06/11/2025
ဒလမြို့နယ်၊ကျန်စစ်သားရပ်ကွက်ရှိကျောင်းသားမိဘများနှင့်သွားရောက်တွေ့ဆုံကာပညာရေးနှင့်ပက်သတ်သောဗဟုသုတအသိပညာများကိုဝေဌပြောကြားခဲ့ပါသည်။
တာဝန်ခံဆရာမှပစ္စည်းများလက်ခံရယူခြင်းနှင့်အတူ
မိဘများရဲ့ရင်တွင်းစကားသံများကိုလဲကြားနာရင်းနဲ့သာယာသောနေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။
ကျောင်းသားလေးတွေရဲ့မျက်နှာမှာလဲအပြုံးလေးတွေနဲ့မိဘများရဲ့မျက်နှာမှာလဲအပြုံးပန်းလေးတွေဝေဆာရင်းနဲ့သွားရောက်ကြသောအဖွဲ့သားတွေလဲဝမ်းမြောက်ဝမ်းသာခြင်းများကိုပိုင်ဆိုင်ရရှိခဲ့ပါတယ်။🤍🤍
အပြုံးပန်းများစွာဝေဆာနိုင်ဖို့အတွက် ဆက်လက်ကြိုးစားပါအုံးမည်....
ကမ်းလက်🤍
20/09/2025
မင်္ဂလာပါ။ကမ်းလက်အနေဖြင့်ဒီနေ့မှာတော့ ဝါးနက်ချောင်းမှာရှိနေတဲ့ ကျောင်းသားမိဘများထံသွားရောက်ပြီးတော့ ကလေးများရဲ့အနာဂတ်အတွက်ပညာရေးဟာအရေးကြီးကြောင်းနဲ့ထိုပညာရေးကိုဆက်လက်အားပေးဖို့အတွက် အသိပညာပေးဝေမျှခဲ့ပါသည်။
တာဝန်ခံဆရာမှလည်းကလေးများအတွက်တင်ပြခြင်း
နှင့်ကျောင်းသုံးပစ္စည်းများလက်ခံရယူခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြပါသည်။
ကမ်းသောလက်အားဖြင့်အခြားသောသူများအတွက်ခွန်အားဖြစ်စေဖို့ ဆက်လက်ကြိုးစားရင်းနဲ့ လုပ်ဆောင်သွားပါမည်။
20.9.2025
23/08/2025
22.8.2025 || အင်းစိန်တွင်ရှိသော ကျောင်းသားမိဘများနှင့်တွေ့ဆုံခြင်း။
ကလေးများ၏စိတ်ပိုင်းဆိုင်ရာနှင့်
ပက်သတ်သောအရာများ၊ပညာရေး၊ကျန်းမာရေးနှင့်ပတ်သတ်သောအကြောင်းအရာများကို မိဘများနှင့်အတူဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ကလေးများရဲ့အနာဂတ်အတွက်မိဘများရဲ့ပူးပေါင်းပါဝင်မှုဟာအရေးကြီးပါတယ်။
ပညာသင်ကြားနေသောကလေးများလဲပျော်ပျော်ရွှင်ရွှင်သင်ကြားရင်းနဲ့မိဘများလဲအဆင်ပြေဝမ်းသာရသည့် သတင်းစကားကောင်းကိုကြားပြောကြရင်းနဲ့ အစည်းအဝေးကိုအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
11/07/2025
ကမ်းလက်ရဲ့ နေပြည်တော်က ငလျှင်သင့်သုအတွက် အိမ်ပြန်လည်ဆောက်လုပ်ရေးမှ ပါဝင်ခွင့်ရတာလေးပါ။
11/06/2025
2025-2026 ပညာသင်နှစ်မှာလည်း ကျောင်းသူကျောင်းသားပေါင်း ၂၂၀ ကျော်ကို ကျောင်းထားပေးနိုင်ခဲ့ပါတယ်။ ကမ်းလက်ကနေ ကူညီပေးတဲ့ အစီစဉ်ကတော့
ကျော်ပိုးအိတ်၊ ထီးဒါမှမဟုတ် မိုးကာ၊ တစ်နှစ်စာ ရေးစာအုပ်များ၊ ခဲတံ၊ ဘောပင်များ နှင့် ကျောင်းဝတ်စုံများကို ကူညီပေးတာပါ။
20/04/2025
April 21 မနက်ကို နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းကို ပြန်လည်ထူထောင်ရေးမှာ လိုအပ်ပစ္စည်းများသွားရောက်လှူဒါန်းပါတယ်။
ပြီးတော့ နေအိမ်အတွက် အခက်ခဲရှိသူများအတွက် တစ်ပိုင်တစ်နိုင် အိမ်လေးများ ဆောက်ပေးနိုင်ရေး စီစဉ်သွားဖို့ ရှိပါတယ်။
10/04/2025
အဝတ်တချို့ရယ် ၊ ဆေးတချို့တွေရယ် နှင့် စားစဟာတချို့တွေကို ကွင်းပြင်မှ အစေခံသူတွေက ဆက်လက် လက်ကမ်းပေးလျက်ရှိနေပါတယ်။
08/04/2025
နေပြည်တော်က အိမ်ပြောင်းရွေ့ ဖို့ လိုအပ်တဲ့ မိသားစု (၇) စု အတွက် နေထိုင်ဖို့အဆင်ပြေစေရန် ကမ်းလက်မှ ပါဝင်ကူညီခွင့်ရလို့ လွန်စွာဝမ်းမြောက်ရပါတယ်။
ရှေ့ဆက်လည်း ပါဝင်ကူညီသွားကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
ကျနော်တို့ ကမ်းလက်က မြေပြင်က မိတ်ဆွေများနှင့်လက်တွဲကာလိုအပ်သူများအတွက် လှမ်းပြီးလှူပေးနေ၊ ဖြည့်စွမ်းပေးနေတာပါ။
စစ်ကိုင်းဘက်လိုအပ်နေတဲ့ ဆေးတွေ၊ ခြင်ဆေးခွေတွေလည်း မှာယူထားပြီးဖြစ်ပါတယ်။ မကြာခင် အရောက်ပို့ဆောင်ပေးမှာပါ။
ပေးလှူ လှမ်းလှူ တူတူပါ။
အားလုံးက အားလုံးအတွက် လက်တွဲကြရအောင်။
#ငလျှင်
#မြန်မာပြည်ငလျှင်
#ကူညီလက်ကမ်း
07/04/2025
စစ်ကိုင်းဘက်
၁။ ရွှေမင်းဝန်ရွာ
၂။ တောင်ညိုရွာ
၃။ ဟံသါဂိရိရှာ
၄။ ကတီပါရှာ
တွေမှာ ဆေးတွေ ခြင်ဆေးများ၊ ခြင်ထောင်များ ပြီးတော့ အဝတ်များ နှင် စောင်များ အမြန်လိုပါသဖြင့် ကူညီနိုင်သူများ ကူညီပေးကြပါ။ Kannlet မှလည်းတတ်နိုင်သလောက် ဆက်လက် လုပ်ဆောင်ပေးနေပါတယ်။
04/04/2025
ကမ်းလက်မှ ရရှိထားတဲ့ လှူဖွယ်ရာပစ္စည်းများ အဝတ်အစားများ နှင့် ဆေးပစ္စည်းများကို Grace Nurse Team မှ ဆရာမ မငယ် မှ တစ်ဆင့် စစ်ကိုင်းရှိ ငလျှင်ဘေးသင့်သူများထံ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
လာလှူသူ အစေခံသူအားလုံး ကိုယ်စိတ်နှဖြာကျန်းမာပြီး ဒီထက် လှူနိုင် အစေခံနိုင်ကြပါစေ။
03/04/2025
Oceanic Paradise Glory Co.,Ltd မှ
ခြင်ဆေး အဗူး၂၀
ဆေးလက်ဝါး ၄ကဒ် ဗူးအရေအတွက်က၄၈ဗူး
ဖယောင်းတိုင် ၁၉ထူပ်
သီးစုံဓာတ်ဆား ၂ပါကင် တို့ကို
လှူဒါန်း ပါဝင်ပေးလိူ့ အထူးကို ကျေးဇူးတင်ရှိပါတယ်။
လုပ်ငန်းလည်း ဒီထက်မကအောင်မြင်ပြီး များစွာ
လှူနိုင်ကမ်းနိုင်ပါစေ။