15/05/2022
Exam နဲ့ Assessment
“နောက်ဆိုရင် ကျောင်းမှာ စာမေးပွဲ မရှိတော့ဘူး”
မိဘတွေ ပျော်ကြတယ်။
ပညာရေးအတွက် အပြိုင်အဆိုင် မရှိတော့ဘူး အထင်နဲ့။
ဆရာ/မတွေလည်း ပျော်ကြတယ်။
စာမေးပွဲအလုပ် မရှုပ်တော့ဘူး အထင်နဲ့။
ကျောင်းသားတွေလည်း ပျော်ကြတယ်။
စာတွေကို ကျက်မှတ်စရာမလိုတော့ဘူး အထင်နဲ့။
ဒီထင်မြင်ချက်နဲ့ အယူအဆတွေက
ပညာရေးစနစ်သစ်ရဲ့လက်တွေနယ်ပယ်မှာ
လုံးဝကို မှားယွင်းခဲ့ပါတယ်။
ဟုတ်ပါတယ်။
ပညာရေးစနစ်သစ်မှာ ကျောင်းသားတွေအတွက်
စာမေးပွဲ(Exam) ဆိုတာ မရှိတော့ပါဘူး။
ဒါပေမယ့်အကဲဖြတ်ခြင်း(Assessment) ဆိုတာနဲ့
တိုင်းတာသွားရမှာပါ။
Exam ကလည်း ကျောင်းသားရဲ့ ရလဒ်ကို ရှာတာပဲ။
Assessment ကလည်း ကျောင်းသားရဲ့
ရလဒ်ကို ရှာတာပါပဲ။
ဒါပေမယ့် Exam နဲ့ Assessment က မတူပါဘူး။
(စာမေးပွဲ) ဆိုတာ ကလေးတစ်ဦးက
သူ့မှာ ရှိထားတဲ့ အခြေခံအသိနဲ့ သူဘယ်လောက်ထိ
သင်ယူနိုင်ခဲ့သလဲ ဆိုတာကို သတ်မှတ်ဖို့ စစ်ဆေးတာပါ။
လတ်တလော အချိန်တိုအတွင်း ကျင်းပလိုက်တဲ့
စာမေးပွဲရဲ့ ရလဒ်အပေါ်မူတည်ပြီး ကလေးတစ်ဦးရဲ့
အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို တိုင်းတာပါတယ်။
(အကဲဖြတ်ခြင်း) က
ကလေးတစ်ဦးရဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊
သဘောထားနဲ့ယုံကြည်ချက်တွေ စတဲ့
အချက်အလက်တွေကို အသေးစိတ်မှတ်တမ်းတင်ပြီး
ရလဒ်ကိုဆုံးဖြတ်ချက်ချတဲ့ အစီစဉ်တစ်မျိုးပါ။
တစ်ကယ်တော့ Assessment ဆိုတဲ့ စကားလုံးက
English စကားလုံးစစ်စစ် မဟုတ်ပါဘူး။
Latin ဘာသာစကား Assidere ကနေ ဆင်းသက်လာတဲ့
စကားလုံး ဖြစ်ပါတယ်။
(To Sit Beside) “အနားမှာထိုင်ခြင်း” လို့
အဓိပ္ပါယ်ရပါတယ်။ စစ်ဆေးအကဲဖြတ်ရန် ဆိုတာ
သင်ယူသူရဲ့ အနားမှာထိုင်ခြင်းဟူတဲ့
သဘောကို ဆိုလိုတာပါ။
ဘာအတွက် အနားမှာထိုင်မှာလဲ?
ဟုတ်ကဲ့။ ကလေးတစ်ဦးရဲ့ တိုးတက်မှုရလဒ်အတွက်
သူ့တို့ရဲ့ (မှတ်မိ, နားလည်, အသုံးချ, အကဲဖြတ်,
ခွဲခြမ်းစိတ်ဖြာ, ဖန်တီး စတဲ့)ကျွမ်းကျင်မှုတွေရဲ့
အချက်အလက်ကို မှတ်တမ်းတင်နိုင်ဖို့ပါ။
ဒါကြောင့် ဆရာ/မတွေက ကလေးတွေကို
သင်နေစဉ်မှာရော သင်ယူပြီးတဲ့အခါမှာရော
(အကဲဖြတ်ခြင်း)Assessment ကို လုပ်ပေးရပါတယ်။
ကလေးတစ်ဦးချင်း ဒါမှမဟုတ် တစ်အုပ်စုချင်းကိုလည်း
(အကဲဖြတ်ခြင်း)Assessment လုပ်ပေးရပါတယ်။
ကျောင်းသားတွေကလည်း Exam(စာမေးပွဲ)နီးမှ
ကြိုးစားရတာမျိုး မဟုတ်ဘဲ စာသင်ချိန်တစ်ချိန်ရဲ့
သင်ခန်းစာကို သင်နေစဉ်မှာရော သင်ယူပြီးချိန်မှာရော
Assessment (အကဲဖြတ်ခြင်း)ခံရပါမယ်။
နေ့စဉ်နေ့တိုင်း၊ စာသင်ချိန်တိုင်းအတွက် ကိုယ့်ရဲ့
သင်ယူမှုတိုင်းကို မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။
ထူးခြားမှုကတော့ Assessment မှာ
“ကျရှုံးမှုနဲ့ အောင်မြင်မှု”ကို မသတ်မှတ်ပါဘူး။
“အလွန်ကောင်း၊ ကောင်း၊ ကြိုးစားရန်” သာရှိပါတယ်။
Exam(စာမေးပွဲ) နဲ့ Assessment(အကဲဖြတ်ခြင်း)
ကွာခြားမှုကို ဥပမာပေးပြီး ပြောရမယ်ဆိုရင်
(စာမေးပွဲ)က
အရည်အသွေးမီတဲ့ “ထုတ်ကုန်” တစ်ခုကို ရစေတယ်။
(အကဲဖြတ်ခြင်း)က
ထုတ်ကုန်ရဲ့ လုပ်နည်းလုပ်ဟန်ကို ရှုမြင်သွားစေတယ်။
ဒါကြောင့် Exam မရှိလို့ “ပျော်လိုက်တာ” ဆိုတဲ့
ဆရာ/မိဘ/ကျောင်းသား အားလုံးကိုပြောချင်တာတော့
Assessment ဆိုတာ Exam အတွက်ထက် ပိုပြီး
လေ့လာသင်ယူရပါတယ်။ ဗလ(၅)တန်ဖြစ်တဲ့
ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ အားလုံးကို
(Assessment)အကဲဖြတ်မှာမို့ (Exam)စာမေးပွဲလို
စာအော်ကျက်နေရုံနဲ့ မရတော့ပါဘူး။
ပညာရေးစနစ်သစ်က “ငါးစာ ပေးမှာ” မဟုတ်ဘဲ
“ငါးရှာနည်း ကိုသာ ရှုမြင်စေမှာ” ဖြစ်လို့ အားလုံးက
အားထုတ်ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဆရာ/မတွေလည်း မသက်သာပါဘူး။
ပိုပြီး အလုပ်ရှုပ်ကြရပါတယ်။
မိဘတွေကလည်း ပိုပြီး ပံ့ပိုးမှုကို ပေးကြရမှာပါ။
ကလေးတွေကလည်း ဗလ(၅)တန်ကို ကိုယ်တိုင်
ဘက်စုံဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုရှိအောင်
စဉ်ဆက်မပြတ် အားထုတ်သင်ယူနေရမှာ။
လူပိန်းစကားနဲ့ ပြောရရင်
လွယ်လွယ်နဲ့ ရတဲ့အရာဟာ တန်ဖိုးမရှိသလို
ဘယ်အရာကိုမှလည်း လွယ်လွယ်နဲ့ မရနိုင်ပါဘူး။
အားလုံးကို လေးစားစွာဖြင့်
းရဲ
ပညာရေး
ပြန်လည်မျှဝေပါသည်။