04/10/2021
Cost Per Hire Metric
Recruitment Metric တစ်ခုဖြစ်တဲ့ Cost Per Hire လို့ခေါ်တဲ့ ဝန်ထမ်းခန့်အပ်ခြင်းအသုံးစရိတ်အကြောင်း နဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တွေကို မျှဝေပေးပါမယ်။
Cost Per Hire ဆိုတာကတော့ သတ်မှတ်ကာလတစ်ခုအတွင်းမှာ ခန့်အပ်လိုက်တဲ့ဝန်ထမ်းတစ်ဦးစီအတွက်အသုံးပြုလိုက်ရတဲ့ ပျမ်းမျှအသုံးစရိတ်ကို တွက်ချက်တဲ့ Metric ဖြစ်ပါတယ်။
Cost Per Hire ကိုမတွက်ခင်မှာ External Recruiting Cost နဲ့ Internal Recruiting Cost လို့ခေါ်တဲ့ အသုံးစရိတ်နှစ်မျိုးကို အရင်ဆုံးပြောပါမယ်။
External Recruiting Cost တွေအနေနဲ့ ရှိနိုင်တဲ့ အသုံးစရိတ်တွေကတော့
🔷 Advertising and Marketing Expense
ဒီအသုံးစရိတ်ကတော့ မိမိတို့အနေနဲ့ ဝန်ထမ်းခေါ်ယူဖို့အတွက် ကြော်ငြာတွေကို လူသိများလာအောင် အသုံးပြုရတဲ့ အသုံးစရိတ်တွေပါဝင်ပါတယ်။ Social Network များမှာဖြစ်စေ ဂျာနယ်များ Website များတွင်ဖြစ်စေ ကြော်ငြာရသောအသုံးစရိတ်များပါဝင်ပါတယ်။
🔷 Agency Fees
ဝန်ထမ်းရှာဖွေပေးတဲ့ Agency တွေနဲ့ ဆက်သွယ်ပြီး ဝန်ထမ်းခေါ်ယူတဲ့ အခါမှာ Agency တွေကို ပေးရတဲ့ အသုံးစရိတ်ဟာလည်း External Cost ထဲမှာ ပါဝင်ပါတယ်။
🔷 Job Fair/Recruiting Event Expenses
Job Fair တွေမှာ ပါဝင်ပြီး ဝန်ထမ်းရှာဖွေတဲ့အခါမှာ ကုန်ကျနိုင်တဲ့ စရိတ်တွေကို လည်း External Cost မှာထည့်သွင်းတွက်ချက်ရပါမယ်။
🔷 Campus Recruiting Expense
သင်တန်းကျောင်းတွေ ၊ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကောလိပ်တွေက ပညာသင်ယူပြီးဆုံးတဲ့ ကျောင်းသားတွေကို ဝန်ထမ်းအဖြစ်ခေါ်ယူဖို့ မိမိတို့ Company အကြောင်းရှင်းလင်းမိတ်ဆက်ပွဲတွေ သွားရောက်ပြုလုပ်တဲ့ အခါမှာ ကုန်ကျနိုင်တဲ့ အသုံးစရိတ်တွေဖြစ်ပါတယ်။
🔷 Travel Expense
Recruitment အတွက်ခရီးထွက်ရတဲ့အခါမှာကုန်ကျနိုင်တဲ့ ခရီးစရိတ်နဲ့ အသုံးစရိတ်တွေကိုလည်း ထည့်သွင်းတွက်ချက်ရပါမယ်။
အခုအကြောင်းအရာတွေအပြင် မတူညီတဲ့ Company တစ်ခုချင်းစီအလိုက် Employee Referral Payments, Sourcing Costs စသဖြင့်လည်း External Recruitment Cost တွေထပ်ကုန်ကျနိုင်ပါတယ်။
Internal Recruiting Cost တွေ အနေနဲ့ကတော့
🔷 Cost of Sourcing and Recruiting Staff
Recruiting and Sourcing လုပ်ဆောင်တဲ့ မိမိတို့ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် လစာငွေ ၊ ဆုကြေးငွေအပြင် အခြားခံစားခွင့်တွေ အတွက် အသုံးပြုရတဲ့ စရိတ်တွေဟာ Internal Recruitment Cost မှာပါဝင်ပါတယ်။
🔷 Recruiting Learning and Development
Recruitment ဝန်ထမ်းတွေအတွက် သူတို့ရဲ့ လုပ်နိုင်စွမ်းပိုတိုးတက်စေဖို့အတွက် လေ့လာတဲ့အခါမှာ အသုံးပြုရတဲ့ စရိတ်ပမာဏဖြစ်ပါတယ်။ ဥပမာအားဖြင့်လိုအပ်တဲ့ စာအုပ်စာတမ်းတွေ သင်တန်းတွေ ကနေတဆင့်လေ့လာတဲ့ အခါမှာအသုံးပြုရတဲ့ အသုံးစရိတ်ပမာဏဖြစ်ပါတယ်။
အခြားသောအသုံးစားရိတ်တွေအနေနဲ့ Recruitment အတွက် ရုံးသုံးစရိတ်တွေအပြင် အခြား Internal Cost တွေလည်း Organization တစ်ခုချင်းစီမှာ မတူညီတဲ့ အသုံးစရိတ်တွေထပ်ရှိနိုင်ပါတယ်။
Cost Per Hire ကိုတွက်ဖို့အတွက်တော့ သတ်မှတ် အချိန်ကာလတစ်ခုအတွင်းမှာ ကုန်ကျခဲ့တဲ့ Internal နဲ့ External Recruitment အသုံးစရိတ်စုစုပေါင်းပမာဏကို သတ်မှတ်အချိန်ကာလအတွင်းမှာ ခန့်အပ်ခဲ့တဲ့ ဝန်ထမ်းသစ်ပမာဏနဲ့ စားပေးရမှာ ဖြစ်ပါတယ်။
Equation အနေနဲ့တော့
Cost Per Hire = (Total Cost of Internal + External Recruiting Cost)/ Total No. of Hire in time Frame
ဆိုတဲ့ ပုံစံနဲ့ Cost Per Hire ကို တွက်ချက်လို့ရပါမယ်။
အခုလောက်ဆိုရင်တော့ Cost Per Hire Metric နဲ့ပတ်သက်ပြီး အတော်အသင့်နားလည်လောက်ပြီလို့ ယူဆပါတယ်။ အခြားသိသင့်တဲ့ HR Metrics တွေကိုလည်း နောက်ရက်တွေမှာ ထပ်ပြီး Sharing လုပ်ပေးပါမယ်။
Hein Sett Naing