ဦးသန့်ဇင်ဦး(သင်္ချာဌာန၊ ပြည်တက္ကသိုလ်) က အလှူငွေ ၃၀,၀၀၀(သုံးသောင်း) ကျပ်တိတိကို ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက် သက်ကြီးအာစရိယပူဇော်ပွဲအတွက် 10.1.2026 တွင်ဒေါက်တာမောင်မောင်လွင် ၏ KBZ Pay တဆင့် ပေးပို့လှူဒါန်းထားပါသဖြင့် ကုသိုလ်ကို အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီကိုယ်စားဝမ်းမြောက်စွာ သာဓုခေါ်ဆိုမှတ်တမ်းတင်အပ်ပါသည်။
ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု ၂၅ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲ
အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်မျှဝေပေးရန်။
နော်ဖောရှာ (အထက ၁၀၊ ပုသိမ်မြို့)(ပုသိမ်တက္ကသိုလ်ကျောင်းဝန်းနေ) က အလှူငွေ ၁၀၀,၀၀၀(တစ်သိန်းကျပ်) တိတိကို ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု၏ သက်ကြီးအာစရိယပူဇော်ပွဲအတွက် ဒေါက်တာအောင်ကျော်၏ KBZ Pay တဆင့် ပေးပို့လှူဒါန်းပါသဖြင့် ကုသိုလ်ကို အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီကိုယ်စားဝမ်းမြောက်စွာ သာဓုခေါ်ဆိုမှတ်တမ်းတင်အပ်ပါသည်။
20/01/2026
ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက်ပူဇော်ပွဲမှ ဆရာကြီးဆရာမကြီးများ ကျန်းမာစောင့်ရှောက်မှုဆိုင်ရာ လှူဒါန်မှုအတွက် အလှူရှင်အချို့၏ ဂုဏ်ပြုမှတ်တမ်းလွှာများ။
20/01/2026
ရန်ကုန်တက္ကသိုလ် သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲအလှူရှင် အချို့၏ ဂုဏ်ပြုမှတ်တမ်းလွှာများ။
14/01/2026
After Ceremony (ဘဏ္ဍာရေးနှင့် ငွေစာရင်းကဏ္ဠ)
(၂၈)ကြိမ်မြောက်ပူဇော်ပွဲ ငွေစာရင်းရှင်းတမ်းထုတ်ပြန်နိုင်ရန်အတွက် မနားမနေဆောင်ရွက်နေသော ဘဏ္ဍာရေးအဖွဲ့။
14/01/2026
After Ceremony Service (အခမ်းအနားပြင်ဆင်မှုကဏ္ဍ)
(၂၈) ကြိမ်မြောက်ပူဇော်ပွဲတွင်အသုံးပြုခဲ့သော (ဌာနမှ) ကော်ဇောများလျှော်ဖွတ်သိမ်းဆည်းခြင်း။
မအိအိခိုင်(ပြူးစိန်)(Smart အထည်ချုပ်စက်ရုံ၊ ပြင်ဦးလွင်) က ရန်ကုန်တက္ကသိုလ် သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက် သက်ကြီး အာစရိယပူဇော်ပွဲအတွက် အလှူငွေ ၁၀၀,၀၀၀ (တစ်သိန်း) ကျပ်တိတိ ကို 13.1.2026 နေ့တွင် ဒေါက်တာသီတာချို၏ KBZ Pay မှတဆင့် လှူဒါန်းသည့်အတွက် ကုသိုလ်ကို အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စား ဝမ်းမြောက်စွာ သာဓုခေါ်ဆိုမှတ်တမ်းတင်အပ်ပါသည်။
12/01/2026
အခမ်းအနားပြင်ဆင်စရိတ်အတွက်လှူဒါန်းငွေ။
ဦးမင်းနောင်က ရန်ကုန်တက္ကသိုလ်၏ (၂၈)ကြိမ်မြောက် သက်ကြီးအာစရိယပူဇော်ပွဲကျင်းပရေးအတွက် အခမ်းအနားပြင်ဆင်စရိတ်စုစုပေါင်း ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ကိုကျခံလှုဒါန်းပေးသည့်အတွက် ဤကုသိုလ်ကို အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီကိုယ်စား ဝမ်းမြောက်စွာ သာဓုခေါ်ဆို မှတ်တမ်းတင်အပ်ပါသည်။ (အကျိုးတော်ဆောင် ဦးမင်းနောင်၏ အခမ်းပြင်ဆင်မှုအလှူ မှာ တစ်နှစ်တည်းမဟုတ်ဘဲ လူအားရောငွေအားပါစိုက်ထုတ်၍ အကြားအလပ်မရှိနှစ်စဉ်အာစိဏ္ဏကံ ပြုလုပ်သောအလှူဖြစ်သော်လည်း ကုန်ကျငွေပမာဏကိုကြေငြာလေ့မရှိဘဲ၊ ယခုနှစ်တွင်မှ အကျိုးတော်ဆောင်များမှ မေတ္တာ ရပ်ခံ၍သာ ဤစာရင်းကိုတင်ပြခြင်းဖြစ်ပါသည်။)
12/01/2026
ဦးထူးဇော်တင့်(၂၀၀၆ MSc) က ရန်ကုန်တက္ကသိုလ် သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက် သက်ကြီး အာစရိယပူဇော်ပွဲအတွက် အလှူငွေ ၁၀၀,၀၀၀ (တစ်သိန်း) ကျပ်တိတိ ကို 12.1.2026 နေ့တွင် သင်္ချာဌာနသို့ ကိုယ်တိုင်လာရောက်လှူဒါန်းသည့်အတွက် ကုသိုလ်ကို အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စား ဝမ်းမြောက်စွာ သာဓုခေါ်ဆိုမှတ်တမ်းတင်အပ်ပါသည်။
11/01/2026
ရန်ကုန်တက္ကသိုလ် သင်္ချာမိသားစု၏ (၂၈)ကြိမ်မြောက်သက်ကြီး အာစရိယပူဇော်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကြွရောက်ချီးမြှင့်ပေးပါသော ဆရာကြီး၊ ဆရာမကြီးများ၊ ပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အခန်းကဏ္ဍအသီးသီးမှ ကူညီပံ့ပိုးပေးပါသောပုဂ္ဂိုလ်များနှင့် အလှူရှင်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါသော သင်္ချာညီအစ်ကိုမောင်နှမများ၊ ပူဇော်ပွဲသို့ကိုယ်တိုင်မတက်ရောက်နိုင်သော်လည်း တတ်နိုင်သမျှဝိုင်းဝန်းပံ့ပိုးပေးကြပါသော သင်္ချာမိသားစုဝင်များနှင့် မိတ်သင်္ဂဟများအား အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Adipati Road
Kamayut
11041