09/01/2015
မြေကွက် အရောင်း ၊ ပဲခူးမြို. ၊ ဧက ၈၀ ၊ သိန်း ၃၅၀ ဈေးနှုန်းအနေဖြင့် သင့်တင့်ပြီး တောင်ငူအာဆီယံ ကုန်သွယ်ရေးဇုံအတွင်း ပါရှိပါသည်။
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Composite Myanmar အထွေထွေ ဆောက်လုပ်ရေး လုပ်ငန်း, Insein.
09/01/2015
မြေကွက် အရောင်း ၊ ပဲခူးမြို. ၊ ဧက ၈၀ ၊ သိန်း ၃၅၀ ဈေးနှုန်းအနေဖြင့် သင့်တင့်ပြီး တောင်ငူအာဆီယံ ကုန်သွယ်ရေးဇုံအတွင်း ပါရှိပါသည်။
09/01/2015
ပုဂ္ဂလိကပိုင်တိုက်ခန်း အိုးအိမ်နဲ့ စည်ပင်က တဆင့် ပြန်ဝယ်တဲ့ တိုက်ခန်းတွေဆိုရင် အိမ်လခပေးစရာမလိုဘူး
09/01/2015
၂၀၁၅ အိမ်ခြံမြေ ဈေးကွက် အေးစက်လေးလံမည်ဟု ကျွမ်းကျင်သူများ သုံးသပ်
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ငှားရမ်း ခများလည်း မြင့်တက် နေ သော်လည်း လာမည့် ၂၀၁၅ ခုနှစ်တွင်မူ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိခြင်း၊ နိုင်ငံရေး အခြေအနေ ပေါ် မူ တည် ၍ ကဏ္ဍပေါင်းစုံတွင် အပြောင်းအလဲများ ဖြစ်နိုင်ခြင်းတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းနှင့်အရောင်းအ၀ယ်များ အေး စက် နှေးကွေးသွားမည်ဟု မျှော်လင့်ရကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောကြသည်။
ယခင်စစ်အစိုးရလက်ထက် ၂၀၀၇ခုနှစ်တွင် အိမ်ခြံမြေအခွန် ၁၅ ရာခိုင်နှုန်းအထိ လျှော့ချ လိုက်သည့် အချိန်မှစ၍ ရန်ကုန် မှ မြေတန်ဖိုးများ အလွန်အမင်းမြင့်တက်သွားခဲ့ပြီး အရပ်သား အမည်ခံအစိုးရ တက်လာသည့် ၂၀၁၁ ခုနှစ် နောက် ပိုင်း တွင် လည်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် အိမ်ခြံမြေ တန်ဖိုးများ ပိုမိုအား ကောင်း လာ ခဲ့သည်။
ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် တည်ရှိသော အိမ်ခြံမြေများ၏ ဈေးကွက်ပေါက်ဈေးများမှာလည်း မကြုံဖူးလောက် အောင် မြင့်တက်လာခဲ့ပြီး ၁ စတုရန်းပေလျှင် ကျပ် ၇သိန်း မှ ၁၀ သိန်းအထိဖြစ်လာခဲ့သည်။ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရား လမ်းတို့သည် ရန်ကုန်တွင် ဈေးနှုန်းအမြင့်ဆုံးနေရာများ ဖြစ်သည်။
“၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မှာ အမြင့်ဆုံးမြေဈေးက တပေပတ်လည်ကို ၁၀သိန်း အထိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လာ မယ့် နှစ်အတွင်းမှာ ဒီထက်ပိုပြီး တိုးလာဖို့ မရှိနိုင်တော့ဘူး လို့ ကျနော်မျှော်လင့်ပါတယ်။ ဈေးကျသွားမှာ မဟုတ် ပေ မယ့် ဈေးကွက် အေးသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ရှင်တွေက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးတဲ့ အထိ စောင့်ကြည့်နေကြမှာ ဖြစ်လို့ပါပဲ” ဟု Unity အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းမှ အကြီးတန်း မန်နေဂျာ တဦး က ပြော သည်။
၂၀၁၃ ခုနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်မှု အခွန်ကို ၃၇ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သော်လည်း အလွန် အမင်း မြင့်တက် နေသည့် ဈေးနှုန်းများကို လျှော့ချရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ ရောင်းသူ၊ ၀ယ်သူများက မြေတန်ဖိုးများကို လျှော့ချ ဖော်ပြ ခြင်းဖြင့် အခွန်ရှောင်လွှဲခဲ့ကြသည်။
အခွန်ရှောင်မှုကို တားဆီးသည့်အနေဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ ရန်ကုန်တိုင်း အစိုးရက အိမ်ခြံ မြေရောင်းဝယ်မှု အခွန်စည်းကြပ် ကောက်ခံ ရန်အတွက် မြေတန်ဖိုးများကို ပုံသေသတ်မှတ်လိုက်ပြီး နှစ်အလိုက် တန်ဖိုး ပြန်လည် သတ်မှတ်ခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အိမ်ခြံမြေ ငှားရမ်းမှုအပိုင်းတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် စီးပွားရေး လုပ် ကိုင်ရန်သင့်တော်သည့် နေရာ ရှားပါးလာခြင်း တို့ကလည်း စီးပွားရေးအတွက် နေရာငှားရမ်းခဈေးနှုန်းများကို မြင့်တက် စေခဲ့သည်။ အထူးသဖြင့် ရန်ကုန်မြို့မှ စမ်းချောင်း၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်များတွင် ဖြစ်သည်။
John W Hancock & Associates ၏ ရန်ကုန်ရုံးမှ မန်နေဂျာ ဒေါ်သဲစုမွန်က ငှားရမ်းခများမြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် နိုင်ငံခြားသားများအတွက် ၀န်ထုပ်ဝန်ပိုးတခု ဖြစ်လာပြီးနောက်ဆုံးတွင် မြန်မာနိုင်ငံသို့ ရောက်လာရန်ရှိသည့် နိုင်ငံခြားသားများ ပြန်ထွက်သွားနိုင်သည်ဟု ပြောသည်။
“အလယ်အလတ် ၀င်ငွေရှိတဲ့ နိုင်ငံခြားသားတွေက နေအိမ်ငှားရမ်းခကြောင့် အသုံးအစွဲကို လျှော့ချနေကြတယ်။ သူတို့ မပေးနိုင်တဲ့နေ့ ဒါမှမဟုတ် သူတို့အတွက် လုံလောက်တဲ့ နေရာမရှိတော့တဲ့ အချိန်မှာ အိမ်ခြံမြေပူဖောင်းက ကွဲမှာပဲ” ဟု သူက ဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ်နှင့် စီးပွားရေး ပညာရှင်တဦး ဖြစ်သော ဒေါက်တာ မောင်အောင်က ပိုမိုကျယ်ပြန့်သည့် စီးပွားရေးဖြစ်လာစေရေးအတွက် နှောင့်နှေးမှု တခုဖြစ်မလာသေးမီ မြေပြဿနာကို အစိုးရက အလျှင်အမြန်ဖြေရှင်းရန် အရေးကြီးသည်ဟု ပြောသည်။
“မြန်မာနိုင်ငံက မြေဈေးနှုန်းက အာရှရဲ့ အမြင့်ဆုံးတွေထဲမှာပါတယ်။ ဒါက အစိုးရလုပ်ရမယ့် အဓိက ကိစ္စတခုဖြစ်ပါတယ်။ အစိုးရက အခုအချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ စပြီးမလုပ်ဘူး ဆိုရင် တိုင်းပြည်တွင်းကို နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ၀င်ရောက်လာတာနဲ့ အမျှ အခက်အခဲတွေဖြစ်လာပါလိမ့်မယ်” ဟု သူကပြောပါသည်။
Source : Irrawaddy
Photo : နယူးယောက် ထက်တောင် ဈေးကြီးနေတဲ့ ရန်ကုန် တိုက်ခန်းဈေး (ဓာတ်ပုံ – ဧရာဝတီ)
09/01/2015
ရန်ကုန်မြို့ နိုင်ငံပိုင်မြေ ခြောက်နေရာတွင် အဆင့်မြင့်အဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်မည်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ အစိုးရပိုင်မြေ ခြောက်နေရာတွင် အဆင့်မြင့်အဆောက်အအုံ တည်ဆောင်ရေး လုပ်ငန်း စီမံကန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ရန်ကုန်တိုင်းရှိ မြေနေရာများတွင် အဆင့်မြင့် အဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၇ ရက်တွင် တင်ဒါ စတင်ခေါ်ယူထားသည်။
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ၄၁ လမ်းရှိ မြေကွက်လွတ် (၁၀၀'×၄၀') ၊ ၄၂ လမ်းရှိ မြေကွက်လွတ် (၅၀'x၆၀')၊ သင်္ဃန်းကျွန်း မြို့နယ်၊ လေးထောင့်ကန်လမ်းရှိ နှစ်ခန်းတွဲ တစ်ထပ်တိုင်ဟောင်းသုံးလုံး တည်ရှိသည့် မြေကွက် (၂၀၀'×၁၀၀') ၀ ဒသမ ၄၅၉ ဧက၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းရှိ မြေကွက်လွတ် နှင့် ဂိုဒေါင်ဟောင်းမြေနေရာ ၅ ဒသမ ၉၆ ဧက တို့တွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်သွားမည် ဖြစ်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းအတွင်း ဧရာဝဏ်လမ်းနှင့် ရွှေလီလမ်း အကြားနေရာ၊ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွင်း ရတနာလမ်းနှင့် ချင်းတွင်းလမ်းအကြားရှိ မြေနေရာများတွင် လူနေအိမ်ရာအဆောက်အအုံ၊ စီးပွားရေးအဆောက်အအုံ (သို့မဟုတ်) အခြားသင့်တော်သည့် ရင်းနှီးမြှုပ်နှံလိုသည့် စီမံကိန်းများပါဝင်သည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မြေနေရာ ခြောက်နေရာတွင် ဆောင်ရွက်သွားမည့် အဆောက်အအုံစီမံကိန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် ဒီဇင်ဘာ ၂၉ ရက်တွင် တင်ဒါပုံစံနှင့် စည်းကမ်းများကို စတင်ထုတ်ယူနိုင်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် တင်ဒါနောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် အကြီးဆုံးစီမံကိန်း တစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာအဆင့်မြင့်အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး တန်ဖိုးမျှတအိမ်ရာများဖြစ်သည့် ရွှေလင်ပန်း၊ ကျန်စစ်မင်းအိမ်ရာများကိုလည်း အကောင်အထည်ဖော်နေသည်။
Source : Mizzima
Photo : အစိုးရက ဆောက်လုပ်နေသည့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)
09/01/2015
ဂိုဒေါင်ဆောက်မည်ဟု တင်ပြထားသူများ ခြောက်လအတွင်း အပြီးတည်ဆောက်ရမည်
ရန်ကုန် (မဇ္ဈိမ)။ ။ စက်မှုဇုန်မြေကွက်လွတ်များ၌ ဂိုဒေါင် တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီအစဉ်တင်ထားသူများ ခြောက်လ အတွင်း အပြီးတည်ဆောက်ကြရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
စက်ရုံဂိုဒေါင်တည်ဆောက်မှုမှာ ခန့်မှန်းခြေ ခြောက်လ၀န်းကျင်သာ အချိန်ယူရခြင်းကြောင့် လုပ်ငန်းရှင်များ အမှန်တကယ် အကောင်အထည်ဖော်ရန် တိုင်းအစိုးရ တာဝန်ရှိသူများက တိုက်တွန်းခြင်း ဖြစ်သည်ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
“ဂိုဒေါင် တည်ဆောက်မယ်ဆိုရင် ဒီနေ့ခေတ်နည်းတွေနဲ့ ဆောက်ရင် အများဆုံး ခြောက်လလောက်ပဲ ကြာတဲ့အတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ငန်းရှင်တွေကို တိုက်တွန်းတဲ့သဘောပါ” ဟု ၎င်းက ဆို သည်။
စက်မှုဇုန်မြေကွက်လွတ်ပေါင်း ၂,၄၀၀ ၀န်းကျင်တွင် ဂိုဒေါင်တည်ဆောက်မည်ဟု လုပ်ငန်းစီမံကိန်း အစီ အစဉ်တင်ပြသူ ၁,၄၀၀ ၀န်းကျင်အထိ ရှိနေခြင်းဖြစ်သည်။
သတ်မှတ်ရက်အတွင်း လုပ်ငန်းစီမံကိန်း အစီအစဉ်မတင်သည့် မြေကွက်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ခြင်း မရှိသည့် မြေကွက်များ ကို ပြန်လည်သိမ်းယူရန် တိုင်းအစိုးရအဖွဲ့ ဦးဆောင်သည့် စက် မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ များ ပူးပေါင်းကာ မြေပြင်ဆင် စိစစ်မှုများ ပြုလုပ်နေပြီဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။
ဂိုဒေါင်တည်ဆောက်နေသည့် မြေကွက်လွတ်နှင့် သိမ်းယူရန် သတိပေးထားသည့် ဂိုဒေါင်လွတ်များကို သိမ်းယူရန် အစီအစဉ် မရှိတော့ကြောင်း တိုင်းအစိုးရတာဝန်ရှိသူများက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
Source : Mizzima
Photo : ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ မြေကွက်လွတ်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) စက်မှုဇုန်များရှိ ဂိုဒေါင်များကို ပြန်သိမ်းရန် အစီအစဉ်မရှိတော့ဟု ထုတ်ပြန်ထားသည်။
09/01/2015
Restaurant Owners Buying Tax Stamps but Distribution Unclear Restaurant owners in Yangon Region have bought tax stamps worth over K2 billion in the month since new taxation system was enacted according to the Internal Revenue Department (IRD).
08/01/2015
အစိုးရ၀န်ထမ်းများ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာများ စတင်လျှောက်ထားနိုင်
မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာတိုက်ခန်းများကို အစိုးရ ၀န်ထမ်းများစတင်လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။
မန္တလေးခရိုင်အတွင်း နေ ထိုင်သည့် သက်ပြည့်၊နှစ်ပြည့်အ ငြိမ်းစားဝန်ထမ်းများ၊ ၀န်ထမ်း လုပ်သက်(၂၅)နှစ်အထက် တာ ၀န်ထမ်းဆောင်ဆဲဝန်ထမ်းများ၊ တိုင်းပြည်အတွက်အသက်စွန့် လွှတ်ခဲ့ရသူများ၏ မိသားစုများ နှင့် ကိုယ်အင်္ဂါစွန့်ခဲ့ရသူများ ဇန်န ၀ါရီ ၁၂ရက်မှစတင်ကာ ယခုလ နောက်ဆုံး လျှောက်ထားနိုင် ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာသည်။
‘‘တန်ဖိုးနည်း အိမ်ရာက ရောင်းမှားဝယ်မှားတွေအတွက် ဦးစားပေးရောင်းတာပါ။ သူတို့ တွေကို ရောင်းပေးပြီးသွားလို့ နောက်ထပ်အစိုးရ၀န်ထမ်းတွေ ကို ရောင်းပေးဖို့ စီစဉ်တာပါ’’ဟု မန္တလေးမြို့တော်စည်ပင်သယာ ရေးကော်မတီ အဆောက်အအုံ................
သတင်းအပြည့်အစုံကို ဤနေရာတွင်ဖတ်ပါ ===>
http://www.imyanmarhouse.com/news/read/379554
No.1 Property Website in Myanmar
www.iMyanmarHouse.com
08/01/2015
Hub Myanmar Company Limited မှ ကြီးမှူးကျင်းပသော
Better Future Better Myanmar စီးပွားရေးဆိုင်ရာ အခမဲ့ဟောပြောပွဲများ၏ ပထမဆုံးဟောပြောပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် အောက်ပါအစီအစဉ်များအတိုင်း ပြုလုပ်ကျင်းပမည်ဖြစ်ပါ၍ တက်ရောက်လိုသူများအနေဖြင့်
https://bfbm1yangon.ticketbud.com/better-future-better-myanmar-1-yangon တွင် Register ပြုလုပ်၍ဖြစ်စေ၊
Better Future Better Myanmar ၏ Official page ဖြစ်သည့် https://www.facebook.com/myanmarb2bfreeseminar? နှင့်
ဖုန်းနံပါတ် ၀၉ ၄၂၀၀၃၃၃၅၅၊ ၀၉ ၄၂၁၀၀၇၀၀၂၊ ၀၉ ၉၇၂၃ ၄၄၇၄၆ နှင့် ၀၉ ၇၉၅၈၈၉၉၆၈ သို့ အမည်၊ အလုပ်အကိုင်၊ ဖုန်းနံပါတ် နှင့် အီမေးလ်လိပ်စာ တို့ကို Message/SMS ဖြင့် ပေးပို့၍ဖြစ်စေ အခမဲ့ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါသည်။
(Register ပြုလုပ်ရာ၌ Hub Myanmar မှပြန်လည်ပေးပို့ သည့် Reply Letter ဖြင့် အတည်ပြုချက်အား စောင့်ဆိုင်းရန်မလိုပါ။)
အခမ်းအနားအစီအစဉ်
*************************
9:00 am - 12:00 pm : (1) Opening
(2) Social Enterprise: White Ocean Strategy by U Myo Min Oo (Principal - PS Business School)
(3) Presentations by 2 award winning teams in Business Plan Contest
(4) Questions & Answers.
12:00pm - 1:00 pm : Lunch Break
1:00pm - 3:00 pm : (1) Keynote Address : Social Business
by Prof. Dr. Aung Tun Thet (President's Economic Advisor)
(2) Panel Discussion : Social Business in Myanmar
Moderator : Prof. Dr. Aung Tun Thet
Panelists : (1) Daw Mi Mi Myo Win (Programme Coordinator, British Council)
(2) U Sai Woone Seng (Operation Director, Proximity Designs)
(3) Dr. Han Win Htat (Marketing Director, PSI)
(4) Daw May Myat Thu (Senior General Manager - Ayeyarwady Bank)
http://bfbm.hubconference.com/
08/01/2015
ကွန်ဒိုတိုက်ခန်းများ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ရောင်းလာကြ ဝယ်ယူရင်းနှီးမြှုပ်နှံသူ နည်းပါးလာသဖြင့် ကွန်ဒိုတိုက် ခန်းများကို ဈေးလျှော့ရောင်းချနေ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သတင်းရရှိသည်။ ‘‘ဈေးနှုန်းက ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ထိ ဈေးလျှော့ ရောင်းနေရတယ်’’ဟု မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။ တိုက်ခန်…
08/01/2015
ဘဏ်တိုးနှုန်းက ပိုမြင့်သောကြောင့် ငွေတိုက်လက်မှတ်နှင့် စာချုပ်များ အရောင်းသွက်ရန် အခ� ယခုလအတွင်း ဗဟိုဘဏ်က ငွေတိုက် လက်မှတ်နှင့် စာချုပ်များကို လေလံစနစ်ဖြင့်ရောင်းချပေး သွားမည်ဆိုသော်လည်း ပုဂ္ဂလိက ဘဏ်များ၏ ဘဏ်အတိုးနှုန်းက ပိုမိုမြင့်မား ခြင်းကြောင့် ဘဏ် နှင့် လူထုကြားတွင် လျင်မြန် စွာ တွင်ကျယ်လာနိုင်ဦးမည်မဟုတ်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
08/01/2015
Myanmar Opening Banking Doors Foreign banks are about to make a return to Myanmar after an absence of more than 50 years, in a move that is intended to support foreign direct investment (FDI) but may also pressure domestic lenders to raise their game.