29/06/2024
ဖတ်စာအုပ်မှ လွတ်မြောက်ခြင်း။
အပိုင်း ၁။
ကျွန်တော်တို့ဟာ စာသင်တဲ့အခါမှာ coursebook(ဖတ်စာအုပ်) ကို ကိုင်သင်ကြပါတယ်။ သွားတဲ့လမ်းကြောင်းရှိအောင်ရယ်၊ ဆရာ၊မငယ်တွေအတွက် သင်စရာရှိအောင်ရယ်အတွက် သုံးကြပါတယ်။ ဖတ်စာအုပ်ထဲက စာတွေကို သင်ပင်မဲ့ သေချာနားမလည်ရင် ကလေးတွေအတွက် အကျိုးမများပါဘူး။ တချို့မိဘကလည်း ဖတ်စာအုပ်ကို ပြီးစေချင်တယ်။ ဒါကြောင့်လည်း ဆရာ၊မငယ်တွေက စာအုပ်ပြီးအောင် တွန်းသင်တယ်။ တချို့ကလည်း အချိန်စီမံမှု မတတ်တော့ စာမပြီးတာလည်း ရှိတယ်။ ကျောင်းဖွင့်ချိန်နောက်ကျတာ၊ စာသင်ချိန်နည်းတာ၊ကျောင်းရဲ့စီမံမှုအားနည်းတာတွေကြောင့်လည်း စာမပြီးတာတွေ ရှိတယ်။ ဒါကြောင့်လည်း မိဘတွေက အနည်းဆုံး စာပြီးအောင် သင်တဲ့ကျောင်းကို လက်ခံလာတယ်။ ဖတ်စာအုပ်ရှိတာ၊ ဖတ်စာအုပ်ပြီးတာနဲ့ ကလေးတွေ စာတတ်သွားလား။ ကလေးအသက်အရွယ်နဲ့ ညီမျှတဲ့အတွေးအခေါ်၊ဗဟုသုတတွေ ရရှိသွားတာလား။ မိဘတွေ စဉ်းစားဖို့ လိုပါတယ်။
နိုင်ငံခြားကဖတ်စာအုပ်တစ်ခုကို ယူပြီးသင်ကြတယ်။ ကြော်ငြာကြတယ်။ သင်နိုင်တဲ့ဆရာ၊မတွေ ဒီနိုင်ငံမှာ များနေလို့လား။ မများသေးပါဘူး။ သင်နေရင်းနဲ့ လေ့လာနေကြပြီး သေချာသိဖို့က အနည်းဆုံး ၃ နှစ်လောက် လိုအပ်ပါတယ်။ ဒါတောင် လုံလစိုက်ပြီး လိုက်လေ့လာတဲ့ဆရာ၊မဖြစ်မှ ဖတ်စာအုပ်ပါအကြောင်းအရာတွေကို သေချာသိလာမှာပါ။
မတူညီတဲ့ဖတ်စာအုပ်တွေကို သင်ကြားလေ့လာရင်း မတူညီတဲ့ဒေသမှာရှိသောကလေးတွေနဲ့ကိုက်ညီတဲ့ဖတ်စာအုပ်တွေကို ဖန်တီးတတ်လာဖို့ အားထုတ်သင့်ပါတယ်။ ဘာသာရပ်တွေကို တစ်ခုချင်း ဥပမာပေးကြည့်ပါမယ်။
မြန်မာစာ
မိခင်ဘာသာစကား၊ရုံးသုံးဘာသာစကားဖြစ်ပင်မဲ့ ဒေသတွေကွဲရင် သဒ္ဒါတွေကွဲပါတယ်။ အသံထွက်တွေ ကွဲပါတယ်။ စကားလုံးတွေ ကွဲပါတယ်။ အဓိပ္ပာယ်တွေ ကွဲပါတယ်။ ဘာသာဗေဒကို တက္ကသိုလ်ရောက်မှ သင်တာမျိုး မလုပ်ဘဲ အခြေခံပညာရေးမှာပါ သင်ကြားဖို့ စဉ်းစားသင့်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာမျိုးတွေကို ဖန်တီးပြီး ဘာသာစကားရဲ့ပေါကြွယ်ဝမှုမျိုးကို ကလေးတွေအား ခံစားပြောဆိုတတ်အောင် သင်ကြားပေးသင့်ပါတယ်။ သင်ကြားမဲ့ဆရာ၊ဆရာမတွေဟာ ဘာသာဗေဒကို နားလည်တတ်ကျွမ်းပြီး ဒေသိယစကားတွေနဲ့အကျွမ်းတဝင်ရှိဖို့ လိုပါတယ်။
အင်္ဂလိပ်စာ
အခြေခံပညာသင်ရိုးမှာ ဒေသအလိုက် theme-based topics လေးတွေကို ဖန်တီးဖို့ လိုပါတယ်။ ပုဂံ၊ကလော၊အင်းလေးဘက်က ကျောင်းတွေမှာ general English သင်ရိုးတွေအပြင် hotel and tourism ဘက်က အင်္ဂလိပ်စာအသုံးအနှုန်းတွေကိုလည်း သင်ပေးဖို့ လိုပါတယ်။ ရန်ကုန်၊မန္တလေးဘက်မှာ aviation, nursing စသော ESP အပိုင်းတွေကို ခွဲသင်ပေးဖို့ လိုပါတယ်။ အထက်တန်းရောက်တဲ့အခါ ဘာသာစကားဘာသာရပ်တွေကို ပိုတက်တဲ့ကလေးတွေ ရှိသင့်သလို နည်းပညာပိုင်းကို စိတ်ဝင်စားလို့ သိပ္ပံဘာသာရပ်တွေကို ပိုရွေးတဲ့ကျောင်းသား၊သူတွေလည်း ရှိသင့်တယ်။
အနာဂတ်ကာလမှာ အထက်တန်းကတည်းက ဘာသာရပ်ရွေးချယ်မှုတွေကို ဖန်တီးပေးထားသင့်တယ်။
သင်္ချာ
ဖတ်စာအုပ်ထဲက ဂဏန်းတွေကို တွက်တတ်ဖို့ထက် အပြင်လောကက ပုစ္ဆာတွေနဲ့ချိတ်ဆက်တတ်ဖို့ကို ပိုပြီး ပြုလုပ်ပေးသင့်တယ်။ သူတို့ဝန်းကျင်ကအခြေအနေတွေနဲ့ ပုစ္ဆာဖန်တီးပေးသင့်ပါတယ်။
ဥပမာ။ Order of operation ပုစ္ဆာဖန်တီးမယ် ဆိုပါစို့။ ဒေသကွဲရင်၊ ကလေးကြီးပြင်းရာကွဲရင် ကလေးအကြိုက်ကွဲရင် အကြောင်းအရာ(content)ကွဲပြီး ဖန်တီးလို့ရတယ်။ (၄၀၀၀×၁၂)+(၅၀၀၀×၁၅)= ၁၂၃၀၀၀
မြို့ပေါ်က ကလေးဆိုပါစို့။ သင်ဟာ private cinema တစ်ရုံပိုင်ဆိုင်ထားတယ်။ ရှေ့တန်းမှာ ၁၂ ခုံရှိပြီး နောက်တန်းမှာ ၁၅ ခုံရှိတယ်။ ရှေ့တန်းကို ၄၀၀၀ ကောက်ပြီး နောက်တန်းကို ၅၀၀၀ ကောက်မယ်။ စုစုပေါင်း ဘယ်လောက်ရမလဲ။
ရွာက ကလေးဆိုပါစို့။ သင်ဟာ ငါးရှာ၊ဖားရိုက်ဖို့ထွက်လာတယ်။ တစ်နေ့ကုန်ရှာတာ ဖား ၁၂ ကောင်နဲ့ ငါး ၁၅ ကောင် မိတယ်။ ဖားတစ်ကောင်ကို ၄၀၀၀ နဲ့ရောင်းပြီး ငါးတစ်ကောင်ကို ၅၀၀၀ နဲ့ရောင်းမယ်။ ပိုက်ပိုက်ဘယ်လောက်ရမလဲ။
လက်ဖက်ရည်ဆိုင်မှာ လုပ်တဲ့ကလေးဆိုပါစို့။ ဆိတ်စွပ် တစ်ပွဲ ၄၀၀၀၊ ကြက်သားပလာတာ တစ်ပွဲ ၅၀၀၀။ ဆိတ်စွပ်က ၁၂ ပွဲရောင်းရပြီးကြက်သားပလာတာက ၁၅ ပွဲရောင်းရတယ်။ ဘယ်လောက်ရောင်းရမလဲ။
ကျွန်တော်က သင်္ချာကို အဓိကသင်လို့ ဥပမာတွေ အများကြီးပေးနိုင်ပါတယ်။ တခြားဘာသာရပ်အကြောင်းတွေ ဆက်ပြောချင်လို့ သင်္ချာဘာသာရပ်က ဒီလောက်ပါပဲ။
ပထဝီ
ပထဝီလို့ ပြောလိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ချိတ်ဆက်ပေးသင့်ပါတယ်။ အမှိုက်ပြဿနာအကြောင်းကို မသင်မနေရခေါင်းစဉ်တစ်ခုအဖြစ်သင်ကြားပြီး အင်းလေး၊အင်းတော်ကြီးဘက်တွေမှာ ရေချိုနဲ့ရေအရင်းအမြစ်အကြောင်းတွေကို project based လုပ်သင့်ပါတယ်။
ရှေးခေတ် မြို့ရွာတည်ဆောက်ဖွံ့ဖြိုးလာမှု(Civilization)အကြောင်းအရာများကို လေ့လာရင်း မြို့တစ်မြို့မှာရှိသင့်တဲ့အင်္ဂါရပ်များကိုပါ ဆွေးနွေး၊တိုင်ပင်၊သုံးသပ်သင့်ပါတယ်။
သမိုင်း
သမိုင်းလို့ပြောလိုက်တာနဲ့ ပြန်လည်သုံးသပ်နိုင်စွမ်းကို ပျိုးထောင်သင့်ပါတယ်။ သင်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲဆိုတဲ့ အစားဝင်ခံစားခြင်း(စာတွေ့ဖြင့် သင်ခန်းစာယူခြင်း)ကို ပြုလုပ်ပေးသင့်ပါတယ်။ သမိုင်းနဲ့အတူ ယဉ်ကျေးမှု၊စံတန်ဖိုးထားမှု၊အားနည်းချက်၊အားသာချက်များကို သုံးသပ်ဝေဖန်နိုင်မှုများရှိလာအောင် ပြူလုပ်ပေးသင့်ပါတယ်။
သမိုင်းဆိုတာ အတိတ်ကို လေ့လာတာဖြစ်သလို အနာဂတ်ကို ကာကွယ်တာလည်း ဖြစ်တယ်။ သင်္ချာစကားနဲ့ပြောရရင် patterns ကို လေ့လာရင်း အနာဂတ်ကို ခန့်မှန်းနိုင်တယ်။ ပေးထားချက်တွေအပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်နိုင်တယ်။ ပထဝီ၊သမိုင်းပေါင်းပြီး geopolitical ဘာသာရပ်တွေ ရှိလာသလို ပန်းချီ၊သမိုင်းပေါင်းပြီး modern art ဘာသာရပ်တွေ ထွက်ပေါ်လာတယ်။
ကလေးငယ်တွေကို သမိုင်းအကြောင်းသင်ရင် အကြီးကြီးတွေ ပြောဖို့ မလိုဘူး။ အိပ်ရာဝင်ပြီး အိပ်တဲ့အချိန်က ထိုနေ့ရဲ့သမိုင်းပဲ။ မနက်မိုးလင်း၊နေအထွက် အိပ်ရာထချိန်က ထိုနေ့ရဲ့သမိုင်းအစပဲ။ (တချို့ကလေးတွေက နေ့လယ်လောက်မှ ထတယ်ဆိုရင် နေ့လယ်လောက်မှ သမိုင်းအသစ်စတယ်လို့ ပြောရတယ်။ ငယ်ပင်မဲ့ရစ်တတ်ပါ့။)

သိပ္ပံ
သိပ္ပံလို့ပြောလိုက်တာနဲ့ အသက်အရွယ်နဲ့ကိုက်ညီသော လက်တွေ့စမ်းသပ်မှုတွေ ပါဝင်သင့်တယ်။ စမ်းသပ်မှုမှ ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သော ထုတ်ကုန်တွေကို ဖန်တီးနိုင်မှာပါ။ international ဖတ်စာအုပ်ဖြင့် သင်နေပင်မဲ့ လက်တွေ့မလုပ်နိုင်တဲ့ကျောင်းက IS လို့ ပြောရခက်ပါတယ်။
သိပ္ပံဘာသာရပ်က ကျယ်ပြန့်ပြီး ဘာသာခွဲတွေ အများကြီးရှိပါတယ်။ ဘယ်ခေါင်းစဉ်တွေကိုတော့ မဖြစ်မနေသင်ရမယ်ဆိုပြီး သတ်မှတ်သင့်ပါတယ်။ ဥပမာ body system ၁၁ ခုကို ကျန်းမာရေးရှုထောင့်ဘက်နေကြည့်ပြီး အသက်အရွယ်၊အတန်းအလိုက် ထည့်သွင်းသင်ကြားသွားသင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ခန္ဓာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တတ်မှာပါ။ ဆေးလိပ်၊အရက်သောက်သုံးခြင်းလည်း နည်းလာပါလိမ့်မယ်။