23/05/2026
💞 😘 TC ( ကျောင်းပြောင်းလက်မှတ်) မရှိသော ကျောင်းနေရွယ် ကလေးသူငယ်များအား #ဤကျောင်းမှ တာဝန်ယူချိတ်ဆက်ပေးပြီး စာရင်းလက်ခံသင်ကြားနေပါသည်။
ကျောင်းပြင်ပရောက်ခဲ့တဲ့ G2 ကနေ G9 အထိ ကျောင်းသားတွေကို Placement Test ဖြေပြီး ကျောင်းဆက်တက်ခွင့်ပြုမယ်
မေ ၂၁ ၊ ၂၀၂၆
GG (VOM)
နိုင်ငံရေး အပြောင်းအလဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက် ခဲ့ရတဲ့ အခြေခံပညာ ကျောင်းသူကျောင်းသားတွေကို အထူးအစီအစဥ်နဲ့ Placement Test ဖြေဆိုဖို့ ဆောင်ရွက်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ် ။
ဒါကြောင့် အခြေခံပညာကျောင်း ၊ ကိုယ်ပိုင်ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာ ပညာသင်ယူခဲ့ဖူးတဲ့ အခြေခံပညာမူလတန်းဆင့် Grade 2 မှ Grade 5 ၊ အလယ်တန်းဆင့် Grade 6 မှ Grade 9 ကျောင်းသားအားလုံး Placement Test ဖြေဖို့ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
Placement Test ဖြေဆိုခွင့်လျှောက်လွှာတွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ဒီလ မေ ၂၂ ရက်ကစလို့ အခမဲ့ထုတ်ယူနိုင်ပြီး ဇွန် ၅ ရက်နေ့နောက်ဆုံးထားပြီး မြို့နယ်ပညာရေးမှူးရုံးကို ပြန်လည်တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
Placement Test အထူးအစီအစဉ်ကိုတော့ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးအစီအစဉ်နဲ့ သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ ဇွန် ၁၅ ရက်နေ့ကနေ ဇွန် ၂၀ ရက်အထိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ် ။
" ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကတည်းက ဒီချိန်ထိ ကျောင်းပြင်ပရောက်ခဲ့တဲ့ သတ်မှတ် အတန်းက ကလေးတွေကို Placement Test ဖြေပြီး ကျောင်းပြန်တက်ခွင့်ပြုမှာပါ။ အဲဒီမှာ ကလေးက သူရဲ့အသက်အရွယ်နဲ့ အတန်းအရ G8 တက်ရမှာဆိုရင် G7 ကိုဖြေရမယ်။ ဖြေတာအောင်ရင် ကျောင်းပြန်တက်ခွင့်ရမယ် ။ ဖြေတာမအောင်ခဲ့ရင်လည်း.စိတ်မပူနဲ့ ကိုယ်ဖြေတဲ့အတန်းကနေ တက်ခွင့်ရမယ်။ ဥပမာ ၉တန်းတက်ဖို့ ၈ တန်းဖြေရမယ်။ ၈ တန်းဖြေလို့ အောင်ရင် ၉ တန်းတက်ရမယ် ။ တကယ်လို့ ကျရင် ၈ တန်းကနေ ကျောင်းတက်ခွင့်ရမယ်ဆိုတော့ အဆင်ပြေပါတယ်။ ဖြေရမယ့်ကိစ္စတွေ ၊လျှောက်လွှာကိစ္စတွေကိုတော့ ကိုယ့်မြို့နယ် သက်ဆိုင်ရာရုံးမှာ စုံစမ်းကြပါ ။ လျှောက်လွှာတွေက မနက်ဖန်ကစပြီး ထုတ်လို့ရပြီ။ " လို့အလယ်တန်းပြ ကျောင်းဆရာမ တယောက်က ပြောပါတယ်။
Placement Test ဖြေဆိုခွင့်ရဖို့အတွက် လျှောက်လွှာနဲ့အတူ ပူးတွဲ တင်ပြဖို့ လိုအပ်တဲ့အချက်အလက်တွေကတော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ ကျောင်းမှ နောက်ဆုံး အောင်မြင်ခဲ့တဲ့ အတန်းအတွက် ကျောင်းထောက်ခံချက်(မူရင်း) ဒါမှမဟုတ် မိတ္တူ(မှန်) ပူးတွဲတင်ပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ကျောင်းထောက်ခံချက်(မူရင်း) ဒါမှမဟုတ် မိတ္တူ (မှန်) တင်ပြနိုင်ခြင်း မရှိပါက အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်အတွင်းရှိ ကျောင်းမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားဖြစ်ကြောင်း အထောက်အထား (အရေးပေါ်အခြေအနေ ကြေညာထားသော မြို့နယ်မှ အမှန်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်) ပူးတွဲတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ် ။
ဖြေဆိုလိုတဲ့ အတန်းနဲ့ မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှုရှိရမှာဖြစ်ပြီး မွေးသက္ကရာဇ်အတွက် မွေးစာရင်း ဒါမှမဟုတ် အသက်အတွက် ထောက်ခံချက် (အိမ်ထောင်စုစာရင်း) (မူရင်း)ပြပြီး မိတ္တူကို ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
အကယ်၍ တင်ပြနိုင်ခြင်းမရှိပါက အိမ်ထောင်စု စာရင်းမိတ္တူ(မှန်) ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဌာနရဲ့ အသက်ဖော်ပြထားတဲ့ ကျန်းမာကြောင်း ဆေးထောက်ခံချက် ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။
" ဒီဘက်မှာတော့ စာထုတ်တာ မကြားသေးလို့ စိတ်ပူနေတာ ။ မြို့နယ်ပညာရေးမှူးရုံးကို သွားပြီးစုံစမ်းဖို့လုပ်ထားတယ်။ ကျောင်းပြန်တက်ခွင့်ရမယ်ဆိုရင် ကောင်းတာပေါ့ ရှင် ။ ကလေးတွေက စစ်ရှောင်နေရတာရယ် အခြေအနေအကြောင်းကြောင်းကြောင့် ကျောင်းမတက်ရဘူးဖြစ်နေတာ ။ အခုဆို ကလေးက ၁၃ နှစ်ဆိုတော့ သူ့အသက်နဲ့ တက်လို့ရမယ့် အတန်းကို မေးပြီး တက်လို့ရရင် ထားမှာပါ ။ " လို့ မိုးကုတ်မြို့က ကလေးမိဘတယောက်က ပြောပါတယ်။
Placement Test ဖြေဆိုခွင့်ရရှိတဲ့ ကျောင်းသားတွေအားလုံး ကျောင်းဝတ်စုံဖြစ်တဲ့ အဖြူ အစိမ်းဝတ်ပြီး ဖြေဆိုရမှာဖြစ်ပြီး အတန်းပညာနဲ့ အသက်အရွယ်အရ ဖြေဆိုနိုင်တာက အသက် ၇ နှစ်ကစပြီး အသက် ၁၅ နှစ် ၃လ အပိုင်းအခြားအထိ ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။
Placement Test ဖြေဆို အောင်မြင်ခဲ့တဲ့ကျောင်းသားတွေအနေနဲ့ အတန်းတက်ရောက်ခွင့်ရရှိပါက ဒီနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစလို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းတွေမှာ တက်ရောက်ပညာသင် ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
Placement Test ကျရှုံးတဲ့ ကျောင်းသားတွေအနေနဲ့လည်း တက်ရောက်လိုတဲ့ အတန်းကို တက်ခွင့်မရပေမယ့် မိမိဖြေဆိုခဲ့တဲ့အတန်းကိုတော့ တက်ရောက် ပညာသင်ယူခွင့်ရရှိနိုင်မှာဖြစ် တယ်လို့ သိရပါတယ်။
ကျောင်းပြင်ပရောက်ခဲ့တဲ့ G2 ကနေ G9 အထိ ကျောင်းသားတွေကို Placement Test ဖြေပြီး ကျောင်းဆက်တက်ခွင့်ပြုမယ် မေ ၂၁ ၊ ၂၀၂၆ GG (VOM) န.....