The Empress English Language Centre

The Empress English Language Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Empress English Language Centre, Education, 197 Monastery Road, Insein.

လွယ်ကူရိုးရှင်းတဲ့ အင်္ဂလိပ်စကားပြောနည်းတွေကို လက်တွေ့ကျကျပြန်သုံးလို့ရအောင် မျှဝေပေးတာကြောင့် Page ကို Follow လုပ်ထားပြီး အင်္ဂလိပ်စကားပြော လေ့လာလိုက်ပါ 🚀✨

TikTok - .tun41225

11/08/2026

အင်္ဂလိပ်စာလည်း တိုးတက် မယ်၊ Awards တွေလည်း ရယူနိုင်မယ့်အပြင် တကယ် မတိုးတက်ရင် သင်တန်းကြေး ၅၀% ပြန်အမ်းပေးမယ့် Wisdom Academy × The Empress English Center တို့ရဲ့ ''3-Month (12-Week) English Speaking Challenge Class''!

အသေးစိတ်အချက်အလက်တွေကို ဒီ Video လေးမှာ ကြည့်လိုက်ပါ။ 🎬

🗓️ Start Date: August 17
⏰ Time: 9:00–10:00 PM (Mon–Thu)
💻 Online Class
👩‍🏫 Teacher Shoon + Teacher Grace

👥 Limited Seats ဖြစ်တာကြောင့် Page Messenger မှာ အခုပဲ “Challenge” လို့ စာပို့ပြီး စာရင်းပေးသွင်းလိုက်ပါ! 📩

27/05/2026

နိုင်ငံခြားမှာ အင်္ဂလိပ်စကား ကျွမ်းကျင်ဖို့ ဒီ Pattern ကို အပိုင်မှတ်ထား

25/05/2026

" နိုင်ငံခြားမှာ နေမကောင်းဖြစ်ရင် ခွင့်တိုင်ဖို့ ဒါတွေသိထားပါ! "

21/05/2026

" လိုရင်းတိုရှင်း အင်္ဂလိပ်စကားပြော (၅) မျိုး "

နိုင်ငံခြားရောက်နေတာပဲဖြစ်ဖြစ်၊ Foreigner တွေနဲ့ စကားပြောရတဲ့အခါပဲဖြစ်ဖြစ် စာကြောင်းအရှည်ကြီးတွေ စဉ်းစားပြီး စကားထစ်နေရတာမျိုး ကြုံဖူးလား? 🤔

တကယ်တော့ စကားပြောတဲ့အခါ ရှည်ရှည်ဝေးဝေးတွေ ပြောနေမယ့်အစား Native Speaker တွေလို လိုရင်းတိုရှင်းနဲ့ ပိုပြီး Professional ဆန်ဆန်၊ ပိုပြီး အထာကျကျ ပြန်ပြောနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

"တောင်းပန်ပါတယ်" လို့ ပြောဖို့အတွက် "I'm sorry" အစား ပိုအထာကျတဲ့ စကားလုံး ပြောင်းသုံးတာမျိုး၊ "ရတာပေါ့" လို့ ပြောဖို့ ပိုပြီး ရင်းနှီးကျွမ်းဝင်တဲ့ စကားလုံး သုံးတာမျိုးတွေကို Teacher Shoon က ဒီဗီဒီယိုထဲမှာ ပြောပြပေးထားပါတယ်။

ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ကိုယ်တိုင်လည်း လေ့ကျင့်ကြည့်လိုက်ရအောင်။

ဒီဗီဒီယိုလေးက ကိုယ့်အတွက် တကယ်အသုံးဝင်တယ်ဆိုရင် Comment မှာ "Good" လို့ မန့်ခဲ့ပေးပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ Share ပေးသွားပါဦးနော်။ 🥰✨

19/05/2026

လေဆိပ်ရောက်တဲ့အခါ အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ စဉ်းစားရင်း စိတ်ပူနေဖူးလား? ✈️

ပြည်ပကို အလုပ်ကိစ္စနဲ့ သွားမယ့် လူငယ်တွေ၊ ကျောင်းသွားတက်မယ့်သူတွေနဲ့ အလည်အပတ်သွားမယ့် သူတွေအတွက် လေဆိပ်မှာ မဖြစ်မနေ သုံးရမယ့် အင်္ဂလိပ်စာကြောင်း (၅) ကြောင်းကို Teacher Shoon က မျှဝေပေးထားပါတယ်။

Check-in ကောင်တာ ဘယ်မှာလဲ မေးတာကစလို့၊ ကိုယ်လိုချင်တဲ့ ပြတင်းပေါက်ဘေး ခုံနေရာတောင်းတာ၊ လေယာဉ်ပေါ်တက်ရမယ့် Gate ကို မေးတာတွေအထိ လွယ်လွယ်ကူကူနဲ့ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ ဒီ ဗီဒီယိုလေးကို အဆုံးထိ ကြည့်လိုက်ပါနော်။

ဒီ ၅ ကြောင်းထဲမှာ ကိုယ့်အတွက် အသုံးအဝင်ဆုံးက ဘယ်စာကြောင်းလေး ဖြစ်မလဲဆိုတာ Comment မှာ ရေးပေးခဲ့ပါဦး။ 👇✨

18/05/2026

" စားသောက်ဆိုင်သွားရင် အမြဲသုံးရမယ့် English စာကြောင်းများ "

17/05/2026

အရေးကြီးတဲ့ ကိစ္စတွေ လုပ်နေချိန်ကျမှ၊ ဒါမှမဟုတ် အရေးကြီး ဖုန်းပြောနေချိန်ကျမှ ဖုန်းအားကုန်ပြီး စက်ပိတ်သွားတာမျိုး ကြုံဖူးကြတယ်မလား? 😩

ဒီလိုအချိန်မျိုးမှာ "ငါ့ဖုန်းအားကုန်သွားပြီ"၊ "အားသွင်းကြိုး ဘယ်မှာလဲ" ဆိုတာတွေကို အင်္ဂလိပ်လို ဘယ်လိုပြောရမလဲဆိုတာ Teacher Shoon က ဒီ Video လေးထဲမှာ ရှင်းပြပေးထားပါတယ်။

အမြဲကြုံနေရတဲ့ "မီးပျက်သွားပြီ" နဲ့ "မီးပြန်လာပြီ" ဆိုတာကိုရော အင်္ဂလိပ်လို ဘယ်လို မှန်မှန်ကန်ကန် သုံးရမလဲဆိုတာပါ ပါသေးတယ်နော်။ 💡

ဒီ ဗီဒီယိုထဲက စာကြောင်းတွေထဲမှာ ကိုယ် အသုံးအများဆုံး စာကြောင်းက ဘယ်တစ်ခုဖြစ်မလဲ?
(၁) My phone is dead.
(၂) I need to charge my phone.
(၃) The power is out.

အခုရော မီးပျက်နေတဲ့ထဲက ကြည့်နေတာလား၊ ဖုန်းအား ဘယ်လောက်ကျန်သေးလဲဆိုတာ Comment မှာ ရေးပေးခဲ့ပါဦးခင်ဗျာ! 👇✨

14/05/2026

လမ်းပျောက်နေတဲ့သူတစ်ယောက်ကို လမ်းညွှန်ပေးချင်ပေမယ့် အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ စဉ်းစားမရဖြစ်ဖူးလား? 🤔

"တည့်တည့်သွားပါ" လို့ ပြောချင်တာလား? "ဘယ်ဘက်ကွေ့ပါ" လို့ ပြောချင်တာလား?
တကယ်တော့ လမ်းညွှန်ပေးဖို့ဆိုတာ အခု Teacher Shoon ပြောပြပေးမယ့် အသုံးအနှုန်း (၅) ခုကို သိထားရုံနဲ့တင် အဆင်ပြေသွားပါပြီ။

နိုင်ငံခြားခရီးသွားတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အမြဲသုံးရတဲ့ Direction အသုံးအနှုန်းတွေကို ဒီဗီဒီယိုထဲမှာ လေ့လာကြည့်လိုက်ရအောင်။

ဒီ (၅) ခုထဲမှာ ကိုယ့်အတွက် အမှတ်ရဆုံးက ဘယ်ဟာလဲ?
၁။ Go straight on
၂။ Turn left
၃။ Turn right
၄။ Next to
၅။ Between

ကိုယ်အကြိုက်ဆုံး တစ်ခုကို Comment မှာ ရေးပေးခဲ့ပါဦးနော်! 👇✨

13/05/2026

လေဆိပ်မှာ အင်္ဂလိပ်လို မပြောတတ်လို့ စိတ်ပူနေသလား? 🤔🛫🛫🛫

နိုင်ငံခြားကို ပထမဆုံးအကြိမ် သွားတော့မယ့်သူတွေအတွက် လေဆိပ်ရောက်တဲ့အခါ အင်္ဂလိပ်လို ပြောဆိုဆက်ဆံရမှာက တကယ်ကို စိတ်လှုပ်ရှားစရာပါ။ ✈️

Check-in ဘယ်မှာလုပ်ရမလဲ? ကိုယ်သွားရမယ့် Gate က ဘယ်မှာလဲ? ဒါတွေကို မေးချင်ပေမယ့် အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ ဝေခွဲမရဖြစ်နေရင် ဒီ Video လေးကို အဆုံးထိ ကြည့်ထားလိုက်ပါ။

Teacher Shone က လေဆိပ်မှာ အသုံးအများဆုံး စာကြောင်း (၅) ကြောင်းကို လွယ်ကူရိုးရှင်းစွာ ရှင်းပြပေးထားပါတယ်။

ဒီ (၅) ကြောင်းထဲမှာ ကိုယ့်အတွက် အသုံးအဝင်ဆုံးဖြစ်မယ့် စာကြောင်းက ဘယ်ဟာဖြစ်မလဲ?
(၁) Check-in counter မေးနည်း
(၂) Gate မေးနည်း
(၃) အိမ်သာ မေးနည်း
(၄) Boarding time မေးနည်း
(၅) ဖြည်းဖြည်းပြောခိုင်းနည်း

အောက်က Comment မှာ ကိုယ်အကြိုက်ဆုံး တစ်ခုကို ရေးပေးခဲ့ပါဦးနော်။ 👇✨

12/05/2026

နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် Foreigner တွေနဲ့ စကားပြောတဲ့အခါ သူတို့ပြောတာကို မကြားလိုက်လို့ "ဟမ်?" "ဘာလဲ?" ဆိုတဲ့ အဓိပ္ပာယ်နဲ့ "What?" လို့ ပြန်မေးမိနေသလား? 🤔

တကယ်တော့ "What?" ဆိုတဲ့ အသုံးအနှုန်းက လုပ်ငန်းခွင်မှာ သုံးရင် နည်းနည်းရိုင်းသလို ဖြစ်စေပြီး ကိုယ့်ရဲ့ Professional ဆန်မှုကို လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် အလုပ်ရှင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ အထင်ကြီးသွားစေမယ့် ယဉ်ကျေးပြီး Confidence ရှိတဲ့ ပြန်မေးနည်း (၃) မျိုးကို Teacher Shone က ဒီဗီဒီယိုမှာ ရှင်းပြပေးထားပါတယ်။

ဗီဒီယိုလေးကို အဆုံးထိကြည့်ပြီး ကိုယ်တိုင်လည်း လေ့ကျင့်ကြည့်ရအောင်!

ဘယ်အသုံးအနှုန်းက ကိုယ့်အတွက် အဆင်ပြေဆုံးလဲ? Comment မှာ ရေးပေးခဲ့ပါဦးနော်။ 👇✨

Address

197 Monastery Road
Insein
02135

Website

Alerts

Be the first to know and let us send you an email when The Empress English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share