27/11/2025
⭕Attention Please❗❗❗
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။
N5,N4,N3 JLPT စာမေးပွဲ ဖြေဆိုရမယ့်အချိန်နဲ့ ပတ်သတ်ပီး Test Vouncher တွင် စာမေးပွဲခန်းတွင်းသို့ဝင်ရောက်ချိန် 10-AM အား 11-AM ဟု အချိန်မှားယွင်း ထည်သွင်းမိကြောင်း MAJA ဘက်မှ ထုတ်ပြန်လာပါတယ်ခင်ဗျာ။
အဲ့ဒါကြောင့် N5,N4,N3 ဖြေဆိုကြမယ့်
皆さんများအနေဖြင့် မနက် ၁၀ နာရီ စာမေးပွဲခန်းအတွင်းသို့ ရောက်ရှိနေရမည်ဖြစ်ပီး စာမေးပွဲစတင်မည့်အချိန်မှာ ၁၁နာရီဖြစ်ပါသဖြင့် အထူးဂရုပြုကြပါခင်ဗျာ။
Test Vouncher နဲ့ ပတ်သတ်ပြီးလည်း အသစ်ထပ်မံထုတ်ယူဖို့ရန်မလိုအပ်ပါဘူး ခင်ဗျာ။ 皆さん တို့ ပထမ ထုတ်ယူထားခဲ့တဲ့ မူလTest Vouncher တွင်သာ
မှားယွင်းနေသော အချိန် 11Am အား 10AM ဟု ဘောပင်ဖြင့် ပြင်ဆင်လိုက်ယုံဖြင့် ရပါပီခင်ဗျာ။
အားလုံးဘဲ လာမည့်JLPT စာမေးပွဲမှာ
အမှတ်ကောင်းကောင်း နဲ့ အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြပါစေခင်ဗျာ။
2025 ခုနှစ်၊ December လ JLPT စာမေးပွဲအတွက် (N3/N4/N5) Level Online Test Voucher ထုတ်ယူထားပြီးသူများသို့ အသိပေးခြင်း။
2025ခုနှစ်၊ December လ JLPT စာမေးပွဲအတွက်(N3/N4/N5) Level Online Test Voucher ထုတ်ယူထားပြီးသူများ အနေဖြင့် ဖော်ပြပါအချက်အား ပြင်ဆင်သတိပြုနိုင်ပါရန် အသိပေးအပ်ပါသည်။
(N3/N4/N5) Level များ၏ Online Test Voucher တွင် “しゅうごうじかん-Time designated for Assembling - စာဖြေဌာနသို့ရောက်ရှိရမည့်အချိန်”အား {11:00 AM} ဟု မှားယွင်းရိုက်နှိပ်ထားပါသည်။ {11:00 AM} သည် စာမေးပွဲစတင်ဖြေဆိုမည့် အချိန်ဖြစ်ပါသည်။ စာဖြေဌာနသို့ ရောက်ရှိရမည့် အချိန်အမှန်မှာ {10:00 AM} ဖြစ်ပါသည်။
သို့ပါသောကြောင့် စာဖြေသူများ အနေဖြင့် ဖြေဆိုရမည့် အချိန်မတိုင်မှီ (၁) နာရီအလို နံနက် (၁၀) နာရီ တွင် မိမိဖြေဆိုရမည့် စာဖြေဌာနသို့ ရောက်ရှိနေရမည်ဖြစ်ပါသည်။
အဆိုပါအချိန်မှားယွင်းမှုအား Online System တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါသဖြင့် ၂၅.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် (၁၁း၀၀) နာရီ မတိုင်ခင် အချိန်တွင် Online Test Voucher ထုတ်ယူထားပြီးသော (N3/N4/N5) Level ဖြေဆိုမည့် စာဖြေသူများအနေဖြင့် ပြန်လည်ပြင်ဆင်ထားပြီးသော အချိန်အမှန်ပါရှိသည့် Test voucher များအား ပြန်လည်ထုတ်ယူပေးပါရန် အသိပေးအပ်ပါသည်။
စာမေးပွဲအချိန်စာရင်းအား အောက်ပါကြေငြာချက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/p/16vvoRD2yZ/?mibextid=wwXIfr
ဤကြေငြာချက်အား Online မှ လျှောက်ထားသူများ၏ Email များသို့လည်း ပေးပို့သွားမည် ဖြစ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် ဖုန်း- ၀၁ ၇၅၇ ၁၀ ၁၅