The Skills Liberation Institute

The Skills Liberation Institute

Share

Authorized Training Partner of eduCLaaS

https://www.educlaas.com/

30/03/2026

🔗 Developer တွေ အမြဲပြောနေတဲ့ “API” ဆိုတာ ဘာလဲ? 🤔

နည်းပညာလောကထဲ စဝင်လာပြီဆိုရင် API ဆိုတဲ့စကားလုံးကို မကြာခဏ ကြားရတတ်ပါတယ်။
ဒါပေမယ့် API ဆိုတာ ဘာလဲ?

လွယ်လွယ်နဲ့ ပြောရရင် API (Application Programming Interface) ဆိုတာ
Software နှစ်ခုကြား ဆက်သွယ်ပေးတဲ့ ကြားခံစနစ် တစ်ခု ဖြစ်ပါတယ်။

ဒီနေ့တော့ စားသောက်ဆိုင် ဥပမာ နဲ့ အလွယ်တကူ နားလည်အောင် ရှင်းပြပေးမယ်နော် 🍽️✨

🍴 API ကို စားသောက်ဆိုင်နဲ့ ဥပမာယူကြည့်ရအောင်

၁။ သင် (Client / Frontend)
သင်က စားပွဲမှာ ထိုင်နေတဲ့ customer တစ်ယောက်ပါ။
စားချင်တဲ့ ဟင်းပွဲကို မှာတယ် — ဒါက Request ပို့တာပါ 😋

၂။ မီးဖိုချောင် (Server / Database)
မီးဖိုချောင်ထဲမှာ အစားအစာတွေ၊ ကုန်ကြမ်းတွေ၊ စနစ်တွေ အကုန်ရှိပါတယ်။
ဒါပေမယ့် customer က ကိုယ်တိုင် မီးဖိုချောင်ထဲ ဝင်ပြီး ချက်လို့ မရပါဘူး 👨‍🍳

၃။ စားပွဲထိုး (API)
စားပွဲထိုးက သင့် order ကို ယူပြီး မီးဖိုချောင်ကို ပို့ပေးပါတယ်။
မီးဖိုချောင်က အစားအစာ ပြင်ဆင်ပြီးရင်လည်း သင့်ဆီ ပြန်ယူလာပေးပါတယ်။

👉 ဒီနေရာမှာ စားပွဲထိုးလေးက API ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် —
API က Request ကို ယူသွားပေးပြီး Response ကို ပြန်ယူလာပေးတဲ့ ကြားခံစနစ်ပါ။

📋 Menu က ဘာနဲ့တူလဲ?

စားသောက်ဆိုင်မှာ Menu ရှိသလို
API မှာလည်း API Documentation ရှိပါတယ်။

အဲ့ဒီ documentation ထဲမှာ —

ဘာ data တွေ ရနိုင်လဲ
ဘယ်လို request ပို့ရမလဲ
ဘာ response ပြန်လာမလဲ

ဆိုတာတွေ ဖော်ပြထားပါတယ်။

✨ API ကို ဘာကြောင့် လေ့လာသင့်တာလဲ?

API ကို နားလည်ထားရင် —

✅ အရာအားလုံးကို အစကနေ ကိုယ်တိုင် မရေးရတော့ဘူး
✅ တခြား services တွေကို ကိုယ့် app ထဲ အလွယ်တကူ ချိတ်သုံးနိုင်တယ်
✅ Development time သက်သာတယ်
✅ Security နဲ့ system control ပိုကောင်းတယ်

📌 အသုံးများတဲ့ API ဥပမာများ
📍 Google Maps API
💳 Payment API (Stripe, PayPal, KBZPay, WavePay)
📩 SMS / Email API
🌤️ Weather API
🤖 AI API (OpenAI စသဖြင့်)

API ကို နားလည်လာတာနဲ့
modern app တွေ ဘယ်လို အလုပ်လုပ်တယ် ဆိုတာ ပိုပြီး မြင်လာမယ်။
Developer တစ်ယောက်အတွက်လည်း API knowledge က မရှိမဖြစ် skill တစ်ခုပါပဲ 💻

💬 ကဲ... ဘော်ဒါတို့ရော!
ကိုယ့် project တွေမှာ အများဆုံး သုံးဖြစ်တဲ့ API က ဘာလဲ?
ပထမဆုံး သုံးဖူးတဲ့ API ကရော ဘာလဲ?
Comment မှာ မျှဝေပေးခဲ့ပါဦး 👇

05/03/2026

Developer ကျောင်းသားဘဝ တကယ်ဘယ်လိုလဲ? 😂💻

သူများတွေ မြင်တာကတော့...code တွေ တရစပ်ရေး ၊ Project တိုင်းမှာ အောင်မြင်နေတဲ့ Tech သူဌေးလောင်းလေးပေါ့။
တကယ့်လက်တွေ့မှာတော့...Bug တစ်ခုတည်းကို (၁၀)နာရီလောက် ထိုင်ရှာနေရတာ၊ ကော်ဖီတစ်ခွက်နဲ့ တစ်ညလုံး မအိပ်ဘဲ code တွေကို ငေးကြည့်နေမိတယ် (Code တွေက ပြန်ကြည့်နေသလိုပဲ) ☕️

တစ်ညလုံး ခေါင်းစားပြီးမှ သိလိုက်ရတာက... Semi-colon ; လေးတစ်ခု ကျန်ခဲ့တာတဲ့ဗျာ။ 😩
"Syntax Error" ဆိုတာကတော့ နေ့တိုင်းတွေ့နေရတဲ့ မိတ်ဆွေဟောင်းကြီးလို ဖြစ်နေပါပြီ။! 🤯

Developer တစ်ယောက် ဖြစ်ရင် ဒီလို ပျော်စရာ (တစ်ခါတလေ မျက်ရည်ကျစရာ) လေးတွေကို အားလုံး ကြုံရမှာပါ။ ဒါပေမဲ့ စိတ်မပူနဲ့!

ကျွန်တော်တို့ရဲ့ The Skills Liberation Institute မှာဆိုရင်:
✅ Bug တွေကို ဘယ်လို မြန်မြန်ဖြေရှင်းမလဲ?
✅ ကုဒ်တွေကို ဘယ်လို clean ဖြစ်အောင် ရေးမလဲ?
✅ အခြေခံကနေ ကျွမ်းကျင်တဲ့အထိ ဘယ်လို လေ့လာမလဲ? ဆိုတာတွေကို စနစ်တကျ သင်ကြားပေးနေပါပြီ။

ဘော်ဒါတို့ရော ဒီလိုအဖြစ်မျိုး ကြုံဖူးလား? 😂
ကိုယ်ကြုံဖူးသမျှ အဆိုးဆုံး Bug အကြောင်း Comment မှာ မျှဝေပေးသွားကြပါဦး!

04/03/2026

High School ပြီးသွားပြီ... ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်နေလား? 🤔

အခုခေတ်မှာ ဘာမေဂျာပဲတက်တက် Digital Skills ရှိထားမှ အနာဂတ်က စိတ်ချရမှာပါ။
eduCLaaS ရဲ့ Authorized Training Partner တစ်ဦးဖြစ်တဲ့ The Skills Liberation Institute က သင့်ကို နိုင်ငံတကာအဆင့်မီ Tech ပညာရပ်တွေနဲ့ လမ်းပြပေးဖို့ အဆင်သင့်ရှိနေပါပြီ! 🚀

ဘယ်လိုစတင်ရမလဲဆိုတာ သိချင်ရင် Message Box မှာ 'Hello' လို ပို့လိုက်ပါ ဒါမှမဟုတ် Comment မှာ တစ်ခုခုမေးခဲ့နော်! 💬

26/02/2026

သင်ဟာ နည်းပညာကို ဝါသနာပါပြီး Software Engineering ဒါမှမဟုတ် Computer Science နဲ့ ဘွဲ့ရယူဖို့ ရည်မှန်းထားသူတစ်ဦးလား? 💻✨

ဒါဆိုရင်တော့ သင့်ရဲ့ ရည်မှန်းချက်‌တွေ အောင်မြင် ဖို့ အတွက် eduCLaaS မှ သင်ကြားပို့ချပေးသော နိုင်ငံတကာအသိအမှတ်ပြု Pearson BTEC International Level 3 Foundation Diploma in Information Technology အတန်းသစ်ကို The Skills Liberation Institute (TSLI) campus မှာလာမည့် မတ်လ အတွင်း စတင်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🚀

ဒီသင်တန်းဟာ IT နယ်ပယ်ထဲသို့အခြေခံကနေ စတင်လေ့လာမယ့်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး၊ နိုင်ငံတကာဘွဲ့အထိ ဆက်လက်တက်ရောက်လိုသူတွေအတွက် အကောင်းဆုံး Entry Point တစ်ခုဖြစ်ပါတယ်။ Pearson UK မှလည်း တိုက်ရိုက်ချီးမြှင့်တဲ့ Level 3 Foundation Qualification ဖြစ်သည့်အပြင် Credit ပေါင်း (၉၀) ရရှိမှာ ဖြစ်ပါတယ်။

ဒီ Program မှာ ဘာတွေသင်ယူရမလဲ?
အခြေခံကနေ စတင်ပြီး လက်တွေ့အသုံးချနိုင်တဲ့အထိ အောက်ပါ Module တွေကို စနစ်တကျ သင်ကြားပေးသွားမှာပါ -
✅ Information Technology Systems (Strategy, Management & Infrastructure)
✅ Programming (Coding အခြေခံများ)
✅ Creating Systems to Manage Information
✅ Customizing and Integrating Applications
✅ Website Development
✅ IT Project Management
✅ Mobile Apps Development

Program ပြီးဆုံးချိန်တွင် ကျောင်းသားကျောင်းသူများမှာ computer basics, computer architecture, programming basics, managing information, designing business systems solutions, designing object-oriented applications, basics of UX Design, developing creative websites နဲ့ IT ပရောဂျက်တွေကို manage လုပ်နိုင်ဖို့အတွက် project management skills တွေကိုတတ်မြောက်သွားမှာဖြစ်ပါတယ်။

Pearson BTEC International Level 3 Foundation Diploma လက်မှတ်ရရှိပြီးလျှင် UK အပါအဝင် နိုင်ငံတကာရှိတက္ကသိုလ်များမှာ ပထမနှစ်ကနေစပြီး ပညာဆက်လက်သင်ယူနိုင်မှာဖြစ်ပါတယ်။ ထို့အတူ eduCLaaS မှသင်ကြားပို့ချပေးသော Higher Diploma in Software Engineering program ကိုလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။

TSLI campus တွင် online သင်ကြားရေးအပြင် offline campus facilities တွေကိုပါ ရယူနိုင်ပါတယ်။

တကယ့် Coding လောကထဲက ကျောင်းသားတွေနဲ့အတူ တက်ကြွစွာ လေ့လာနိုင်မယ့် ပတ်ဝန်းကျင်ရှိတဲ့အပြင် High-speed internet၊ 24-hour electricity၊ သက်တောင့်သက်သာရှိတဲ့ Study Spaces အစရှိသည့် ကျောင်းသားများအတွက် လိုအပ်တဲ့ ပံ့ပိုးမှုများကိုလည်းရရှိနိုင်ပါတယ်။

📅သင်တန်းကာလ: ၆ လ (Full-time)
တစ်ပတ်လျှင် ၅ ရက် (တစ်ရက်လျှင် ၈ နာရီခန့် စာတွေ့လက်တွေ့ လေ့လာရပါမည်)။

Pearson BTEC International Level 3 Foundation Diploma in Information Technology program ကိုတက်ရောက်ရန်အတွက် သတ်မှတ်ချက်အနေဖြင့် -
အသက် (၁၆) နှစ် ပြည့်ပြီးသူများ။
စနစ်ဟောင်း (၉) တန်း၊ IGCSE 'O' Level (သိုမဟုတ်) ၎င်းအတန်းပညာများနှင့်ညီမျှသည့် ပညာရေးအထောက်အထား ရှိသူများ။

လာမည့် မတ်လ ပထမပတ် သည် ကျောင်းလျှောက်ထားရန် နောက်ဆုံးရက် ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး အခုပဲ ဆက်သွယ်လိုက်ပါ!

အသေးစိတ်စုံစမ်းလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ခေါ်ဆို၍ ဆွေးနွေးနိုင်ပါတယ်👇

📞 09785884707 / 09775440238
📧 [email protected]
📍The Skills Liberation Institute (Diamond Condo), ကမာရွတ်မြိုနယ်၊ ရန်ကုန်။

eduCLaaS အကြောင်း ပိုမိုလေ့လာရန်:
🌐 [Facebook](https://www.facebook.com/eduCLaaSMyanmar/) | [LinkedIn](https://www.linkedin.com/company/educlaas/) | [Website](https://www.educlaas.com/)

Photos from The Skills Liberation Institute's post 25/02/2026

🚀Software Engineering နယ်ပယ်မှာ နိုင်ငံတကာအဆင့်မီ အသက်မွေးဝမ်းကြောင်းတစ်ခုကို စတင်လိုက်ပါ💻

နည်းပညာကို ဝါသနာပါရုံတင်မဟုတ်ဘဲ ကျွမ်းကျင်တဲ့ Professional Software Engineer တစ်ယောက်အဖြစ် ပြောင်းလဲချင်ပါသလား?

The Skills Liberation Institute မှာ ကျွန်တော်တို့ဟာ Coding ကို သင်ကြားပေးရုံတင်မကဘဲ ခိုင်မာတဲ့ အနာဂတ် Career တစ်ခုကိုပါ တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Partner များဖြစ်ကြတဲ့ Pearson UK နဲ့ Lithan Academy (Singapore) တို့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာအသိအမှတ်ပြု Bachelor’s Degree ရရှိမယ့်အပြင် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံပါ ရရှိစေမယ့် Software Engineering Pathway ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 👇

1️⃣Foundation Level - ၆ လ:
🎓ဆယ်တန်းအောင်မြင်ထားသူများ သို့မဟုတ် နည်းပညာလောကထဲသို့ စတင်ဝင်ရောက်မည့် သူများအတွက် အထူးသင့်တော်ပါတယ်။
🎓Pearson BTEC International Level 3 Foundation Diploma နဲ့စတင်မှာဖြစ်ပြီး IT အခြေခံ၊ Coding နဲ့ System Analysis တွေကို စနစ်တကျလေ့လာရမှာပါ။

2️⃣Higher Diploma Level - ၁၂ လ:
ဒီအဆင့်မှာတော့ စာတွေ့သာမက လုပ်ငန်းခွင်နဲ့ တိုက်ရိုက်ထိတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင်
Higher Diploma in Software Engineering / BTEC Level 5 HND ကို Lithan Academy (Singapore) မှ ဘွဲ့ လက်မှတ် ပေးအပ်မှာ ဖြစ်ပြီး Generative AI၊ Agile Project Management၊ Database Design၊ Front-End UI Frameworks၊ IT Security၊ Data Analytics စသည်တို့ကို သင်ယူလေ့လာရင်း လစာရရှိမည့် အလုပ်သင် (Paid Apprenticeship) အခွင့်အရေးလည်း ပါဝင်ပါတယ်။ လုပ်ငန်းခွင်မှာ ပရောဂျက်တွေ လုပ်ဆောင်ပြီး ၁ နှစ်အထက် အလုပ်အကိုင် အတွေ့အကြုံ ရရှိနိုင်ပါတယ်။

3️⃣Top-up Bachelor’s Degree - ၁၂ လ:
နောက်ဆုံးနှစ်မှာတော့ UK နိုင်ငံရှိ University of Roehampton သို့မဟုတ် UCAM (Spain) တက္ကသိုလ်များမှပေးအပ်မည့် BSc (Hons) Computer Science ဘွဲ့ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Machine Learning၊ Data Visualization၊ Data Engineering၊ Cyber Security၊ Final Year Project စသည့်အဆင့်မြင့်ဘာသာရပ်များကို သင်ယူရမှာဖြစ်ပြီး ထူးခြားချက်ကတော့ "Paid Apprenticeship" အစီအစဉ်ဖြင့် နိုင်ငံတကာကုမ္ပဏီတွေမှာ လစာရ၊ အလုပ်သင်ဝင်ရောက်လုပ်ကိုင်ရင်း ကျောင်းတက်ရမှာဖြစ်လို့ ဘွဲ့ရတာနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ (Work Experience) ပါ တစ်ပါတည်းရရှိနိုင်မှာပါ။

🚀 ဘာကြောင့် ဒီ Software Engineering Pathway ကို ရွေးချယ်သင့်တာလဲ?
✅အလုပ်လုပ်ရင်း ကျောင်းတက်နိုင်သလို ပညာသင်ရင်း ဝင်ငွေရှာနိုင်ပါတယ်။
✅ သင်ယူမှုနဲ့ အလုပ်ကြားမှာ မျှတအောင် ခေတ်မီတဲ့ Hybrid စနစ်နဲ့ သင်ကြားပေးပါတယ်။
✅ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေဆီကနေ တစ်ဦးချင်း လမ်းညွှန်မှုတွေ ရရှိနိုင်ပါတယ်။
✅UK၊ စင်ကာပူ နဲ့ ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုလက်မှတ်များကိုလည်း ရရှိနိုင်ပါတယ်။

ဒီ Software Engineering Pathway မှ နိုင်ငံတကာလုပ်ငန်းခွင်ရှိ နည်းပညာနယ်ပယ်တွင် အောင်မြင်စွာရပ်တည်နေသည့် မြန်မာလူငယ်အများအပြားလည်း ရှိနေပြီဖြစ်ပါတယ်။

Software Engineer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

📞 ဖုန်း - 09785884707 / 09775440238
📧 Email - [email protected]
📍 The Skills Liberation Institute (Diamond Condo)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

Digital Economy ရဲ့ အနာဂတ်ကို စိတ်ကူးယဉ်နေရုံတင် မဟုတ်ဘဲ၊ ကိုယ်တိုင်ဦးဆောင်နိုင်ဖို့ အခုပဲ စတင်လိုက်ပါ! 🌟

28/06/2024

🏆🏆🏆စင်ကာပူနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် 𝐁𝐡𝐞𝐚 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐞𝐬 တွင်အလုပ်ရသွားသော မောင်မင်းခန့်အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့်များစွာဂုဏ်ယူပါကြောင်း အသိပေးပါရစေ။ 🏆🏆🏆

𝐞𝐝𝐮𝐂𝐋𝐚𝐚𝐒 မှသင်ကြားပို့ချသည့် 𝐖𝐨𝐫𝐤-𝐒𝐭𝐮𝐝𝐲 𝐈𝐓 𝐩𝐫𝐨𝐠𝐫𝐚𝐦 ကို တက်ရောက်နေသည့် မောင်မင်းခန့်အနေဖြင့် eduCLaaS ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Bhea Technologies တွင် 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 ရာထူးဖြင့် အလုပ်ရရှိသွားသည့်အတွက် ကျောင်းမှဆရာ/မများနှင့် အတန်းဖော်သူငယ်ချင်းများမှ များစွာဝမ်းသာဂုဏ်ယူပါသည်။ မောင်မင်းခန့်သည် ၂၀၂၂ ခုနှစ်တွင် eduCLaaS ၏ Work-Study IT program တွင်ပါဝင်ခဲ့ပြီး မယုံနိုင်လောက်သောတိုးတက်မှုများစွာနှင့် သင်ယူမှုခရီးကိုစတင်ခဲ့ပါသည်။

“Lithan eduCLaaS အကြောင်းကို အွန်လိုင်းကနေစတင်သိရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ REBC ကိုယ်ပိုင်အထက်တန်းကျောင်းကနေပြီး Work-Study IT program ကိုစတင်တက်ရောက်ခဲ့ပါတယ်။ Website တွေကိုဖန်တီးရတာအပြင် စိတ်ဝင်စားစရာကောင်းတဲ့ ပရောဂျက်ပေါင်းစွာကိုပြုလုပ်ခဲ့ရပါတယ်။ ပရောဂျက်တွေ၊ assignment တွေနဲ့အချိန်များစွာကုန်ဆုံးခဲ့ရပေမဲ့ ဒီလိုပြင်းထန်တဲ့လေ့လာသင်ယူမှုတွေကပဲ ကျနော့်ကိုပိုပြီးတိုးတက်သန်မာစေခဲ့ပါတယ်။ အခုလက်ရှိမှာတော့တစ်ဖက်ကလည်းအလုပ်လုပ်၊ ဝင်ငွေနဲ့အတွေ့အကြုံကောင်းတွေကိုရှာဖွေစုဆောင်းရင်း 𝐇𝐍𝐃 အတန်းကိုဆက်လက်တက်ရောက်သင်ယူနေပါတယ်။ eduCLaaS ရဲ့အားသာချက်ကတော့စင်ကာပူနည်းပညာနယ်ပယ်ကကုမ္ပဏီများစွာနဲ့ အချိတ်အဆက်တွေရှိကြပြီး ကျောင်းသားတွေကို အလုပ်ရအောင်အမှန်တကယ်ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။ အခုတော့ ကျနော်လည်း ထိုက်တန်တဲ့ဝင်ငွေလစာရှိတဲ့ remote အလုပ်တစ်ခုကိုရရှိပြီဖြစ်သလို အနာဂတ်မှာကျနော့်အတွက်ဘာတွေရှိနေသလဲဆိုတာအရမ်းကိုသိချင်နေပါပြီ”

မောင်မင်းခန့်ကဲ့သို့သော ကျောင်းသားကျောင်းသူများ၏ success story များမှာ eduCLaaS ၏ Work-Study IT program အနေဖြင့်မည်မျှကောင်းမွန်ပြီးခိုင်မာမှုရှိကြောင်းကိုပြသသည့် သက်သေသာဓကများဖြစ်ပါသည်။

eduCLaaS တွင်၊ ကျွန်ုပ်တို့၏ကျောင်းသားကျောင်းသူများကို ၎င်းတို့၏ IT အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွင် ထူးချွန်ရန် လိုအပ်သော ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ပံ့ပိုးကူညီမှုများ ပေးအပ်ရန် အမြဲတစေ ကြိုးစားအားထုတ်လျက်ရှိပါသည်။

𝐖𝐨𝐫𝐤-𝐒𝐭𝐮𝐝𝐲 𝐈𝐓 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွင် -
✅Pearson BTEC International Level 3 Foundation Diploma in Information Technology ( ၉ လ)
✅Pearson BTEC Level 5 Higher National Diploma in Computing (Applications Development) (၂ နှစ်)
✅Bachelor of Science (Hons) in Computer Science (Top-up) by University of Roehampton (၂ နှစ်) စသည့် အဆင့် (၃) ဆင့်/ qualification ၃ ခုဖြင့်အဆင့်ဆင့်တက်ရောက်သင်ယူရပါသည်။

ပထမ (၁)နှစ်(၉)လသာလျှင် bootcamp ပုံစံဖြင့် အချိန်ပြည့်ကျောင်းတက်ရပြီး ကျန်ရှိသည့် နောက်ပိုင်း (၃)နှစ်တွင် တနင်္လာနေ့မှ သောကြာနေ့အထိ အလုပ်သင်ဆင်းကာ အချိန်ပိုင်းအတန်းတက်ရမည်ဖြစ်ပါသည်။

eduCLaaS သည် The Skills Liberation Instituteကဲ့သို့သော Authorized Training Parnter (ATP) များနှင့်ပူးပေါင်းကာ ခေတ်ကာလနှင့်ဆီလျော်မှုရှိပြီး တတ်မြောက်မှုကိုအခြေခံသောသင်ကြားရေးပုံစံဖြင့် Work-Study IT အတန်းခွဲသစ်များကို (၃) လတစ်ကြိမ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။

ထို့အပြင် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီပေါင်းစွာနှင့် မိတ်ဖက်ပြုထားသည်ဖြစ်သောကြောင့် ဝင်ငွေမြင့်မားသည့် အလုပ်အကိုင်များနှင့် နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံကောင်းတွေရရှိမည့် အခွင့်အလမ်းများစွာရှိပါသည်။
မောင်မင်းခန့်ကဲ့သို့ အကျိုးရှိသောအသက်မွေးဝမ်းကြောင်းခရီးကို စတင်ရန် အဆင်သင့်ဖြစ်ပါက eduCLaaS တွင် အခွင့်အလမ်းများကို ရှာဖွေပြီး အနာဂတ်အတွက်အဆင်သင့်ဖြစ်သည့် ကျွမ်းကျင်ပညာရှင်များ၏ အသိုင်းအဝိုင်းတွင် ပါဝင်လိုက်ပါ။ လူကြီးမင်းတို့၏ အောင်မြင်မှုလမ်းစမှာ eduCLaaS တွင်စတင်ပါသည်။

eduCLaaS ၏ Authorized Training Partner (ATP) ဖြစ်သော The Skills Liberation Institute (ရန်ကုန်) ကဲ့သို့သောပါတနာcampus များတွင် on-campus တက်ရောက်နိုင်ပြီဖြစ်ပါသည်။

ပရိုဂရမ်အသေးစိတ်ကို eduCLaaS website မှာဝင်ရောက်လေ့လာနိုင်သလို့ ကျွမ်းကျင်တဲ့ပညာရေးအတိုင်ပင်ခံဆီသို့လည်း ဖုန်းတိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုပါတယ်။
website: https://www.educlaas.com/highered/bachelor-international/

call: +95 9 980 060662

13/06/2024

နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်တွေအပြင် Developer တစ်ယောက်နဲ့ထိုက်တန်တဲ့လစာကို ကျောင်းမပြီးခင်ကတည်းကရှာဖွေစုဆောင်းလိုက်ပါ။

eduCLaaS ရဲ့ (၂၁) လသာကြာမြင့်တဲ့ bootcamp ကိုပြီးမြောက်လို့ မြန်မာနဲ့နိုင်ငံတကာကုမ္ပဏီတွေမှာ developer တွေအဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ကျောင်းသားများစွာထဲကမှ မောင်ဇင်မျိုးဝင်းဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မောင်ဇင်မျိုးဝင်းဟာ eduCLaaS ရဲ့မိတ်ဖက်ဖြစ်တဲ့ 𝐊𝐮𝐫𝐚 𝐊𝐮𝐫𝐚 ဆိုတဲ့ စင်ကာပူကုမ္ပဏီတစ်ခုမှာ Software Developer အဖြစ် လောလောလတ်လတ်အလုပ်ရထားသူတစ်ဦးပါ။ အလုပ်ရရှိသွားတဲ့အပေါ် မောင်ဇင်မျိုးဝင်းဟာ ယခုလို ဝမ်းသာစကားဆိုလာပါတယ်။

"Bootcamp (၂၁) လပြီးသွားလို့ အခုလက်ရှိမှာ ကျောင်းရဲ့မိတ်ဖက်အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ Kura Kura အိုင်တီကုမ္ပဏီမှာ Software Developer အဖြစ်အလုပ်ဝင်နေပါပြီခင်ဗျ။ Kura Kura က စင်ကာပူနိုင်ငံအခြေစိုက်ဖြစ်တဲ့အတွက် နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံတွေအများကြီးရရှိပါတယ်။ ဒါ့အပြင် ထိုက်တန်တဲ့လစာတစ်ခုကိုရရှိတာဖြစ်လို့ ကျွန်တော့်ရဲ့ကျောင်းခတွေကိုလည်း ကိုယ်ပိုင်လစာဝင်ငွေထဲကနေ ပေးနေနိုင်ပါပြီခင်ဗျ။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီအပြင် အတကယ်ခိုင်မာတဲ့ IT နဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကိုရယူဖို့အိမ်မက်ရှိတဲ့သူတိုင်း eduCLaaS က IT program ကိုတက်ရောက်သင်ယူဖို့ အားပေးပါတယ်ခင်ဗျ။"

မောင်ဇင်မျိုးဝင်းဟာ ကျောင်းစစတက်ချင်းမှာ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 အတန်းကိုစတက်ခဲ့ပါတယ်။ ယခုအတန်းရဲ့ကြာချိန်ဟာ (၉) လရှိပြီး အောက်ပါ ဘာသာရပ်တွေကိုလေ့လာသင်ယူရပါတယ်။

1. Information Technology Systems
2. Computer Systems Architecture
3. Object Oriented Programming
4. Creating Systems to Manage Information
5. System Analysis & Design
6. Human Computer Interaction
7. IT Project Management
8. Responsive Website Production

အထက်ပါဘာသာရပ်အားလုံးကိုပြီးဆုံးအောင်မြင်သွားချိန်မှာတော့ မောင်ဇင်မျိုးဝင်းဟာ Pearson UK မှချီးမြှင့်တဲ့ Foundation Diploma ကိုရရှိခဲ့ပါတယ်။ Foundation Diploma နဲ့အတူ မောင်ဇင်မျိုးဝင်းဟာ 𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 (𝐇𝐍𝐃) အတန်းကိုဆက်လက်တက်ရောက်ခွင့်ရခဲ့ပါတယ်။ HND အတန်းမှာတော့ အောက်ပါဘာသာရပ်တွေကို လေ့လာခဲ့ရပါတယ်။

1. Front-end Development
2. Programming Foundations
3. UI Frameworks
4. Database Design and Implementation
5. Web Development Foundations
6. Innovative Venture Creation
7. Generative AI
8. Agile Project Management
9. Enterprise Applications Development
10. Industry Project - Application Implementation
11. IT Systems and Network
12. IT Security
13. Statistics for Data Science

ယခုအချိန်မှာ မောင်ဇင်မျိုးဝင်းဟာ တနင်္လာနေ့ကနေသောကြာနေ့အထိကို အလုပ်လုပ်ပြီး ရုံးချိန်လွတ်အချိန်တွေမှာ အချိန်ပိုင်းအတန်းတက်ရင်းနဲ့ နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့အတူလစာဝင်ငွေများကိုရယူစုဆောင်းလျက်ရှိပါတယ်။

မောင်ဇင်မျိုးဝင်းရဲ့အိမ်မက်ကတော့ 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 (𝗛𝗡𝗗) 𝗽𝗿𝗼𝗴𝗿𝗮𝗺 ပြီးဆုံးသွားတဲ့အခါ eduCLaaS မှာပဲ Roehampton ကပေးတဲ့ 𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿 𝗼𝗳 𝗦𝗰𝗶𝗲𝗻𝗰𝗲 (𝗛𝗼𝗻𝘀) 𝗶𝗻 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲 (𝗧𝗼𝗽-𝘂𝗽) ဘွဲ့ကိုရယူပြီး တစ်နေ့ကျရင် မိမိကိုယ်ပိုင် IT ကုမ္ပဏီတစ်ခုကိုတည်ထောင်နိုင်ဖို့ပါ။

မောင်ဇင်မျိုးဝင်းလိုပဲ သင်သည်လည်း အောင်မြင်တဲ့ developer တစ်ယောက်အဖြစ်ရပ်တည်ဖို့ထိုက်တန်ပါတယ်။ အကယ်၍ သင်ဟာ စနစ်ဟောင်း (၉) တန်း၊ grade 11၊ GED၊ “O” level (သို့မဟုတ်) ၎င်းအတန်းပညာတို့နဲ့ညီမျှတဲ့အထောက်အထားလက်မှတ်ရှိပြီး -

✅Software Engineering ပညာကိုသင်ယူရင်းနဲ့ ပညာရပ်နဲ့ဆိုင်တဲ့အသက်မွေးဝမ်းကြောင်းကိုပြုရင်း ဝင်ငွေရှာဖွေလိုတယ်ဆိုရင်၊

✅Pearson UK မှ ဒီပလိုမာလက်မှတ်နဲ့ Roehampton University လိုကမ္ဘာ့တက္ကသိုလ်မှ ဘက်ချလာဘွဲ့လက်မှတ်ကိုရယူဖို့ဆန္ဒရှိသူဆိုရင်၊

✅ကျောင်းလခကိုလည်း တစ်လချင်းစီအတိုးမဲ့အရစ်ကျနဲ့ပေးသွင်းလိုတယ်ဆိုရင်၊

✅Live lecture ကော on-campus ပုံစံ (၂)မျိုးစလုံးမှာမှ မိမိနဲ့ကိုက်ညီတဲ့သင်ကြားရေးပုံစံကိုရွေးချယ်ခွင့်ရှိချင်သူဆိုရင်တော့ eduCLaaS ရဲ့ IT (Software Engineering) program ဟာ သင့်အတွက်အဆင်သင့်ရှိနေတယ်ဆိုတာ သတင်းကောင်းပါးပါရစေ။

ပရိုဂရမ်အသေးစိတ်ကို eduCLaaS website မှာဝင်ရောက်လေ့လာနိုင်သလို့ ကျွမ်းကျင်တဲ့ပညာရေးအတိုင်ပင်ခံဆီသို့လည်း ဖုန်းတိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုပါတယ်။ website: https://www.educlaas.com/highered/bachelor-international/

call: +95 9 980 060662

Bachelor-International 13/06/2024

နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်တွေအပြင် Developer တစ်ယောက်နဲ့ထိုက်တန်တဲ့လစာကို ကျောင်းမပြီးခင်ကတည်းကရှာဖွေစုဆောင်းလိုက်ပါ။

eduCLaaS ရဲ့ (၂၁) လသာကြာမြင့်တဲ့ bootcamp ကိုပြီးမြောက်လို့ မြန်မာနဲ့နိုင်ငံတကာကုမ္ပဏီတွေမှာ developer တွေအဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ကျောင်းသားများစွာထဲကမှ မောင်ဇင်မျိုးဝင်းဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မောင်ဇင်မျိုးဝင်းဟာ eduCLaaS ရဲ့မိတ်ဖက်ဖြစ်တဲ့ 𝐊𝐮𝐫𝐚 𝐊𝐮𝐫𝐚 ဆိုတဲ့ စင်ကာပူကုမ္ပဏီတစ်ခုမှာ Software Developer အဖြစ် လောလောလတ်လတ်အလုပ်ရထားသူတစ်ဦးပါ။ အလုပ်ရရှိသွားတဲ့အပေါ် မောင်ဇင်မျိုးဝင်းဟာ ယခုလို ဝမ်းသာစကားဆိုလာပါတယ်။

"Bootcamp (၂၁) လပြီးသွားလို့ အခုလက်ရှိမှာ ကျောင်းရဲ့မိတ်ဖက်အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ Kura Kura အိုင်တီကုမ္ပဏီမှာ Software Developer အဖြစ်အလုပ်ဝင်နေပါပြီခင်ဗျ။ Kura Kura က စင်ကာပူနိုင်ငံအခြေစိုက်ဖြစ်တဲ့အတွက် နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံတွေအများကြီးရရှိပါတယ်။ ဒါ့အပြင် ထိုက်တန်တဲ့လစာတစ်ခုကိုရရှိတာဖြစ်လို့ ကျွန်တော့်ရဲ့ကျောင်းခတွေကိုလည်း ကိုယ်ပိုင်လစာဝင်ငွေထဲကနေ ပေးနေနိုင်ပါပြီခင်ဗျ။ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီအပြင် အတကယ်ခိုင်မာတဲ့ IT နဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကိုရယူဖို့အိမ်မက်ရှိတဲ့သူတိုင်း eduCLaaS က IT program ကိုတက်ရောက်သင်ယူဖို့ အားပေးပါတယ်ခင်ဗျ။"

မောင်ဇင်မျိုးဝင်းဟာ ကျောင်းစစတက်ချင်းမှာ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 𝐢𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 အတန်းကိုစတက်ခဲ့ပါတယ်။ ယခုအတန်းရဲ့ကြာချိန်ဟာ (၉) လရှိပြီး အောက်ပါ ဘာသာရပ်တွေကိုလေ့လာသင်ယူရပါတယ်။

1. Information Technology Systems
2. Computer Systems Architecture
3. Object Oriented Programming
4. Creating Systems to Manage Information
5. System Analysis & Design
6. Human Computer Interaction
7. IT Project Management
8. Responsive Website Production

အထက်ပါဘာသာရပ်အားလုံးကိုပြီးဆုံးအောင်မြင်သွားချိန်မှာတော့ မောင်ဇင်မျိုးဝင်းဟာ Pearson UK မှချီးမြှင့်တဲ့ Foundation Diploma ကိုရရှိခဲ့ပါတယ်။ Foundation Diploma နဲ့အတူ မောင်ဇင်မျိုးဝင်းဟာ 𝐇𝐢𝐠𝐡𝐞𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐩𝐥𝐨𝐦𝐚 (𝐇𝐍𝐃) အတန်းကိုဆက်လက်တက်ရောက်ခွင့်ရခဲ့ပါတယ်။ HND အတန်းမှာတော့ အောက်ပါဘာသာရပ်တွေကို လေ့လာခဲ့ရပါတယ်။

1. Front-end Development
2. Programming Foundations
3. UI Frameworks
4. Database Design and Implementation
5. Web Development Foundations
6. Innovative Venture Creation
7. Generative AI
8. Agile Project Management
9. Enterprise Applications Development
10. Industry Project - Application Implementation
11. IT Systems and Network
12. IT Security
13. Statistics for Data Science

ယခုအချိန်မှာ မောင်ဇင်မျိုးဝင်းဟာ တနင်္လာနေ့ကနေသောကြာနေ့အထိကို အလုပ်လုပ်ပြီး ရုံးချိန်လွတ်အချိန်တွေမှာ အချိန်ပိုင်းအတန်းတက်ရင်းနဲ့ နိုင်ငံတကာလုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့အတူလစာဝင်ငွေများကိုရယူစုဆောင်းလျက်ရှိပါတယ်။

မောင်ဇင်မျိုးဝင်းရဲ့အိမ်မက်ကတော့ 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 (𝗛𝗡𝗗) 𝗽𝗿𝗼𝗴𝗿𝗮𝗺 ပြီးဆုံးသွားတဲ့အခါ eduCLaaS မှာပဲ Roehampton ကပေးတဲ့ 𝗕𝗮𝗰𝗵𝗲𝗹𝗼𝗿 𝗼𝗳 𝗦𝗰𝗶𝗲𝗻𝗰𝗲 (𝗛𝗼𝗻𝘀) 𝗶𝗻 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲 (𝗧𝗼𝗽-𝘂𝗽) ဘွဲ့ကိုရယူပြီး တစ်နေ့ကျရင် မိမိကိုယ်ပိုင် IT ကုမ္ပဏီတစ်ခုကိုတည်ထောင်နိုင်ဖို့ပါ။

မောင်ဇင်မျိုးဝင်းလိုပဲ သင်သည်လည်း အောင်မြင်တဲ့ developer တစ်ယောက်အဖြစ်ရပ်တည်ဖို့ထိုက်တန်ပါတယ်။ အကယ်၍ သင်ဟာ စနစ်ဟောင်း (၉) တန်း၊ grade 11၊ GED၊ “O” level (သို့မဟုတ်) ၎င်းအတန်းပညာတို့နဲ့ညီမျှတဲ့အထောက်အထားလက်မှတ်ရှိပြီး -

✅Software Engineering ပညာကိုသင်ယူရင်းနဲ့ ပညာရပ်နဲ့ဆိုင်တဲ့အသက်မွေးဝမ်းကြောင်းကိုပြုရင်း ဝင်ငွေရှာဖွေလိုတယ်ဆိုရင်၊

✅Pearson UK မှ ဒီပလိုမာလက်မှတ်နဲ့ Roehampton University လိုကမ္ဘာ့တက္ကသိုလ်မှ ဘက်ချလာဘွဲ့လက်မှတ်ကိုရယူဖို့ဆန္ဒရှိသူဆိုရင်၊

✅ကျောင်းလခကိုလည်း တစ်လချင်းစီအတိုးမဲ့အရစ်ကျနဲ့ပေးသွင်းလိုတယ်ဆိုရင်၊

✅Live lecture ကော on-campus ပုံစံ (၂)မျိုးစလုံးမှာမှ မိမိနဲ့ကိုက်ညီတဲ့သင်ကြားရေးပုံစံကိုရွေးချယ်ခွင့်ရှိချင်သူဆိုရင်တော့ eduCLaaS ရဲ့ IT (Software Engineering) program ဟာ သင့်အတွက်အဆင်သင့်ရှိနေတယ်ဆိုတာ သတင်းကောင်းပါးပါရစေ။

ပရိုဂရမ်အသေးစိတ်ကို eduCLaaS website မှာဝင်ရောက်လေ့လာနိုင်သလို့ ကျွမ်းကျင်တဲ့ပညာရေးအတိုင်ပင်ခံဆီသို့လည်း ဖုန်းတိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုပါတယ်။ website: https://www.educlaas.com/highered/bachelor-international/

call: +95 9 980 060662

Bachelor-International …

Photos from The Skills Liberation Institute's post 30/04/2024

လာမည့် ဇွန်လမှာ 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗕𝗧𝗘𝗖 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗟𝗲𝘃𝗲𝗹 𝟯 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 တန်းခွဲသစ်ကို ထပ်မံဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

eduCLaaS မှသင်ကြားပို့ချပေးမယ့် Pearson BTEC International Level 3 Foundation Diploma in Information Technology program ဆိုတာ credit ပေါင်း (၉၀) ရရှိမယ့် qualification program ဖြစ်ပါတယ်။ Program ကာလမှာ (၉) လကြာမြင့်ပြီး ရက်သတ္တပတ်တစ်ပတ်တွင် (၅) ရက်အတန်းတက်ရမှာဖြစ်ကာ (၁) ရက်တွင် စုစုပေါင်း (၆) နာရီ စာလေ့လာရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Diamond Condo ရှိ The Skills Liberation Institute campus တွင် on-campus တက်ရောက်နိုင်ပါတယ်။

Program ပြီးဆုံးချိန်တွင် ကျောင်းသားကျောင်းသူများမှာ computer basics, computer architecture, programming basics, managing information, designing business systems solutions, designing object-oriented applications, basics of UX Design, developing creative websites နဲ့ IT ပရောဂျက်တွေကို manage လုပ်နိုင်ဖို့အတွက် project management skills တွေကိုတတ်မြောက်သွားမှာဖြစ်ပါတယ်။

Pearson BTEC International Level 3 Foundation Diploma လက်မှတ်ရရှိပြီးလျှင် UK အပါအဝင် နိုင်ငံတကာရှိတက္ကသိုလ်များမှာ ပထမနှစ်ကနေစပြီး ပညာဆက်လက်သင်ယူနိုင်မှာဖြစ်ပါတယ်။ ထို့အတူ eduCLaaS မှသင်ကြားပို့ချပေးသော Pearson BTEC Higher National Diploma in Computing (HND) program ကိုလည်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဘယ်လိုလူတွေအတွက် အသင့်တော်ဆုံးလဲ။
IT ပညာရပ်ကို အခြခံကနေပြီးကျွမ်းကျင်ပိုင်နိုင်စွာလေ့လောတတ်မြောက်လိုသူတိုင်း တက်ရောက်သင်ယူသင့်ပါတယ်။ ထို့အပြင် Software Engineering ပညာနဲ့ပတ်သက်တဲ့ Pearson UK ရဲ့ HND လက်မှတ်ကိုရယူပြီး၊ ထိုမှတစ်ဆင့် ကမ္ဘာ့တက္ကသိုလ်များမှ ချီးမြှင့်မည့် IT/Computing/Software Engineering နှင့်သက်ဆိုင်သည့် Bachelor ဘွဲ့ကိုရယူဖို့ ရည်မှန်းထားသူများအတွက် အထူးသင့်တော်တဲ့ ပညာရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

အချိန် (၉) လကြာမြင့်သည့် ဤပရိုဂရမ်တွင် အောက်ပါ module များကိုသင်ယူရမှာဖြစ်ပါတယ်။
Information Technology systems
Computer Systems Architecture
Object Oriented Programming
Creating Systems to Manage Information
System Analysis & Design
Human Computer Interaction
IT Project Management
Responsive Website Production

Pearson BTEC International Level 3 Foundation Diploma in Information Technology program ကိုတက်ရောက်ရန်အတွက် သတ်မှတ်ချက်အနေဖြင့် -
- အသက် (၁၆) နှစ်ပြည့်ပြီးသူများ။
- စနစ်ဟောင်း (၉) တန်း၊ IGCSE ‘O’ level (သို့မဟုတ်) ၎င်းအတန်းပညာများနှင့်ညီမျှသည့် ပညာရေးအထောက်အထားရှိသူများ။
Program အကြောင်းအသေးစိတ်နှင့် မိမိရှေ့ဆက်မည့်ပညာရေးလမ်းကြောင်းကို အောက်ပါဖုန်းနံပါတ်ကိုခေါ်ဆိုပြီး အသေးစိတ်ဆွေးနွေးနိုင်ပါတယ်။
ဖုန်း - 09 9800 60662
eduCLaaS အကြောင်းကိုလေ့လာရန် -
https://www.facebook.com/eduCLaaSMyanmar/ https://www.linkedin.com/company/educlaas/mycompany/
https://www.educlaas.com/

12/06/2023

🎉🎓 Congratulations to our first batch of students on successfully passing the Pearson BTEC Level 3 Foundation Diploma! 🌟 Your dedication and hard work have led to this outstanding achievement. Well done and best wishes for your future endeavors!

TSLI ပထမတန်းခွဲမှ ကျောင်းသားများအားလုံး Pearson BTEC Level 3 Foundation Diploma အားပြီးမြောက်အောင်မြင်ခဲ့ကြတဲ့အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါသည်ရှင်။

Photos from The Skills Liberation Institute's post 07/06/2023

📚🎓 Boost Your Learning Potential with These Self-Study Tips! 🌟

Are you a student looking to enhance your learning experience? Self-study can be a game-changer! 🚀 Here are some valuable tips to make the most out of your self-study sessions:

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


4th Floor, Tower B, Diamond Condo, Pyay Road
Kamayut
11041

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30