Starlet GED Education Centre

Call Directions Contact the school

Starlet GED Education Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Starlet GED Education Centre, Education, Hledan Street, No. 97, Room-602, near Kyaung Shae bus stop, Kamayut.

14.9.2026 တွင် ဖွင့်လှစ်ခဲ့သောGED (Preparation Class), Batch -23 အတွက် သတ်မှတ် သင်တန်းသားဦးရေပြည့်သွားပြီဖြစ်လို့ form ပ...
21/09/2026

14.9.2026 တွင် ဖွင့်လှစ်ခဲ့သော

GED (Preparation Class), Batch -23

အတွက်

သတ်မှတ် သင်တန်းသားဦးရေပြည့်သွားပြီ

ဖြစ်လို့

form ပိတ်ပြီဖြစ်ပြီး နောက် Intake အတွက်

waiting list ကြိုတင်စာရင်းသွင်းနိုင်ပါပြီ

ခင်ဗျ။

September intake ကို ကြိုတင်အပ်နှံထား

သော်လည်း အကြောင်းအမျိုးမျိုးကြောင့်

အချိန်မီ လာရောက်တက်နိုင်ခြင်းမရှိတဲ့

ကျောင်းသားကျောင်းသူများကိုပါ နောက်ထပ်

intake အသစ်သို့ တက်ရောက်သင်ကြားခွင့်

ရရှ်ိပါကြောင်း လေးစားစွာဖြင့် အသိပေး

အပ်ပါသည်ခင်ဗျာ။

⭐️Starlet GED Education Centreသို့ တက်ရောက်သင့်သူများ⭐️

✅အချိန် ၆ လ တည်းဖြင့် GED ဘာသာစုံဖြေဆိုချင်သူများ

✅ အပျော်အပါးထက် စာကိုသာ အဓိကထား၍ ရည်မှန်းချက်ကြီးသူများ

✅သင်တန်းမှန်မှန်တက်လိုသူများ

✅GED questions သဘောတရားကို သေချာစနစ်တကျ အတွေ့အကြုံရှိ ဆရာကြီး၊ဆရာကြီးများနှင့် သင်ကြားလေ့ကျင့်လိုသူများ

✅GED ကျောင်းသားပေါင်း ၆၀၀ ကျော်ကို
Credit Score များစွာရအောင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သော ပြည်တွင်းပြည်ပဘွဲ့ရဝါရင့် ဆရာမကြီးများနှင့် နွေးထွေးဖော်ရွေစွာ အတတ်သင်ကြားလိုသူများ

📣GED အောင်မြင်ထားသောသူများ သင်ပါသလားဆိုတဲ့ မေးခွန်းမေးလာကြကျောင်းသားကျောင်းသူများခင်ဗျာ……

Starlet မှာ GED ဘာသာစုံ/၃ ဘာသာ/၂ဘာသာ/၁ဘာသာ ဂုဏ်ထူးရှင်များစွာကို မွေးထုတ်ပေးနေတဲ့ ဝါရင့်ဆရာကြီး၊ဆရာမကြီးများသာ သင်ကြားပါကြောင်း ထပ်မံ၍ အသိပေးကြေငြာအပ်ပါသည်။

❌GED သည် ဒါသင်၊ဒါကျက်၊ဒါဖြေ မေးခွန်းမျိုး ၊ exam မျိုး မဟုတ်သည့်အတွက် ဝါရင့် သဘာရင့် GED သင်ကြားရေး ၄ နှစ်အထက်ရှိသော ဆရာကြီးဆရာမကြီးများက မေးခွန်းသဘောသဘာဝကို လွယ်ကူထိမိစွာ ရှင်းပြသင်ကြားပေးသော သင်တန်းဖြစ်ပါသည်။
Multiple choices questions တွေကို ရမ်းသမ်းဖြေပြီး အမှတ်ရတာမျိုးမဟုတ်ပဲ စနစ်တကျ နားလည်အောင် သင်ပေးတဲ့သင်တန်းမို့ credit နဲ့ထိုက်တန်တဲ့အမှတ်ကို ရချင်
သူများသာ တက်သင့်သော သင်တန်းဖြစ်ပါသည်။

18/09/2026

Spin Wheel လည်တိုင်း ရင်ခုန်ရပေမဲ့ presentation ပြီးသွားတဲ့အခါရလာတဲ့ ယုံကြည်မှုနဲ့ အတွေ့အကြုံကတော့ တက္ကသိုလ်အတွက် အကောင်းဆုံး ပြင်ဆင်မှုပါပဲ ✨🎓။

၆ လဆိုတဲ့ အချိန်တိုအတွင်းမှာ Academic အပြင် တက္ကသိုလ်မှာ မရှိမဖြစ်လိုအပ်တဲ့ Presentation skill နဲ့ Confidence တွေကိုပါ တစ်ပါတည်း လေ့ကျင့်ပေးရပါတယ်။ 💡🚀

 #မနက်ဖြန်တွင်GED_ဘာသာစုံ_အခမဲ့_အစမ်းလာရောက်တက်ကြည့်နိုင်သည်   #အတန်းသစ်  -23 ကို စက်တင်ဘာလ ၁၄  ရက်နေ့၊ နံနက် ၉ နာရီတွင်...
13/09/2026

#မနက်ဖြန်တွင်GED_ဘာသာစုံ_အခမဲ့_အစမ်းလာရောက်တက်ကြည့်နိုင်သည်
#အတန်းသစ် -23 ကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီတွင် တိုက်အမှတ် ၅၈၊ အခန်းနံပတ် 5A ၊ လှည်းတန်းလမ်းမ၊ လှည်းတန်းစိန်ဂေဟာအနီး၊ (SB baby ကလေးပစ္စည်းဆိုင်နှင့် မျက်နှာချင်းဆိုင်)ကျောင်းရှေ့မှတ်တိုင်၊ ကမာရွတ်မြို့နယ်တွင် စတင်သင်ကြားမည်ဖြစ်ပြီး Register လုပ်ထားသူ မည်သူမဆို
အစမ်းလာရောက်တက်ကြည့်နိုင်ပါသည်။
ဘာသာစုံသည်အထိ 1ပတ် အစမ်းတက်ကြည့်နိုင်ပါသည်။
Internet အခြေအနေကြောင့် Registered မလုပ်ရသေးသော ကျောင်းသားများလည်း လာရောက်တက်ကြည့်နိုင်ပါသည်။
သို့သော် လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားသည့် သင်တန်းဖြစ်သည့်အတွက် သတ်မှတ်လူဦးရေပြည့်ပါက အစမ်းတက်ရောက်ရန် form ပိတ်မည်ဖြစ်ပါသည်။
ထို့ကြောင့် အချိန်မီ Registration fees သွင်း၍ Registered လုပ်ထားရန် လိုအပ်ပါသည်။

Preparation Class ( Batch - 23) (On Campus)
------------------------------------------------------------------------------

Registration fee - 100000

Mon,Tue,Thu,Fri
(9 am - 11:30 am)

School fee - 250000/month
Duration - 6 months
Class Size - 20 Nos

စတင် သင်ကြားမည့်ရက် - 14.9.2026

❌ #အောက်ပါကျောင်းသားအမျိုးအစားများတက်ရောက်ရန်မသင့်လျော်ပါ။❌
1.မိဘက ထား၍သာ GED တက်ရပြီး ကျောင်းသားကိုယ်တိုင်က စိတ်မဝင်စားသူများ၊
2.Lesson တစ်ခုပြီးတိုင်း test စစ်တာမို့ test (unseen questions) ခဏခဏဖြေရတာမကြိုက်သူများ၊
3.ကျောင်းစာအပြင် လူမှုရေးက်ိစ္စအရှုပ်အရှင်း များချင်သူများ(ဥပမာ။ သမီးရည်းစားကိစ္စ)
4.အတန်းပျက်များချင်သူများ
5.သင်တန်းစည်းကမ်းမလိုက်နာနိုင်သူများ
6.ပွဲလမ်း၊အပျော်အပါးမက်လွန်းသူများ
7.မိဘဆရာတို့၏ ဆုံးမလမ်းညွှန်မှုများကိုမလိုက်နာနိုင်သူများ

#အစမ်းတက်ကာလအတွင်းကျောင်းသားဘက်မှလည်းသင်ကြားရေးနှင့်ပတ်သက်လို့ မနှစ်သက်လျှင်သော်လည်းကောင်း၊ စာမလိုက်နိုင်လျှင်သော်လည်းကောင်း ဆက်မတက်လို့ရပြီး(🛑🛑 ွင်းထားသူများကိုပြန်အမ်းပေးမည်ဖြစ်ပါသည်။🛑🛑)
#သင်တန်းကျောင်းဘက်မှလည်းGED preparation တန်းတက်ရန်အရည်အချင်းမပြည့်မီသေးဟု ယူဆပါက အခြားလိုအပ်မည့် သင်ခန်းစာထပ်မံလေ့ကျင့်ဆည်းပူးရန်လိုအပ်သည်များကိုလမ်းညွှန်
ပေး၍သင်တန်းမှရပ်နားမည်ဖြစ်ပါသည်။နောင်တချိန်တွင် GED ပြန်လည်သင်ကြားလိုပါက ကလေးအတွက် အရည်အချင်းပြည့်မီစွာ ready ဖြစ်နေဖို့ ရည်ရွယ်ပါသည်။
✅အားလုံးအတွက် Text books အသစ်များငှါးပေးမည်ဖြစ်ပါသည်။
✅အစမ်းတက်မည့် ကလေးများက မိမိရေးမှတ်လိုသည်များအတွက် Notebook ယူလာရမည်ဖြစ်ပြီး
၊သင်တန်းအပ်ပြီးသားကလေးများက Textbook ထဲတွင် ရေးခြင်း၊ Highlight မျဉ်းသားခြင်းများ ပြုလုပ်နိုင်ပါသည်။
✅အစမ်းတက်ကာလအတွင်းကြိုက်နှစ်သက်ရာအဝတ်အစားဝတ်လာနိုင်သော်လည်း သရုပ်ပျက်အဝတ်အစားများ
ဝတ်ခွင့်မပြုပါ။

✅✅ #ဘာသာစုံအစမ်းတက်ကြည့်ခွင့်ကိုမြန်မာပြည်တွင်ပထမဆုံးစတင်ခဲ့တဲ့ကျောင်းဖြစ်လို့သင်ကြားရေးနှင့်ပတ်သက်၍ယုံကြည်မှုအပြည့်အဝထားနိုင်ပါသည်။

❌ Registration fee သွင်းထားသော်လည်း
#ဘာသာစုံအောင်မတက်သူ
#တစ်ရက်မျှလာမတက်သူ
#သင်တန်းချိန်အမီလာမတက်သူ
စသည်တို့အား Registration fees ပြန်မအမ်းပါ။

လိပ်စာ
-------------
🏘Branch 2
----------------------

တိုက်အမှတ်58၊ အခန်းအမှတ် 5A၊ လှည်းတန်းစိန်ဂေဟာနဲ့မျက်နှာချင်းဆိုင်၊လှည်းတန်းလမ်း၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

ကျောင်းရှေ့မှတ်တိုင် (သို့) လှည်းတန်းမှတ်တိုင်။

YBS No. 14,30,38,41,60,117 (သို့) YBS No. 11,21,30,41,61,65,77,90,131ရောက်ပါသည်။

အသေးစိတ်သိရှိလိုပါက
☎️09 40427 4061(Principal)
☎️09 45256 1524(school Admin)
☎️09 9511 23256(Main Teacher)
သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Japan နိုင်ငံကနေ Starlet GED Education Centreရဲ့ GED Online Class,Batch-3 ကို တက်ရောက်သင်ကြားပြီး သင်ကြားရေးကာလ ၆ လ ပြီး...
11/09/2026

Japan နိုင်ငံကနေ Starlet GED Education Centreရဲ့ GED Online Class,Batch-3 ကို တက်ရောက်သင်ကြားပြီး သင်ကြားရေးကာလ ၆ လ ပြီးတာတဲ့ Real exam စတင်ဖြေဆိုခဲ့ပြီး
Mathematical Reasoning ဘာသာရပ်ကို Credit Score ရရှိအောင်ဖြေဆိုနိုင်ခဲ့တဲ့ သမီး ရတနာမိုးသက်တင်👩🏻‍🎓
အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ မိဘများ🙏
နဲ့တကွ
Maths ဘာသာရပ်ကို သင်ကြားပြသပေးပါသော တီချယ်ဇာ(Class B , Maths main Tr) 🙏
တို့အား ထပ်တူဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သမီးရဲ့ Japan နိုင်ငံမှာ ဆက်လက်ဆည်းပူးသင်ကြားမယ့် အနာဂတ်ပညာရေးမှာလည်း ထူးချွန်စွာနဲ့ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Starlet GED online class ကို တက်ရောက်သင်ကြားနေကြတဲ့ Taiwan , India, Japan, USA ,Malaysia နဲ့ Thailand နိုင်ငံများမှ ကျောင်းသူကျောင်းသားများအားလုံးလည်း
သက်ဆိုင်ရာနိုင်ငံတွေမှာဖြေဆိုကြမယ့် GED Exam ကို ထူးချွန်စွာအောင်မြင်ပါစေကြောင်း ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

🏆Social Studies-196 marks🏆Science-186 marks🏆Mathematical Reasoning- 188 marks ရထားတဲ့ ကလေးက ဒီနေ့ 10.9.26 မှာဖြေလာတဲ့ RL...
10/09/2026

🏆Social Studies-196 marks
🏆Science-186 marks
🏆Mathematical Reasoning- 188 marks ရထားတဲ့ ကလေးက ဒီနေ့ 10.9.26 မှာဖြေလာတဲ့ RLA ဘာသာရပ်မှာလည်း 186 marks ရလာတာမို့
ဘာသာစုံဂုဏ်ထူးရှင်တစ်ယောက် ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။
RLA ဘာသာရပ်ကို credit score ရတဲ့အပြင် ER (Extended Response) ကိုပါ 6 မှတ် အပြည့်ရခဲ့တာမို့
ကိုယ်တိုင်ကြိုးစားဖြေဆိုခဲ့တဲ့ သား စွမ်းထက်နဲ့တကွ အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ မိဘများနှင့်တကွ
RLA ဘာသာရပ်ကို သင်ကြားပေးခဲ့တဲ့ တီချယ် Athena ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ🙏။
ER ကို ဘယ်ကလေးတွေ ဘယ်လိုခက်တယ်ပဲ ကြားထား ကြားထား Starlet မှာ သေချာသင်ပေးပြီး ကလေးတိုင်းကို လိုက်ရေး လိုက်စစ်ပေးရင်းနဲ့ တစ်ယောက်ချင်းစီကို သေချာစီစစ်ပေး၊ ပြင်ပေး၊ ပြန်ရေးခိုင်း စသဖြင့် စေ့စပ်သေချာစွာ သင်ကြားပေးခဲ့တဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

4.9.26  🏆 ကျောင်းတက်တဲ့ သက်တမ်းတဝက်မကျိုးသေး၊ ဘာသာစုံ test တွေနဲ့ နပမ်းလုံးနေရပေမယ့် တယောက်မှ အပြုံးမပျက်ကြတဲ့ Batch-22 ...
08/09/2026

4.9.26

🏆


ကျောင်းတက်တဲ့ သက်တမ်းတဝက်မကျိုးသေး၊ ဘာသာစုံ test တွေနဲ့ နပမ်းလုံးနေရပေမယ့် တယောက်မှ အပြုံးမပျက်ကြတဲ့ Batch-22 အတန်းလေး🥰။
2022 ခုနှစ် Starlet GED Education Centre ရဲ့ (GED online class တမျိုးတည်း စသင်ကတည်းက) ကနေ 2024 ခုနှစ်လောက်က အထိက RLA Real Exam ရဲ့ Grammar ပိုင်းမှာ ၁၀/၁၁ ပုဒ်မေးရာကနေ 2024/2025/2026 ခုနှစ်တွေထဲမှာတော့ 6-8 ပုဒ်လောက်သာ မေးတာတွေ့ရပါတယ်။ဒါပေမယ့်
Credit score ရချင်တဲ့ကလေးတွေအနေနဲ့က Grammar ပိုင်းမှာလည်း အပုဒ်တိုင်းမှန်ဖို့ လိုပါတယ်။
ဒါ့အပြင် 40% အမှတ်ပေးတဲ့ Extended Response (ER) မှာ Grammar ကို အဓိကစစ်ဆေးတဲ့အပိုင်းက Trait 3 ဖြစ်ပါတယ်။
GED ER ကို Trait (၃) ခုနဲ့ အမှတ်ပေးတာဖြစ်ပြီးတော့————

✅Trait 3 ကတော့ Language Conventions and Usage ကို စစ်ဆေးပါတယ်။
ဒီ Trait မှာ ကျောင်းသားရဲ့ ရေးနိုင်စွမ်းရည်ကို မူတည်ပြီး အမှတ်ပေးတဲ့အခါမှာ
📋Standard English Conventions: သဒ္ဒါ (Grammar) မှန်ကန်မှု၊ စာလုံးပေါင်း (Spelling) နှင့် ပုဒ်ဖြတ်ပုဒ်ရပ် (Punctuation) မှန်ကန်မှု။
📋Sentence Structure: ဝါကျတည်ဆောက်ပုံ အမျိုးမျိုးကို ကျွမ်းကျင်စွာ သုံးနိုင်မှု (ဥပမာ - Simple, Compound, နှင့် Complex sentences များ ရောနှောသုံးခြင်း)။
📋Word Choice: ဆီလျော်ပြီး ထိရောက်တဲ့ စကားလုံးများကို ရွေးချယ်သုံးစွဲမှု။ (poorly ဖြစ်ခဲ့ရင်တောင် အရမ်းကြီး အဓိပ္ပာယ်ကွာဟ မနေရင် ပြသနာမရှိပါဘူး။)
📋Fluency: စာဖတ်ရတာ ချောမွေ့မှုရှိမရှိ။
မှတ်ထားရမယ့်အချက်
Trait 3 အတွက် အမှတ်အပြည့်ရဖို့ဆိုရင် အမှားလုံးဝမရှိရဘူးလို့ မဆိုလိုပါဘူး။ "Edit" လုပ်ထားတဲ့ လက္ခဏာရှိရပါမယ်။ ဆိုလိုတာက အမှားအနည်းငယ်ရှိနေရင်တောင်မှ အဓိပ္ပာယ်ဖော်ပြချက်ကို မနှောင့်ယှက်ဘူးဆိုရင် အမှတ်မလျော့ပါဘူး။

အဲ့ဒါကြောင့် trait 3 အတွက် Grammar ပိုင်အောင်လေ့ကျင့်တာဟာအရမ်းထိရောက်ပါတယ်။
ကြိုးစားဖြေကြတဲ့ကလေးတိုင်း Real Exam မှာ ထူးချွန်မှတ်တွေနဲ့ အောင်မြင်ကြပါစေ။
အရမ်းအသုံးဝင်ပါတယ်။

Congratulations 🎉GED ကို အချိန် ၆ လ တည်းနဲ့ ဘာသာစုံအပြီးရအောင်ပြင်ဆင်ပြီး Real Exam မှာ credit score တွေရအောင်ဖြေဆိုနိုင...
07/09/2026

Congratulations 🎉

GED ကို အချိန် ၆ လ တည်းနဲ့ ဘာသာစုံအပြီးရအောင်ပြင်ဆင်ပြီး Real Exam မှာ credit score တွေရအောင်ဖြေဆိုနိုင်ကြတဲ့ ကျောင်းသားကျောင်းသူများအားလုံးကို ထပ်တူဂုဏ်ပြုပါတယ်။
Pre GED ရော GED ရောကို Starlet GED Education Centreမှာပဲ တက်ရောက်ရင်း အဆောင် -၂ မှာနေရင်း ကြိုးစားသွားနိုင်တဲ့ သမီး လိုင်းသာ လည်း Congratulations ပါ🎉။
အဆောင်-၁ နေ ကျောင်းသူတွေထဲ အေးအေးဆေးဆေးနဲ့ စာပုံမှန်လုပ်တဲ့အပြင် အလည်အပတ်အပြင်မထွက်ပဲ အမြဲစာကြိုးစားခဲ့တဲ့သူမို့ ၃ ဘာသာဖြေ ၃ ဘာသာလုံး Credit Score တွေရရှ်ိထားတဲ့ သမီး ခင်ရတနာလည်း Congratulations ပါ🎉

👩🏻‍🎓Khin Yadanar Pyae Aung (Batch-14)
🏅Mathematical Reasoning-200 marks
🏅Science-186 marks
🏅Social Studies-185 marks

👨🏻‍🎓Aung Bhone Myat (Batch-13)
🏅Mathematical Reasoning-183 marks

👨🏻‍🎓Hein Thant Aung (Batch-14)
🏅Mathematical Reasoning-182 marks

👩🏻‍🎓Line Thar Lain ( Batch-17)
🏅Social Studies- 175 marks

👩🏻‍🎓👨🏻‍🎓ကိုယ်တိုင်ကြိုးစားနိုင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများရော၊
🙏ပံ့ပိုးပေးခဲ့ကြတဲ့ မိဘများရော၊
🙏သင်ကြားပေးခဲ့ကြတဲ့
တီချယ်ဇာ (Maths Tr,Class B)
တီချယ် အိမို့( Maths Tr, Class A)
တီချယ်ခင် ( Science Tr)
တီချယ် Athena ( Social Tr)
တို့အား ထပ်တူဂုဏ်ယူဝမ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

06/09/2026

သင်တန်းကျောင်းလေးကို စိတ်ရင်းနဲ့ချစ်ပေးပြီး short video လေးလုပ်ပြီး လာပို့တဲ့သားလေး ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
ခုလို စေတနာနဲ့အပြန်အလှန်တည်ရှိတဲ့ရပ်ဝန်းလေးကနေ September intakeအတွက် နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

Thanks a bunch, Aung Kaung Myat
Pre GED, Batch-11

Pre_GED_Science_Mock_TestPre GED (Certificate of Completion)ချီးမြှင့်ဖို့ရာ ဘာသာစုံ mock test တွေဖြေရပြီး မေးခွန်းတွေကလ...
06/09/2026

Pre_GED_Science_Mock_Test
Pre GED (Certificate of Completion)ချီးမြှင့်ဖို့ရာ ဘာသာစုံ mock test တွေဖြေရပြီး မေးခွန်းတွေကလည်း GED Class မှာ လေ့ကျင့်သင်ကြားပေးတဲ့အတိုင်း Real exam လို Critical,Analytical thinking တွေနဲ့ ပေါင်းစပ်ဖြေရတဲ့ unseen မေးခွန်းတွေချည်းကိုမှ ခုလို ထူးချွန်မှတ်တွေရအောင် ဖြေနိုင်ကြတဲ့ ကလေးတိုင်းရော တခန်းလုံးပါ Congratulations ပါ🏆။

Terminology တွေ၊ Theory based question တွေ၊ Hypo Thesis တွေ၊ Equation ညှိတာတွေနဲ့ ခေါင်းစားစေခဲ့တဲ့ အတန်းလေး😅
September 14 မှာ စမယ့် GED Batch-23 မှာ ခန်းလုံးကျွတ်ပြန်တွေ့ရမှာမို့ ဂုဏ်ယူစွာနဲ့ စောင့်ကြိုနေပါတယ်ခင်ဗျ။

Pre GED အတန်းလေးဖြစ်ပေမယ့်Practice တွေများစွာကို ၄ လ လုံး ကျောင်းသားများ ကိုယ်တိုင်သေချာလုပ်ခဲ့ရတဲ့အတန်းလေးမို့ခုလို သင်...
06/09/2026

Pre GED အတန်းလေးဖြစ်ပေမယ့်
Practice တွေများစွာကို ၄ လ လုံး ကျောင်းသားများ ကိုယ်တိုင်သေချာလုပ်ခဲ့ရတဲ့အတန်းလေးမို့
ခုလို သင်တန်းကာလပြီးဆုံးလို့ Certificate of Completion ပေးအပ်ဖို့ ဖြေဆိုရတဲ့ Mock Test တွေမှာလည်း အမှတ်တွေကောင်းကြတာဖြစ်ပါတယ်။
သားသမီးတွေကို တကယ်ချစ်ရင် မိဘတွေက ကလေးကို ကိုယ်တိုင်လုပ်ကိုင်တတ်တဲ့ အမွေပေးကြရသလို တပည့်တွေကို စာတကယ်တတ်စေချင် ကိုယ်တိုင် practice လုပ်ကြည့်စေရပါတယ်။

သင်တန်းကာလတလျှောက် စနစ်တကျ သေချာစွာသင်ကြားရုံမျှမက တစ်
ရက်သင်ခန်းစာ ၂ ခု ပြီးအောင်သင်၊ သင်လိုက်တာကို ကိုယ်တိုင်အသုံးချတတ်လား သိရအောင် practicing လုပ်ခိုင်းရပါတယ်။
ခုလို စနစ်တကျ လေ့ကျင့်ပျိုးထောင်ထားတဲ့ ကလေးတွေမို့ pre GED (Certificate of Completion) မှာ မေးထားတဲ့မေးခွန်းတွေမှာ
GED ကျောင်းသားတိုင်းကြောက်ကြတဲ့ Fiction (unseen, တခါမှ မသင်ထားဘူးတဲ့ အပုဒ်သစ်) ကို ၂ ပုဒ်တောင်မေးထားတာပေမယ့် ခုလို grammar ပိုင်းရော Fiction, Non Fiction တွေအထိ ကောင်းစွာဖြေဆိုနိုင်ကြလို့ Congratulations ပါလို့ 🏆ထပ်တူဂုဏ်ယူကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Address

Hledan Street, No. 97, Room-602, Near Kyaung Shae Bus Stop
Kamayut
NO.97

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959404274061

Website

Alerts

Be the first to know and let us send you an email when Starlet GED Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Starlet GED Education Centre:

Shortcuts

Share

Category