Sakura Japanese language center Kalemyo

Sakura Japanese language center Kalemyo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sakura Japanese language center Kalemyo, School, Kalemyo.

ကဆုန်လပြည့်နေကစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း Sakura Japanese Languag...
01/05/2026

ကဆုန်လပြည့်နေကစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း Sakura Japanese Language Center မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင်🙏🏻💞

29/04/2026

N5,N4,N3တန်းများ စုံစမ်းအပ်နှံနိုင်ပါတယ်ရှင့်
အချိန်လည်းညှိုနှိုင်းပေးပါတယ်💖🇯🇵

29/04/2026

Vdayဆိုလည်း ချောကလက်စားရတယ်နော် 🇯🇵💓

Sakura Japanese Language Center ရဲ့ သင်္ကြန်အကြိုနေ့ ပုံရိပ်များ
14/04/2026

Sakura Japanese Language Center ရဲ့ သင်္ကြန်အကြိုနေ့ ပုံရိပ်များ

14/04/2026

Sakura Japanese Language Center ရဲ့ သင်္ကြန်အကြိုနေ့ မုန့်လုံးရေပေါ်စတုဒီသာ

12/04/2026

ကျောင်းချိန် ၊ ရုံးချိန်လွတ်တဲ့ N5, N4, N3 အတန်းသစ်များလည်း လာရောက်စုံစမ်းတက်ရောက်နိုင်ပါတယ်
အချိန်ညှိနှိုင်းနိုင်ပါတယ်

N5,N4,N3 အတန်းအားလုံးအတွက် JLPT မေးခွန်းဟောင်းများကို အခကြေးငွေမယူဘဲ အပြည့်အဝလေ့ကျင့်သင်ကြားပေးပါသည်

ဂျပန်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်‌စေရန် ဆရာမများက စေတနာအပြည့်ဖြင့် သင်ကြားပေးမှာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင့်

အသေးစိတ်မေးမြန်းစုံစမ်းလိုပါက
09941768638ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

Sakura Japanese Language Center က သင်္ကြန်အကြိုနေ့ မနက်၁ဝနာရီခွဲဝန်းကျင်မှာ မုန့်လုံးရေပေါ် စတုဒီသာကျွေးမှာဖြစ်လို့ လာရေ...
12/04/2026

Sakura Japanese Language Center က သင်္ကြန်အကြိုနေ့ မနက်၁ဝနာရီခွဲဝန်းကျင်မှာ မုန့်လုံးရေပေါ် စတုဒီသာကျွေးမှာဖြစ်လို့ လာရောက်သုံးဆောင်ကြပါဦးရှင့်🙏🏻 အားလုံးလည်း သင်္ကြန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Sakura Japanese Language Center မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🏻

သင်တန်းနဲ့အတူ စာမေးပွဲသွား‌ဖြေမဲ့ ကျောင်းသားများရဲ့ မိဘအုပ်ထိန်းသူများ သိချင်ကြတဲ့ စာ‌ေမးပွဲ‌သွားဖြေတာနဲ့ ပတ်သက်တဲ့ အ‌ကြ...
25/02/2026

သင်တန်းနဲ့အတူ စာမေးပွဲသွား‌ဖြေမဲ့ ကျောင်းသားများရဲ့ မိဘအုပ်ထိန်းသူများ သိချင်ကြတဲ့ စာ‌ေမးပွဲ‌သွားဖြေတာနဲ့ ပတ်သက်တဲ့ အ‌ကြောင်းလေးတွေ ပြောပြပေးပါမယ်

ဖောင်တင်ကူပါတယ် မေးခွန်းဟောင်း အခမဲ့ လေ့ကျင့်ပေးပါတယ်(စာမေးပွဲ၂ခု အကြောင်းက အောက်ဆုံးမှာရှင်းပြ‌ပေးပါမယ်)

စာမေးပွဲသွားဖြေတဲ့အခါမှာ သင်တန်း founder သို့မဟုတ် sensei ကလိုက်ပေးပါတယ်

လေယာဉ်လက်မှတ်ကိုလည်း သင်တန်းက ဖြတ်ပေးပါတယ် (တစ်စီးတည်း အတူရစေဖို့ပါ)

စာမေးပွဲရက်ကပ်မှ လက်မှတ်ဖြတ်ရင် လေယာဉ် cancel ဖြစ်မှာစိုးလို့ ရက်နည်းနည်း‌စောပြီး သွားပါတယ်

တည်းခိုစရာကလည်း ဟိုတယ်တစ်ခါတည်း စီစဉ်ပေးပါတယ်၊ ( ၂ခါသွားဖြေပြီးတဲ့ထဲမှာ တစ်ခါက senseiရဲ့အသိမိတ်‌‌ဆွေအိမ်က နေစရာရော အလည်ပတ်လိုက်ပို့‌ ပေးဖို့ရောအဆင်‌ပြေတဲ့အတွက် သင်တန်းသား‌တွေ အကုန်ကျသက်သာစေအောင် တည်းဖို့ စီစဉ်ပေးခဲ့ပါတယ် တစ်ခါကတော့ မြိုထဲအချက်ချာကျတဲ့ ဘူတာကြီးဘက်မှာ အကုန်ကျသက်သာပြီး facilitiesအပြည့်ရတဲ့ guest houseမှာ တည်းကြပါတယ်)

စာမေးပွဲသွားဖြေဖို့ ကျောင်းကိုလည်း ကိုယ့်သင်တန်းကနေ ကျောင်းအတူတူကျတဲ့ ကလေးတွေရှိရင်လည်း အတူသွားရပါတယ် စီစဉ်‌ပေးပါတယ် (random ကျတာမို့ပါ)တစ်ယောက်တစ်နေရာကျတယ်ဆိုလည်း သွားဖို့၊ လာဖို့ ၊ဆက်သွယ်ဖို့ အကုန်စီစဉ်ပေးလိုက်ပါတယ်

အလည်အပတ်ကလည်း စာမေးပွဲမဖြေခင်ရော ဖြေပြီးရော နေရာစုံအနှံ့ အတူလည်ပတ်ကြပါတယ်

နာမယ်ကြီးတဲ့ လည်ပတ်စရာ နေရာ‌‌ေတွ ၊ ဘုရားတွေ၊ shopping mall တွေ ၊ water boom ၊ က‌စားကွင်း၊ တိရစ္ဆာန်ရုံစတာတွေတင်မဟုတ်ဘဲ အားလုံးသဘောတူရင် တူသလို နေရာစုံသွားလာလည်ပတ်ကြပါတယ်

(ဒါပေမဲ့ ကိုယ်တာဝန်ယူပြီး ခေါ်လာပေးတဲ့ သင်တန်းသား လေးတွေဆိုတော့ ခရီးမှာပါတဲ့ သင်တန်းfounder သို့မဟုတ် sensei ကို အသိမပေးဘဲ မပြောမဆို ပျောက်သွားလိုက်တာမျိုးတော့ မရဘူးပေါ့နော်)

ဘယ်သွားချင်တယ် ဘာစားချင်တယ် ဘာသွားဝယ်ချင်လို့ စသဖြင့် နေမ‌ကောင်းတာမျိုးကစ ပွင့်ပွင့်လင်းလင်း ပြောလို့ တိုင်ပင်လို့ရပါတယ်

စာမေးပွဲ ‌ပြီးရင် တခြားမြို့ကို ခရီးဆက်စရာရှိတဲ့သူတွေအတွက်ဆိုလည်း မိဘအုပ်ထိန်းသူက ခွင့်ပြုကြောင်းပြောပေးရင် ကား၊ရထား၊လေယာဥ်လက်မှတ် မစီစဥ်တတ်လို့ စီစဉ်ပေးပါဆိုရင်လည်း စီစဉ်ပေးပါတယ် (သင်တန်းသား/သူတွေ အဆင်ပြေစေဖို့ပါ )

ကလေးမြို့ကိုလည်း အပြန်လက်မှတ်စီစဉ်ပေးပါဆိုရင် စီစဉ်ပေးပါတယ်
အဖြေများကြတဲ့ စာမေးပွဲ၂ခုပေါ့နော်
JLPT, Nat test

စာမေးပွဲကြေးရှိပါတယ် စာမေးပွဲကြေးဆိုတာက အဲ့စာမေးပွဲကို ဦးစီးကျင်းပတဲ့ အဖွဲ့စည်းကို ဖြေဆိုခ ပေးရတာပါ ဒီသင်တန်းကို‌ ပေးရတာမျိုးမဟုတ်ပါဘူးနော်

လက်ရှိမှာတော့ JLPT စာမေးပွဲကြေးတွေက ၅သောင်း ၆သောင်းဝန်းကျင်ရှိနေပါတယ် level တစ်ခုစီတိုင်းမှာ ထောင်ဂဏန်းလောက်ကွာပါတယ် သူကတော့ ygn mdy 2မြို့ကျင်းပပါတယ် ဈေးအတူတူပါပဲ 12လပိုင်းတစ်ခါ 7လပိုင်းတစ်ခါ 1နှစ်ကို ၂ခါ ကျင်းပပါတယ်

Nat test ကတော့ ၆သောင်း၇သောင်းဝန်းကျင်ဖြစ်ပြီး mdyက ygn ထက် ၁သောင်းဝန်းကျင် သက်သာပါတယ်
Levelနဲ့လိုက်ပြီး စုံကိန်းလတွေတိုင်းလိုလို စာမေးပွဲရှိပါတယ်

2ခုလုံး ဖောင်တင်ရပါတယ်

JLPTကတော့ လက်မခံ‌တဲ့ကျောင်း/အလုပ်မရှိတာမို့ အဲ့တာဖြေကြတာများပါတယ်

JLPTက ဖောင်တင်ရက်နည်းပါတယ်
၃ရက်‌လောက်ပဲ ရပါတယ် တချို့နှစ်တွေမှာ ရက်တိုးပေးတာမျိုးဆိုမှ ၅ရက်လောက်ရပါတယ်

Nat test ကတော့ လတွေနဲ့ချီပြီး တင်လို့ရပါတယ်

service အပ်တာရယ်၊ ကိုယ်တိုင်တင်တာရယ်ရှိပါတယ် service အပ်ရင်‌ေတာ့ service သမားကိုပေးရမဲ့ အခကြေးငွေကုန်ကျပါတယ်

လော‌‌လောဆယ်တော့ ဒီသင်တန်းက JLPTပဲ ဖြေဆိုနေကြပါတယ် သင်တန်းမှာပဲ ကိုယ်တိုင်စုတင်ကြပါတယ် တစ်‌နေကုန် ထမင်းချိုင့်နဲ့ တင်ကြပါတယ် ရှေ့၂ရက်အတွင်းမှာပဲ ဖောင်ရသွားကြလေ့ရှိပါတယ်

စာမေးပွဲ2ခုလုံးက multiple choice ပါပဲ
အဖြေပေးထားတဲ့၄ခုထဲက မှန်တဲ့
တစ်ခုကိုရွေးရတာမျိုးပါ ရေးမဖြေရပါဘူး

23/02/2026

ကလေးမြို့ Sakura Japanese Language Center ဒီလ23ရက်မှာ ပညာ ဒါနတန်းလေးစပါမယ်

အစိုးရစစ်တန်းတွေ၁၂တန်းတွေတွက်လည်း မှီအောင် ဖြည်းဖြည်းပဲ စသင်ပေးနှင့်မှာပါရှင့် အစိုးရစစ်တန်း နဲ့၁၂တန်းတွေတွက်လည်း လွတ်သွားတဲ့ရက်ပိုင်း စာလေး တွေကို သေချာပြန်သင်ပေးမှာပါ တနင်္လာကနေ ကြာသပတေးထိ မနက် 9:30-11:30ပါနော် ခန်းဂျီးရေးတဲ့အကွက်စာအုပ်လေးတစ်အုပ်၊ ရိုးရိုးစာအုပ် တစ်အုပ်နဲ့ ခဲတံခဲဖျက် ဘောပင်ဆိုရင်ရပါပြီ အခြေခံ ရေးနည်း၄မျိုးထဲက ၃မျိုးနဲ့ အသံဆွဲ အသံပေါင်းနည်းတွေ သံပြင်းသံ ပျော့ အကုန်လုံးနဲ့ ကိန်းဂဏန်းအ ‌ခြေခံ ရေတွက်တာလေးတချို့နဲ့ နေ့ရက်လအခြေခံနဲ့ နေ့စဉ် နှုတ်ဆက်စကားတွေနဲ့ မီးနင်းတချို့ပါပါမယ် အဲ့တာကတော့အခြေခံပါ n5ကတော့ ၃လမကုန်ခင် ပြီးသလောက်ထိသင်ပေးမှာပါ လူဦးရေ မကန့်သတ်ထားတာမို့ တက်ရောက်ချင်တဲ့သူလေး တွေက cbမှာ အမည်၊ ဖုန်းနံပတ်၊ အသက်လေး လာပို့ပေးပြီး စာရင်းသွင်း၍ လာရောက်တက်လို့ရပါပြီ ကလေးမြို့ ညောင်ပင်သာရပ်ကွက် ဘုရား၃ မြောက်ဘက်၃အိမ်မြောက် Sakura Japanese Language Center 09980943686

ကလေးမြို့ Sakura Japanese Language Center ဒီလ24ရက်မှာ ပညာ ဒါနတန်းလေးစပါမယ်အစိုးရစစ်တန်းတွေ၁၂တန်းတွေတွက်လည်း မှီအောင် ဖြည...
23/02/2026

ကလေးမြို့ Sakura Japanese Language Center ဒီလ24ရက်မှာ ပညာ ဒါနတန်းလေးစပါမယ်

အစိုးရစစ်တန်းတွေ၁၂တန်းတွေတွက်လည်း မှီအောင် ဖြည်းဖြည်းပဲ စသင်ပေးနှင့်မှာပါရှင့် အစိုးရစစ်တန်း နဲ့၁၂တန်းတွေတွက်လည်း လွတ်သွားတဲ့ရက်ပိုင်း စာလေး တွေကို သေချာပြန်သင်ပေးမှာပါ တနင်္လာကနေ ကြာသပတေးထိ မနက် 9:30-11:30ပါနော် ခန်းဂျီးရေးတဲ့အကွက်စာအုပ်လေးတစ်အုပ်၊ ရိုးရိုးစာအုပ် တစ်အုပ်နဲ့ ခဲတံခဲဖျက် ဘောပင်ဆိုရင်ရပါပြီ အခြေခံ ရေးနည်း၄မျိုးထဲက ၃မျိုးနဲ့ အသံဆွဲ အသံပေါင်းနည်း တွေ သံပြင်းသံ ပျော့ အကုန်လုံးနဲ့ ကိန်းဂဏန်းအေ ခြခံ ရေတွက် တာလေးတချို့နဲ့ နေ့ရက်လအေခြခံနဲ့ နေ့စဉ် နှုတ်ဆက်စကားတွေနဲ့ မီးနင်းတချို့ပါပါမယ် အဲ့တာကတော့အခြေခံပါ n5ကတော့ ၃လမကုန်ခင် ပြီးသလောက်ထိသင်ပေးမှာပါ လူဦးရေ မကန့်သတ်ထားတာမို့ တက်ရောက်ချင်တဲ့သူလေးတွေ လာရောက်သင်နိုင်ပါတယ် ကလေးမြို့ ညောင်ပင်သာရပ်ကွက် ဘုရား၃ မြောက်ဘက်၃အိမ်မြောက် Sakura Japanese Language Center 09941768638

30/01/2026

Sakura Japanese
Language Center မှ n3 level 100% JLPT အောင်မြင်တဲ့
ကျောင်းသူကျောင်းသားများ အားလုံး Congratulations ပါ🎉

Address

Kalemyo

Telephone

+959941789686

Website

Alerts

Be the first to know and let us send you an email when Sakura Japanese language center Kalemyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category