Royal City Golf Academy

Royal City Golf Academy

Share

Who ever can play Golf

Photos from Royal City Golf Academy's post 20/04/2026

မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။

ဒီတစ်ခါ ပြောပြချင်တာကတော့ "Ball First Contact" ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဂေါက်ရိုက်တဲ့အခါ မကြာခဏ ကြားနေကျ စကားတွေရှိပါတယ်။ ဥပမာ - "နောက်ရိုက်မိတယ်"၊ "မြေကြီးရိုက်မိတယ်" ဒါမှမဟုတ် "ဖလတ် (Fat) ဖြစ်သွားတယ်" စသဖြင့်ပေါ့။
ဒါတွေက ဘာကြောင့် ဖြစ်တာလဲဆိုရင် Backswing အဆုံးကနေ အဆင်း (Downswing) မှာ "Early Release" လို့ခေါ်တဲ့ ဂေါက်သီးကို စောစီးစွာ ရိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလို စောရိုက်မိတဲ့အတွက် ဘောလုံးကို တိုက်ရိုက်မထိဘဲ မြေကြီးကို အရင်သွားရိုက်မိခြင်း ဖြစ်ပါတယ်။

Early Release ကို ပြုပြင်နည်း။

"ဒါကို ကုစားဖို့အတွက် တုတ်အဆင်း (Downswing) မှာ ညာလက်ဆစ်ကို အရင်မဖြည်မိအောင် ညာတံတောင်ဆစ်ကို ဆွဲချပြီး ခါးကို နည်းနည်းလှည့်ဆင်းဖို့ လိုပါတယ်။
ဒီလိုမျိုး Lag ချန်ပြီး ရိုက်လိုက်မှသာ တုတ်ခေါင်း (Club head) ဟာ လက်တွေရဲ့ နောက်ကနေ ဆင်းလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှ ဘောလုံးကို အရင်ထိပြီးမှ မြက်ဖတ်ကို လွှာပြီး ထွက်သွားမှာ (Divot ထွက်မှာ) ဖြစ်ပါတယ်။ ခေါင်းငြိမ်ဖို့တော့ လိုပါတယ် မိတ်ဆွေ။"
ညာတံတောင်ဆစ်: Downswing ဆင်းတဲ့အခါ ညာတံတောင်ဆစ်ကို ခန္ဓာကိုယ်နဲ့ ကပ်ပြီး ဆွဲချခြင်း (Tucking the right elbow) က လမ်းကြောင်းမှန်ဖို့ အထောက်အကူပြုပါတယ်။
ဒီနည်းစနစ်အတိုင်း လေ့ကျင့်မယ်ဆိုရင် Impact အချိန်မှာ အသံကော အထိအတွေ့ပါ ပိုမိုကောင်းမွန်လာမှာ သေချာပါတယ်ခင်ဗျာ။

လေးစားလျက်

မျိုးဝင်းထွန်း

MPGA

20/04/2026

မိတ်ဆွေများခင်ဗျာမိုးကြိုမေလထဲလောက်တော့ဂေါက်သီးသင်တန်းတွေပြန်စဖို့စီစဉ်ထားပါတယ်ခင်ဗျာ။

Photos from Royal City Golf Academy's post 20/04/2026

MDY

Photos from Royal City Golf Academy's post 19/01/2024

UMSPG Golf Tour

15/11/2023

အဖွဲ့ဝင်များအားလုံးမင်္ဂလာပါ
စာမရေးဖြစ်တာနဲနဲကြာသွားပါပြီ၊သင်တန်းဖက်ပြန်အချိန်ပေးတာရယ်ကွင်းထဲမှာကစားချိန်များသွားတာရယ်ကြောင့်ရေးစရာခေါင်းစဉ်တွေရှိနေပေမယ့်မရေးဖြစ်ခဲ့ပါဘူး။
ဒီတစ်ခါပြောပြချင်တာကဂေါက်ကွင်းတွေရဲ့ Management ရယ် Service ဆိုတဲ့အကြောင်းပါ။
ဂေါက်သီးအားကစားဆိုတာကမ္ဘာသုံးအားကစားဖြစ်ပါတယ်၊ကိုယ်ဟာကိုယ်ထွင်ထားတဲ့ကစားနည်းမဟုတ်ပါဒါကြောင့်စည်းမျဉ်းကအစသီးခြားပါလာပြီးသားပါ၊အဲဒီမှာမှကွင်းအနေအထားမြေအနေအထားကိုမူတည်ပြီး Local Rule ဆိုပြီးဘောင်ဝင်တဲ့အချက်တွေထပ်ဖြည့်ရတာပေါ့၊ဘောင်ဝင်တဲ့ Local Rule ဆိုတာမြန်မာပြည်မှာဥပမာပြရလျင်လက်လှမ်းမှီသလောက်ပေါ့ပြင်ဦးလွင်ကွင်းမှာရယ်ပဲခူးဟန်သာဝတီကွင်းမှာရယ်ကွင်းကိုဖြက်ဆွဲထားတဲ့ဓါတ်ကြိုးတွေရှိပါတယ်၊ဂေါက်သီးရိုက်လိုက်လို့အဆိုပါဓါတ်ကြိုးကိုထိလျင်ပစ်ဒဏ်မရှိပဲပြန်ကစားခွင့်ရတယ်လို့သတ်မှတ်ပေးထားပါတယ်။နောက်တစ်ကွင်းကပဲခူးဥသာကွင်းပါFairway ရဲ့ဘေးဗယ်ညာမှာ Rough မထားပဲ OB နဲ့ Hazard တွေပဲထားကာဘယ်ထွက်ထွက်အချက်ပေးရပါတယ်၊ဘေးမှာကဝါးရုံတောနဲ့ချောက်တွေပဲရှိလို့ပါ၊ဒါကကွင်းအနေအထားကိုက်လိုက်ပြီးထုတ်ရတဲ့ ဒေသန္တရ စည်းမျဉ်းတွေပါ။အဲဒီလိုပဲကွင်းအတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ပြသနာပေါင်းစုံကိုလည်းကွင်းဖက်ကလူကြီးတွေနားလည်တဲ့သူတွေနဲ့တိုင်ပင်ပြီးစည်းကမ်းတွေချမှတ်ပေးပြီးဆိုင်းဘုတ်ထောင်ထားလျင်စကားတွေအများကြီးမပြောရတော့ဘူးပေါ့။နောက်တစ်ခုကအဲလိုထုတ်ပြန်ထားတဲ့စည်းကမ်းအတိုင်းကွင်းဝန်ထမ်းတွေကလည်းဂေါက်ဖာတွေကိုကူညီပေးနိုင်ရမယ်ကွင်းထဲမှာဂျူတီချိန်အတိုင်းရှိနေရမယ်၊ဝန်ထမ်းကဂေါက်ဖာကိုစကားပြောမချေငံတာညံ့ဖျင်းတဲ့ဝန်ဆောင်မှုပါ၊ဝန်ထမ်းများများကြီးခန့်ထားစရာမလိုပါဘူး။
ပြောချင်တာကကျွန်တော်တို့မြန်မာပြည်ကကွင်းတွေမှာကွင်းကိုလုပ်ကိုင်ခွင့်ရသူအများစုကဂေါက်ကွင်းစီမံခန်ခွဲခြင်းကိုနားလည်ရပါမယ်၊ကွင်းတစ်ကွင်းခြင်းရဲ့သဘောသဘာဝကအခြေခံအချက်တွေတူပေမယ့်နဲနဲလေးတော့ကွဲပါတယ်။
ရန်ကုန်ကွင်းအများစုကျင့်သုံးပုံကလာရောက်ကစားသူများကအသင်းဝင်ထားသူရောဧည့်သည်များပါလာရောက်ကစားကြပါတယ်၊ဒါပေမယ့်ကွင်းကြေးဘာဂီကြေးသက်သာတာကလွဲလို့အားလုံးတန်းတူပါ။
ဥပမှာပန်းလှိုင်ဆိုလျင်ဘယ်နေ့မဆိုတစ်တွဲကို၄ယောက်အထိသာကစားခွ့င်ပြုပါတယ်။မန်ဘာပါမှကစားခွင့်ရပါတယ်၊ကိုယ်ခေါ်လာတဲ့ဧည့်သည်ကိုမန်ဘာကတာဝန်ယူရပါတယ်၊ကစားသူတွေလည်းလက်ခံကြတယ်။တစ်ချို့ကွင်းတွေဆို့မုန်ုဘိုးပေးတဲ့သူကမန်ဘာထက်တောင်ပိုအရာရောက်တာတွေ့ရပါတယ်၊ဒါဆိုမန်ဘာဝင်ရခြင်းရဲ့အဓိပါယ်ကဘာလဲမသိတော့ပါ။ကျွန်တော်အတွေ့အကြုံတစ်ခုပြောပြပါရစေကျွန်တော် Vietnamမှာဦးဆန်းထွန်းကိုင်ခဲ့တဲ့ Ventry ဆိုတဲ့ကွင်းမှာဝန်ကြီးတစ်ပါးလာကစားပါတယ်၃ယောက်တည်းပါသူရှေ့မှာမန်ဘာအတွဲသူဟာသူပြီးတဲ့အထိကစားသွားပါတယ်အားလုံးပုံမှန်အတိုင်းလုပ်ရိုးလုပ်စဉ်အတိုင်းပြီးသွားတာပါပဲ။
နောက်တစ်ခုကဂေါက်သီးစကစားသူများကိုပိတ်ရက်မှာပေးကစားတာလည်းခဏခဏကြားနေရပါတယ်၊ပုံမှန်ဆိုလေ့ကျင့်ရေးကွင်းက Pro ထံံကကွင်းဆင်းနိုင်ကြောင်းထောက်ခံချက်ပါရပါတယ်ဒါကိုသင်တဲ့ဆရာကလည်းသိဖို့လိုပါတယ်၊ကြုံလို့ပြောပါရစေ Comment တစ်ခုမှာဖက်လိုက်ရတယ်နယ်မြို့ကကွင်းတစ်ခုမှာဆရာတစ်ယောက်က သင်တန်းသားများကို Fairway ထဲမှာအကြာကြီးသင်နေတယ်ဆိုတာပြောနိုင်တာက Pro တော့မဖြစ်နိုင်ဘူးထင်ပါတယ် Pro တွေကနားလည်ကြပါတယ်ပြီးတော့ Pro တွေကွင်းထဲသင်လျင်တစ်ဦးခြင်းပဲသင်ကြပါတယ်။ကွင်းတွေကလည်းလူနည်းတဲ့ရက်တွေပဲခွင့်ပြုပါတယ်။
ဂေါက်သီးသင်ခွင့်နဲ့ပါတ်သက်လို့ပြောခြင်ပါသေးတယ်မိတ်ဆွေသင်ကားမောင်းသင်တန်းဆင်းဆင်းခြင်းကားမောင်းလိုင်စင်ရပါသလား၊ဥပဒေဘွဲ့ရရခြင်းရှေ့နေလိုက်ခွင့်ရပါသလား၊ဆေးကျောင်းဆင်းပြီးပြီးခြင်းဆေးကုခွင့်ရပါသလား၊လုပ်ထုံးလုပ်နည်းရှိပြီးသားပါဒါကတော့ကားမောင်းလိုင်စင်အစိမ်းရဖို့သင်မောင်းလိုင်စင်၆လရှိရပါမယ်၊အညိုရဖို့မောင်းသက်၃နှစ်ရှိရပါတယ်၊အနီရဖို့ဆို၅နှစ်မှရတာပါ၊ဒီလိုပဲရှေ့နေလိုင်စင်ရဖို့ဆရာတစ်ယောက်ထံမှာချ်ိန်ဘာ၂နှစ်ဆင်းပြီးကြောင်းထောက်ခံချက်ရမှရှေ့နေလိုင်စင်ရတာပါ။ဒီအတိုင်းပဲဂေါက်သီးသင်ခွ့င်ရဖို့ Pro ဖြစ်ရုံနဲ့မရသေးပါဆရာတစ်ယောက်ထံမှာအနည်းဆုံး၆လတစ်နှစ်ပညာသင်ရပါတယ်အဲဒီဆရာကသင်နိုင်ပြီဖြစ်ကြောင်းထောက်ခံမှသင်ကြရပါတယ်၊ကျွန်တော်တို့တုန်းကလည်းဘကြီးကိုလေးဦးဆန်းထွန်းတို့ထံမှာပညာခံယူခဲ့ရပါတယ်၊မသိနားမလည်တဲ့ပါတ်ဝန်းကျင်ကြောင့်လည်းဖြစ်နိုင်ပါတယ်စာဖက်ဖို့လိုပါတယ်။
ဆိုတော့ဂေါက်ကွင်းဂေါက်ကစားသူဂေါက်ကွင်းဝန်ထမ်းဂေါက်ဆရာအားလုံးဟန်ချက်ညီနားလည်လျင်အဆင်ပြေသွားမှာပါ၊အရေးအသားမှားယွင်းပြီးကျန်ခဲ့သည်များရှိလျင်ဖြည့်စွက်ပြီးနားလည်ခွင့်လွတ်ကြပါမိတ်ဆွေများခင်ဗျာ။

လေးစားလျက်
မျိုးဝင်းထွန်း
MPGA

15/11/2023

အဖွဲ့ဝင်များအားလုံးမဂ်လာပါ

အကြောင်းအမျိုးမျိုးကြောင့်စာမရေးဖြစ်တာကြာပါပြီ၊အခုမိတ်ဆွေတွေကအနီးကပ်ရိုက်ချက်အနီးရိုက်တုတ်တွေနဲ့ပါတ်သက်ပြီးမေးလာတာလေးတွေပြောပြစရာရှိလာလို့ပါ။
ဒီနေရာမှာတစ်ရက်ကျွန်တော့သင်တန်းသားတွေကိုအနီးရိုက်ချက်လေးသင်ပေးနေတုန်းနီးစပ်ရာမိတ်ဆွေတွေကရောမေးကြတာက 52,56,58 စတဲ့ Special wedges တုတ်တွေကိုဘယ်နေရာမှာဘယ်လိုသုံးရလဲဆိုပြီးမေးလာပါတယ်။တစ်ချို့ကလည်းပြောပါတယ်ကျင်းနားမှာအနီးရိုက်တင်ရင်ဒီတစ်ချောင်းပဲသုံးတယ်လို့။
ဆိုတော့ကျွန်တော်ကရှင်းပြလိုက်ပါတယ်ဒီတုတ်တွေကအနီးရောက်တိုင်းပုံသေသုံးရမယ်လို့မဆိုလိုပါဘူးကိုယ့်အယူအဆသုံးသပ်ချက်ပေါ်မူတည်ပြီးကြိုက်တဲ့တုတ်ကိုသုံးလို့ရပါတယ်။
ဥပမာပြောရရင်ကျွန်တော်ငယ်ငယ်ကဂေါက်သီးစသင်တော့ကျွန်တော့ဆရာဦးမြင့်ရွှေ(ယခုလားရှိုး)ထံ မှာလှိမ့်တာရောမြှောက်တာရောတုတ်မျိုးစုံနဲ့သင်ခဲ့ရပါတယ်။ Putting ရိုက်နည်းကိုတော့ဆရာကိုစိုးကျော်နိုင်ကသင်ပေးခဲ့ပါတယ်။
ခုနောက်ပိုင်းမှာ Special wedges တွေပေါ်လာတော့အနီးရိုက်ချက်တွေကလွယ်ကူသွားပါပြီ။
နောက်ဆုံးပြောချင်တာကမိတ်ဆွေများ Green နိမ့်ပြီးထောက်ကွက်ရှိလို့လှိမ့်ချင်ရင် 52 လောက်သုံးကြည့်ပါ၊မြှောက်ချင်တယ်ဆိုရင်58,60 စသည်ဖြင့်သုံးကြည့်ပါ၊သာမန်အခြေအနေဆိုရင်ကြားတုတ် 56 ကိုသုံးကြည့်ဖို့အကြံပြုပါတယ်မိတ်ဆွေများခင်ဗျာ။လိုအပ်ချက်များကိုလည်းဝိုင်းဝန်းအကြံပြုပေးကြပါခင်ဗျား။

လေးစားလျက်

မျိုးဝင်းထွန်း

MPGA.

22/10/2023

အဖွဲ့၀င်များအားလုံးမင်္ဂလာပါခင်ဗျာ

အခုတစ်လောစာမရေးဖြစ်တာကြာပါပြီ၊ရေးချင်စိတ်တွေလည်းပျောက်နေတာပေါ့၊ဒါပေမယ့်ခုတစ်လောဂေါက်ကွင်းတွေမှာ Management ကြောင့်လားဘာလွဲတာကြောင့်လားအသံထွက်တာလေးတွေပြောချင်လို့ပါ။
ပထမတစ်ခုကဂေါက်ကွင်းမြက်တွေအကြောင်းပါ၊မြက်အမျိုးအစားများစွာရှိပါတယ်သူလည်းလူတွေလိုပါပဲ၊တစ်မျိုးခြင်းစီမှာမတူတဲ့သဘာ၀နဲ့ဂုဏ်သတ္တိတွေရှိကြပါတယ်။အမေရိကန်လူမျိုးရဲ့သဘာဝကဘယ်လို၊အစ္စရေးလူမျိုးရဲ့သဘာဝကဘယ်လို့ဂျပန်ရဲသဘာဝကဘယ်လိုစသည်ဖြင့်ပေါ့အဲဒီလိုပဲဘဲစားမြက်ကဘယ်လိုမြေစာကဘယ်လိုဂျပန်မြက်ကဘယ်လိုပက်စ်ပါလမ်ကဘယ်လိုဘာမြူဒါကဘယ်လိုမတ်ထရိုလာကဘယ်လိုဆိုတာ
တွေရှိကြပါတယ်၊အဲဒီသဘောသဘာဝတွေမသိပဲအထင်နဲ့ရမ်းလုပ်လို့မရပါဘူး၊မှားသွားရင်မြက်သေတာအကွက်ထတာ Speed နှေးတာတွေဖြစ်တက်တာပေါ့။အကျယ်မပြောတော့ပါဘူးပညာရှင်လိုပါတယ်👌။
နောက်တစ်ခုကအတွဲပိတ်တဲ့ကိစ္စ၊ ကွင်းတိုင်းမှာဖြစ်နေကြတာပေါ့၊မုန့်ထိုင်စားလို့ ၆ ယောက်ကစားလို့မာရှယ်မပြောလို့စသည်ဖြင့်ပေါ့၊ဘယ်လိုပဲဖြစ်ဖြစ်ပါအရင်တုန်းက
လည်းရေးဖူးပါတယ်သိပ်လုပ်စရာမရှိပါဘူးကိုယ့်ကိုယ်ကိုလူကြီးလူကောင်းပီသစွာ
ကိုယ်ချင်းစာစိတ်ရှိတဲ့ဂေါက်ဖာလို့ခံယူရဲရင်အလိုလိုပြီးသွားမယ့်ကိစ္စပါ။
အမှားပါလျင်နားလည်ပြီးလိုအပ်တာများဖြည့်စွက်ပေးပါခင်ဗျာ။

လေးစားလျက်

မျိုးဝင်းထွန်း

MPGA.

Photos from Royal City Golf Academy's post 22/10/2023
Photos from Royal City Golf Academy's post 27/10/2021


ဒီတစ်ခေါက်ပြောပြချင်တာကဂေါက်သီးကစားခြင်းရဲ့စည်းမျဉ်းနဲ့လောင်းကစား ဆိုတဲ့အကြောင်းပါ။
ဒီအပါတ်ထဲမှာကျွန်တော့မိတ်ဆွေထဲကရောကျွန်တော်မသိတဲ့သူများထဲကပါဖုန်း ဆက်ပြီး ဂေါက်သီး စည်းမျဉ်းအကြောင်းမေးလာပါတယ်၊အဲဒီမှာတစ်ချို့စည်းမျဉ်းတွေကဂေါက်သီး စည်းမျဉ်းအစစ်မဟုတ်ပဲကိုယ်ပိုင်ဖန်တီးထားတဲ့စည်းမျဉ်းတွေဖြစ်နေတာတွေ့ရပါတယ်။
ဂေါက်သီးစည်းမျဉ်းအကြောင်းဖြေပေးရတာအကြောင်းမဟုတ်ပေမယ့်အခြင်းခြင်း သဘောတူညီချက်စည်းမျဉ်းတစ်ခုလုပ်ပြီးကစားတဲ့အခါမျိုးမှာမေးတဲ့အချက်ကိုဖြေဖို့ကမလွယ်လှပါဘူး၊အားကစားတစ်ခုခြင်းမှာသက်ဆိုင်ရာစည်းမျဉ်းတွေရှိပြီးသားပါဒါကို ပြောင်းလဲလို့မရပါဘူး၊ဥပမာ အခုအတော်များများကစားနေကြတာကမာဖီးရားလို့ခေါ်ကြတဲ့ Fairway ကလွဲလို့အပြင်ထွက်သွားယင်မထိရမကိုင်ရဆိုပြီးကစားနေကြတာပါ၊ ဘောလုံးမြုတ်လျင်သော်၎င်းဘာဂီလမ်းပေါ်ကျလျင်သော်၎င်းပန်းစိုက်ခင်းထဲရောက်လျင်သော်၎င်းရိုက်နိုင်လျင်ရိုက်မရိုက်နိုင်လျင်အချက်ပေးပြီး Fairway ထဲကလာရိုက်ဆိုပြီးကျင့်သုံးနေကြတာပါ၊ခုမှစကစားတဲ့သူတွေအတွက်မသိလျင်ဒီစည်းမျဉ်ကးအမှန်လို့မှတ်ယူသွားလျင်မကောင်းပါဘူး။မြုတ်နေတာတို့ ဘာဂီလမ်းပေါ်တို့မှာ့ အချက်မပေးချင်လို့ရိုက်ထုတ်လျင်မတော်လက်နာနိုင်ပါတယ်၊ပန်းစိုက်ခင်းတွေကလည်းကွင်း ဖက်ကအကုန်ခံပြီးအလှစိုက်ထားတာပါရိုက်ခွင့်မရှိပါဘူး။အဲဒီလိုအခြေအနေမျိုးမှာပစ်ဒဏ်အချက်မပေးရပဲ အနီးဆုံးနေရာမှာတုတ်တစ်ပြန်အတွင်းလွှတ်ချကစားနိုင်ပါတယ်။
နောက်တစ်ခုကလောင်းကစားပေါ့၊တော်တော်များများငွေကြေးနဲ့ကစားကြပါတယ် ကျွန်တော်တို့ လည်းကစားပါတယ်၊ဒီလိုလေးကစားမှလည်းစိတ်ဝင်တစားရှိတာပေါ့ဒါပေမယ့် အခုမှကွင်းထဲစကစားမယ့်သူတွေအနေနဲ့ဂေါက်သီးကောင်းလာအောင်လေ့ကျင့်ပြီး စည်းမျဉ်းသိအောင်လေ့လာပြီးမှငွေကြေးအနည်းငယ်နဲ့စကစားသင့်ပါတယ်။နောက်ပိုင်းလက်ကောင်းလာလို့စည်းမျဉ်းသိတဲ့လူတွေနဲ့ကစားလျင်သော်၎င်းကလပ်ပြိုင်ပွဲတွေဘာတွေဝင်ကစားလျင်သော်၎င်းအရှက်ကွဲနိုင်ပါတယ်၊ လေ့ကျင့်ရေးကွင်းမှာ Pro အတော်များများကတော့ကိုယ်တိုင်ကွင်းဆင်းပေးပြီး General rule လောက်တော့သင်ပေးလိုက်ကြပါတယ်။ကျွန်တော် မြင်ဖူးတဲ့ဆရာတစ်ယောက်ရှိပါတယ်မိမိသင်တန်းသားကိုကိုယ်တိုင်ကွင်းထဲမှာခေါ်ပြီးဘယ်နှစ်ချက်ယူဘယ်လောက်ကြေးနဲ့ငါ့ကို နိုင်အောင်ရိုက်ဆိုပြီးပိုက်ဆံယူသွားပါတယ်။သူအပြောကတော့ဒါမှလောင်း ကြေးရိုက်တက်အောင်လို့ဆိုပါတယ်။စည်းမျဉ်း နဲ့ပါ တ်သက်တဲ့စာအုပ်များလည်းအဖွဲ့ ချုပ်ကဖြန့်ဝေပေးထားပါတယ်၊ Internet မှာလည်းအလွယ်တစ်ကူရှာလို့ရပါတယ်မိတ်ဆွေများခင်ဗျာ။
ဂေါက်သီး စည်းမျဉ်းနဲ့အညီကစားနိုင်ကြပါစေ။

လေးစားလျက်

မျိုးဝင်းထွန်း
MPGA

22/03/2019

နွေရာသီအခြေခံလူငယ်ဂေါက်သီးရိုက်သင်တန်း
(မြို့ တော်ဂေါက်ကွင်း/လေ့ကျင့်ရေးကွင်း)တွင်နွေရာသီအခြေခံလူငယ်ဂေါက်သီးရိုက်၇ရက်သင်တန်းကို (၂၆-၃-၂၀၁၉) ရက်အင်္ဂါနေ့ မနက်၈နာရီမှ၉နာရီထိအသက်၁၀နှစ်မှ၁၂နှစ်အတန်းကို၎င်း၉နာရီမှ၁၀နာရီထိအသက်၁၂နှစ်မှ၁၅နှစ်ထိအခြေခံသင်တန်းများကိုဝါရင့်နည်းပြများဖြင့်၇ရက်သင်တန်း
ပို့ ချသွားမည်ဖြစ်ပြီးသင်တန်းသားတစ်ဦးလျင်သင်တန်းကြေးကိုလေ့ကျင့်ရေးဘောလုံး ၇၀၀ ပါအပြီး(၁၀၀,၀၀၀ိကျပ်)ကျသင့်မည်ဖြစ်ပါသည်။အသက်၁၀-၁၂နှစ်သင်တန်းသားများကိုလေ့ကျင့်ရေးဂေါက်တန်များစီစဉ်ပေးသွားပါမည်။ကြိုတင်စာရင်းပေးရန်နှင့်မေးမြန်းစုံစမ်းလိုပါကဖုန်းနံပါတ် ၀၉၅၁၂၁၈၄၁ နှင့် ၀၉၉၇၉၉၃၉၁၉၇များသို့ ဆက်သွယ်နိုင်ကြောင်းအသိပေးအပ်ပါသည်။

Photos from Royal City Golf Academy's post 20/03/2019

ပြင်သင့်တာပြင်ရအောင်

Want your school to be the top-listed School/college in Insein?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Thirimingalar Street
Insein

Opening Hours

Monday 11:30 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00