သက်စမ်းရေ ပညာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Kalemyo
  • သက်စမ်းရေ ပညာရေးဝန်ဆောင်မှု

သက်စမ်းရေ ပညာရေးဝန်ဆောင်မှု အတန်းပညာသာမက က​လေး​တွေရဲ့ဘက်စုံဖွံ

 #အပတ်စဥ်သောကြာနေ့တိုင်းအစီအစဥ်  ်ပြုကိုးကွယ်ခြင်းနှင့်ချီးမွမ်းခြင်းအစီအစဥ်။
12/07/2024

#အပတ်စဥ်သောကြာနေ့တိုင်းအစီအစဥ်
်ပြုကိုးကွယ်ခြင်းနှင့်ချီးမွမ်းခြင်းအစီအစဥ်။

 #အပတ်စဥ်သောကြာနေ့တိုင်း  Devotion  အစီအစဥ်
05/07/2024

#အပတ်စဥ်သောကြာနေ့တိုင်း Devotion
အစီအစဥ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်ထားသော မိဘများခင်ဗျာ......ဇွန်လ (၄)ရက် (အင်္ဂါနေ့) တွင် ကျောင်း  စဖွင့်မည် ဖြစ်ပြီး၄...
31/05/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်ထားသော မိဘများခင်ဗျာ......

ဇွန်လ (၄)ရက် (အင်္ဂါနေ့) တွင် ကျောင်း စဖွင့်မည် ဖြစ်ပြီး
၄-၆-၂၀၂၄ နံနက် (၈း၃၀)နာရီ တွင် ကျောင်းရောက်ရမည်ဖြစ်ပါသည်။

လောကမှာ ကြုံလာရတဲ့ပြသာနာတိုင်းပေါ်မှာ အကောင်းမြင်ပြီး ရင်ဆိုင်လိုက်ပါ ကိုယ့်အဆင့်တက်ဖို့လှေကားထစ်ဖြေပါတယ်။အလုပ်နည်းနည်းလ...
28/05/2024

လောကမှာ ကြုံလာရတဲ့ပြသာနာတိုင်းပေါ်မှာ အကောင်းမြင်ပြီး ရင်ဆိုင်လိုက်ပါ ကိုယ့်အဆင့်တက်ဖို့လှေကားထစ်ဖြေပါတယ်။အလုပ်နည်းနည်းလုပ်ရင် ပြသနာနည်းနည်းကြုံမယ်၊အလုပ်များများလုပ်ရင် ပြသနာများများကြုံမယ်။ပြသနာမကြုံချင်ရင် ဘာမှမလုပ်နဲ့ ဒါဆိုခင်ဗျား ဘာကောင်မှ ဖြစ်လာမှာမဟုတ်ဘူး။...............စာကနည်းနည်းတော့ရှည်တယ် အောင်မြင်ချင်ရင် အဆုံးထိဖတ်ပါ။

🚩တစ်ခါက အဘိုးနဲ့ သူ့မြေးလေးတို့ဟာ သူတို့အိမ်ကလေးကနေ တောင်ကုန်းတစ်ခုဘက်ကို လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
ခြံဝကနေ လမ်းပေါ်ထွက်ခါနီးမှာ မြေးလုပ်သူက ကျောက်ခဲတစ်လုံးကို ကောက်ပြီး ပန်းအိုးလေးကိုပြစ်လိုက်တယ်တဲ့
အဲ့ဒီကျောက်ခဲက ပန်းအိုးလေးထဲက အလှပန်းပင်ကိုထိပြီး ပန်းပင်ကလေးထက်ပိုင်းကျိုးသွားပါတယ်..

အဲ့လိုနဲ့ မြေးအဘိုးနှစ်ယောက် တောင်ကုန်းဆီသို့ ဆက်ထွက်ခဲ့ကြတယ်။ တောင်ကုန်းလေဆီ ရောက်တဲ့အခါ သူတို့နှစ်ယောက်ဟာ တောင်ကုန်းလေးရဲ့ထိပ်မှာ ထိုင်ခဲ့ကြတယ်။

အဘိုးက လေကောင်းလေသန့်တွေရှုရင်း ရှု့ခင်းတွေကြည့်နေခဲ့တယ်။ ကလေးကတော့ အိမ်ကထွက်လာတုန်းကလိုပဲ ကျောက်ခဲလေးတွေကောက်ပြီး တောင်ကမ်းစွန်းက အပင်လေးကိုပေါက်တာပေါ့။
ဒါပေမဲ့ တောင်ကမ်းပါးစွန်းက အပင်လေးဟာ ကျောက်ခဲချက်တွေထိပေမဲ့ လေအတိုက်မှာ အလွင့်တလူလူနဲ့ ကျိုးကြမသွားခဲ့ဘူး။
ခဲအကြီးနဲ့ ပစ်ပြန်တော့လည်း ညွှတ်သွားပြီး ပြန်မတ်လာတယ်တဲ့
အဲ့ဒီအခါ ကောင်လေးကအဘိုးကိုပြောတယ်
"ဒီအပင်က ဘာလို့ မလဲတာလဲ" လို့ပေါ့။

အဘိုးဖြစ်သူက သူ့မြေးကို ကြည့်ပြီးပြုံးတယ်
"အဲ့ဒီ အပင်လေးကို ကြည့် ငါ့မြေး..."သူတို့မှာ တယုတယနဲ့ ပြုစုမဲ့သူရှိလား? ဒါမှမဟုတ် သူနွမ်းပါးနေတဲ့အခါ ရေလောင်းပေးမဲ့သူရှိလား?

မြေးလုပ်သူက မရှိပါဘူးအဘိုး.. လို့ ပြန်ဖြေလိုက်တယ်

ဟုတ်တယ် သူတို့ကို ပြုစု ကာကွယ်ပေးမဲ့သူ မရှိဘူး ငါ့မြေး။ ကျောက်ဆောင်တွေပြိုကျတဲ့ အခါ သူ့အမြစ်နဲ့သူ ပြိုကျတဲ့ထဲမပါအောင် ကုပ်တွယ်ရတယ်။ လေတွေထန်တဲ့အခါ အရွက်တွေနဲ့ ကာကွယ်ပြီး လဲပြိုမသွားဖို့ အန်တုရတယ်။ သူက သူ့ကိုသူ ကာကွယ်ရတယ်။ သူ့ကိုတိုက်ခိုက်လာတဲ့ အရာတွေကို အန်တုရတယ်။
အိမ်က ပန်းပင်လေးနဲ့တူလား
"မတူဘူး အဘိုး"
မြေးက ပြန်ဖြေတယ်
အဲ့ဒီအခါ အဘိုးက သူ့မြေးလေး ခေါင်းကိုပွတ်ရင်း..
ငါ့မြေး.. လောကကြီးမှာ အိမ်က အလှသစ်ပင်လေးလိုပဲ သေချာပြုစု ယုယပြီး ပိုးဖယ်ပေးမဲ့သူနဲ့ ရေလောင်းပေးမဲ့သူနဲ့ ဒဏ်ရာတွေ ကင်းနေတဲ့သစ်ပင်ဟာ ဒဏ်ချက်တစ်ခု ဖြစ်လိုက်ရုံနဲ့ ပြိုလဲလွယ်တယ်။
ကိုယ့်ဘာသာ ဒဏ်ရာတွေကိုရင်ဆိုင်ပြီး သန်မာအောင်မလုပ်ထားသူက ပြိုလဲလွယ်တယ်။ ကျဆုံးလွယ်တယ်။
ငါ့မြေး.. လောကကြီးမှာ ရှင်သန်တဲ့အခါ ကိုယ့်အားကို ကိုးပါ။..
အမာရွတ်တွေဟာ
ဒဏ်ရာတွေကို အောင်နိုင်ခြင်းရဲ့ သ‌င်္ကေတ
သန်မာခြင်းဟာ ပြိုလဲခြင်းတွေကို
အနိုင်ယူခဲ့ခြင်းရဲ့ သ‌င်္ကေတ

#ငါ့အတွက်ငါရှိတယ်စာအုပ်မှ

မိဘတွေရော ကျောင်းသားလူငယ်တွေပါ ဖတ်ဖြစ်အောင်ဖတ်ပါ။ကလေးတွေကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ။******************က...
06/05/2024

မိဘတွေရော ကျောင်းသားလူငယ်တွေပါ ဖတ်ဖြစ်အောင်ဖတ်ပါ။

ကလေးတွေကို အောက်ပါအကျင့်ဆိုး
သုံးခု ကို ဖျောက်ပေးပါ။
******************

ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘ၀တစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။

၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။
အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။

ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။

လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓါတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါတယ်။

ဥပမာ ကလေးကိုယ့်ကိုကို ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။ ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို များများစဉ်းစား ဖို့လေ့ကျင့်ပေးတဲ့သဘောပါ။

ကလေး မိမိဖာသာ မိမိပြသနာကို ဖြေရှင်းတတ်အောင် အားပေးအားမြောက်ပြုပါ။ တဖြည်းဖြည်း မိမိကိုယ်မိမိ ယုံကြည်မူ တိုးပွားလာပါလိမ့်မည်။

၂။ လိုချင်တာ မရရင် ချက်ချင်း ဒေါသဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လူရိုက်တဲ့အထိ ဖြစ်လာခြင်း၊
ကလေးနည်းတဲ့အိမ်ထောင်စု မှာ တစ်အိမ်သားလုံးက ကလေးကို ဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်။

ပိုးမွေးသလို မွေးတယ်ဆိုပါတော့၊ တဖြည်းဖြည်းနဲ့ ကလေးဟာ မိမိသည်သာ ဒီမိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပါတော့တယ်။ လိုချင်တဲ့အရာဆိုရင် ချက်ချင်းရမှ၊ ဘာမဆို ကိုယ့်သဘောတွေ့မှ ပုံစံမျိုး ဖြစ်လာပါတယ်။

နည်းနည်းလေး အလိုမကျရင် အော်မယ်၊ ငိုမယ်၊ ဒေါသထွက်မယ်၊ လူရိုက်မယ်အထိ ဖြစ်လာပါတော့တယ်။
မိဘများအနေနဲ့ အလိုလိုက်သင့်မှလိုက်ပါ။ ကလေးများ စောင့်ဆိုင်းတတ်တဲ့ အကျင်း မွေးပေးပါ။

အခြားသူများရဲ့ ခံစားချက်ကို လည်း ကိုယ်ချင်းစာ စဉ်းစားတတ်ပါစေ။ ကိုယ့်စိတ်လုပ်ရှားမူကို ကိုယ်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးပါ။

၃။ ဘာပဲလုပ်လုပ် စိတ်ပါ၀င်စားမူ နည်းခြင်း၊ အစမရှိ အဆုံးလည်းမရှိ ဖြစ်တတ်ခြင်း အာရုံများလွန်းတဲ့ ကလေးမျာကို ဆိုလိုတာပါ။

အဲဒီ အာရုံများလွန်းတဲ့ အကျင့်ကို ငယ်ငယ်ကတဲက ဖျောက်ထားပေးမှ အဆင်ပြေမှာပါ။

ဘာပဲလုပ်လုပ်၊ ဘာပဲဆော့ဆော့ သေသေချာချာ စခိုင်းပြီး ပြီးမြောက်သွားအောင်လုပ်ပါစေ။ ပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါ။

ဥပမာ ပုံဆေးချယ်တယ်ဆိုပါဆို့ ၊ ဆေးချယ်တဲ့ ပုံ ပြီးဆုံးသွားမှ အရုပ်ပေးဆော့ပါ။ အရုပ်ကို ဆော့ပြီးမှ တီဗွီပေးကြည့်ပါ။ တစ်ပြိုင်တည်း လုပ်ခွင့်မပေးပါနှင့်။ ဘာပဲလုပ်လုပ် အာရုံစိုက်စေတဲ့သဘောပါ။
အသုံး၀င်နိုင်ကြပါစေ။

Credit .. Saya Aung Ko Latt

ကြော်ငြာ
-KG အတန်း မှ Grade -11အတန်း အထိ
-ကျောင်းသင်ရိုးအပြင်
-English (4)skills

🌟 2024-25 ပညာသင်နှစ်အတွက်🌟 မိဘတွေအနေနဲ့ သားသမီးပညာရေးအတွက် ဘယ်မှာထားရင် ကောင်းမလဲလို့ စိတ်တွေဝေနေလား?===================...
03/05/2024

🌟 2024-25 ပညာသင်နှစ်အတွက်🌟 မိဘတွေအနေနဲ့ သားသမီးပညာရေးအတွက် ဘယ်မှာထားရင် ကောင်းမလဲလို့ စိတ်တွေဝေနေလား?
============================

✅ မူကြို (၃ နှစ်မှစလက်ခံသည်)
✅ KG to Grade 11
✅ ကျောင်းသင်ရိုးစနစ်သစ်အပြင်
International သင်ရိုး Cambridge English (4)skills & Arts(ပန်းချီ) များကိုလည်း သင်ကြားပေးသည်။
✅ သားသားမီးမီးများ English speaking တိုးတက်စေရန် ကျွမ်းကျင် ဝါရင့်ဆရာ ၊ ဆရာမများဖြင့်သာသင်ကြားသည်။
✅သင်ထောက်ကူပစ္စည်းများ ၊ ကစားစရာများ နှင့် ကျယ်ဝန်းသော ကစားကွင်းများထားရှိခြင်း။
✅ ကလေးငယ်များရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျောင်းတွင်းအထူးဂရုစိုက်ကြည့်ရှုစောင့်ရှောက်ပါသည်။
🔺အနာဂတ်နိုင်ငံသားကောင်းဖြစ်စေရန်
Personal development skills & Personal Management skills များကိုလည်း သင်ကြားသည်။

🔺 "ကျောင်းနေပျော်၍ ဘက်စုံတော်ရမည်"

🔺နှစ်စဥ် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရှင်များထွက်ခဲ့၍ ၊ အောင်ချက်မြှင့်မားခဲ့ပြီး စည်းကမ်းကို တန်ဖိုးထား၍ ယ​နေ့တိုင် ရပ်တည်သော ကျောင်းဖြစ်သည်။

🌟 ပညာရေးမနှောင့်နှေးစေဖို့ သက်စမ်းရေမှာ
အပ်ကြစို့

📞09 265 834 070
☎️ 09 257 800 029

🏫 အိမ်အမှတ်(၈၈/၇)တောင်ဇလပ်ရပ်ကွက်၊
ကလေးမြို့(မြို့နယ်ပညာရေးမှုးရုံးအရှေ့)

သားသမီးတွေရဲ့ ပညာရေးမှာ မိဘ(အုပ်ထိန်းသူ) က အရေးပါသလားလို့မေးရင်  အရေးပါဆုံးလို့ ပြောချင်ပါတယ်။​  ဒါပေမယ့် ကိုယ်ဖြစ်ချင်တ...
29/04/2024

သားသမီးတွေရဲ့ ပညာရေးမှာ မိဘ(အုပ်ထိန်းသူ) က အရေးပါသလားလို့မေးရင် အရေးပါဆုံးလို့ ပြောချင်ပါတယ်။​

ဒါပေမယ့် ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းအတွက် သို့မဟုတ် ကိုယ့်အတ္တတစ်ခုတည်းအတွက်တော့ ပုံစံမသွင်းမိဖို့ လိုပါတယ်။

ကလေးတိုင်းမှာ နဂို ရှိပြီးသား မတူတဲ့ ဝါသနာနဲ့ ပါရမီဓါတ်ခံလေးတွေရှိကြတယ်။ တချို့က ရွက်ပုန်းသီးလို တိမ်မြုပ်နေတတ်သလို၊ တချို့ကတော့ ပေါ်လွင်ကြတယ်။ တချို့က အနု ဖန်တီးမှု မှာ အားသန်ပေမယ့် တချို့ က အကြမ်းဖန်းတီးရတာမှ အားသန်ကြတယ်။

မတူတဲ့ ဉာဏ်ရည်တွေနဲ့ သူတို့အားသန်ရာတွေ ကို ပြုစုပျိုးထောင်ပေးဖို့ ဘယ်လို လုပ်မလဲ။ ဘယ်လိုသိနိုင်မလဲ။

1) Linguistic Intelligence
ဘာသာဗေဒ ဉာဏ်ရည် ကောင်းတဲ့သူဟာ စာဖတ်တာ, စာရေးတာ၊ ပုံပြင်ပြောရတာမျိုးတွေမှာ သဘောကျကြတယ်။ ဒါကို သိရင် စာအုပ်စာပေမျိုးစုံ ထားပေးတာ၊ မိဘ အကြီးအကဲတွေနဲ့ စကားစမြည်ဆွေးနွေစေတာ၊​ နေ့စဉ်ဒိုယာရီ ရေးစေတာ၊ ကဗျာရေးခြင်း၊ စာဖတ်ခြင်း အသင်းအဖွဲ့တွေနဲ့ ထိတွေ့စေတာမျိုး မိဘက စီစဉ်ပေးရပါမယ်။

သူတို့တတွေဟာ ကြီးလာရင် စာရေးဆရာ writers,ကဗျာဆရာ poets, journalists ဂျာနယ်လစ် သို့မဟုတ် ဟောပြောတဲ့သူတွေ public speakers ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ သူတို့လေးတွေဟာ ဥပဒေပညာ၊ သင်ကြားရေးပညာ နဲ့ နိုင်ငံရေးသမားတွေလိုမျိုးမှာ လည်း ထွန်းပေါက်မယ့်သူတွေ ဖြစ်နိုင်ပါတယ်။

2) Logical-Mathematical Intelligence
သူတို့ကို ကြည့်လိုက်ရင် ခက်ခဲတဲ့ ပဟေဠိ လိုမျိုး ဖြေရှင်းရတာကို စိတ်ဝင်စားကြတယ်။ ဂိမ်းဆော့ရင်တောင် ခက်ခဲရှုပ်ထွေးတဲ့ ဂိမ်းမျိုး နဲ့ ဥပမာ Puzzle လိုမျိုး သင်္ချာ သို့မဟုတ် ကိန်းဂဏန်း ဆက်ရတာ တွေ စိတ်ဝင်စားကြတယ်။ သူတို့လေးတွေကိုတော့ သင်္ချာနဲ့ပါတ်သတ်တဲ့ ဂိမ်းတွေ၊ Logic Puzzle တွေ၊ စမ်းသပ်မှုတွေ နဲ့ Chess လိုမျိုး စစ်တုရင် ကစားတာမျိုးတွေ လုပ်ပေးရပါမယ်။

ဒီလိုကလေးတွေကတော့ တချိန်မှာ အင်ဂျင်နီယာ engineers, သင်္ချာပညာရှင် Mathematicians, သိပ္ပံပညာရှင် scientists, ကွန်ပျူတာ ပရိုဂရမ်မာ computer programmers တွေ ဖြစ်လာနိုင်တယ်။ .

3) Musical Intelligence
သူထိုင်လိုက်တဲ့ ခုံစားပွဲက အစ ငြိမ်ငြိမ်မနေ ဗုံလိုတီးခေါက်နေတာမျိုး၊ ငယ်ကတည်းက သီးချင်းလေးဖွင့်မှ အိပ်တာမျိုး၊ အသံ, တေးဂီတ နဲ့ သဘာဝရဲ့ တေးသံတွေက အစ ငြိမ်ငြိမ်လေး ခံစားနေတတ်တာမျိုးဆိုရင် ဂီတာ၊ စန္ဒယားတို့လို တူရိယာ ပစ္စည်းတွေဝယ်ပေးထားပါ။ Music လို ဂီတ သင်တန်းတွေ၊ သီချင်းဆိုတာ၊​ တီးမှုတ်တာတွေနဲ့ ထိတွေ့ပေးရပါမယ်။

သူတို့က ကောင်းကောင်းပြုစုပျိုးထောင်နိုင်ရင် ဂီတပညာရှင် musicians, တေးရေး composers,ဂီတဆရာ music teachers, အသံအင်္ဂျင်နီယာ sound engineers တို့ဖြစ်နိုင်ပါတယ်။

4) Body Intelligence
အားကစား၊ အက ပိုင်းနဲ့ လက်မှုပညာလိုမျိုးတွေမှာ စိတ်ဝင်စားမှု ရှိတတ်တာမျိုးဆိုရင် အားကစား (Sport) ၊ အကသင်တန်း(Dance Class)၊ ကိုယ်ခံပညာ သိုင်းလိုမျိုး သင်တန်းတွေ နဲ့ ထိတွေ့ပေးရပါမယ်။

သူတို့လေးတွေကတော့ အာကစားသမား
athletes, အကသမား dancers, ခွဲစိတ်ဆရာဝန် surgeons, လက်မှုပညာသည် craftspeople တွေ ဖြစ်တတ်ပါတယ်။

5) Spatial Intelligence
ဒီဇိုင်းဆွဲတာ၊ ပုံဆွဲတာ၊ မြင်တာနဲ့ ပုံဖေါ်မြနိုင်တာမျိုး၊ စိတ်ကူးစာသားတွေကို ရုပ်လုံးပေါ်အောင် ပြသနိုင်တာမျိုး ဉာဏ်ကောင်းတာကို တွေ့နိုင်ပါတယ်။ ဒီလိုကလေးတွေကို သေချာပြုစုပျိုးထောင်နိုင်ရင် ဗိသုကာပညာရှင် architects, ဂရပ်ဖစ်ဒီဇိုင်းပညာရှင် graphic designers,လေယာဉ်မှုး pilots နဲ့ ပန်းပုပညာရှင် sculptors စတာတွေ ဖြစ်လာနိုင်ပါတယ်။

6) Interpersonal Intelligence
ဒီလိုကလေးမျိုးတွေမှာက အသံဩဇာ ကောင်းတာ၊​ ကိုယ်ဟန်အမူအရာ၊ နှုတ်အမှုအရာကအစ ဆက်ဆံရေး ပြေပြစ် ကောင်းမွန် တာ၊ နားလည်ကြင်နာတတ်တာ၊ ရင်းနှီးချစ်ခင်အောင် လုပ်နိုင်တာတွေက ထူးခြားတဲ့ ဉာဏ်ရည်မျိုးတွေ့ရတတ်တယ်။​ သူတို့က စေတနာ့ဝန်ထမ်းတွေ၊ အသင်းလိုက် ပူပေါင်း ဆော့ရတဲ့ ဂိမ်းအမျိုးစားတွေ၊​ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ထိတွေ့မှုပေးရပါမယ်။

သူတို့လေးတွဟာ ကြီးလာရင် အကြံပေးပညာရှင်တွေ counseling, လူမှုနယ်ပယ်မှာ အကြီးကဲတွေ၊ ပညာရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တခြား အုပ်ချုပ်မှုပိုင်း၊ လူ့အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်လိုမျိုးတွေ ဖြစ်လာနိုင်ပါတယ်။​

7) Naturalistic Intelligence
သဘာဝ၊ ပတ်ဝန်းကျင် နဲ့ တိရိစ္ဆာန်လေးတွေပေါ်မှာ စိတ်ဝင်စားတတ်ကြတယ်။ အများအားဖြင့်သူတို့လေးတွေ ကို အပြင်လောကသဘာဝတရားနဲ့များများထိတွေ့စေတာ၊ တိရိစ္ဆာန်လေးတွေအကြောင်း၊ ပတ်ဝန်းကျင် အကြောင်း ရင်းနှီးအောင် စီစဉ်ပေးဖို့လိုပါတယ်။ အထူးသဖြင့် သဘာဝ ဆိုင်ရာ ပြတိုက်တွေ၊ သိပ္ပံပြခန်းလိုမျိုးတွေ၊ ရုက္ခဗေဒဥယျာဉ်လိုမျိုးတွေနဲ့ ထိတွေ့စေရပါမယ်။

သူတို့တတွေ ကြီးလာရင် ဇီဝပညာရှင် biologist, ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံသုတေသီမျိုးတွေ environmental scientist, တိရစ္ဆာန်ဆေးပညာ veterinary medicine, ရှုခင်းဗိသုကာ ပိုင်း landscape architecture မျိုးတွေ မှာ ထူးချွန်လာနိုင်ပါတယ်။

8. Existential Intelligence
ဒါကတော့ ဖြစ်တည်မှုဆိုင်ရာ အတွေးခေါ် အယူအဆ နဲ့ ကိုးကွယ်မှုဘာသာရေးတွေမှာ စိတ်ဝင်စားတဲ့သူတွေပေ့ါ။ သူတို့ကတော့ အတွေ့အခေါ်ပညာရှင် philosophers, ဘာသာရေးခေါင်းဆောင် religious leaders နဲ့ အတွေးခေါ်ဆိုင်ရာ စာရေးဆရာတွေ writers ဖြစ်လာနိုင်ပါတယ်။​

သူတို့လေးတွေကို လမ်းကြောင်းမှန် ရောက်ဖို့ဆိုရင် မတူတာတွေကို သေချာ နားထောင်ပေးဖို့၊ ဂရုစိုက်လေ့လာပေးဖို့ နဲ့ သူတို့ဘာဝါသနာပါတာလည်းဆိုတာ သိနိုင်အောင် ကြိုးစားယူရပါမယ်။

ပြီးတော့ သူတို့ ဝါသနာ အလိုက် လိုအပ်တာတွေ ဖြည့်ဆည့်ထောက်ပံ့ပေးတာ၊ အတွေ့ကြုံတွေရအောင် ဖန်တီးပေးတာ၊ အားပေးစကား နဲ့ တွန်းအားပေးတာမျိုးတွေ မျှတအောင် ပြုစုပျိုးထောင်ရပါမယ်။

အကောင်းဆုံးကတော့ မိဘအုပ်ထိန်းသူက လက်ဦးဆရာ ဖြစ်တာနဲ့အညီ ကိုယ် မကျွမ်းကျင်ရင် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ပြီး ကိုယ့်ကလေးကို လမ်းတည့်ပေးနိုင်လေ ကောင်းလေပါပဲ။

ဆက်ပါအုံးမယ်။

သားတွေသမီးတွေ အားလုံး မိဘတွေ မျှော်လင့်ထားသလို ဖြစ်နိုင်ရနိုင်ကြပါစေ။

ကျေးဇူးတင်ပါတယ်။

ကျောင်းများတွင် ကိုယ်ကျင့်ပညာသင်ကြားရေး-----------------------------------------------ကျောင်းများတွင် ကလေးများကို ကိုယ်က...
29/04/2024

ကျောင်းများတွင် ကိုယ်ကျင့်ပညာသင်ကြားရေး
-----------------------------------------------
ကျောင်းများတွင် ကလေးများကို ကိုယ်ကျင့်တရားဆိုင်ရာပညာကို သင်သင့်သလား။

ဖင်လန်နိုင်ငံသည် ကမ္ဘာ့အပျော်ဆုံးနိုင်ငံ အဆင့် ၁ တွင်ရှိနေပြီး ထိုနိုင်ငံတွင် ၅ ဦးတွင် ၁ ဦးသည် ဘာသာမဲ့ ဖြစ်နေသည်ကို ထူဆန်းစွာ တွေ့ရသည်။

ဖင်လန်နိုင်ငံတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး ကျောင်းများတွင် ဘာသာတရားနှင့် မပတ်သက်သော ကိုယ်ကျင့်တရားဆိုင်ရာ ဘာသာရပ်ကို သင်ကြားပေးရန် အစိုးရက သတ်မှတ်ထားသည်။ ယဉ်ကျေး လိမ္မာစေရန်ဟု ဆိုလိုက်သည်နှင့် ကိုယ်သန်ရာ ဘာသာရေးကို ဆွဲသွင်းကာ ကလေးများကို သင်ကြားမှုမပြုဘဲ လွတ်လပ်စွာ ကိုယ်ကျင့်ပညာကို လေ့လာသင်ယူနိုင်စေရေးအတွက် အစိုးရက Non-religious Ethics (ET) ဆိုသည့် ဘာသာရပ်ကို စီစဉ်ပေးထားခြင်းဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ ပညာရပ်ကို ကလေးများအား သင်ကြားပေးနိုင်ရေးမှာ အရေးကြီးသည်။ ကလေးများကို ကိုယ်ကျင့်တရားကေင်းမွန်စေရေးအတွက် လက်ဦးဆရာများဖြစ်ကြသော မိဘများနှင့် ဆရာ များက အရေးကြီးသည်။

ကျောင်းကိုရောက်လာသည့် ကလေးများကို ကိုယ်ကျင့်တရား ကောင်းမွန်စေရန် သင်ကြားကြမည့် ဆရာ၊ ဆရာမများကိုယ်တိုင်က ကိုယ်ကျင့်တရားဆိုသည်မှာ အဘယ်နည်းဆိုသည်ကို ကောင်းစွာ နားလည် သဘောပေါက်သူတွေ ဖြစ်ရန်လိုသလို၊ ကိုယ်တိုင်ကလည်း ကိုယ်ကျင့်တရားကို လေးစားစောင့်ထိန်းသူများ ဖြစ်ရန်လိုသည်။

ကလေးများကို ကိုယ်ကျင့်တရားဆိုင်ရာ ပညာရပ်များအား သင်ကြားမည့် ဆရာ၊ ဆရာမများသည်

(၁) စံနမူဖြစ်အောင် နေထိုင်ပြသူများဖြစ်ရမည်

ဆရာကိုယ်တိုင်က အရက်မူးနေပြီး ကလေးတွေကို အရက်မကောင်းကြောင်း ပြောနေလျှင်တော့ သဘာဝ ကျမည်မဟုတ်ပါ။ ယဉ်ကျေးလိမ္မာစေရန် ကလေးတွေကို သင်ကြားနေပြီး ဆရာမကိုယ်တိုင်က ဆဲဆို ကြိမ်းမောင်းနေလျှင်လည်း သင်ကြားရေး ထိရောက်နိုင်မည် မဟုတ်ပါ။

(၂) ကိုယ့်အတန်းကို အကောင်းမြင်စိတ် ဖုံးလွှမ်းနေသော ဝန်းကျင်တစ်ခုဖြစ်အောင် ထူထောင်ပါ

ကလေးတွေကို ပြောရဲ၊ ဆိုရင်၊ ဆွေးနွေးရဲ၊ ဝေဖန်ရဲသူများဖြစ်အောင် ပျိုးထောင်ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားချစ်ခင်သောသူများဖြစ်လာစေရန်၊ သူ့ဘာသာ ကိုယ့်ဘာသာ လေးစားတတ်သူများ ဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး သနားကြင်နာစိတ်ဖြင့်ကူညီဖေးမတတ်သူများ ဖြစ်လာစေရန် ပျိုးထောင် ပေးသင့်ပါသည်။

(၃) ပုံပြောပြပါ

ကလေးတို့သည် မည်သည့်အရွယ်၊ အတန်းဖြစ်စေ ပုံပြင်လေးတွေနှင့် ဘဝသင်ခန်းစာယူစရာ အဖြစ်အပျက် လေးတွေကို နားထောင်ရခြင်းအား နှစ်သက်သည်။ ထို့ကြောင့် သူတို့ကို ဆုံးမစကား ပြောကြားမည်ဆိုလျှင် စံပြုလောက်စရာ အဖြစ်အပျက်လေးတွေ၊ ပုံပြင်လေးတွေကို ထည့်သွင်းပြောကြားခြင်းက ဘဝအတွက်လည်း မှတ်သားစရာတွေ ဖြစ်သွားတတ်ပါသည်။ ဆရာကိုယ်တိုင် စာဖတ်မှ ကလေးတွေကိုလည်း ညွှန်ပြနိုင်မည်ကို မမေ့သင့်ပါ။

(၄) ဝေဖန်ဆန်းစစ်သောအတွေးအမြင်ရှိသူများဖြစ်အောင် ပျိုးထောင်ပါ

အကြောင်းအရာတစ်ခုကို အတင်းမယုံခိုင်းစေလိုပါ။ ကိုယ်ပြောပြလိုက်သည့် အကြောင်းအရာတစ်ခုကို ဝေဖန်ဆန်းစစ်သော ဉာဏ်အမြင်ဖြင့် တွေးမြင်တတ်၊ ငြင်းခုန်တတ်စေရန် သင်ပေးပါ။ ဆရာပြောတိုင်း အမှန် ဆိုသည့်ခေတ်မရှိတော့ပါ။ ကလေးတွေအမြင်ကိုလည်း ဖော်ထုတ်ပေးပါ။ ကိုယ်ကျင့်တရားနှင့် ပတ်သက်ပြီး အမှား၊ အမှန်တို့ကို ကလေးတွေကိုယ်တိုင် ဝေဖန်ဆုံးဖြတ်ပိုင်ခွင့်ပေးပါ။

(၅) သင်ခန်းစာများနှင့် ကိုယ်ကျင့်တရားပညာကို ဆက်စပ်သင်နိုင်အောင် လုပ်ပေးပါ

ကျောင်းများတွင် ကိုယ်ကျင့်တရားပညာသည် သီးခြားသင်စရာ၊ အချိန်ပေး အလေးထားသင်စရာ ပညာရပ် တစ်ခုအနေဖြင့် မြင်သူတွေ နည်းပါသည်။ ထို့ကြောင့် ဆရာတိုင်းသည် ကိုယ်သင်ကြားနေသည့် ဘာသာရပ်ထဲမှ အကြောင်းအရာတို့ကို ကိုယ်ကျင့်တရားပညာနှင့် ဆက်စပ်သင်ကြားပေးနိုင်ရန် အရေးကြီးသည်။ သိပ္ပံ သင်လည်း သိပ္ပံနှင့် ကိုယ်ကျင့်တရားဆက်စပ်မှုကို ပြောပြနိုင်သည်။ ထိုသို့ပြောဆိုသင်ကြားနိုင်သော အရည်အချင်းပြည့် ဆရာတွေ ရှိဖို့လိုသည်။

(၆) ကိုယ်ပိုင်အတွေးအမြင်ကို ဖော်ထုတ်နိုင်သည့် အခွင့်အရေးပေးပါ

အကြောင်းအရာတစ်ခုကို

“သင်မည်ကဲ့သို့ ထင်မြင်ယူဆသနည်း”

“သင်သာဆိုလျှင် မည်ကဲ့သို့ လုပ်မည်နည်း” စသည့် သူတို့ထံက အတွေးအမြင်၊ ယူဆချက်များ ထွက်ပေါ် လာစေရန် အခွင့်အရေးတွေ ပေးသင့်ပါသည်။

ကလေး၏ အတွေးကို မပိတ်ပင်သင့်ပါ။ ဟိုဟာ မလုပ်ရဘူး။ သည်ဟာ မလုပ်ရဘူး စသည်ဖြင့် ပိတ်ပင်မှုတွေများလာလျှင် မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲသည့် လူတောထဲ မတိုးဝံ့သူများ ဖြစ်သွားနိုင်ပါသည်။

(၇) မိဘဆရာ ပူးပေါင်း ကလေးကိုယ်ကျင့်တရားကောင်းဆိုသည့် အချက်ကို မမေ့သင့်ပါ

နောက်ပိုင်းရှိမိဘတွေ၏ အနေအထား၊ ပတ်ဝန်းကျင်တို့ကိုလည်း ဆရာသည် လေ့လာထားသင့်ပါသည်။ သို့မှသာ ကလေးတစ်ယောက် အဘယ်ကြောင့်ဆိုးရသနည်းဆိုသော အဖြေကိုရနိုင်ပါသည်။ ကိုယ့်ကျောင်း၊ ကိုယ့်စာသင်ခန်းဝန်းကျင်တစ်ခုတည်းကို အကောင်းဆုံးဖြစ်အောင် ထူထောင်ရုံဖြင့်လည်း ပြည်စုံပြီဟု မထင်စေလိုပါ။ ကလေးတစ်ယောက်သည် ဘက်စုံတော်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါ။ သူအတော်ချင်ဆုံးအရာကို အတော်ဆုံးဖြစ်စေရန် မြေတောင်မြှောက်ပေးနိုင်ခြင်းကသာလျှင် သင့်ရာအပ်ပို့ ဆရာတို့၏တာဝန် ဖြစ်ပါသည်။

(Teaching moral values to students)

(Photo Credit: This is Finland)

တင်ညွန့်

၂၉.၄.၂၀၂၄

" ယနေ့ အကြိုက်ဆုံးစာ""စာများများ ဖတ်ပါ "(၁) မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ ...
26/04/2024

" ယနေ့ အကြိုက်ဆုံးစာ"
"စာများများ ဖတ်ပါ "

(၁) မပျင်းပါနဲ့ ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။
စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

(၂) ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ ။

ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။
တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပယ်ရှိမှာ
မဟုတ်ပါဘူး။ဘာကိုမှမကျော်ပဲ တစ်မျက်နှာချင်းလှန်
ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမြာပါ။

(၃) တသမတ်တည်း မလျှောက်လှမ်းပါနဲ့
အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။
ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။
ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို
ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

(၄) အချိန်ကောင်းကို စောင့်မနေပါနဲ့။
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ
ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကိုစောင့်
မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။
လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

(၅) ဟန်မဆောင်ပါနဲ့ ။
လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး
ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။
ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။
ပတ်၀န်းကျင်က ပုံသွင်းတာကိုလက်မခံပါနဲ့။
ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

(၆) ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့ ။
တစ်ခါတရံမှကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။
ဒါက လူသားတွေရဲ့ သဘာ၀ပါ။

(၇) အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး
မဖြစ်ပါစေနဲ့။
ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။
ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်
ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

(၈) အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့၊
မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

(၉) အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့။
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကို
ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။
အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

(၁၀) ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့ ။
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။
တွေးပူမနေပါနဲ့

(၁၁) အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်ကိုစောင့်ရတာလို့ သထားပါ။ အကောင်းဆုံးပဲလုပ်ပါ။
ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ
အရာ အားလုံးကို မေ့ထားပါ။

(၁၂) ဘာကိုမြ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့ ။
ဘ၀ကပြောင်းလဲနေပါတယ်။
ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

(၁၃) လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့ ။
အခုရှိနေတာကိုမှ အသိအမှတ်မပြုရင်
လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။
အနာဂတ်ကိုအများကြီး မျှော်လင့်ပြီး
လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။

(၁၄) အယူချည်းပဲမဖြစ်ပါစေနဲ့ ။
ငွေကြေးဥစ္စာပစ္စည်း အရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။
ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

(၁၅) တစ်စုံတစ်ယောက်က ကိုယ်စားလုပ်
ပေးတာကို စောင့်မနေပါနဲ့။
ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။
ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။
အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

(၁၆) အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့ ။
အမှန်တရားဆီကို သွားဖို့လမ်းကြောင်းတွေအများကြီးရှိပါတယ်။တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက်
အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

(၁၇) မသိသေးပဲ အကဲမဖြတ်ပါနဲ့ ။
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။
ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

(၁၈) အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့ ။
တစ်ခုဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင်
မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို
အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

(၁၉) အချစ်ကိစ္စတွေမှာ အဓိပ္ပာယ်မဲတာတွေ သိပ်မတွေးပါနဲ့
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံ
ပေးတာကို အားလုံးက လိုချင်ကြပါတယ်။
ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။
အများကြီးမစဉ်းစားပါနဲ့။
ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

(၂၀) အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့ ။
အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။
သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။
အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို
တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

မိမိ တန်ဖိုးထားပေးရင် ထားပေးသလောက် အကျိုးကျေးဇူးရလာဒ်တွေနဲ့ ဘယ်တော့မှ မိမိအပေါ်ကို သစ္စာမဖောက်သောအရာဆိုရင် စာအုပ် စာပေတွေပါပဲ မိတ်ဆွေ..
ဘဝအတွက် ခွန်အားဖြစ်စေဖို့ စာများများ ဖတ်ပါ မိတ်ဆွေ--------


#လူငယ်တွေအောင်မြင်ဖို့

MK Book Store & စင်္ကာပူ

03/03/2022

အသက် ၁၀နှစ် မှ အသက် ၁၈နှစ်အထိ English Grammar & Writing သင်တန်းကို အ​ခြေခံမှစ၍ မိမိကိုယ်ပိုင် ကျွမ်းကျင်ပိုင်နိုင်စွာရေးတတ်သည်
အထိ ဝါရင့်ဆရာ/မများမှ ​လေ့ကျင့်သင်ကြားပါ
သည်။

□ အတန်းလိုက်ခွဲ​ပေးသည်။

□(၁.၃.၂၂)ရက်​နေ့တွင်
□သင်တန်းစတင်သင်ကြားသည့် ဧည့်ခံပွဲ
အမှတ်တရ




Batch  # 5 English Grammar in use for all students================================■ Cambridge University မှ ထုတ်​ဝေ​သော ...
16/02/2022

Batch # 5
English Grammar in use for all students
================================
■ Cambridge University မှ ထုတ်​ဝေ​သော
Basic Grammar & Essential Grammar
In use ထဲက သင်ခန်းစာများ၊​လေ့ကျင့်ခန်းများ
အားလုံးကို သင်ကြားမည်။

🍀 English Grammar Class ​လေးကိုဘယ်သူ​
တွေတက်​ရောက်သင့်လဲ ?

1️⃣ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး မိမိမိစွမ်းရည်
ကိုတစ်ဆင့် မြှင့်တင်လို​သော ​ကျောင်းသူ/သား
များ...

2️⃣ အ​ခြေခံပညာ အလယ်တန်း က စပြီး တက္ကသိုလ်
ဝင် ​ကျောင်းသူ/သားတိုင်း English မှာ ယခု
ထက် ပိုမိုတိုးတက်လိုသူများ.....

3️⃣ English Grammar & writing ပိုင်းမှာအ​
သေးစိပ်တက်​မြောက်ပြီး ကိုယ်ပိုင် Sentence
​ရေးတက်လို​သော ​ကျောင်းသူ/သားများ...

4️⃣ အထက်တန်းမှာ တက္ကသိုလ်ဝင်စာ​မေးပွဲ ​
အောင်မြင်နိုင်ဖို့ အင်္ဂလိပ်စာဟာ အဓီကဘာသာ
မှာ ပါဝင်ပြီး အ​ခြေခံမရှိရင် အခက်အခဲဖြစ်နိုင်
တာမို့ ၎င်းအတွက် ကြိုတင်ပြင်ဆင်လို​သော
​ကျောင်းသူ/သားများ....

◇ သင်တန်း​ကြေး ◇
=============
● Level (I) = 10,000/- တစ်လ
● Level(II) = 20,000/- တစ်လ

■ စတင်သင်ကြားမည့်​ရက်■
================
○ ၁.၃..၂၂(အင်္ဂ​နေ့)○

◇ အချိန်ဇယား ◇
Level (I) 9AM to 10 AM
Level(II) 10 AM to 11AM

□ ဝါရင့်ဆရာ/မများမှ သင်ကြားမည်။
□ သင့်သားသမီး/ညီငယ်ညီမများအတွက် စိတ်ဝင်
ပါက နားမည်စာရင်း​ပေးသွင်း နိုင်ပါပြီ။

ဖုန်း - ၀၉၂၆၅၈၃၄၀၇၀၊ ၀၉- ၂၅၇၈၀၀၀၂၉

 #  Batch - 1 for grade 10,11 Basic English Grammar သင်တန်း(ပညာဒါန) ================================     ✏ Online/offlin...
27/09/2021

# Batch - 1 for grade 10,11
Basic English Grammar သင်တန်း(ပညာဒါန)
================================

✏ Online/offline (၂)မျိုးစလုံး
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

🌐 လစ်လပ်နေ​သော အချိန်​တွေ အကျိုးရှိ​စေဖို့ ​
​ပညာရပ်တစ်ခုခုကို လေ့လာ​နေဖို့ လိုအပ်ပါ
တယ် ....

🌏 အင်္ဂလိပ်ဘာသာရပ်မှာ မရှိမဖြစ် မသိမဖြစ်တဲ့
အ​ခြေခံသဒ္ဒါပိုင်းဆိုင်ရာအားလုံးကို ပညာဒါန
အ​နေဖြင့် သင်ကြား​ပေးမှာ ဖြစ်ပါတယ်.......

🌍 အ​တွေ့အကြု့အရ ​ကျောင်းသား/သူ အားလုံးနီး
ပါးဟာ အင်္ဂလိပ်ဘာသာရပ်ကို ​ကြောက်ကြရပါ
တယ် အများအားဖြင့်လည်း အ​ခြေခံအားနည်း
ကြပါတယ် ....

🌐 ကိုဗစ်ကာလမို့ ​ကျောင်းသား/သူ​ အားလုံးကို
အသိမ​ပေးဖြစ်တာ ဆရာကို နားလည်​စေ​ပေး
ချင်ပါတယ်.....

💻 ရပ်​ဝေးက ​ကျောင်းသူ/သားများအတွက်​တော့
Onlineက​နေ တက်​ရောက်နိုင်​အောင် စီစဥ်​ပေး
ပါတယ် စိတ်ဝင်စားရင်​တော့ တက်​ရောက်နိုင်ပါ
တယ် ....

☎️​အောက်​ကော်မန့်မှာ ဖုန်း​သော်လည်း​ကောင်း
Messenger ဖြင့်​သော်လည်း​ကောင်း စာရင်း​
ပေးနိုင်ပါတယ် ....ဒီ Batch -1 အတွက်​တော့
(၃)သာ လက်ခံနိုင်​တော့မည်။

ဖုန်း- ၀၉၂၆၅၈၃၄၀၇၀

Address

No (88/7) Taungzalat, Anawyatha Shreet
Kalemyo
02091

Website

Alerts

Be the first to know and let us send you an email when သက်စမ်းရေ ပညာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to သက်စမ်းရေ ပညာရေးဝန်ဆောင်မှု:

Shortcuts

Share

Category