်လုံးဆောင်ပြီး ငြင်းမယ့် အသုံးအနှုန်းလေးမို့ “Negative adverbial phrase” လေးဖြစ်သွားရခြင်း ဖြစ်ပါတယ်။
Informal အသုံးအနှုန်းလေး ဖြစ်တာမို့ Academic writingနဲ့ business setting တွေမှာ သုံးဖို့တော့ မသင့်ပါဘူးနော်
“Never have I ever” ကို သုံးချင်ရင်တော့ အောက်က pattern လေး အတိုင်း သုံးနိုင်ပါတယ်။
Never have I ever + past participle(V3)+….
ကိုယ်သုံးမယ့် sentence မှာ helping verb တစ်မျိူးဖြစ်တယ့် ‘Verb to have’ လေးပါနေပြီဆို main verb ကို past participle ပြောင်းဆိုတယ့် သဘောတရား တူတူကို သုံးသွားတာ ဖြစ်ပါတယ်။
ကဲ အခု ဘယ်အချိန်မှာ သုံးတယ်ဆိုတာရယ်၊ pattern လေးရယ်လည်း သိပြီးဆိုတော့ example sentence လေးတွေ လေ့လာကြည့်ရအောင်။
Never have I ever been abroad.
-ငါ တစ်ခါမှ ပြည်ပ မထွက်ဖူးဘူး။
Never have I ever fallen in love.
-ငါ တစ်ခါမှ မချစ်ဖူးသေးဘူး။
ကိုယ့် အကြောင်းချည်းပဲ မဟုတ်ဘဲ တစ်ပါးသူတစ်ယောက်ကို ရည်ညွှန်းချင်တယ် ဆိုလည်း "I" ရဲ့ နေရာမှာ သက်ဆိုင်ရာ pronoun လေးကို ထည့်ပြီးလည်း သုံးနိုင်ပါတယ်။
For example-
Never has she ever cried in public.
-သူမ လူပုံအလယ်မှာ တစ်ခါမှ မငိုဖူးဘူး။
Never have they ever skipped school.
-သူတို့ တစ်ခါမှ ကျောင်းမပျက်ဖူးဘူး။
ဒီ့အပြင် အချိန်အပိုင်းအခြားလေးတွေ ထည့်ပြီးတော့လည်း ပိုပြီး တိကျတယ့် အငြင်း sentence လေးဖြစ်အောင် ဖန်တီးနိုင်ပါတယ်။
Never have I ever in my life seen such beauty.
-တသက်နှင့်တကိုယ် ဒီလိုအလှမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။
Never have I ever before been so nervous.
-အရင်က တစ်ခါမှ ဒီလောက် စိတ်မလှုပ်ရှားဖူးဘူး။
ဒီလောက်ဆိုရင် “Never have I ever” ဆိုတယ့် အသုံးအနှုန်းလေး အကြောင်းကို နားလည်သွားလောက်ပြီထင်ပါတယ်။
Comment ထဲမှာ ကိုယ်တစ်ခါမှ မလုပ်ဖူးတာလေးတွေကို pattern လေး practice လုပ်တယ့် အနေနှင့် စမ်းရေးကြည့် သွားဉီးနော်။
နောက် content တွေမှာ တွေ့ပါမယ်။
04/04/2025
Myanmar Earthquake Relief Fundraising Project ( Initiated by Tr.Yin Yin Nyein )
The Objective:
In consequence of a catastrophic 7.7 magnitude earthquake in Myanmar on 28 March, 2025, the death toll rose over 3,000, with 4500 injured in highly affected areas, especially in Mandalay, Sagaing and Inlay. Despite the international aids, the on-ground rescue processes are being delayed due to the aids being misused under the control of the regime. So, we are willing to contribute towards local charitable organizations from which the civilians will receive direct donations. The recorded certificate will be provided as a recognition of your kindness.
Our agenda:
Fundraising project will last for three days, starting from 4 April to 6 April. We appreciate any amount of Myanmar Kyat and every donation of students will be contributed to the vulnerable victims for rehabilitation. I will donate 100$ along with my students. The detailed report of funding will be provided at the end of the project.
Donate through:
KBZ pay - 09898529664 ( Yin Yin Nyein )
Do not forget to write note like “ food or shelter “
in your transaction. Then , kindly send me a screenshot of your transaction.
“ Tiny drops of kindness can create a ripple of change. “
07/02/2025
General English Classes
👩🏫 Pre-Intermediate: 9:00 - 10:30 PM MMT (Saturday & Sunday)
👩🏫 Intermediate: 7:00 - 8:30 PM MMT (Saturday & Sunday)
🔹 New classes are open!
🔹 Join now if you're interested.
🔹Limited seats
31/08/2024
Warmest Congratulations on your achievements🎊👏🥳🎉Regardless of the challenges over the previous three months, your unwavering persistence has led to the successful completion of Elementary course. Let’s celebrate milestones together! Best of luck in all your future endeavors 🎉🎉🎉🎊🎊🎊
05/07/2024
ဒီတစ်ခါမိတ်ဆက်ပေးမယ့် Word of the Week ကတော့ "Serendipity" ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။
"Serendipity" ဆိုတဲ့စကားလုံးက noun အနေနဲ့သုံးပြီးတော့ တစ်ခုခုကို မထင်မှတ်ပဲ ကြုံတွေ့လိုက်ရတဲ့အခါတွေမှာသုံးကြပါတယ်။ Unexpected Scientific Discovery တစ်ခုဖြစ်တဲ့ Penicillin ကို Serendipity တစ်ခုဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ ပိုရှင်းသွားအောင် example sentences လေးတွေနဲ့ ကြည့်လိုက်ကြရအောင်။😻
❣️ "Serendipity" ဆိုတဲ့စကားလုံးကို British စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Horace Walpole ကနေ 18th century မှာ တီထွင်ခဲ့ပါတယ်။ နောက်ပြီး South Asia မှာတည်ရှိတဲ့ အခု Sri Lanka လို့ခေါ်တဲ့ ကျွန်းစုနိုင်ငံတစ်နိုင်ငံရဲ့ နာမည်ဟောင်းကို "Serendip" လို့အမည်ပေးခဲ့ဖူးပါတယ်။
For examples,
☘️ The invention of penicillin is often cited as a prime example of serendipity in scientific research.
☘️ While exploring the city, I experienced pure serendipity when I stumbled upon a charming little café hidden in an alley.
နောက်ပြီး "Serendipity" ဆိုတဲ့ စကားလုံးလေးကို Noun အနေနဲ့မဟုတ်ပဲ adjective အနေနဲ့လည်း သုံးလို့ရပါသေးတယ်နော်။
Let's take a look at an example.
☘️ The scientist made a serendipitous discovery that revolutionized the field of medicine.
ဒီတပတ်အတွက် word of the week ကတော့ ဒီလောက်ပါပဲ။ နောက်ထပ်လည်း Englishစာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတွေကို ထပ်ပြီးတင်ပေးသွားမှာဖြစ်လို့ pageလေးကို Like & Follow လုပ်ထားပေးဖို့ မမေ့ကြနဲ့နော်။ See you soon!