Treasure Language and Training Center

Treasure Language and Training Center Treasure Language and Training Center (pre school,yle classes, languages and training courses)

31/12/2022
*Happy Da Saung Daing Festival &Full Moon Day Of Da Saung Mone.May all the very best to you all !
07/11/2022

*Happy Da Saung Daing Festival
&Full Moon Day Of Da Saung Mone.

May all the very best to you all !

09/10/2022


15/09/2022
02/08/2022
🌧️☔*Special Monsoon Program*[on campus YLE Weekend classes ]Starter, Mover, Flyer🆓*Free registration fee.     * Free pla...
20/07/2022

🌧️☔*Special Monsoon Program*

[on campus YLE Weekend classes ]
Starter, Mover, Flyer

🆓*Free registration fee.
* Free placement test fee.
* Duration per course - 4 months.
📆Monthly payment System

👥အသက် ၆~၁၄ နှစ်အရွယ် ကလေးများအတွက် English 4 Skills ဖြစ်တဲ့ Reading, Writing, Listening & Speaking စွမ်းရည်များအပြင် Grammar နဲ့ Phonics အခြေခံတွေ ပါဝင်တဲ့ ~
📚နိုင်ငံတကာ အသိအမှတ်ပြု Cambridge University Press သင်ရိုးစာအုပ်များဖြင့် သင်ကြားပေးခြင်း၊
💁သင်ခန်းစာ Topics များက ကလေးငယ်များ၏ စိတ်ဝင်စားမှုနှင့်သင်ယူလိုသောစိတ်ကို မြင့်မားစေခြင်း၊
😊ပျော်ရွှင်စွာ စုပေါင်းလုပ်ကိုင်ကြရသော Project နှင့် Presentation များ ပါဝင်ခြင်း၊
🎯 သင်ကြားမှုအပိုင်းတွင်လည်း...
- ၂၁ ရာစုနှင့် ကိုက်ညီသော သင်ကြားနည်းစနစ်များဖြင့်လည်းကောင်း၊
- Student-centered approach နည်းစနစ်များဖြင့်လည်းကောင်း ၊
ဝါရင့်အတွေ့အကြုံရှိ လက်မှတ်ရ ဆရာမများမှ သင်ကြားပေးပြီး ကလေးများ၏
💡ဝေဖန်ပိုင်းခြားနိုင်မှု၊
💡 အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှု၊
💡 တီထွင်ဖန်တီးနိုင်မှု၊
💡 လူမှုဝန်းကျင်နှင့်သက်ဆိုင်သော ကျင့်ဝတ်များကို သိရှိလိုက်နာနိုင်မှု၊
💡အများနှင့် ပြောဆိုဆက်ဆံနိုင်မှု...စတဲ့ စွမ်းရည်များနှင့် ရလဒ်ကောင်းများ ရရှိစေမှာဖြစ်ပါတယ်။
------------------------

[Grammar and Phonics Class]

👫၁၀ နှစ်နှင့်အထက် ကလေးများအတွက် Grammar အခြေခံကောင်းများ ရရှိစေပြီး

✍️Essay/Letter Writing တို့ရေးသားရာတွင် အလွတ်ကျက်မှတ်စရာ မလိုဘဲ ကိုယ်ပိုင် အတွေး ၊ကိုယ်ပိုင်အရေးအသားတို့ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားနိုင်စေရန်၊

🔊အင်္ဂလိပ်အသံထွက်များကိုလည်း နည်းစနစ် မှန်ကန်စွာ သိရှိနားလည်ပြီး၊ ပီသစွာ အသံထွက်ပြောဆိုနိုင်ရန် အတွက်
စိတ်ဝင်စားဖွယ်ရာ သင်ခန်းစာများဖြင့်ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။
--------------------------
🤷အတန်း ၁ တန်းတွင် အများဆုံး 🔟 ဦးသာ ထားရှိမှာဖြစ်တဲ့အတွက် အမြန်ဆုံးစာရင်းသွင်း အပ်နှံထားမှစိတ်ချရမယ်နော်။

သင်တန်းလိပ်စာ - 107/J Dana Theikdi st,Phawtkan Qtr, Insein Tsp, Yangon.
ph:09443235549/09782035095

   # Dr. May Monကလေးနဲ့ ငွေရေးကြေးရေး life skillsဒေါက်တာမေမွန်သားသားမီးမီးတို့ကို သင်ကြားပေးသင့်တဲ့ အိမ်တွင်း သင်ခန်းစာတ...
13/07/2022


# Dr. May Mon

ကလေးနဲ့ ငွေရေးကြေးရေး life skills

ဒေါက်တာမေမွန်

သားသားမီးမီးတို့ကို သင်ကြားပေးသင့်တဲ့ အိမ်တွင်း သင်ခန်းစာတွေထဲမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ life skill တွေလည်း ပါဝင်ပါတယ်။ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ဆိုတာ စောစော သင်ပေးနိုင်လေ အလေ့အကျင့်များပြီး အကျိုးရှိလေပါပဲ။ အထူးသဖြင့် သုံးသင့်တာပဲသုံးပြီး မဖြုန်းသင့်တာ မဖြုန်းဘဲ ချွေတာ စုဆောင်းတတ်တာဟာလည်း အခုလို ခက်ခဲတဲ့ ခေတ်ကာလမှာ အရေးကြီးတဲ့ အရည်အချင်း တစ်ခုဖြစ်ပါတယ်။

ကလေးအသက် ၃ နှစ်လောက်ကစပြီး ပိုက်ဆံအကြောင်း စပြောပြလို့ ရပါပြီ။ မုန့်စားဖို့၊ အက်ျီလှလှ ဝတ်ဖို့၊ အရုပ်ဝယ်ဖို့၊ လည်လည်သွားဖို့ ပိုက်ဆံလိုအပ်တဲ့အကြောင်း ရှင်းပြပေးပါ။ Pretend play တွေ ကစားတဲ့ အခါမှာလည်း ပစ္စည်းတွေကို ပိုက်ဆံနဲ့ ဝယ်ရတဲ့အကြောင်း ထည့်ပြောပြပါ။ ပိုက်ဆံလေးတွေပြပြီး တစ်ရွက်နဲ့ တစ်ရွက် ပုံစံမတူတာတွေ၊ တန်ဖိုးမတူတာတွေ သင်ပေးလို့ရပါတယ်။ သိပ်ငယ်တဲ့အရွယ်မှာ ပိုက်ဆံရဲ့ တန်ဖိုးကို မဖတ်တတ်သေးရင်တောင် ပိုက်ဆံကျပျောက်ရင် နှမြောပြီး ဝမ်းနည်းတာမျိုး ကလေးတို့ ခံစားတတ်ကြပါတယ်။

ကလေးငယ်​လေးတွေက ပိုက်ဆံဆိုတာ အိတ်ထဲက ထွက်လာတာလို့ပဲ သိကြပါတယ်။ အဲဒီလို ပိုက်ဆံကို အမြဲ အဆင်သင့်ရဖို့ အလုပ်လုပ်ရတဲ့အကြောင်း၊ စုဆောင်းထားရတဲ့အကြောင်း ကလေးနားလည်အောင် ရှင်းပြရပါမယ်။ ဖြစ်နိုင်ရင် မိဘတွေရဲ့ လုပ်ငန်းခွင်ထဲ ကလေးကို အလည်ခေါ်သွားပြီး ပိုက်ဆံဘယ်လို ရလာတယ်ဆိုတာ လက်တွေ့ ပြသပေးပါ။

ပိုက်ဆံနဲ့ ပတ်သက်ပြီး ကလေးတွေရဲ့ ပထမဆုံးအမြင်က သုံးစွဲဖို့ပါပဲ။ ပိုက်ဆံဆိုတာ သုံးရုံတင်မကဘူး၊ စုဖို့လည်း လိုတဲ့အကြောင်း မိဘက သင်ပေးရမှာပါ။ ကလေးအသက် နှစ်နှစ်လောက်တည်းက အရုပ်စုဘူးလေးတွေ ဝယ်ပေးပြီး ပိုက်ဆံစုတဲ့အကျင့် စလုပ်ပေးပါ။ ကလေးက ဘာမှ နားမလည်သေးပေမယ့် စုဘူးထဲ ငွေထည့်ရတာ သူ့အတွက် စိတ်လှုပ်ရှား ကျေနပ်စရာ တစ်ခုပါ။

ကျောင်းမှာ ဂဏန်းတွေ၊ အပေါင်းအနှုတ်တွေ သင်ရပြီဆိုရင်တော့ ပိုက်ဆံတစ်ရွက်ချင်းစီရဲ့ တန်ဖိုးနဲ့ ရေတွက်ခြင်းကို လေ့ကျင့်ပေးပါ။ ကလေးကို ပစ္စည်းတစ်ခု ဝယ်ပေးတိုင်း တန်ဖိုးပြောပြပါ။ ဈေးဝယ်ထွက်ရင် ကလေးကို ခေါ်သွားပြီး ပစ္စည်းတွေရဲ့ တန်ဖိုးကို ဖတ်ခိုင်းပါ။ ကိုယ်တိုင် ဝယ်ခိုင်းပါ။ ကျသင့်ငွေ၊ ပြန်အမ်းငွေ၊ လက်ကျန်ငွေတွေကို တွက်ခိုင်းပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့ သင်္ချာပုစ္ဆာတွေ တွက်ခိုင်းပါ။ မိုနိုပိုလီ ကစားတာဟာလည်း ငွေကြေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကို တိုးတက်စေပါတယ်။

ငွေကြေးကို ကိုယ်တိုင်ဆုံးဖြတ် စီမံနိုင်ဖို့ ကလေးမှာ ကိုယ်ပိုင်ငွေ ရှိဖို့လိုပါတယ်။ ဒါကြောင့် ကလေးကို မုန့်ဖိုး ပေးသုံးပါ။ နေ့စဉ် မုန့်ဖိုး သတ်မှတ်ပေးပါ။ အထိမ်းအမှတ် တစ်ခုခုအတွက် ဆုချတဲ့အခါ၊ လက်ဆောင် ပေးတဲ့အခါမှာလည်း မုန့်ဖိုး ပေးလို့ရပါတယ်။ မိဘတွေရဲ့ အလုပ်ကို ကူညီတဲ့အခါမျိုးမှာလည်း မုန့်ဖိုး ပေးပါ။ (ဥပမာ- ကားရေဆေးတာ၊ ပန်းပင်ရေလောင်းတာ၊ မိဘစီးပွားရေးမှာ ဝိုင်းကူတာ) ကလေး ကိုယ်တိုင် လုပ်ရမယ့် သူ့တစ်ကိုယ်စာ အလုပ်တွေအတွက်တော့ မုန့်ဖိုးပေး ခိုင်းတာမျိုး အကျင့်မလုပ်သင့်ပါဘူး။

ငွေစုချင်စိတ်ပေါ်လာအောင် ငွေ ဘယ်လောက်စုမိရင် အပိုဆုကြေး ဘယ်လောက်ထပ်ပေးမယ် ဆိုတာမျိုး စည်းရုံးရပါမယ်။ စုဘူးတွေ ဝယ်ပေးပါ။ စုဘူးထားဖို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖန်တီးပေးပါ။ အထဲကို မြင်ရတဲ့ စုဘူးမျိုးဆို ပိုကောင်းပါတယ်။ စုရင်း စုရင်း ပိုက်ဆံတွေ ပြည့်လာတာဟာ ကလေးအတွက် အားတက်စရာပါ။ နည်းနည်း ကြီးလာရင် ရည်ရွယ်ချက် အမျိုးမျိုး ခွဲခြားပြီး စုခိုင်းပါ။ သုံးဖို့စုဘူး၊ လှုဖို့စုဘူး၊ တက္ကသိုလ်တက်ဖို့စုဘူး စသဖြင့် နာမည်လေးတွေ တပ်ခိုင်းပါ။

ကလေးအတွက် ပစ္စည်းတွေဝယ်တဲ့အခါ သူ့ကို ရွေးချယ်ဆုံးဖြတ်ခွင့် ပေးရပါမယ်။ ကလေးဆိုတော့ လိုချင်တာတွေ များပါတယ်။ လိုချင်တာနဲ့ လိုအပ်တာ ခွဲသိအောင်၊ ဦးစားပေးသင့်တဲ့ ပစ္စည်းကို ရွေးတတ်အောင် လေ့ကျင့်ပေးရပါမယ်။ အိမ်က ပစ္စည်းတွေထဲမှာလည်း တကယ်အသုံးဝင်တဲ့ပစ္စည်းနဲ့ အပိုပစ္စည်းတွေကို ခွဲမြင်တတ်အောင် အမြဲပြောပြပေးပါ။ ဈေးဝယ်မထွက်ခင် ဝယ်မယ့်စာရင်းကို စဉ်းစားပြီး ချရေးခိုင်းပါ။ စာရင်းထဲ မပါတာတွေ၊ မလိုတာတွေ မဝယ်မိအောင် အကျင့်လုပ်ပေးပါ။ ဈေးဝယ်တဲ့အခါမှာလည်း အခုတွေ့အခုဝယ်တာမျိုး မလုပ်ဘဲ တကယ်ကြိုက်မကြိုက် ခဏစဉ်းစားခိုင်းပါ။ အမျိုးအစားတူပစ္စည်းတွေထဲမှာမှ ဘယ်ဟာက ဈေးသက်သာတယ်၊ ဘယ်ဟာက ဈေးများတယ်၊ ဘယ်ဟာကတော့ အရည်အသွေးကောင်းတယ် စသဖြင့် လေ့လာ သုံးသပ်ခိုင်းပါ။

ကလေး နည်းနည်းကြီးလာရင် မုန့်ဖိုးကို တစ်နေ့ချင်းမပေးဘဲ လအလိုက် ပေးပါ။ ကိုယ်ပိုင်စာရင်းစာအုပ် လုပ်ခိုင်းပြီး ဝင်ငွေ၊ ထွက်ငွေ မှတ်ခိုင်းပါ။ အိမ်ရဲ့ အသေးသုံးကိစ္စတစ်ချို့အတွက် ကလေးကို ငွေ ကိုင်ခိုင်းပါ။ စာရင်းဇယားနဲ့ သုံးစွဲတတ်အောင်၊ ငွေကြေးကိစ္စ တာဝန်ယူတတ်အောင် သင်ကြားပေးပါ။

သုံးစွဲခြင်း၊ စုဆောင်ခြင်းတွေလိုပဲ မျှဝေကူညီတတ်အောင်လည်း သင်ပေးရမှာပါ။ အတ္တကြီးကြီး၊ လောဘကြီးကြီး ငွေရှိဖို့ပဲသိတဲ့ လူသားတွေ ဖြစ်မလာဖို့ ငယ်ငယ်ကတည်းက မျှဝေတတ်အောင် လေ့ကျင့်ပေးရပါမယ်။ မိသားစု အလှုလုပ်တဲ့အခါ၊ တစ်ယောက်ယောက်ကို ကူညီတဲ့အခါ ကလေးဆန္ဒရှိသလောက် ပါဝင်ခွင့်ပေးပါ။ မျှဝေခြင်းကရလာတဲ့ ပီတိကို ခံစားတတ်အောင် ပြောပြပေးပါ။

မိဘအများစုက ငွေကြေးကိစ္စ တိုင်ပင်တဲ့အခါ ကလေးတွေရဲ့ ကွယ်ရာမှာ ပြောတတ်ကြပါတယ်။ မိဘ အခြေအနေကို သေသေချာချာ နားမလည်ဘဲ သုံးဖြုန်းစိတ်ကြီးဝင်နေတဲ့ ကလေးတွေ ဖြစ်မလာဖို့ မိသားစု ဝင်ငွေ ထွက်ငွေ စီးပွားရေး အတက်အကျတွေကို ပွင့်ပွင့်လင်းလင်း အသိပေးသင့်ပါတယ်။ ဘယ်လောက်ထိ အသေးစိတ် ပြောပြမယ်ဆိုတာကတော့ ကလေးရဲ့ အသက်အရွယ်နဲ့ ရင့်ကျက်မှုပေါ် မူတည်ပါတယ်။ ဒီလို ပြောပြတဲ့အခါ ညည်းညူတဲ့လေသံ၊ ကြွားဝါတဲ့လေသံတွေ မပါဖို့တော့ သတိထားကြရမှာပါ။ မိသားစု စီးပွားရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ (အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့၊ လုပ်ငန်းချဲ့ဖို့) ရှိခဲ့ရင်လည်း ကလေးကို ပြောပြနိုင်ပါတယ်။

ဘဝတလျှောက် ကြုံတွေ့ရတဲ့ အပူအပင်တွေထဲမှာ ငွေကြေးကြောင့် ဖြစ်ရတဲ့ သောကတွေကလည်း အများသားပါ။ ကလေး လိုချင်သမျှ၊ ပူဆာသမျှ နောက်က ငွေလိုက်ရှင်းပေးရုံနဲ့ မိဘတာဝန် ကျေပြီလို့ မဆိုနိုင်ပါဘူး။ ငွေတွေ ပုံပေးခဲ့ရုံနဲ့လည်း ကလေးရဲ့ အနာဂတ် စိတ်ချရပြီလို့ မသေချာပါဘူး။ အတွေ့အကြုံတွေကသာ အထိရောက်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့အတွက် ကလေးကို ကိုယ်တိုင်ရှာ၊ ကိုယ်တိုင်စု၊ ကိုယ်တိုင်သုံးကြည့်နိုင်တဲ့ အခွင့်အရေးတွေ ရလာအောင် ဖန်တီးပေးကြရမှာပါ။

၂၆-၆-၂ဝ၂၂

  World Population Day is an annual event, observed on July 11 every year, which seeks to raise awareness of global popu...
11/07/2022


World Population Day is an annual event, observed on July 11 every year, which seeks to raise awareness of global population issues. The event was established by the Governing Council of the United Nations Development Programme in 1989. Wikipedia
Date: Monday, July 11, 2022

Today July 7th is Global forgiveness day & World Chocolate Day.
07/07/2022

Today July 7th is Global forgiveness day & World Chocolate Day.

19/06/2022


Happy Father's day💙💙💙

 💙Father's day activities ...
19/06/2022


💙Father's day activities ...

Address

Dana Theikdi Street
Insein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Treasure Language and Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category