23/01/2021
"ENGAGE - ASEAN STUDENT ENGAGEMENT INITIATIVE''
EU funded project တစ်ခုဖြစ်သော ENGAGE -Asean student engagement initiative ၏ ကနဉီး (မိတ်ဆက်) အစည်းအဝေး (online) ကို ၁၅-၁-၂၀၂၁ ရက်နေ့တွင် အီတလီနိုင်ငံ၊University of Bologna မှဉီးဆောင်ကျင်းပရာ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာနီလာအောင်၊ ဒေါက်တာသောင်းထိုက်၊ ဒေါက်တာသန်းဇော်ဉီးနှင့် ပါမောက္ခ ဒေါက်တာမိုမိုသန့် တို့တက်ရောက်ကြသည်။ ENGAGE ပရောဂျက် (၂၀၂၁ - ၂၄) ကို EU မိတ်ဖက်တက္ကသိုလ်များ(University of Bologna, Uppsala University)၊ Myanmar မိတ်ဖက်တက္ကသိုလ်များ (ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မန္တလာတက္ကသိုလ်)၊ လာအိုမှ တက္ကသိုလ် (၃) ခုနှင့် ကမ္ဘောဒီယားမှ တက္ကသိုလ် (၃) ခု တို့မှ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ Student classroom engagement, Campus engagement, Community engagement, National policy, ASEAN policy စသည်ဖြင့် Work package များ အဆင့်လိုက် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ မြန်မာမိတ်ဖက်တက္ကသိုလ်များ မိတ်ဆက်ခြင်း နှင့် ပရောဂျက် logo ရွေးချယ်ခြင်းကို (၂၂-၁-၂၀၂၁) ရက်နေ့ အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီး၊ ပါဝင်သော အခြားမိတ်ဖက်တက္ကသိုလ်များ၏ မိတ်ဆက်ခြင်းများကို လာမည့် အပါတ်အစဉ်အစည်းအဝေးများတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။ တက္ကသိုလ်၏ Student classroom engagement, Campus engagement, Community engagement နှင့် policy ချမှတ်ဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် များစွာ အထောက်အကူပြုမည့် ပရောဂျက်တစ်ခုဖြစ်ပါသည်။
20/01/2021
"GLOBAL YOUTH ENGAGEMENT PROGRAM"
This is a global leadership opportunity for young people.
* To apply as a young coordinator of UY (undergraduate, graduate, or young alumni who might be interested)
The application is open until January 22nd.
https://docs.google.com/forms/d/e/1FAIpQLSe494ogckFz72wqx9gpuOQcTC_GwzxbA8rRSAE4ohmJCwU_nQ/viewform
More detailed information can be found on this program's website.
11/01/2021
Silk Road Universities Network (SUN) ၏ Cultural Activities (၃) ခု တွင် စိတ်ဝင်စားသော ကျောင်းသား/သူများ လျှောက်ထားနိုင်ပါသည်။
(၁) WRICOS (Writing Contest of SUN)
(၂) PHOCOS ( Photo Contest of SUN)
(၃) S-DECOS (Speech Contest instead of the Debate Contest of SUN) 2021
06/01/2021
Workshop Series on Constitutionalism in Asia and Beyond
Judicial Independence in ASEAN: A Comparative Perspective
05/01/2021
>
The Conference “Shaping Higher Education in a Transitioning Myanmar”
organized by “The CHINLONE consortium”
03/01/2021
The webinar “Participatory Teaching Methods in Online Learning Environments”.
The training would take about 4 hours. Anyone involved in teaching in Yangon University can participate in this webinar. There is no limitation in terms of number of participants.
01/01/2021
HAPPY NEW YEAR 2021! 🎆
Wishing you all a healthy, prosperous, auspicious and safe NEW YEAR! 🎆
28/12/2020
>
Myanmar Update 2021: Living with the pandemic
16/12/2020
ပူးပေါင်းဆောင်ရွက်မှုနှင့်ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်း
++++++++++++++++++++++++++++++++++++++++++++++++++++++++++
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးရန်လိုအပ်သည်။ တိုင်းပြည်၏အနာဂတ်တိုးတက်ရန်အတွက် ဦးဆောင်နိုင်သည့် ခေါင်းဆောင်များ လိုအပ်သကဲ့သို့ပူးပေါင်းဆောင်ရွက်တတ်သည့်လူ့အဖွဲ့အစည်းတစ်ရပ်လည်း လိုအပ်ပါသည်။
ဗြိတိသျှသံရုံး၏အစီအစဉ်တခုဖြစ်သော တက်ကြွလှုပ်ရှားနိုင်ငံသားအစီအစဉ်သည် Future Leaders
Society နှင့်ပူးပေါင်းကာ ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။မြန်မာနိုင်ငံရှိလူငယ်များတက္ကသိုလ်ကျောင်းသားများအတွက် လူငယ်တစ်ဦး၏ အရေးပါသည့်အခန်းကဏ္ဍကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပြီး မြို့နယ်အသီးသီးမှတက္ကသိုလ်ကျောင်းသားများဖြင့် ချိတ်ဆက်နိုင်မည့်အခွင့်အရေးကိုလည်းရရှိမည်ဖြစ်သည်။
အစီအစဉ်ကိုဇန်နဝါရီလ ၅၊ ၇၊ ၉၊ ၁၁၊ ၁၄၊ ၁၆ ရက်များတွင်ဖြစ်စေ၊ ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇ ရက်များတွင်ဖြစ်စေ ညနေ ၆နာရီမှ ၈နာရီအထိ အွန်လိုင်းမှတစ်ဆင့် ဆွေနွေးသင်ကြားသွားမည်ဖြစ်ပြီး နှစ်သက်ရာသင်တန်းချိန်တခုကိုရွေးချယ်ကာ တက်ရောက်နိုင်သည်။
သင်တန်းပြီးမြောက်ပါက ၂၃၊ ဇန်နဝါရီ၊ ၂၀၂၁တွင်အဖွဲ့လိုက်ရလာဒ်စီမံကိန်းတခုကို ဟောပြောခွင့်ရှိမှာဖြစ်ပါသည်။
အစီအစဉ်ကိုတက်ရောက်လိုသူများသည်အောက်ပါလင့်ခ် https://forms.gle/7hF7e1jzsbbTdZKA9 မှတစ်ဆင့် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်တွင်နောက်ဆုံးထား ကြေညာသွားမည်ဖြစ်သည်။
တက်ရောက်မည့်သူများသည်မိမိရွေးချယ်သည့်တန်းခွဲကို အပြည့်အဝ တက်ရောက်ရမည်ဖြစ်ပြီး၊ အချိန်မှန်နှင့် အတန်းမှန်တက်ရောက်သူတိုင်းအား အတန်းပြီးမြောက်သည့်အခါ ပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်နှင့်အတူ အင်တာနက်ကြေးအဖြစ် ဖုန်းဘေလ် ၁၅,၀၀၀/- ကိုလည်းလက်ခံရရှိမည်ဖြစ်သည်။
အကျိုးကျေးဇူးများ...
==============
+ မိမိကိုယ်ကိုသိနားလည်လာခြင်း
+ အခြားသူများနှင့် ဆက်ဆံရေး ပိုမိုပြေပြစ်လာခြင်း
+ ခေါင်းဆောင်တစ်ဦးကဲ့သို့ ထိရောက်သည့် တာဝန်ယူစိတ်ရှိလာခြင်း
+ အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ကျောင်းသား၊သူများနှင့်ရင်းနှီးမှုရရှိခြင်း
+ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများအကြောင်းသိရှိလာခြင်း
+ အနာဂတ်ခေါင်းဆောင်အဖွဲ့၏ အထူးအဖွဲ့ဝင် ဖြစ်ခွင့်ရှိခြင်း အစရှိသည့် အခွင့်အရေးများကိုရရှိမည်ဖြစ်သည်။
အခွင့်အရေးများ လက်လွှတ်မဆုံးရှုံးရအောင် အောက်ပါလင့်ခ်မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ... https://forms.gle/7hF7e1jzsbbTdZKA9
Future Leaders Society (ဝင်ခွင့်လျှောက်လွှာတင်ခြင်း)
** လျှောက်လွှာ ပိတ်မည့်ရက် ၂၁၊ ၁၂၊ ၂၀၂၀ (တနင်္လာနေ့) ** တက်ကြွလှုပ်ရှား နိုင်ငံသား အစီအစဉ်များအဖြစ် Future Leaders Society အဖွ.....
16/12/2020
CSC (China Scholarship Council) Scholarship for Master and PhD degree programs အားလျှောက်ထားနိုင်ကြောင်း အသိပေးကြေငြာခြင်း
၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing Institute of Technology (BIT) မှ CSC Scholarship program အား ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားနေသည့်ကျောင်းသား/သူ၊ ဆရာ/ဆရာမများအား ပေးအပ်ရန်ကမ်းလှမ်းလာ ပါသည်။
၂။ သို့ဖြစ်ပါ၍ Master programs (2 years) or PhD programs (4 years) အား အောက်ပါအရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီပြီး စိတ်ပါဝင်စားသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများ လျှောက်ထားနိုင်ပါသည်။
၃။ လျှောက်ထားလိုသော ရန်ကုန်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/သူများသည် အမည်၊ ရာထူး၊အတန်း၊ ခုံအမှတ်၊ ဌာန၊ email address, phone number ဖော်ပြ၍ International Cooperation Office (ICO) ရုံးခန်း email address ([email protected]) သို့ ၂၄-၁၂-၂၀၂၀ (ကြာသပတေးနေ)့ညနေ(၄)နာရီ နောက်ဆုံးထား၍ အီးမေးလ်ဖြင့်အမည်စာရင်းပေးပို့လျှောက်ထားကြရန်ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်မှ Online English test နှင့် Interview ပြုလုပ်၍ ရွေးချယ်အဆိုပြုမည်ဖြစ်ပါသည်။
Online English test နှင့် Interview ပြုလုပ်မည့်နေ့ရက်ကိုထပ်မံကြေငြာပါမည်။
Language requirements
For English–taught programs - TOEFL, minimum score: 80 or
IELTS Academic, minimum score: 5.5
For Chinese-taught programs – HSK 5
English-taught Master programs are listed as follows:
- Aeronautics & Space Science and Technology
- Mechanical Engineering
- Electronics Science and Technology
- Information and Communication Engineering
- Control Science and Engineering
- Computer Science and Technology
- Chemical Engineering and Technology
- Chemistry
- Law
All PhD program can be conducted in English (Program detail please refer to 2021 BIT
Admission Book).
မှတ်ချက်။ အသေးစိတ်အချက်အလက်များအား ပူးတွဲပါဖိုင်လ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
15/12/2020
"ASEAN Master in Sustainability Management Programme''
University of aunAgder (UiA), Norway and Gadjah Mada University (UGM), Indonesia မှ
ပေးအပ်သည့်ASEAN Master in Sustainability Management Programme သို့လျှောက်ထား
လိုသော ကျောင်းသား/သူများသည် https://www.asean-sustainability.mba/ တွင်ဝင်ရောက်ကြည့်ရှု့ လျှောက်ထားနိုင်ရန်အသိပေး အကြောင်းကြားအပ်ပါသည်။ စိတ်ပါဝင်စားသော ရန်ကုန်တက္ကသိုလ်မှကျောင်းသား/သူများသည် မိမိတို့သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှုး) နှင့်ဆက်သွယ်၍လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပိတ်ရက် (The application deadline)မှာ ၁၅-၁-၂၀၂၁ ဖြစ်ပါသည်။
Required Documents
- Color photo with formal attire. (.jpg/.jpeg/.png)
- Curriculum vitae or resume. (.pdf)
- Motivation letter. (.pdf)
- Scan of valid passport. Page 1: ID page, page 2: info page, if any, page 3: front and back covers. (.pdf)
- Two recommendation letters from applicant’s school/institution. (.pdf)
- English version of legalized undergraduate certificate and transcript. (.pdf)
- English version of statement of good health from applicant’s doctor. (.pdf)
- English Proficiency Test. Minimum TOEFL PBT:550, or IBT:80, or IELTS: 6.0, or an English proficiency guarantee letter from selected ASEAN Universities. (.pdf)
Note:
All documents must be written in English. Non-English documents must be submitted
together with their English certified/sworn translation version. Any inquiries related to
the required documents can be addressed to [email protected].
13/12/2020
ရန်ကုန်တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးခန်း နေရာသစ်ကို မူလရုံးခန်းနေရာ ဝိဇ္ဇာခန်းမအောက်ထပ် မှ ဘွဲ့နှင်းသဘင်ညာဘက်ခြမ်း နှစ်ထပ်အဆောက်အဦးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ခြင်းကို ဒီဇင်ဘာလ ၁၀ ရက် ၂၀၂၀ ခုနှစ် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။