အလက လှိုင်သာယာ ကလေးမြို့Phai Khua

  • Home
  • Myanmar
  • Kalemyo
  • အလက လှိုင်သာယာ ကလေးမြို့Phai Khua

အလက လှိုင်သာယာ ကလေးမြို့Phai Khua လႈိင္သာယာ(Phai Khua) မွ ပညာရွင္ပုဂၢိဳလ္မ်ာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၀/၂၀...
02/05/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ဦးတန်ခူးလဆုတ် ၉ ရက်
(၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်)
ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ်
အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများ၊ Online ကျောင်းများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
၂။ ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ကျောင်းများအား ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှ ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
၃။ လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာန၏ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက်နှင့် Information and Technology Security Guidelines များကို လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့်အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြသည်ကိုတွေ့ရှိရသည့် အောက်ဖော်ပြပါ Online ပြည်သူ့ပညာရေး ကျောင်းများကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်သည်။



https://moe.nugmyanmar.org/announcements/10-24/

30/04/2024

ဘယ်လိုနည်းလမ်းနဲ့
ကျောင်းဖွင့်ရင် ကောင်းမလဲ
စဉ်းစားကြပါ

21/06/2022

ငါတို့ကျောင်းမတက်သေးပါ
=====================

ကျောင်းစာတွေက
ပြန်သင်ရသည်
ဘဝသမိုင်း
ဖြစ်စဉ်တိုင်းကို
မရိုင်းစေရန်
စိတ်ရည်သန်ပြီး
အမှန်ဘက်အား
တို့ကျောင်းသားတို့
လေးစားရပ်တည် ကျောင်းပျက်သည်။ ။

နွေဦးအောင်လံ(CDM)

29/05/2022

စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမရှိစေရေး တားဆီးတွန်းလှန်ကြဖို့ CJDC တိုက်တွန်း
မေ ၂၉ ၊ ၂၀၂၂

ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူတွေ အနေနဲ့ စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိ စေရေးအတွက် တားဆီးတွန်းလှန်ကြဖို့ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်တွေ ပူးပေါင်းစုဖွဲ့ထားတဲ့ ချင်းပြည် ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အာဏာသိမ်းယူဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက ဇွန်လအတွင်း တစ်နိုင်လုံးအတိုင်းအတာနဲ့ ကျောင်းဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတဲ့အပေါ် CJDCက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မှုဟာ စစ်ကောင်စီ ယန္တရားလည် ပတ်နိုင်တယ်လို့ နိုင်ငံတကာကို ပြသဖို့ နဲ့ တရားဝင်မှုရရှိဖို့ ကြိုး စားမှုသာ ဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေမှာ ချင်းပြည်သူတွေအနေနဲ့ ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့တွေက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာသာ မိမိတို့ရဲ့ သားသမီးတွေကို ပညာဆည်းပူးကြစေဖို့လည်း CJDCက တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို အသက်သွင်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ စစ်ကောင်စီလက်ပါးစေ ဝန်ထမ်း Non-CDMers တွေကိုလည်း CJDC က ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။

CJDC ကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ၊ မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ချင်း ကာကွယ်ရေးတပ်(CDF) အပါအဝင် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ် ၁၈ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

17/05/2022
15/05/2022

Exam နဲ့ Assessment
“နောက်ဆိုရင် ကျောင်းမှာ စာမေးပွဲ မရှိတော့ဘူး”
မိဘတွေ ပျော်ကြတယ်။
ပညာရေးအတွက် အပြိုင်အဆိုင် မရှိတော့ဘူး အထင်နဲ့။
ဆရာ/မတွေလည်း ပျော်ကြတယ်။
စာမေးပွဲအလုပ် မရှုပ်တော့ဘူး အထင်နဲ့။
ကျောင်းသားတွေလည်း ပျော်ကြတယ်။
စာတွေကို ကျက်မှတ်စရာမလိုတော့ဘူး အထင်နဲ့။
ဒီထင်မြင်ချက်နဲ့ အယူအဆတွေက
ပညာရေးစနစ်သစ်ရဲ့လက်တွေနယ်ပယ်မှာ
လုံးဝကို မှားယွင်းခဲ့ပါတယ်။
ဟုတ်ပါတယ်။
ပညာရေးစနစ်သစ်မှာ ကျောင်းသားတွေအတွက်
စာမေးပွဲ(Exam) ဆိုတာ မရှိတော့ပါဘူး။
ဒါပေမယ့်အကဲဖြတ်ခြင်း(Assessment) ဆိုတာနဲ့
တိုင်းတာသွားရမှာပါ။
Exam ကလည်း ကျောင်းသားရဲ့ ရလဒ်ကို ရှာတာပဲ။
Assessment ကလည်း ကျောင်းသားရဲ့
ရလဒ်ကို ရှာတာပါပဲ။
ဒါပေမယ့် Exam နဲ့ Assessment က မတူပါဘူး။

(စာမေးပွဲ) ဆိုတာ ကလေးတစ်ဦးက
သူ့မှာ ရှိထားတဲ့ အခြေခံအသိနဲ့ သူဘယ်လောက်ထိ
သင်ယူနိုင်ခဲ့သလဲ ဆိုတာကို သတ်မှတ်ဖို့ စစ်ဆေးတာပါ။
လတ်တလော အချိန်တိုအတွင်း ကျင်းပလိုက်တဲ့
စာမေးပွဲရဲ့ ရလဒ်အပေါ်မူတည်ပြီး ကလေးတစ်ဦးရဲ့
အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို တိုင်းတာပါတယ်။
(အကဲဖြတ်ခြင်း) က
ကလေးတစ်ဦးရဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊
သဘောထားနဲ့ယုံကြည်ချက်တွေ စတဲ့
အချက်အလက်တွေကို အသေးစိတ်မှတ်တမ်းတင်ပြီး
ရလဒ်ကိုဆုံးဖြတ်ချက်ချတဲ့ အစီစဉ်တစ်မျိုးပါ။
တစ်ကယ်တော့ Assessment ဆိုတဲ့ စကားလုံးက
English စကားလုံးစစ်စစ် မဟုတ်ပါဘူး။
Latin ဘာသာစကား Assidere ကနေ ဆင်းသက်လာတဲ့
စကားလုံး ဖြစ်ပါတယ်။
(To Sit Beside) “အနားမှာထိုင်ခြင်း” လို့
အဓိပ္ပါယ်ရပါတယ်။ စစ်ဆေးအကဲဖြတ်ရန် ဆိုတာ
သင်ယူသူရဲ့ အနားမှာထိုင်ခြင်းဟူတဲ့
သဘောကို ဆိုလိုတာပါ။
ဘာအတွက် အနားမှာထိုင်မှာလဲ?
ဟုတ်ကဲ့။ ကလေးတစ်ဦးရဲ့ တိုးတက်မှုရလဒ်အတွက်
သူ့တို့ရဲ့ (မှတ်မိ, နားလည်, အသုံးချ, အကဲဖြတ်,
ခွဲခြမ်းစိတ်ဖြာ, ဖန်တီး စတဲ့)ကျွမ်းကျင်မှု‌တွေရဲ့
အချက်အလက်ကို မှတ်တမ်းတင်နိုင်ဖို့ပါ။
ဒါကြောင့် ဆရာ/မတွေက ကလေးတွေကို
သင်နေစဉ်မှာရော သင်ယူပြီးတဲ့အခါမှာရော
(အကဲဖြတ်ခြင်း)Assessment ကို လုပ်ပေးရပါတယ်။
ကလေးတစ်ဦးချင်း ဒါမှမဟုတ် တစ်အုပ်စုချင်းကိုလည်း
(အကဲဖြတ်ခြင်း)Assessment လုပ်ပေးရပါတယ်။
ကျောင်းသားတွေကလည်း Exam(စာမေးပွဲ)နီးမှ
ကြိုးစားရတာမျိုး မဟုတ်ဘဲ စာသင်ချိန်တစ်ချိန်ရဲ့
သင်ခန်းစာကို သင်နေစဉ်မှာရော သင်ယူပြီးချိန်မှာရော
Assessment (အကဲဖြတ်ခြင်း)ခံရပါမယ်။
နေ့စဉ်နေ့တိုင်း၊ စာသင်ချိန်တိုင်းအတွက် ကိုယ့်ရဲ့
သင်ယူမှုတိုင်းကို မှတ်တမ်းတင်ခံရမှာ ဖြစ်ပါတယ်။
ထူးခြားမှုကတော့ Assessment မှာ
“ကျရှုံးမှုနဲ့ အောင်မြင်မှု”ကို မသတ်မှတ်ပါဘူး။
“အလွန်ကောင်း၊ ကောင်း၊ ကြိုးစားရန်” သာရှိပါတယ်။
Exam(စာမေးပွဲ) နဲ့ Assessment(အကဲဖြတ်ခြင်း)
ကွာခြားမှုကို ဥပမာပေးပြီး ပြောရမယ်ဆိုရင်
(စာမေးပွဲ)က
အရည်အသွေးမီတဲ့ “ထုတ်ကုန်” တစ်ခုကို ရစေတယ်။
(အကဲဖြတ်ခြင်း)က
ထုတ်ကုန်ရဲ့ လုပ်နည်းလုပ်ဟန်ကို ရှုမြင်သွားစေတယ်။
ဒါကြောင့် Exam မရှိလို့ “ပျော်လိုက်တာ” ဆိုတဲ့
ဆရာ/မိဘ/ကျောင်းသား အားလုံးကိုပြောချင်တာတော့
Assessment ဆိုတာ Exam အတွက်ထက် ပိုပြီး
လေ့လာသင်ယူရပါတယ်။ ဗလ(၅)တန်ဖြစ်တဲ့
ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ အားလုံးကို
(Assessment)အကဲဖြတ်မှာမို့ (Exam)စာမေးပွဲလို
စာအော်ကျက်နေရုံနဲ့ မရတော့ပါဘူး။
ပညာရေးစနစ်သစ်က “ငါးစာ ပေးမှာ” မဟုတ်ဘဲ
“ငါးရှာနည်း ကိုသာ ရှုမြင်စေမှာ” ဖြစ်လို့ အားလုံးက
အားထုတ်ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဆရာ/မတွေလည်း မသက်သာပါဘူး။
ပိုပြီး အလုပ်ရှုပ်ကြရပါတယ်။
မိဘတွေကလည်း ပိုပြီး ပံ့ပိုးမှုကို ပေးကြရမှာပါ။
ကလေးတွေကလည်း ဗလ(၅)တန်ကို ကိုယ်တိုင်
ဘက်စုံဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှုရှိအောင်
စဉ်ဆက်မပြတ် အားထုတ်သင်ယူနေရမှာ။
လူပိန်းစကားနဲ့ ပြောရရင်
လွယ်လွယ်နဲ့ ရတဲ့အရာဟာ တန်ဖိုးမရှိသလို
ဘယ်အရာကိုမှလည်း လွယ်လွယ်နဲ့ မရနိုင်ပါဘူး။
အားလုံးကို လေးစားစွာဖြင့်

းရဲ
ပညာရေး
ပြန်လည်မျှဝေပါသည်။

24/04/2022

Summer School Program မကြာခင်ထပ်မံစတင်ပါ​တော့မယ်❗

Summer School Program မှာ ကြားကာလပညာ​ရေးအတွက် အ​​ခြေခံပညာမှ​ကျောင်းသား/သူ​တွေစဥ်ဆက်မပြတ်ပညာသင်ကြားမှုပြုလုပ်နိုင်ရန် PiTi - Education က​နေ CDM ဆရာ/မများနဲ့ လက်တွဲပြီးကြိုးပမ်းလျက်ရှိပါတယ်။

လက်ရှိမှာလည်း CDM ဆရာ/မများနှင့် ​စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမများက ​​ကျောင်းသူ၊​ကျောင်းသား​တွေကို စတုတ္ထတန်းနှင့် ဆဋ္ဌမတန်းသင်ကြား​​ပေးလျက်ရှိပါတယ်။

Summer School Program မှာ ကျောင်းသား/သူများကိုသင်ကြားပေးတဲ့ အခါမှာလည်း သင်ရိုးကိုပဲသင်ကြားပေးတာမဟုတ်ပါဘူးခင်ဗျာ။

သူတို့လေးတွေ စိတ်၀င်တစားရှိအောင် Club Activity လေးတွေ၊ ​ကျောင်းပြင်ပသင်ခန်းစာ​တွေနဲ့လည်း စာသင်ကာလ ( ၃ ) လတာလုံး ကျောင်းသား/သူတွေ ပညာလည်းတတ်မြောက်ပြီး ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်ရအောင် သင်ကြားပေးနေတာဖြစ်ပါတယ်။

Grade ( 4 ) နဲ့ Grade ( 6 ) မှာလည်းလက်ရှိသင်ကြားလျက်ရှိတဲ့ ပုံလေး​တွေမျှဝေပေးလိုက်ပါတယ်။

ကျန်ရှိနေတဲ့အတန်းအသစ်တွေကိုလည်း ထပ်မံတိုးချဲ့သွားမှာမလို့ မိဘတွေအနေနဲ့ Update အသစ်တွေသိရအောင် Page လေးကို Like and follow လေးလုပ်ပေးခဲ့ပါအုံးနော်။ မကြာခင်မှာလည်း Summer School Program ရဲ့တန်းခွဲသစ်​တွေကိုထပ်မံ​ခေါ်ယူသွား​တော့မှာပဲဖြစ်ပါတယ်။

#ပီတိ



PiTi - Education ရဲ့ Updates ​တွေကိုအချိန်နှင့်အမျှသိရှိ​စေရန် PiTi - Education Telegram Channel ကိုပါ Subscribe လုပ်ထားနိုင်ပါပြီ။

Telegram Channel - https://t.me/joinchat/1g6xjG_fOqtjOTM1

Address

Kalemyo

Telephone

+959257577858

Website

Alerts

Be the first to know and let us send you an email when အလက လှိုင်သာယာ ကလေးမြို့Phai Khua posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to အလက လှိုင်သာယာ ကလေးမြို့Phai Khua:

Shortcuts

Share

Category