CHILD Education Center

CHILD Education Center Founded and taught by Tr Ei Mon. We create a safe, loving, and engaging space where your young child will genuinely love learning English.

Watch your child thrive with us! Welcome to CHILD Education Center (CEC)! 👧👦

စာအုပ်အလှူရှင် မေမေတို့ကို ကျေးဇူးတင်ပါတယ်ရှင့်။ဒီဆရာမ တစ်ခါခါ အသံပြဲကြီးနဲ့ အော်ရဆူနေရပေမဲ့ကလေးတွေအတူတူ စာလေးတွေထိုင်ဖတ...
19/08/2026

စာအုပ်အလှူရှင် မေမေတို့ကို ကျေးဇူးတင်ပါတယ်ရှင့်။

ဒီဆရာမ တစ်ခါခါ အသံပြဲကြီးနဲ့ အော်ရဆူနေရပေမဲ့
ကလေးတွေအတူတူ စာလေးတွေထိုင်ဖတ်ကြရင်း သူတို့ပါလာတဲ့ မုန့်လေးတွေအတူတူစားကြနဲ့ မြင်ရတော့လဲ
ငါ့ကလေးတွေ ချစ်တာဟယ် ဆိုပြီး ပုံတွေခိုးရိုက်မိပြန်ရော ...😅🤍





စာအုပ်အလှူရှင် ထပ်ပေါ်ပြန်ပြီဝေ့🤩ဖူးဖူး နဲ့ သွန်းသွန်း တို့ မေမေကကလေး‌တွေရော ကလေးကြီးတွေပါ ဖတ်လို့ရမဲ့ စာအုပ်ကောင်းလေးတွ...
14/08/2026

စာအုပ်အလှူရှင် ထပ်ပေါ်ပြန်ပြီဝေ့🤩

ဖူးဖူး နဲ့ သွန်းသွန်း တို့ မေမေက
ကလေး‌တွေရော ကလေးကြီးတွေပါ ဖတ်လို့ရမဲ့
စာအုပ်ကောင်းလေးတွေ လာလှူထားပါတယ်ရှင့်။

ကျေးဇူးများကြီးတင်ပါတယ်ရှင့်။
စည်းကမ်းရှိရှိနဲ့ ဖတ်ပါမယ်ရှင့်။

May Moe Aam 💗

✨ ဂုဏ်ယူပါတယ် ကိုဖြိုးတို့ အသင်းသားလေးများ ✨​သင်တန်းရဲ့ သန့်ရှင်းရေးအသင်း ၄ သင်းထဲမှာ စည်းကမ်းအရှိဆုံး၊ လူအညီဆုံးနဲ့ အခန...
09/08/2026

✨ ဂုဏ်ယူပါတယ် ကိုဖြိုးတို့ အသင်းသားလေးများ ✨
​သင်တန်းရဲ့ သန့်ရှင်းရေးအသင်း ၄ သင်းထဲမှာ စည်းကမ်းအရှိဆုံး၊ လူအညီဆုံးနဲ့ အခန်းကို အကောင်းဆုံး ထိန်းသိမ်းနိုင်လို့ ၇ လပိုင်းအတွက် ဆုရရှိခဲ့ပါတယ်💯။

ပုံထဲကအတိုင်းပဲ တက်ကြွနေတဲ့ ကလေးတို့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပါတယ်🎁။
​စာပြီးတာနဲ့ မငြိုငြင်ဘဲ တာဝန်ကိုယ်စီခွဲယူတတ်တဲ့ လိမ္မာတဲ့ကလေးတွေပါနော်🥰။

တခြားအသင်းလေးတွေလဲ နောက်လတွေမှာ ဆုရအောင် ကြိုးစားကြမယ်နော်✨။




🍀 စက်တင်ဘာလတွင် ဖွင့်လှစ်‌‌ပေးမည့် YL English 4 skills class တက်ရန်အတွက် Placement test ဖြေဆိုရမည့်ရက်၊အချိန် အတိအကျထွက်...
04/08/2026

🍀 စက်တင်ဘာလတွင် ဖွင့်လှစ်‌‌ပေးမည့်
YL English 4 skills class တက်ရန်အတွက် Placement test ဖြေဆိုရမည့်ရက်၊အချိန် အတိအကျထွက်ပါပြီရှင့်။

✅ page messenger မှာနာမည်စာရင်းပေးထားခဲ့သောကလေးများ
✅တီချယ့်ဆီဖုန်းဆက်ပြီး အပ်ခဲ့သောကလေးများ
✅သင်တန်းအထိလာရောက်စုံစမ်းပြီး နာမည်စာရင်းပေးထားခဲ့သောကလေးများ

ဩဂုတ်လ ၆ရက်နေ့ နေ့ခင်း၁နာရီမှာ CEC သင်တန်းကျောင်းတွင် PM Test လေးလာဖြေရမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

စက်တင်ဘာ ၆ရက်နေ့ တနင်္ဂနွေနေ့မှာ အင်္ဂလိပ်စာအတန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းပါ အသိပေးအပ်ပါတယ်ရှင်။

ဝါတွင်းကာလတွင်း ( ဥပုသ်ရက် + တနင်္ဂနွေ )
တက်ရောက်ရမှာဖြစ်ပြီး ဝါကျွတ်ပြီးလျှင် ပုံမှန်အတိုင်း
( စနေ + တနင်္ဂနွေ ) တက်ရောက်ရမည့် တစ်ပတ်၂ရက်
Class တွေဖြစ်ပါတယ်။

Class တစ်ခုမှာကလေး ၁၅ ဦးသာလက်ခံသင်ကြားပေးတာမို့ လူပြည့်သွားရင်တော့ နောက်ထပ်Batch အတွက်
၅လစောင့်ပြီးမှ join လို့ရပါမယ်နော်။

သင်တန်းကြေး - 30000 ks per month
စာအုပ်ဖိုး - 16000 ks
Placement Test ဖြေဆိုခ - 10000 ks

🏫No.23, YeBaw 1st street, PhawKan, Insein.
📞 09787011482

Tr.Ei Mon
B.A(English)
Dip in Ed
Dip in Web Development
TKT YL
Certified English Language Teacher




ငါ့ကလေးက ဉာဏ်ကောင်းလွန်းလို့ ဒီလို လုပ်နေတာပါ ဆိုပြီး ခွင့်လွှတ် သဘောထားပေးမိနေတဲ့ မိဘများအတွက်...​ကလေးငယ်စဉ်အရွယ် မူလတန...
30/07/2026

ငါ့ကလေးက ဉာဏ်ကောင်းလွန်းလို့ ဒီလို လုပ်နေတာပါ ဆိုပြီး ခွင့်လွှတ် သဘောထားပေးမိနေတဲ့ မိဘများအတွက်...

​ကလေးငယ်စဉ်အရွယ် မူလတန်းအထိ အငြိမ်မနေတာ၊ နေ့ခင်းမအိပ်တာ၊ အစားစားရင် ရုန်းကန်တာနဲ့ မေးခွန်းတွေ မနားတမ်း မေးနေတာမျိုးဟာ သဘာဝကျနိုင်ပါတယ်။

​ဒါပေမဲ့ Pre-teen Stage (အသက် ၉ နှစ်မှ ၁၁ နှစ်ကျော်) အရွယ်ရောက်လာချိန်မှာတော့ တကယ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဟာ Brain Development အရ
Self-regulation တိုးတက်လာရပါတယ်။

​ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တဲ့ Manners၊ အပြောအဆို၊ အမူအရာတွေဟာလည်း စတင် ရင့်ကျက်လာရမယ့် အရွယ်ဖြစ်ပါတယ်။

​⚠ ဒါကြောင့် အသက် ၁၀ နှစ်ကျော်အထိ...
​အမြဲတမ်း Hyperactive ဖြစ်နေမယ်၊
​Emotional Control အားနည်းပြီး စည်းကမ်းတွေကို လိုက်နာဖို့ ခက်ခဲနေမယ်၊ ​စိတ်လိုက်မာန်ပါ အပြောအဆိုအမူအရာတွေ လွန်ကဲပြီး ရိုင်းစိုင်းသလို ဖြစ်လာမယ်၊
​Attention Span လွန်စွာ တိုတောင်းနေမယ်ဆိုရင်...

🚩​ဒါဟာ ဉာဏ်ကောင်းလွန်းလို့ မဟုတ်တော့ဘဲ ကလေးမှာ ADHD (Attention Deficit Hyperactivity Disorder) သို့မဟုတ် Behavioral Support (အပြုအမူဆိုင်ရာ ပံ့ပိုးကူညီမှု) လိုအပ်နေကြောင်း Red Flag ပြနေတာပါနော်။

​ကလေးရဲ့ irregular behaviors တွေကို ဉာဏ်ကောင်းလို့ပါ ဆိုတဲ့ အမှားတစ်ခုတည်းနဲ့ လွှတ်ထားမိရင် ကြီးပြင်းလာတဲ့အခါ Social Life နဲ့ Mental Health မှာ အခက်အခဲကြီးစွာ ကြုံတွေ့ရတတ်ပါတယ်။

​ကလေးကို ချစ်တာ မှန်ပေမဲ့ ဒီလိုလက္ခဏာတွေကို စောစ မှန်ကန်တဲ့ Guidance ကသာ ကလေးရဲ့ အနာဂတ်ကို တကယ် ကူညီရာရောက်ပါတယ်ရှင်။ 💙







(၇၉) နှစ်မြောက် အာဇာနည့်နေ့ အထိမ်းအမှတ် ကလေးငယ်များ၏ ပန်းချီ၊ ကျပန်းနှင့် ကဗျာရွတ်ဆိုပွဲ Winnersလေးများ..🏆       #အာဇာနည...
19/07/2026

(၇၉) နှစ်မြောက် အာဇာနည့်နေ့ အထိမ်းအမှတ် ကလေးငယ်များ၏ ပန်းချီ၊ ကျပန်းနှင့် ကဗျာရွတ်ဆိုပွဲ Winners
လေးများ..🏆




#အာဇာနည်နေ့

CEC Mini Library လေးမှာ စာအုပ်သစ်လေးတွေ ရောက်ရှိပါပြီရှင်! 📚✨တန်ဖိုးမဖြတ်နိုင်လောက်အောင်အထိ ​အခုလို စုံလင်လှတဲ့ စာအုပ်တွ...
18/07/2026

CEC Mini Library လေးမှာ စာအုပ်သစ်လေးတွေ ရောက်ရှိပါပြီရှင်! 📚✨

တန်ဖိုးမဖြတ်နိုင်လောက်အောင်အထိ ​အခုလို စုံလင်လှတဲ့ စာအုပ်တွေအများကြီးကို လှူဒါန်းပေးတဲ့ မေမေ Shin Thant (လင်းလက်ရှင်းသန့် မေမေ) ကို CEC မိသားစုကိုယ်စား ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ 🙏❤️

​ကလေးတို့ရေ... ဒီတစ်ခါတော့ စာအုပ်စင်လေးတွေ ပြည့်သွားပြီနော်။

ဘာတွေဖတ်ရမလဲဆိုရင်...
📖 ဗုဒ္ဓဝင်ဝတ္ထုတိုလေးတွေ
📖 English Story လေးတွေ
📖 သိပ္ပံကမ္ဘာအကြောင်း စိတ်ဝင်စားစရာတွေနဲ့
📖 ဗဟုသုတရဖွယ် ပညာပေးစာအုပ်တွေ အများကြီးပါပဲ။

​စာအုပ်လေးတွေကို ဖတ်ပြီးရင် ပြန်လည်ထိန်းသိမ်းဖို့ စည်းကမ်းလေးတွေလည်း မမေ့နဲ့ဦးနော်။ စာအုပ်လေးတွေကို တန်ဖိုးထားပြီး အတူတူ စာဖတ်ကြမယ်။ 😊📖

17/07/2026

မေမေတို့ရေ့ ​ကလေး‌တွေကို စာဖတ်ခြင်းအလေ့အကျင့်လေးတွေ အတူတူပျိုးထောင်ပေးကြရအောင်...

​ငယ်စဉ်ကလေးဘဝကတည်းက စာဖတ်ခြင်းအလေ့အကျင့်ကို ပျိုးထောင်ပေးခြင်းဟာ ကလေးတွေရဲ့ ဘဝအောင်မြင်မှုအတွက် အရေးကြီးဆုံးသော အခြေခံအုတ်မြစ်တစ်ခုပါ။

ကလေးတွေ စာဖတ်ခြင်းကို ပိုမိုချစ်မြတ်နိုးလာစေဖို့နဲ့ ဗဟုသုတတွေ တိုးပွားလာစေဖို့အတွက် မိဘတွေအနေနဲ့လည်း အိမ်မှာ အတူတူအားပေးလမ်းညွှန်ပေးနိုင်ပါတယ်။

​စာဖတ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

✅​စိတ်ငြိမ်သက်ခြင်း
စာဖတ်ချိန်လေးတွေက ကလေးတွေရဲ့ စိတ်ကို အေးချမ်းစေပြီး အာရုံစူးစိုက်မှု (Focus) အားကောင်းလာစေပါတယ်။

✅​စာလုပ်ခြင်းကို အထောက်အကူပြုခြင်း
စာဖတ်တာကို ဝါသနာပါတဲ့ ကလေးတွေဟာ ကျောင်းစာလုပ်တဲ့အခါမှာလည်း ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ နားလည်နိုင်စွမ်း မြင့်မားလာပါတယ်။

✅​English & Myanmar Language တိုးတက်စေခြင်း
"ရွှေသွေး" "မိုးသောက်ပန်း" ဂျာနယ်လေးတွေမှာပါတဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ ဝေါဟာရလေးတွေကို ဖတ်ရှုရင်း ဘာသာစကား ကျွမ်းကျင်မှုပိုင်း တိုးတက်လာစေပါတယ်။

✅​အသိပညာ ဗဟုသုတ ကြွယ်ဝခြင်း
ကလေးတွေရဲ့ အသိပညာ၊ ဗဟုသုတတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေပါတယ်။

✅​စိတ်ကူးစိတ်သန်းများ တိုးပွားခြင်း
စာပေကနေတဆင့် ကလေးတွေရဲ့ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ပိုမိုကျယ်ပြန့်လာစေပါတယ်။

✅​စာဖတ်စွမ်းရည် တိုးတက်ခြင်း
စာဖတ်တဲ့အကြိမ်ရေများလာတာနဲ့အမျှ စာဖတ်စွမ်းရည် (Reading Skills) ပိုမိုကောင်းမွန်လာပါတယ်။

✅​စိတ်ဖိစီးမှု လျော့နည်းခြင်း
စာဖတ်ခြင်းဟာ ကလေးတွေအတွက် ပျော်ရွှင်စရာ အနားယူချိန်တစ်ခု ဖြစ်စေပါတယ်။

​CEC မှာ Playground အကျယ်ကြီး မလုပ်ပေးနိုင်သေးပေမဲ့ ကလေးတွေအတွက် Mini Library လေးနဲ့ Board Game Era လေးကိုတော့ သူတို့ ပျော်ရွှင်စေဖို့ တတ်နိုင်သလောက်လေး အကောင်းဆုံး ဖန်တီးပေးထားပါတယ်။

ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စာဖတ်နေတဲ့ ဒီမြင်ကွင်းလေးကို မြင်ရတိုင်း Teacher အနေနဲ့ အရမ်းကို ကြည်နူးမိပါတယ်ရှင်။
​ #စာဖတ်ခြင်း #မိသားစု #ဖွံ့ဖြိုးရေး #ကလေးများ #ရွှေသွေး #မိုးသောက်ပန်း #ဗဟုသုတ #စိတ်ကူးစိတ်သန်း

15/07/2026

ညဘက်တွေ မအိပ်ပဲ ဘာတွေလုပ်နေ ❓

Me - On random nights 😁


အတူတူစာဖတ်ကြမယ်၊ အတူတူဆော့ကြမယ်သင်တန်းချိန်ပြီးလို့ မေမေတို့လာမကြိုသေးတဲ့အချိန်လေးမှာ ကလေးတွေ အချိန်ကို အကျိုးရှိရှိနဲ့ ...
13/07/2026

အတူတူစာဖတ်ကြမယ်၊ အတူတူဆော့ကြမယ်

သင်တန်းချိန်ပြီးလို့ မေမေတို့လာမကြိုသေးတဲ့အချိန်လေးမှာ ကလေးတွေ အချိန်ကို အကျိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ဖို့အတွက် စီစဉ်ပေးထားတာလေးတွေ ဝေမျှပေးချင်လို့ပါရှင့်။

ကလေးတွေအတွက် အကောင်းဆုံး ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးချင်မိတယ်"
ကျောင်းမှာ Playground အကျယ်ကြီး မလုပ်ပေးနိုင်သေးပေမဲ့ ကလေးလေးတွေအတွက် Mini Library လေးနဲ့ Board Game Era လေးကိုတော့ တတ်နိုင်သလောက်လေး အကောင်းဆုံး ဖန်တီးထည့်ပေးထားပါတယ်ရှင်။

အငြိမ်မနေတတ်တဲ့ Tr ကလေးလေးတွေအတွက် အတူတူငြိမ်ငြိမ်လေးနဲ့ ထိုင်ဆော့လို့ရအောင် ကိုယ်တိုင်ဖန်တီးပေးထားတဲ့ DIY Board game လေးတွေကို ဖန်တီးပေးတဲ့ မမနန်းဖူးတို့အဖွဲ့ကို Nan Phoo Pyae Sone အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

Pinterest ကနေတဆင့် စိတ်ကူးရပြီး သူတို့ကိုယ်တိုင် ကြိုးစားလုပ်ပေးထားတာလေးတွေက
ကလေးတွေအတွက် တကယ်ကို အသုံးဝင်ပါတယ်။

ဒါ့အပြင် အခုဆိုရင်လည်း CEC မှာ ကလေးတွေအတွက် ဖတ်ဖို့ထားပေးထားတဲ့ Mini Library လေးက စာအုပ်လေးတွေအပြင် "ရွှေသွေးဂျာနယ်" လေးတွေကိုလဲ အပတ်စဉ် မှာယူထားပေးပါတယ်။

ရွှေသွေးဆိုတာ ဟိုးအရင်ကတည်းက မြန်မာစာ၊ အင်္ဂလိပ်စာပိုင်းသာမက ကလေးတွေရဲ့ စာရိတ္တနဲ့ အသိပညာ ဗဟုသုတတွေ တိုးပွားဖို့အတွက် အကောင်းဆုံး လမ်းညွှန်ပေးနိုင်တဲ့ ဂျာနယ်ကောင်းလေးတစ်ခု ဖြစ်ပါတယ်။

စာသင်ချိန်ပြီးလို့ မေမေတို့လာမကြိုသေးရင် Board game လေးတွေထိုင်ဆော့ကြမယ်၊ ရွှေသွေးဂျာနယ်လေးတွေ အတူတူဖတ်ရင်း ဗဟုသုတတွေ တိုးပွားကြမယ်ဆိုရင် တပည့်လေးတွေကို ဒီလိုမျိုး စာဖတ်ချိန်လေးတွေမှာ မြင်ရမှာမို့ Tr အနေနဲ့ အရမ်းကို ဝမ်းသာမိမှာပါ။

ချစ်ရတဲ့ CEC မိသားစုဝင်လေးတွေ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စာဖတ်၊ စာလေ့လာကြပါဦးနော်။




Address

CHILD Education Center, No. 1164 Thida 4th Street, Yangon
Insein
W464+G4YANGON

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959787011482

Alerts

Be the first to know and let us send you an email when CHILD Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to CHILD Education Center:

Shortcuts

Share