16/05/2025
Business Administration (Liberal Arts Programme- KBTS)
Business Administration (Liberal Arts) intends to arise the intelligent students with the purpose of
16/05/2025
16/05/2025
Risewell Learning Studio ရဲ့အကြောင်းကို ပိုမိုသိရှိစေရန်အတွက် မစ်ရှင်ဖော်ပြချက် (Mission Statement) ကို မျှ၀ေပေးလိုက်ပါတယ်...🤩
🌟မစ်ရှင်ထုတ်ပြန်ချက်🌟
🎯 ယုံကြည်ခြင်းကိုအခြေခံသည့်သင်ယူမှုဖြင့် လူတစ်ဦးချင်းစီ၏ နားလည်သဘောပေါက်မှုကို ပိုမိုနက်ရှိုင်းမှုရှိစေပြီး ရည်ရွယ်ချက်နှင့်ပြည့်၀သောဘ၀နေထိုင်မှုကို အားဖြည့်ပံ့ပိုးပေးရန်။
🎯 လက်တွေ့ကျသောနည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပံ့ပိုးမှုများမှတစ်ဆင့် ယုံကြည်ချက်ခိုင်မာပြီး အကျင့်သီလနှင့်ပြည့်စုံသောခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးရန်။
🎯 ဘ၀ကိုပုံဖော်နိုင်ပြီး လူမှုပတ်၀န်းကျင်ကို ချစ်ခြင်းမေတ္တာဖြင့် အကျိုးပြုခြင်းရှိစေမည့် နွေးထွေးကြိုဆိုသည့် Online နှင့် In person နေရာများကိုဖော်ဆောင်ပေးရန်။
...................................................................
Unlock potential. Share wisdom. Living with purpose. Rise well.
Connect with us in the chat or comment below- we’d love to hear from you.
ကွန်မန့် (သို့) Page ၏ Chat box မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ် - သင့်စကားသံများကို နားထောင်ပေးရန် အမြဲအသင့်ရှိနေပါတယ်...🩵🤍
16/05/2025
Risewell Learning Studio ရဲ့လည်ပတ်ပုံနဲ့ ရရှိနိုင်တဲ့၀န်ဆောင်မှုများကို မိတ်ဆက်ပေးလိုပါတယ်...🥳🥳
Risewell Learning Studio ၏ ၀န်ဆောင်မှုများကို Hybrid Model အသုံးပြုပြီးပံ့ပိုးပေးထားပါတယ်...😇
🩵💒ပထမဆုံး မစ်ရှင်လုပ်ဆောင်ချက်များအနေဖြင့် ရရှိနိုင်တဲ့၀န်ဆောင်မှုများမှာ....
• အခမဲ့ စာလေ့လာသည့်စာပေ၀ိုင်းများထားရှိပေးခြင်း
• အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ခြင်း
📊🔖 နောက်တစ်ခုကတော့ IGA လို့ခေါ်တဲ့ ၀င်ငွေလည်ပတ်နိုင်ပြီး မစ်ရှင်လုပ်ဆောင်ချက်များ၊ learning studio ရေရှည်တည်တံ့ရေးကို ပံ့ပိုးပေးနိုင်ရန်အတွက် ရရှိနိုင်မယ့် ၀န်ဆောင်မှုများတော့....
• Paid Coaching
• အွန်လိုင်း (သို့) လူကိုယ်တိုင် တက်ရောက်နိုင်သည့်အတန်းများ
💻👩💻 Digital နည်းလမ်းမှ free or paid ရရှိနိုင်မည့် ၀န်ဆောင်မှုများမှာ....
• Blog
• အကျိုးရှိမယ့် Social media ပို့စ်များနှင့်
• Download ပြုလုပ်နိုင်မယ့် Digital files များ
🌳🏘 နောက်ဆုံးအနေနဲ့ Risewell Learning Studio မှ လူမှု၀န်းကျင်အကျိုးပြုရေးအတွက် ပေးအပ်ထားတဲ့ ၀န်ဆောင်မှုများကတော့....
• Book Club လို့ခေါ်တဲ့ စာအုပ်များကို အေးအေးဆေးဆေးဖတ်လို့ရမယ့် ၀န်ဆောင်မှု
• မိတ်ဆွေဟောင်း မိတ်ဆွေသစ်များနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံနိုင်မည့် small group gathering အစီအစဥ်
• Mini Library (coming soon)
အခုဆိုရင် Risewell Learning Studio ရဲ့ လည်ပတ်ပုံနဲ့ ရရှိနိုင်မယ့်၀န်ဆောင်မှုတွေကို ပိုမိုသိရှိသွားလောက်ပြီနော်...🤩😍
Risewell Learning Studio အကြောင်းကို စိတ်၀င်စားပြီး အသေးစိတ်ပိုမိုသိရှိလိုပါက comment or chat box ကနေဆက်သွယ်ပေးနော်... တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို နွေးထွေးစွာကြိုဆိုနေပါတယ်...😇🩵
....................................................................................................................
Unlock potential. Share wisdom. Living with purpose. Rise well.
Connect with us in the chat or comment below- we’d love to hear from you.
Comment (သို့) Page ၏ Chat box မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ် - သင့်စကားသံများကို နားထောင်ပေးရန် အမြဲအသင့်ရှိနေပါတယ်...
26/04/2025
အရင်နေ့ကတင်ထားတဲ့ပို့စ်လေး (Building Your Future Self –Reflect, Improve, and Grow)ကို မြန်မာလိုလေးထပ်တင်ပေးလိုက်ပါတယ်...
🌟 မင်းရဲ့အနာဂတ်ကိုယ်ကို တည်ဆောက်ခြင်း –ပြန်လည်သုံးသပ်ပါ၊ တိုးတက်အောင်လုပ်ပါ၊ ဖြစ်ထွန်းမှုရှိစေပါ 🌟
ပြီးခဲ့တဲ့ပို့စ်မှာ ကျွန်မတို့ မင်းရဲ့အနာဂတ်ဘဝထဲကို ခရီးထွက်ခဲ့ကြတယ်။ အခုတော့ အဲဒီနေရာကို ရောက်ဖို့ ကူညီပေးမယ့် မင်းရဲ့အရည်အသွေးတွေနဲ့ လက်တွေ့နည်းလမ်းတွေကို ပိုနက်ရှိုင်းစွာ စူးစမ်းရမယ့်အချိန်ရောက်ပြီ။
အဆင့်ဆင့်ခွဲကြည့်ရအောင်။
အဆင့် (၁) မင်းအနှစ်သက်ဆုံး မင်းရဲ့အမူအကျင့်များကို စဉ်းစားပါ။
မင်းကိုယ်တိုင် ဆက်ထိန်းသိမ်းထားချင်တဲ့ အမူအကျင့် အရည်အသွေးတွေက ဘာတွေဖြစ်မလဲ?
ဒီအရည်အသွေးတွေက မင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ?
အမူအကျင့် ၁:....................................................................................
အမူအကျင့် ၂:....................................................................................
အမူအကျင့် ၃:....................................................................................
အမူအကျင့် ၄:....................................................................................
အမူအကျင့် ၅:....................................................................................
အဆင့်(၂) မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်အပိုင်းတွေကို တိုးတက်ချင်လဲ?
မင်း တိုးတက်လိုတဲ့ နယ်ပယ် ၃ ခုကနေ ၅ ခုအထိ စာရင်းလုပ်ပြီး ဘာကြောင့် ဒါတွေကို ရွေးချယ်တာလဲ ရှင်းပြပါ။ ဥပမာ၊ ယုံကြည်မှု၊ အာရုံစိုက်နိုင်မှု၊ ခေါင်းဆောင်မှု ဒါမှမဟုတ် စိတ်ခံစားမှူများကိုထိန်းချုပ်နိုင်ခြင်း
ဒါတွေကို ရေးမှတ်ပြီး တိုးတက်ဖို့ ဘယ်လိုလုပ်ဆောင်မှုတွေ လုပ်နိုင်မလဲ စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် ရိုးသားပါ။
နယ်ပယ် ၁: ....................................................................................
နယ်ပယ် ၂: ....................................................................................
နယ်ပယ် ၃: ....................................................................................
နယ်ပယ် ၄: ....................................................................................
နယ်ပယ် ၅: ....................................................................................
အဆင့် (၃) မင်းရဲ့အနာဂတ်ကိုယ်ကို အလေးအနက်ထားပါ
၂၀၃၅ မှာရှိမယ့် မင်းရဲ့ကိုယ်ဖြစ်လာဖို့ ဘယ်လိုအမူအကျင့်အရည်အသွေးတွေကို ဆက်ပြီးထိန်းထားဖို့ လိုမလဲ?—ဘယ်လိုတွေကို စွန့်လွှတ်ဖို့ လိုမလဲ? ပြီးရင်အဆင့် ၂ မှာ မင်းဖော်ထုတ်ခဲ့တဲ့ နယ်ပယ်တွေမှာ ကြီးထွားဖို့ လက်တွေ့လုပ်ဆောင်နိုင်မယ့် အဆင့်တွေကိုလည်း စဉ်းစားပါ။
✏️ မင်းရဲ့အတွေးတွေကို ရေးကြည့်ရအောင်။
• ဆက်ပြီးထိန်းသိမ်းထားရမယ့် အမူအကျင့်အရည်အသွေးတွေ။
...................................................................................
• စွန့်လွှတ်ရမယ့် အမူအကျင့်အရည်အသွေးတွေ။
...................................................................................
• ဒီနေ့မှာစတင်လုပ်နိုင်မယ့် တိုးတက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ။
...................................................................................
အဆင့် (၄) အနီးကပ်ထားပါ
အခု အဆင့် ၁ ကနေ ၃ အထိရဲ့ မင်းရဲ့အဖြေတွေကို မင်းရဲ့မှတ်စုစာအုပ်မှာ ရေးချဖို့ အချိန်ယူပါ။ မကြာခဏ ပြန်ကြည့်နိုင်မယ့် နေရာမှာ သိမ်းထားပါ။ ဒါက မင်းရဲ့ကြီးထွားမှုအတွက် ကိုယ်ပိုင် Blueprint ပဲဖြစ်ပါတယ်။
💡 သတိရပါ။ ကြီးထွားမှုဆိုတာ ခရီးတစ်ခုပါ—ပြိုင်ပွဲမဟုတ်ဘူး။ တစ်လှမ်းချင်း၊ ရွေးချယ်မှုတိုင်းက မင်းဖြစ်လာမယ့်သူဆီ တစ်လှမ်းပိုနီးကပ်လာစေတယ်။
မင်း အနာဂတ်ကို စိတ်ကူးပုံဖော်နေတာပဲမဟုတ်ပါဘူး— တည်ဆောက်နေတာဖြစ်ပါတယ်။
26/04/2025
✨ Hey everyone! Hope you're having a great day!
ဒီနေ့မှာ အထူးသဖြင့် PhD တက်ရောက်နေသူများနဲ့ သုတေသီတွေအတွက် အရမ်းအသုံးဝင်မယ့် အွန်လိုင်းသင်တန်း ၁၀ ခုကို မျှဝေပေးချင်ပါတယ်။ 🎓📚. 🎓📚
10 excellent online courses that can make writing your thesis or research papers much more manageable — less stress, more progress! 💪💡
These resources can significantly enhance your academic writing skills and support your research journey. 📝🎯
𝟏. 𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐌𝐞𝐭𝐡𝐨𝐝𝐬
You will learn how to design your research questions and how to position the novelty of your research.
Link: https://lnkd.in/g-xBFj4v
𝟐. 𝐇𝐨𝐰 𝐭𝐨 𝐖𝐫𝐢𝐭𝐞 𝐚𝐧𝐝 𝐏𝐮𝐛𝐥𝐢𝐬𝐡 𝐚 𝐒𝐜𝐢𝐞𝐧𝐭𝐢𝐟𝐢𝐜 𝐏𝐚𝐩𝐞𝐫
You will learn how to write a paper, how to evaluate/review a paper, and how to select appropriate venue for your paper submission.
Link: https://lnkd.in/giwTe2is
𝟑. 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐑𝐞𝐯𝐢𝐞𝐰 𝐚𝐧𝐝 𝐌𝐞𝐭𝐚-𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬
You will learn how to perform systematic review, how to define inclusion and exclusion criteria, and how to answer the questions of your review.
Link: https://lnkd.in/gnpN9ivf
𝟒. 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐟𝐨𝐫 𝐈𝐦𝐩𝐚𝐜𝐭
You will learn principles and practices for how to make your research more impactful.
Link: https://lnkd.in/gRsWsUsq
𝟓. 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐌𝐞𝐭𝐡𝐨𝐝𝐨𝐥𝐨𝐠𝐢𝐞𝐬
You will learn about a broad range of research methodologies, sampling approaches, and primary and secondary data collection.
Link: https://lnkd.in/gqh3VKCC
𝟔. 𝐐𝐮𝐚𝐧𝐭𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐚𝐧𝐝 𝐐𝐮𝐚𝐥𝐢𝐭𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐟𝐨𝐫 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫𝐬
You will learn the basics of quantitative and qualitative data analysis.
Link: https://shorturl.at/uNT58
𝟕. 𝐖𝐫𝐢𝐭𝐢𝐧𝐠 𝐂𝐚𝐬𝐞 𝐒𝐭𝐮𝐝𝐢𝐞𝐬: 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐨𝐟 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲
You will learn how to plan your research, conduct interviews, and organize your writing.
Link: https://shorturl.at/ejnMY
𝟖. 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐌𝐞𝐭𝐡𝐨𝐝𝐨𝐥𝐨𝐠𝐲: 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐁𝐥𝐮𝐞𝐩𝐫𝐢𝐧𝐭
You will learn about data collection, data analysis, reporting.
Link: https://lnkd.in/gFU8Nbrv
𝟗. 𝐇𝐨𝐰 𝐭𝐨 𝐖𝐫𝐢𝐭𝐞 𝐚 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐏𝐚𝐩𝐞𝐫
You will learn the complete process of paper writing with templates.
Link: https://lnkd.in/g-ni3u5q
𝟏𝟎. 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐏𝐫𝐨𝐩𝐨𝐬𝐚𝐥 𝐁𝐨𝐨𝐭𝐜𝐚𝐦𝐩: 𝐇𝐨𝐰 𝐓𝐨 𝐖𝐫𝐢𝐭𝐞 𝐀 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡 𝐏𝐫𝐨𝐩𝐨𝐬𝐚𝐥
You will learn how to write a research proposal for your PhD.
Link: https://lnkd.in/gNRitBwX
# Credit # https://www.linkedin.com/in/edidiongukpong/
26/04/2025
🌿 Feeling overwhelmed or out of sync lately? You’re not alone — and the good news is, small changes can make a big difference.
Today, I’m excited to share some powerful micro habits that can help you reduce stress and feel more in control of your day. 🧘♀️💡
These are simple steps — nothing complicated — but they have a huge impact when practiced consistently. 💥✨
I hope these tips bring a little more calm and clarity into your routine. 💚
🌿 ဒီနေ့ မျှဝေပေးချင်တဲ့အကြောင်းအရာကတော့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး မိမိရဲ့နေ့စဉ်ဘဝမှာ ပိုထိန်းချုပ်နိုင်စွမ်းရှိလာအောင် ကူညီပေးနိုင်မယ့် အစွမ်းထက်တဲ့ အလေ့အထသေးသေးလေးတွေအကြောင်းပဲဖြစ်ပါတယ်။ 🧘♀️💡
ရိုးရှင်းတဲ့ လုပ်ဆောင်ချက်လေးတွေပဲဖြစ်ပါတယ်၊ ဘာမှရှုပ်ထွေးတာမပါပါဘူး။
ဒါပေမယ့် တစ်သမတ်တည်းလုပ်ဆောင်ရင် သိသာတဲ့အကျိုးသက်ရောက်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်... 💥✨
ဒီအကြံဉာဏ်လေးတွေက စာဖတ်သူတို့ရဲ့နေ့စဉ်ဘဝထဲကို အေးချမ်းမှုနဲ့ ရှင်းလင်းမှုတို့ကို နည်းနည်းလောက်ဖြစ်ဖြစ် ပိုယူဆောင်လာပေးမယ်လို့ မျှော်လင့်ပါတယ်။
ကဲဆက်ဖတ်ကြည့်လိုက်ရအောင်...
အကျင့်ဆိုးတွေက စိတ်ဖိစီးမှုကို ပိုတိုးစေပါတယ်...
အကျင့်ကောင်းတွေကတော့ မိမိကိုယ်ကို ပြန်ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုဖြစ်စေပါတယ်...
ဒီနေရာမှာအကောင်းဆုံးက ဘာလဲဆိုတော့ ဒါတွေကို ပြောင်းလဲဖို့ စွမ်းအားက မိမိကိုယ်တိုင်မှာရှိတာပဲဖြစ်တယ်...
စိတ်ဖိစီးမှုဆိုတာ တစ်ခုထဲကြီးကြီးမားမားကြောင့် ဖြစ်လာတာမဟုတ်ပါဘူး...သေးသေးလေးတွေက စုပုံလာပြီး ဖြစ်လာတာဖြစ်ပါတယ်...ဒီလိုဆိုရင် ဘယ်လိုပြန်ထိန်းချုပ်မလဲဆိုတာ နည်းလမ်းလေးတွေ ၀ေမျှပေးလိုပါတယ်...
မနက်ခင်း
အိပ်ရာက မထခင် အသက်ရှူလေ့ကျင့်ခန်း ၅ ခါလောက် လုပ်ပါ
o မိမိရဲ့ အာရုံကြောစနစ်ကို တည်ငြိမ်စေတယ်
o တစ်နေ့လုံးအတွက် စိတ်အေးအေးထားနိုင်တဲ့ အခြေအနေ ဖန်တီးပေးတယ်
ဒီနေ့အတွက် အဓိက လုပ်စရာ ၃ ခုကို စီစဉ်ထားပါ
o အလွန်များပြီး လက်တွေ့မလုပ်နိုင်တာမျိုး မဖြစ်ရအောင် လက်တွေ့ကျတဲ့ ပန်းတိုင်တွေကိုပဲချမှတ်ထားပါ
o ဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့လုံးစာအတွက် လမ်းကြောင်းမလွဲအောင် ထိန်းပေးနိုင်ပါတယ်
နေ့လည်ခင်း
ခေါင်းထဲက အတွေးတွေကို ခဏထုတ်ရေးလိုက်ပါ
o စိတ်ထဲမှာ ပြည့်နှက်နေတာတွေကို စာရွက်ပေါ်ရေးထုတ်လိုက်ရင် ခေါင်းပေါ့သွားတယ်
o နေ့လည်ခင်းတွေမှာဖြစ်တတ်တဲ့ စိတ်ရှုပ်ထွေးခြင်းတွေကို သက်သာစေပါတယ်
အဆာပြေမုန့်စားရင် သေချာရွေးချယ်ပါ
o ပရိုတင်းဓာတ်ပါတဲ့ဟာ ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီတဲ့ အဆီဓာတ်ပါတာတွေကိုသာရွေးစားပါ
o စွမ်းအင်ကျသွားတာမျိုး မဖြစ်အောင် အထောက်အကူပေးပါတယ်
ညနေခင်း
၅ မိနစ်လောက် အနားယူတဲ့ လှုပ်ရှားမှုလေး လုပ်ပါ
o စာအုပ်ဖတ်တာ၊ ကိုယ်လက်ဆန့်လေ့ကျင့်ခန်းလုပ်ခြင်း၊ ဒါမှမဟုတ် သီချင်းနားထောင်ခြင်း
o အလုပ်ကပါလာတဲ့ စိတ်အခြေအနေကို အနားယူတဲ့စိတ်အခြေအနေအဖြစ် ပြောင်းပေးနိုင်ပါတယ်
ဒီနေ့ရဲ့ အောင်မြင်မှု ၃ ခုကို ရေးမှတ်ထားပါ
o စိတ်ဖိစီးမှုအစား တိုးတက်မှုကို အာရုံစိုက်စေမှုရှိစေပါတယ်
o မိမိရဲ့ ပန်းတိုင်တွေကို ခြေရာခံဖို့ ကူညီပေးနိုင်ပါတယ်
(ပိုမိုလေ့လာနိုင်ရန် ပို့စ်မှာတွဲထားတဲ့ဇယားကိုကြည့်ပါ...)
ဒီလိုမျိုးအလေ့အကျင့်သေးသေးလေးတွေက အရေးမကြီးဘူးလို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အမှန်တကယ်လုပ်ဆောင်လာတဲ့အခါမှာ အကျိုးသက်ရောက်တွေရှိလာမှာဖြစ်ပါတယ်🌱✨
တစ်သမတ်တည်းလုပ်ထားရင် ရလဒ်ကောင်းတွေက နောက်ကနေသေချာလိုက်လာမှာပဲဖြစ်ပါတယ်...
ဒီနေ့ ဘယ်အလေ့အကျင့်သေးသေးလေးတွေကို စမ်းကြည့်မှာလဲ?
ကွန်မန့်မှာ တစ်ယောက်နဲ့တစ်ယောက် အားပေးစကားတွေ မျှဝေကြရအောင်...
Credit # https://www.linkedin.com/in/samarchyan/
🌱💙🤩
26/04/2025
🌱 Ready to Invest in Yourself? 🌱
Today I'm going to share with you something that could truly change your life.
If you’ve been thinking about learning new skills, improving your mindset, or simply becoming a better version of yourself, there’s a great opportunity waiting for you.
🎓 Free Online Personal Development Courses
These courses are designed to support anyone who wants to grow—personally or professionally. From managing stress and improving time management to building emotional intelligence and strengthening relationships, there’s something for everyone.
Here’s what these courses can help with:
✅ Discovering strengths and setting goals
✅ Enhancing mental well-being and physical fitness
✅ Boosting parenting and interpersonal skills
✅ Improving financial planning and everyday productivity
…and much more!
Whether someone is just starting their self-growth journey or looking to build on what they’ve already learned, these free online courses offer practical tools and insights to help them move forward.
👉 Click the link below to explore the course you're interested in or to enroll.
👉 https://alison.com/courses/personal-development?utm_source=alison_user&utm_medium=affiliates&utm_campaign=30360334
26/04/2025
အရင်ကတင်ဖူးတဲ့ပို့စ်ကိုထပ်မံ၀ေမျှပေးလိုက်ပါတယ်... ပြန်ဖတ်မိတိုင်းလည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိစေပါတယ်...
အကြည်ဓာတ် (Positive Energy)
အကြည်ဓာတ် (Positive Energy) ရှိတဲ့သူတွေကလေ သူတို့ ဘာလုပ်လုပ် တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊ မချောတာ၊
ငွေကြေး ချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်ဘူးနော်။ အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့ သိသိ မသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီး စိတ်ချမ်းသာနေရတာမျိုး၊ သူ့ရဲ့ စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။ သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ် ချစ်စရာကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာ အကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကို ကူးစက်စေလာတဲ့ Positive energy တွေပါပဲ။
✨ အကြည်ဓာတ်ရှိတဲ့သူနဲ့ မရှိတဲ့လူဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကို ကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီး ဆူပုပ်လို့၊ ပြောသမျှစကားတိုင်းကလည်း သူများတကာကို အပြစ်တင်တဲ့စကားတွေ၊ ဝေဖန်ရှုံ့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံး သူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့သူတွေကို မြင်ဖူးမှာပေါ့။ သူတို့နဲ့ တွေ့ဆုံစကားပြောရတဲ့အခါ ကိုယ်ပါသူတို့ရဲ့ ဘဝကိုပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့ energyတွေဆုတ်ယုတ်လာသလိုခံစားလာရတယ်လေ။ ဒါဟာ negative energy တွေကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။
✨ အကြည်ဓာတ် (Positive energy) ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။
ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်မတို့လေ့ကျင့်ကြိုးစားကြည့်လို့ရနိုင်ပါတယ်။ ဒါဆို
ဒီနေ့ကစပြီး ကျွန်မတို့နဲ့အတူတူ လေ့ကျင့်ကြည့်ရအောင်
၁ ✨🌼 မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။
ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။ မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေ ပြောပါ။ ဒီလိုပြောခြင်းက မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။
၂ ✨🌼 အတွေးတွေကို သတိထားပါ။
ပါးစပ်ကတော့ ကောင်းတဲ့စကားတွေကိုပြောနေပြီး
အတွေးတွေကတော့ မကောင်းတာတွေ တွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာ တစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေး ၂ခုပိုတွေးပေးလိုက်ပါ။
၃ ✨🌼 အတင်းပြောခြင်းကိုရှောင်ပါ။
သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်ဝတဲ့ သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့် သူများအတင်းပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။
၄ ✨🌼မညည်းညူပါနဲ့။
အမြဲတစေ ဘဝကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှ အကြည်ဓာတ်ကရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။
၅ ✨🌼 Toxic ဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။
Jim Rohn ရဲ့ The Law of Average ဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ "You are the average of the five people you spend the most time with" တဲ့။ ဆိုလိုတာက ကိုယ်နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့ အရည်အချင်းပါပဲ။ ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်ဝေဖန်ပြောဆိုတတ်တဲ့ လူတွေလား။
အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်း အကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲ အရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energy တွေကူးစက်လာစေမှာပါပဲ။
၆ ✨🌼 Gratitude နဲ့ နေထိုင်ပါ။
ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကို သိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘဝကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။ တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ် စသဖြင့်ပေါ့ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။
ရ ✨🌼 နာကျင်စေခဲ့သမျှကို လွှတ်ချခဲ့ပါ။
လူတစ်ယောက်ဟာ Positive energy ရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေကို အပြီးတိုင် ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊ အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာ သိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့် ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။
၈ ✨🌼 များများ ပြုံးရယ်ပါ။
ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်း ပြုံးပြပါ။ တခြားသူတွေကိုလည်း ပြုံးပြပါ။ ပြုံးရယ်ပြခြင်းက
ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။
၉ ✨🌼 ကြင်နာတတ်ပါစေ။
လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊ လမ်းသွားရင် အဘိုးတွေအဘွားတွေကို ကူညီတာ၊ စျေးဝယ်ပြီးတိုင်း ကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ ကြင်နာစိတ်ထားရှိပါ။
၁၀ ✨🌼 မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။
မိမိကိုယ်ကိုယ် ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီး ဂရုစိုက်ခြင်းဟာ positive energy တွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။ Skin care လုပ်တာ၊ self-care လုပ်တာ၊ mental break ယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့ အမြဲသတိရပါ။
၁၁ ✨🌼 လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။
ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့် ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။
✨✨ အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ ဒီနေ့ကစပြီး မိမိကိုယ်မိမိ challenge လုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ ကြိုးစားကြည့်ရင် သင်လည်း အကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။
🌼 အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကက အကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို
ယုံကြည်ထားဖို့ပါပဲ…..🍀
++++++
💙
26/04/2025
https://www.facebook.com/share/p/16ZstP8PJW/
🌀 "I Woke Up Like This… in 2035" – A Journaling Challenge for Dreamers 🚀
What if you could time travel 10 years into the future and spend one day living your dream life?
Well, grab your journal—because that’s exactly what we’re about to do.
At Risewell Learning Studio, we believe your future starts with the vision you create today. This week’s challenge is all about imagining where you’re headed and writing it into reality:
📝 “I Woke Up Like This… in 2035”
Spend just 15 minutes writing a short story about a day in your life ten years from now. Use these prompts to help bring it to life:
🏡 What kind of home do you wake up in?
👥 Is there someone with you?
🌿 What does your environment feel like?
☀️ What’s the first thing you do when you wake up?
📚 What kind of work or impact are you involved in?
🎓 What have you learned or achieved that you're proud of?
💪 How do you feel in your body and spirit?
There’s no limit to your imagination—so dream boldly, write honestly, and own your vision.
🌟 Your future is waiting. Let’s write the first page.
30/05/2024
Hello, Business Administration Alumni and Current Students!
Welcome back to our group!
Our goal is to connect, share knowledge and skills, post job opportunities, and show our support for one another.
Feel free to share anything you believe would be relevant and beneficial to our community.
May God bless us all and keep us safe. Amen!
Warm regards,
Admin Team
(Business Administration Alumni-Lap-Kbts)
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Insein Road
Insein
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |