Teacher Ivy

Directions Website Contact the school

Teacher Ivy Founder of Ivy Education Group: IELTS Ivy, Ivy English School, Ivy Young Learners, Ivy Teacher Training Institute

ငါက တကယ့် ဆရာမ မဟုတ်ဘူးလား?ကျွန်မ စာစသင်တုန်းက အသက်ငယ်ငယ်၊ အတွေ့အကြုံမရှိ။ ပတ်ဝန်းကျင်မှာ ဆရာမကြီးတွေ — ၁၀ နှစ်အတွေ့အကြု...
04/10/2026

ငါက တကယ့် ဆရာမ မဟုတ်ဘူးလား?

ကျွန်မ စာစသင်တုန်းက အသက်ငယ်ငယ်၊ အတွေ့အကြုံမရှိ။ ပတ်ဝန်းကျင်မှာ ဆရာမကြီးတွေ — ၁၀ နှစ်အတွေ့အကြုံရှိတဲ့သူတွေ။ အတန်းထဲဝင်တိုင်း ရင်ခုန်တယ်။ "ကျောင်းသားတွေက ငါ့ကို အထင်သေးမလား၊ လုပ်ဖော်ကိုင်ဖက်တွေက ရယ်မလား" ဆိုတဲ့ အတွေးနဲ့။

အဲဒါကို ခု imposter syndrome လို့ ခေါ်တယ်။ ဆရာမအသစ်တိုင်း ခံစားဖူးတယ် — ဒါပေမယ့် ဘယ်သူမှ ထုတ်မပြောကြဘူး။ ဒီနေ့ ကျွန်မ ထုတ်ပြောမယ်။

1️⃣ အတွေ့အကြုံနှစ်များ ≠ သင်ကြားမှုအရည်အချင်း

၁၀ နှစ်သင်လာတဲ့ဆရာက အမြဲတမ်း ပိုကောင်းတယ်လို့ မဆိုလိုဘူး။ Slide အဟောင်းနဲ့ ၁၀ နှစ်လုံး lecture ချည်းပေးနေတဲ့ဆရာထက်၊ ကျောင်းသားကို တကယ်နားထောင်ပေးတဲ့ ဆရာမအသစ်က ပိုထိရောက်နိုင်တယ်။ ကျောင်းသားတွေလိုချင်တာက "အတွေ့အကြုံအများဆုံးဆရာ" မဟုတ်ဘူး — သူတို့ကို တကယ်မြင်ပေးတဲ့ဆရာပါ။

2️⃣ Social media နှိုင်းယှဉ်ခြင်းထောင်ချောက်

ဒီနေ့ခေတ်မှာ အဆိုးဆုံးက ဒါပဲ။ Facebook, TikTok မှာ "perfect classroom" တွေမြင်ပြီး ကိုယ့်အတန်းက ပျက်နေသလို ခံစားရတယ်။ ဒါပေမယ့် သတိရပါ — ဘယ်သူမှ သူတို့ရဲ့ failed lesson ကို မတင်ဘူး။ လူတိုင်းက highlight reel ပဲ တင်တာ။ မင်းမြင်နေရတာက သူတို့ရဲ့ အကောင်းဆုံးနေ့တွေ၊ မင်းနေ့တိုင်းနဲ့ ယှဉ်နေတာ။

3️⃣ ရိုးသားမှုက အင်အားပဲ

ကျွန်မ အကြီးမားဆုံး သင်ခန်းစာ — "ဒီမေးခွန်းကို ကျွန်မလည်း အခုမှ စဉ်းစားနေတုန်း၊ အတူတူရှာကြည့်ရအောင်" လို့ ပြောရဲတဲ့နေ့က စပြီး ကျောင်းသားတွေက ကျွန်မကို ပိုယုံကြည်လာတယ်။ အရာအားလုံးသိချင်ယောင်ဆောင်တာထက် မသိတာကို ဝန်ခံရဲတာက ပိုပြီး ယုံကြည်မှုတည်ဆောက်ပေးတယ်။ ကျွန်မတို့ Ivy မှာ ဒါကို "Earn the Right" လို့ ခေါ်တယ် — အခွင့်အရေးကို အသိပညာအပြည့်နဲ့ မဟုတ်ဘဲ ရိုးသားမှုနဲ့ ရယူတာ။

---

ဒါကြောင့် ဆရာမအသစ်တို့ရေ —

မင်းခံစားနေရတဲ့ "ငါက အတုအယောင်" ဆိုတဲ့ ခံစားချက်က မင်းအရည်အချင်းမရှိလို့ မဟုတ်ဘူး။ မင်းဂရုစိုက်လို့ပဲ။ ဂရုမစိုက်တဲ့သူက ဒီလိုမခံစားရဘူး။

ဆက်သင်ပါ။ ဆက်လေ့လာပါ။ မင်းရဲ့ ပထမနှစ်က ကျောင်းသားတွေအမှတ်ရနေမယ့် ဆရာမဖြစ်နိုင်တယ် — အတွေ့အကြုံအများဆုံးမဟုတ်တောင်၊ သူတို့ကို အမှန်တကယ် မြင်ပေးခဲ့တဲ့သူအဖြစ်။ 💙

ဒီစာကို အခုမှ စာသင်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို share ပေးလိုက်ပါ။ သူ ဒါကို ကြားဖို့လိုနေလိမ့်မယ်။

— Teacher Ivy

#ဆရာဆရာမဘဝ #ဆရာမအသစ်ရဲ့ခရီးစဉ်

လူတွေက ကျွန်မကို Teacher Ivy လို့ သိကြတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်ဆရာမဖြစ်လာမယ်လို့ အစက မထင်ခဲ့ပါဘူး။၂၀၁၉ မှာ B.D.S. ဘ...
03/10/2026

လူတွေက ကျွန်မကို Teacher Ivy လို့ သိကြတယ်။

ဒါပေမယ့် ကျွန်မကိုယ်တိုင်ဆရာမဖြစ်လာမယ်လို့ အစက မထင်ခဲ့ပါဘူး။

၂၀၁၉ မှာ B.D.S. ဘွဲ့ရပြီး ပညာဆက်သင်ဖို့ IELTS စလေ့လာရင်း… ပြန်လည်မျှဝေရင်းကနေ စာသင်ပေးရတာကို ချစ်သွားခဲ့တယ်။

အဲဒီကနေ Facebook မှာ ကိုယ်သိထားတာတွေ မျှဝေရင်း၊ သင်တန်းကြေး သက်သာတဲ့ intensive classes တွေ ဖွင့်ရင်းနဲ့ ဒီနေ့ Ivy Education Group အထိ ရောက်လာခဲ့ပါတယ်။

အခု ကျွန်မ လုပ်နေတာတွေက —

🏫 ကျောင်းတွေ တည်ထောင်ပြီး ဦးဆောင်တယ် — school founder

👩‍🏫 ဆရာ/မတွေကို လေ့ကျင့်ပေးတယ် — teacher trainer

📚 University of Manchester မှာ MA Educational Leadership in Practice တက်နေတယ်

💡 ပညာရေးလုပ်ငန်းတစ်ခု ပိုကောင်းလာဖို့ စဉ်းစား၊ ဆုံးဖြတ်၊ တည်ဆောက်တယ် — education entrepreneur

ဒီခရီးတစ်လျှောက်မှာ ကျွန်မ တည်ဆောက်ချင်တာက လူတိုင်း ကိုယ့်နေရာရှိတယ်လို့ ခံစားရပြီး၊ ကိုယ့်အသံကို နားထောင်ပေးတဲ့သူရှိတဲ့၊ အတူတူ တိုးတက်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုပါ။ ဒါက ကျွန်မတို့ Ivy မှာ တည်ဆောက်နေတဲ့ “Feels Like Home” ဆိုတဲ့ ခံစားချက်ပါ။ 💙

မြန်မာနိုင်ငံမှာ ဆရာအင်အား နည်းပါးမှုက တကယ့်စိန်ခေါ်မှုကြီးတစ်ခုပါ။ ဆရာ/မတွေ ပိုမိုတိုးတက်လာဖို့၊ ယုံကြည်မှုရှိရှိ သင်ကြားနိုင်ဖို့နဲ့ ပညာရေးမှာ ပိုပြီး ပါဝင်အကျိုးပြုနိုင်ဖို့ ကျွန်မ တတ်နိုင်တဲ့နေရာကနေ လုပ်ဆောင်ချင်ပါတယ်။

ဒီ page မှာ ကျောင်းတည်ထောင်၊ ဦးဆောင်ရတဲ့ အတွေ့အကြုံတွေ၊ ဆရာ/မတွေကို လေ့ကျင့်ပေးတဲ့အကြောင်းတွေနဲ့ educational leadership အကြောင်းတွေကို မျှဝေသွားမှာပါ။ ကိုယ်တိုင်လည်း သင်ယူနေဆဲဖြစ်တဲ့အတွက် အဆင်ပြေခဲ့တာတွေရော၊ အခက်အခဲတွေနဲ့ သင်ခန်းစာတွေရော ပါဝင်မှာပါ။

ဒါနဲ့… ကျွန်မကို ဘယ်ကနေ စသိခဲ့ကြတာလဲ? 😊
Facebook ကနေ၊ IELTS အတန်းကနေ၊ teacher training ကနေ၊ ဒါမှမဟုတ် တခြားနေရာတစ်ခုကနေလား?

Comment မှာ ပြောပြပေးပါဦး။ သိချင်ပါတယ်။ 💙



27/06/2026

Lesson Planning သေချာလုပ်ခြင်းက ဆရာမတို့ရဲ့ ဦးနှောက်ကို ပေါ့ပါးစေပြီး စာသင်ရတာ ပိုအဆင်ပြေစေပါတယ်ရှင်" 🧠

ကားမောင်းနေရင်း ဖုန်းပြောတာ၊ မုန့်စားတာမျိုး လုပ်နေရင် အာရုံစူးစိုက်မှု လျော့နည်းပြီး မတော်တဆမှု ဖြစ်နိုင်ခြေ ပိုများပါတယ်။ စာသင်ခန်းထဲမှာလည်း ဒီသဘောတရားအတိုင်းပါပဲ... 🚗💨

သင်ခန်းစာတွေကို ကြိုတင်ပြင်ဆင်မထားဘူး၊ ကျောင်းသားတွေဆီက လာမယ့် မေးခွန်းတွေနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုမတွေးထားဘူးဆိုရင် စာသင်ရတာ စိတ်ဖိစီးမှု များစေပြီး အလုပ်ပိုများစေတတ်ပါတယ်။

သင်ခန်းစာတစ်ခုကို ကြိုတင် စနစ်တကျ ပြင်ဆင်ထားခြင်းက (Lesson Planning) စာသင်နေစဉ်အတွင်း ဆရာမတို့ ဦးနှောက်ရဲ့ လုပ်ဆောင်ရည် ဝန်ထုပ်ဝန်ပိုး (Working Memory) ကို အများကြီး လျှော့ချပေးပါတယ်။

ဒါကြောင့် စာသင်ခန်းကို စိတ်အေးချမ်းသာစွာနဲ့ အကောင်းဆုံး ထိန်းကျောင်းနိုင်မယ့် "အမြဲအဆင်သင့်ဖြစ်နေတဲ့ ဆရာမကောင်းတစ်ယောက်" ဖြစ်ဖို့ သင်ခန်းစာတွေကို အမြဲ ကြိုတင်ပြင်ဆင်ကြရအောင်နော်... 💼📝

ဆရာမတို့ရော... သင်ခန်းစာတစ်ခုအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ ကျောင်းသားတွေဆီက ထွက်လာမယ့် မေးခွန်းတွေကို ကြိုတွေးပြီး Scenario တွေ ဘယ်လိုမျိုး ပြင်ဆင်လေ့ရှိသလဲရှင်? Comment မှာ ဆွေးနွေးသွားကြပါဦးနော်... 👇🥰

✅IELTS Writing မှာ Linking words မှန်ကန်စွာအသုံးပြုပုံIELTS Writing မှာ Coherence & Cohesion မှာ အမှတ်ရဖို့ Linking Word...
04/08/2023

✅IELTS Writing မှာ Linking words မှန်ကန်စွာအသုံးပြုပုံ

IELTS Writing မှာ Coherence & Cohesion မှာ အမှတ်ရဖို့ Linking Words တွေသုံးရပါမယ်

- Coherence ဆိုတာက Essay တစ်ပုဒ်လုံးအစီအလျော် တည့်အောင်ရေးတတ်တာဖြစ်ပြီး
- Cohesion က စာကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်း ဆက်စပ်မှုရှိအောင်ရေးတာဖြစ်ပါတယ်

ဒီနေရာမှာ Linking words ဖြစ်တဲ့
- however
- Moreover
- But
- Additionally
- Nevertheless စတာတွေနဲ့ idea တွေကို ချိတ်ဆက်ရတယ်

ဒီမှာ တီချယ် အဓိကမှာချင်တာက ကျောင်းသားတွေသည် ဒီ Linking words ဆိုတဲ့ သဘာဝကို သေချာသိထားဖို့ပါပဲ

- အမှတ်ပိုရလိုဌား အတွေ့နည်းတဲ့ Linking words
- မှားနေတဲ့ linking words
- ကိုယ်တိုင်ထွင်ထားတဲ့ linking words
- မလိုအပ်ပဲ အများကြီးထည့်ထားတဲ့ Linking words (word limit ပြည့်အောင်/ အမှတ်ပိုရမယ်ထင်လို့)
ဒါတွေကြောင့် Essay ကို မလိုအပ်ပဲ အမှတ်တွေလျော့စေတယ်

အဲ့လိုမဖြစ်အောင် ဒီ Rule လေးကို သေချာမှတ်ထားပေးပါ

🟢 “ကိုယ့် Essay တစ်ပုဒ်သည် ရန်ကုန်-မန္တလေး ခရီးသွားနေသလိုပါပဲ”

ဒီနေရာမှာ
- linking words တွေဟာ လမ်းညွှန်ဆိုင်းဘုတ်များဖြစ်တယ် (ဒါကြောင့် Signposting words လို့လဲ ခေါ်သေးတာကိုး)

အရမ်းရှင်းပါတယ်
1️⃣ဆိုင်းဘုတ်တွေကို လမ်းတွေမှာ သိသာထင်ရှားတဲ့ အစိမ်း/အပြာ တွေနဲ့ပဲရေးတယ်
🔺ဒါဆို Linking words တွေသည် ထင်ရှားပြီး လိုရင်းရောက် ရပါမယ်

2️⃣ဆိုင်းဘုတ်တွေကို လိုအပ်တဲ့နေရာ (အကွေ့/ အရှိန်လျော့/မိုင်တိုင်ညွှန်ပြ) တွေမှာပဲထားတယ်
🔺ဒါဆို Linking words တွေသည် လိုအပ်တဲ့နေရာပဲထားရမယ်။ ပိုမရေးရဘူး။

3️⃣ဆိုင်းဘုတ်မှာ ရေးထားတဲ့ အချက်အလက်တွေဟာ မှန်ကန်တယ်
🔺ဒါဆို သုံးမယ့် linking words တွေရဲ့ အဓိပ္ပါယ်ကို သေချာသိပြီး မှန်ကန်စွာ အသုံးပြုရမယ်

4️⃣ဆိုင်းဘုတ်မှာ ရိုးရှင်းတဲ့ စကားလုံး (font) နဲ့ပဲရေးတယ်
🔺ဒါဆို linking words တွေသည် Native တွေသုံးနေကြ / sample essays တွေမှာ မြင်နေကြပဲ သုံးရမယ်။ ကိုယ်တိုင်ထွင်ရေးလို့မရဘူး။

ဒီလိုဆို ကိုယ့်ရဲ့ Essay တစ်ပုဒ်ဟာ ရန်ကုန်ကနေ မန္တလေးကို ချောချောမွေ့မွေ့ရောက်သွားပါပီ။

💯*Bonus*
လွယ်ကူရိုးရှင်းတဲ့ Linking words & Example sentences တွေကို Telegram မှာတင်ထားပေးပါမယ်။ Group link— Post အောက်မှာရှိမယ်နော်။

Essay ကောင်းတစ်ပုဒ်ဖြစ်ဖို့ စာစစ်သူကို အစအဆုံးဆွဲခေါ်သွားနိုင်ရပါမယ်

ခုနကလို Linking words မှားလို့ စာစစ်သူက Essay ကိုအစကနေ ပြန်ဖတ်ရတာမျိုးဆို English Vocabulary & Grammar ဘယ်လောက်ကောင်းကောင်း Band Score လိုအပ်တာရမှာ မဟုတ်ပါဘူး။

ဒါကြောင့်သေချာဂရုစိုက်ကြနော်

With love
Teacher Ivy

*Coherence & Cohesion အတွက် Idea ချိတ်ဆက်မှုလည်း အရေးပါလို့ အဲ့တာအတွက် သီးသန့်ရေးပေးပါမယ်။

သင်တန်းစုံစမ်းရန် - https://m.me/ieltsivymay

Telegram group link: https://t.me/ieltsivy

🌟Golden Score Band 7+ ရဖို့ သေချာတဲ့ နည်းလမ်းကျောင်းသားတွေ တိုင်းအတွက် IELTS မှာ Band 7 ရတာနဲ့ ကျောင်း ၉၀% လောက်ကို ဝင်ခ...
02/08/2023

🌟Golden Score Band 7+ ရဖို့ သေချာတဲ့ နည်းလမ်း

ကျောင်းသားတွေ တိုင်းအတွက် IELTS မှာ Band 7 ရတာနဲ့ ကျောင်း ၉၀% လောက်ကို ဝင်ခွင့်ရနိုင်ပါတယ်!

ဒီ Post ထဲမှာ Band 7+ ရဖို့ အလွယ်ကူဆုံးနည်းလမ်းကို တီချယ် 4 skills လုံးအတွက်ပြောပြပေးမယ်

အရေးကြီးဆုံးတစ်ခုက IELTS သည် အမှတ်ပေးစည်းမျဉ်းနဲ့သွားတာပါ။ ဒါကြောင့် အမှတ်ဘယ်လိုပေးလည်းဆိုတာကို သိကိုသိထားရမယ်။ ဒါမှလည်း ကိုယ်က Band 7 အလွယ်တကူရမှာကိုး

ပုံမှန် Band 6 to Band 7 တိုးဖို့အတွက် နာရီ ၂၀၀ အနည်းဆုံး စာလုပ်ရပါတယ်။

ဒီ နာရီ ၂၀၀ ကို
1. ဘယ်လိုစာတွေလုပ်ရမလဲ
2. ဘာတွေကိုအလေးထားရမလဲ
3. တွေ့သမျှ အင်္ဂလိပ်စာတွေပဲလုပ်နေရမလား
4. ခုပဲ ရှိသမျှ အင်္ဂလိပ်စာ သင်တန်းတွေပဲအပ်ရမလား
ဆိုတာတွေ ဖြေရှင်းဖို့ ပုံတစ်ခုချင်းဆီကို သေချာကြည့်ပြီး လိုက်လုပ်ကြည့်နော်

Teacher Ivy

30/07/2023

🤔 Did you know?
Babies who regularly hear more than one language in their environment continue to respond to those differences for a longer period. (Werker,Weiken and Yoshida 2006)

ငယ်စဉ်ဘဝမှာ ဘာသာစကားမျိုးစုံကို နားရည်ဝခဲ့တဲ့ကလေးတယောက်က အသက်ကြီးတဲ့ အထိနားလည်နိုင်စွမ်းရှိတယ်တဲ့

နောက်ထပ်တစ်ခုက - ကလေးဘဝမှာ ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေကြစကားအသံထွက်တွေကိုပဲ ကြီးလားရင် နားကခွဲခြားနိုင်တော့တယ်။ မြန်မာမှာ ‘သ’ နဲ့ ‘တ’ သံကွဲသလိုပဲပေါ့။

ကြီးလာမှ ဘာသာစကားအသစ်တစ်ခုသင်ယူမယ်ဆို ဒီအခက်အခဲလေးတွေတော့ကျော်လွှားရမယ်

ဒါကြောင့် ကလေးတွေကို ဘာသာစကားကျွမ်းကျင်စေချင်ရင် ငယ်စဉ်ကတည်းက အရေးကြီးတဲ့
- မိခင်ဘာသာစကား
- အင်္ဂလိပ်
- တရုတ်
စတာတွေကို ထိတွေ့ထားပေးထားပါ။

Teacher Ivy

😍 All Ivy Teachers (Ygn) in one frame! တကယ်ကိုတော်တဲ့ ဆရာတွေကို ဦးဆောင်ခွင့်ရတာလည်း ကျွန်မ အတွက် အရမ်းကောင်းတဲ့ကံတစ်ခုပါ...
28/07/2023

😍 All Ivy Teachers (Ygn) in one frame!

တကယ်ကိုတော်တဲ့ ဆရာတွေကို ဦးဆောင်ခွင့်ရတာလည်း ကျွန်မ အတွက် အရမ်းကောင်းတဲ့ကံတစ်ခုပါပဲ

မီးဖွားဖို့ ခနအနားယူထားပေမယ့် တာဝန်ကို မပျက်မကွက်ပဲ လိုတာထက်ကို ပိုပြီးကြည့်ပေးကြလို့ ကျေးဇူးတင်ရပါတယ်

ဆရာတွေ အားလုံးအတွက် ဘဝမှာ အမြဲတိုးတက်နေဖို့
Personal Development
Professional Development Programs တွေနဲ့အတူ မကြာခင်မှာပဲ Teacher Ivy ပြန်လာပါမယ်။

ခုတော့ Theodore လေးမွေးလိုက်ပါဦးမယ် 😍

ခေတ္တ Farewell meeting မှ Screenshot 🤩

Group Presentations by IELTS Premium Students led by our Main Teacher Tr Harry! Preparing students for the challenges th...
21/07/2023

Group Presentations by IELTS Premium Students led by our Main Teacher Tr Harry!

Preparing students for the challenges they might face ahead in their life!

This will definitely be a memorable moment which teaches them the values of team work, public speaking and leadership skills!



Address

Shop House 201, 2/3/4/6th Floor, Times City Shopping Mall
Kamayut
11111

Alerts

Be the first to know and let us send you an email when Teacher Ivy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teacher Ivy:

Shortcuts

Share